ဝတ်ကျောင်းတော်

ကျွန်ုပ်တို့၏ ယုံကြည်ချက်

အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခ၀ပ် ကိုးကွယ် အားထားရာ အလျဉ်းမရှိ။
(ကုရ်အာန် ဆူရာဟ် မုဟမ္မဒ် ၄၇း၁၉)

မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ် တမန်တော် ဖြစ်တော်မူသည်။
(ကုရ်အာန် ဆူရသွလ်ဖှသဟ် ၄၈း၂၉)

အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းသာ နိစ္စထာဝရ တည်ရှိတော်မူပြီး ကိုးကွယ် အားထားထိုက်သော အရှင်ဖြစ် ကာ တမန်တော်မြတ် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးအန္တိမ တမန်တော်ဖြစ်ကာ ကုရ်အာန်ကျမ်းမြတ် သည် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်ချက် ဗျာဒိတ်တော်ဖြစ်ကြောင်း စွဲမြဲစွာ သက်ဝင် ယုံကြည်ကြသည် နှင့်အမျှ ယင်းအတိုင်း လက်တွေ့ လိုက်နာကျင့်သုံး အကောင်ထည်ဖော် နိုင်ရေးအတွက် ကြိုးပမ်း အားထုတ်ရန် လိုအပ်သည်ဟု ခံယူပါသည်။


ဝတ်ကျောင်းတော်၏ ဦးတည်ချက်


  • အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ပေးပြီး တမန်တော်မြတ်ကိုယ်တိုင် သင်ကြားပြသ၍ လက်တွေ့ကျင့်သုံး ဆောက်တည်ခဲ့သော ကျမ်းမြတ်ကုရ်အာန်ကို မွတ်ဆလင်မ်ထုတစ်ရပ်လုံး မှန်ကန်စွာဖြင့် သိရှိနားလည်နိုင်ကြစေရေး။
  • ကျမ်းမြတ်ကုရ်အာန်က သတ်မှတ်ပြဌာန်းထားသော မွတ်ဆလင်မ်အမျိုးသမီးများ၏ ရပိုင်ခွင့်များကို အပြည့် အ၀ ရရှိခံစားလျက် အစ္စလာမ့် တာဝန်ဝတ္တရားများကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ရေး။
  • တိကျမှန်ကန်သော ကျမ်းမြတ်ကုရ်အာန်၏ တရားစစ်၊ တရားမှန်များကို လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် မွတ်ဆလင်မ်ထုအတွင်း ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ရရှိရေး။
  • ၀တ်ကျောင်းတော်ဝင်တို့၏ သာရေး၊ နာရေး၊ လူမှုရေး စသည့်လိုအပ်ချက်များအား ပံ့ပိုးကူညီဆောင်ရွက် ပေးခြင်းဖြင့် လူမှုဘ၀ တိုးတက်မြင့်မားရေး။
  • အရဗီစာမတတ်သူ ပပျောက်ရေးဆီမှ ကျမ်းမြတ်ကုရ်အာန်၏ အနှစ်သာရများကို တတ်၊ သိ၊ နားလည်စေရေး အတွက် ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့အား ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး။
  • အစ္စလာမ်ဘာသာ သာသနာဝင်တို့၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် လိုအပ်ချက်များအား ပံ့ပိုး ကူညီဆောင်ရွက်နိုင်ရန် တတ်စွမ်းနိုင်သူတို့က တရားဝင် ဒါနကြေးငွေများ ထည့်ဝင်၍ လူမှုရေးသင်းဖွဲ့ (ဘိုင်သွလ် မားလ်) အကောင်အထည်ဖော် ဖွဲ့စည်းဆောင်ရွက်ရေး။