ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့၏ ရည်ရွယ်ချက်များ
ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့သည် အောက်ပါဦးတည်ချက်(သို့) ရည်ရွယ်ချက်များကို ထားရှိပါသည်။
(က) ကျမ်းမြတ်ကုရ်အာန်သည် အရဗီဘာသာစကားဖြင့် ကျရောက်ခဲ့သော ကျမ်းတစ်စောင်ဖြစ်သည့် အတွက် မြန်မာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော မွတ်ဆလင်မ်များအနေနှင့် အရဗီဘာသာစကားကို သဒ္ဒါနည်းကျ သင်ယူ နိုင်ရေးနှင့် ကျမ်းမြတ်ကုရ်အာန်ကို စနစ်တကျရွတ်ဖတ်နိုင်ပြီး အဓိပ္ပါယ်နှင့်တကွ ရည်ရွယ်ချက်၊ ရှင်းလင်းချက် အစရှိ သည်တို့ကို သိရှိနားလည် လိုက်နာကျင့်သုံးနိုင်ရေး။
(ခ) တိကျမှန်ကန်သော ကျမ်းမြတ်ကုရ်အာန်၏ တရားစစ်၊ တရားမှန်များကို လက်တွေ့ လိုက်နာကျင့်သုံးခြင်းအားဖြင့် မွတ်ဆလင်မ်ထုအတွင်း ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုရရှိစေရေး။
(ဂ) အစ္စလာမ်ဘာသာအပေါ် အထင်အမြင်သေးမှုများ၊ အမြင်စောင်းနေမှုများ၊ စွပ်စွဲဝေဖန်တိုက်ခိုက်မှုများအား ကျမ်းမြတ်ကုရ်အာန်အားဖြင့် ယင်းကိစ္စများ မဟုတ်မမှန်ကြောင်းကို ပြန်လည်ရှင်းလင်းတင်ပြနိုင်ရေး။
(ဃ) အစ္စလာမ့် တရားဥပဒေရေးရာ ကိစ္စများနှင့်ပတ်သက်၍ အမှန်တကယ်နစ်နာသူများဖက်မှ အကူအညီတောင်းခံ လာပါက လိုအပ်သော အကြံဉာဏ်နှင့်အကူအညီများ ပေးဆောင်နိုင်ရေး။
(င) အစ္စလာမ့် ဘာသာရေးဆိုင်ရာပညာရှင်များ ပေါ်ထွက်လာနိုင်စေရန် သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ပေးရေး။
(စ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အခြားဘာသာဝင် တိုင်းရင်းသား၊ နိုင်ငံသားများနှင့် ဘာသာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ အစရှိသည့် အရေးအရာကိစ္စများ၌ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အသိအမှတ်ပြု နားလည်မှုထားရှိပြီး ချစ်ခင်ရင်းနှီးစွာ လက်တွဲလျက် မိသားစုစိတ်ဓါတ်ဖြင့် နိုင်ငံတော်နှင့် လူ့အကျိုးကို ပူးပေါင်းပြီး သယ်ပိုးဆောင်ရွက်ရန်။
ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့၏ လုပ်ငန်းစဉ်များ
ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့သည် အောက်ပါလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားပါမည်။
(က) မြန်မာတိုင်းရင်းသားများ မြန်မာနိုင်ငံသားများအတွက် အရဗီဘာသာကို ဒုတိယဘာသာစကား (Second Language) အဖြစ် ပို့ချခြင်း၊ လေ့လာဆည်းပူးခြင်းများကို ဆောင်ရွက်သွားမည်။
(ခ) ကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပါယ်နှင့်တကွ သင်ကြားပေးသည့် သင်တန်းများကို ပို့ချဖွင့်လှစ်သွားမည်။
(ဂ) ၅၉ လမ်း၊ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်၌ အပတ်စဉ်ခွတ္တဗါဟ်များ၊ အခါအားလျော်စွာ ကျင်းပ သည့် ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ စာဖတ်ဝိုင်းများ၊ အတွေ့အကြုံ ရှင်းလင်းပွဲများကို ၀တ်ကျောင်းတော်အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဦးဆောင်တာဝန်ယူ ကျင်းပသွားမည်။ အလားတူ အထက်ပါ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြင်ပမှဖိတ်ခေါ်ခဲ့လျှင်လည်း သွားရောက် ဆောင်ရွက်ပေးသွားမည်။
(ဃ) လူ့အကျိုးပြုလုပ်ငန်းများအဖြစ် အခြားဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် အခါအားလျော်စွာ ပူးပေါင်းဆောင်ရွက်သွားမည်။
(င) ပြင်ပမှ ဘာသာရေးပညာရှင်များ၊ နိုင်ငံရေးပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ၅၉လမ်း၊ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်သို့ အခါအားလျော်စွာ ဖိတ်ခေါ်၍ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟော ပြောပွဲများ၊ အသိပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပသွားမည်။
(စ) ၅၉ လမ်း၊ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်၌ ဟောပြောခဲ့သော အပတ်စဉ်ခွတ္တဗါဟ်များ၊ တရားပွဲ များ၊ ဆွေးနွေးပွဲများနှင့် အခြားအခမ်းအနားများကိုလည်း မှတ်တမ်းမှတ်ရာ (Document) အဖြစ်လည်းကောင်း၊ စာအုပ်စာတမ်း အဖြစ်လည်းကောင်း ရေးသားဖြန့်ချိသလို၊ ဗွီဒီယိုမှတ်တမ်း အဖြစ်လည်းကောင်း ၀န်ဆောင်ခ သတ်မှတ်ရယူ၍ ထုတ်ဝေဖြန့်ချိသွားမည်။
(ဆ) ကျမ်းမြတ်ကုရ်အာန် ဘာသာပြန်ဆိုခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သလို အခြားသော အစ္စလာမ့်ရေးရာ စာအုပ်စာတမ်းများ၊ စာစဉ်များကိုလည်း ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချိသွားမည်။
(ဇ) အင်တာနက်၊ ဖေ့စ်ဘုခ်၊ ၀က်(ဘ)ဆိုဒ်များကို အသုံးပြုပြီး၊ အစ္စလာမ်နှင့်ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်နှင့် ပတ်သက်၍ လူအများသိမြင်နိုင်စေရန် ရည်ရွယ်၍ မီဒီယာပရောဂျက် (Media Project) လုပ်ငန်းစဉ်တစ်ရပ်ကို စနစ် တကျ ထူထောင် တည်ဆောက်သွားမည်။
(ဈ) အစ္စလာမ့် ဥပဒေရေးရာနှင့်ပတ်သက်၍ လိုအပ်ချက်ရှိသည့်အပေါ် အကူအညီတောင်းခံလာပါက ကျမ်းမြတ် ကုရ်အာန်၏ လမ်းညွှန်ချက်နှင့်အညီ အကြံပြု အကူအညီပေး ဆောင်ရွက်သွားမည်။
(ည) ၀တ်ကျောင်းတော်အုပ်ချုပ်ရေးအဖွဲ့၏ ၀တ်ကျောင်းတော်ဆိုင်ရာ လုပ်ငန်းစဉ်များ၌လည်းကောင်း၊ ဘိုင်သုလ် မာလ်ကော်မတီနှင့် သာရေးနာရေး လုပ်ငန်းစဉ်များ၌လည်းကောင်း အင်ပြည့်အားပြည့်ဖြင့် ကူညီဆောင်ရွက်သွားမည်။