ကုရ်အာန်ကို လျစ်လျူရှုစွန့်လွှတ်သူများ (အပိုင်း-၁) ဦးနူးရ်ခင်မောင်

ကုရ်အာန်ကို လျစ်လျူရှုစွန့်လွှတ်သူများ (အပိုင်း-၁)  ဦးနူးရ်ခင်မောင်

            ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက်များကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်းတင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ်သင်တန်းကျောင်းတော်မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တင်ပြမယ့်အကြောင်းအရာရဲ့ခေါင်းစဉ်ကတော့ ‘ကုရ်အာန်ကို လျစ်လျူရှုစွန့်လွှတ်သူများ’ အကြောင်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်စလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား။ ကျွန်တော်ရဲ့တင်ပြမှုကို မရှင်းလင်းခဲ့ရင် ဂျူမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။

`အတ်စ္စလားမုအလိုင်းကွန်းမ်ဝရဟ်မသွလ်လားဟိဝဘရကာသုဟု´

ဒီကနေ့ 2016 JANUARY ဇန်န၀ါရီ(၁)ရက်နေ့ Happy New Year နှစ်သစ်ကူးနေ့ဆိုပြီးတော့ လူအများက သိနေကြ တယ်။ ကမ္ဘာတစ်ဝန်းမှာ နှစ်သစ်ကူးနေ့ဆိုပြီးတော့ အခမ်းအနားတွေကျင်းပနေတာ တွေ့ရပါတယ်။

ဒါပေမယ့် ‘မော်ဟရားမ်’လ (၁)ရက်နေ့ မွတ်စလင်မ်တွေ နှစ်သစ်ကူးနေ့ဆိုတာ မွတ်စလင်မ်အများစုက မသိကြ ဘူး။ ‘အာချူရာ’နေ့ဆိုတာ လူအချို့သာသိနေကြတယ်။ အာချူရာနေ့ဆိုတာ ‘ရှိယာ’တွေနဲ့ဆိုင်တာ။ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး ‘မော်ဟ ရားမ်’လမှာ နှစ်သစ်ကူးနေ့ကျင်းပနေတာ သိပ်မတွေ့ရဘူး။

အဲဒီတော့ အစ္စလာမ်ဘာသာမှာ နှစ်သစ်ကူးနေ့လုပ်ရမည်ဆိုပြီး ကုရ်အာန်ထဲမှာ တိုက်ရိုက်မပါပေမယ့် ပါသယောင် ယောင်နှင့်ပြောနေသော ကိစ္စရပ်တွေလည်း ကျွန်တော်တို့ တွေ့မြင်နေရတာ အများကြီးပေ။ အဘယ့်ကြောင့် အဘယ့်ကြောင့် ဆိုပြီး ပြောဆိုစကားသံတွေ ကြားနေရတာအများကြီးပေ။ ဒါကြောင့် ဘာသာရေးအရ မလုပ်ရပေမယ့် အစ္စလာမ့်ဒီးန်စနစ်အရ ‘မော်ဟရားမ်’လမှာ နှစ်သစ်ကူးအခမ်းအနားတွေ ကျင်းပရမည်ဖြစ်သည်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာပေါ်မှာ လူမျိုးတိုင်း၊ ဘာ သာဝင်တိုင်းမှာ ပြက္ခဒိန်ဆိုတာရှိတယ်။ ဒါကြောင့် လူမျိုး၊ ဘာသာတိုင်းဟာ နှစ်သစ်ကူးနေ့ကျင်းပနေတာ တွေ့ရပါတယ်။

ဥပမာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ပြက္ခဒိန်တီထွင်ခဲ့တဲ့လူမျိုးမှာ အီဂျစ်လူမျိုးတွေ ဖြစ်တယ်။ အီဂျစ်လူမျိုးတွေ စတင် တီထွင်ခဲ့သော ပြက္ခဒိန်ဟာ တစ်နှစ်မှာ ရက်ပေါင်း(360) ဟူ၍ တီထွင်ခဲ့တာပါ။ အဲဒီအချိန်ကာလဟာ တမန်တော်မြတ် အီစာ(အ) မပေါ်ခဲ့သေးပေ။ ဘီစီ ၄၃၂၆ ခုနှစ်မှာ ပြက္ခဒိန်ကို စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အီဂျစ်လူမျိုးတွေရဲ့ ပြက္ခဒိန်ကိုလေ့လာကြည့်မယ်ဆိုရင် ရက်ပေါင်း(365 1\4 ရက်) (တစ်နည်း) ၆နာရီဆိုပြီးတော့ အီဂျစ်မှာရှိခဲ့တယ်။

အလားတူ ရောမမှာလည်း ပြက္ခဒိန်ရှိခဲ့တယ်။ ရောမပြက္ခဒိန်မှာ တစ်နှစ်မှာ (၁၀လ)၊ ရက်ပေါင်း(၃၀၀) တစ်ဖန် (300+4) ဆိုပြီး (304)ရက် သတ်မှတ်ခဲ့တယ်။ နောက်ပိုင်းမှာ ဇန်န၀ါရီ၊ ဖေဖော်ဝါရီလကို ထည့်ပေါင်းပြီး တစ်နှစ်မှာ (၁၂)လ လုပ်လိုက်တယ်။ အလားတူ အာရဗ်လူမျိုးတွေရဲ့သမိုင်းမှာလည်း ပြက္ခဒိန်ရှိခဲ့တယ်။ သူတို့အနေနှင့် သတ်မှတ်ချက်အရ လူနာ calendar ဆိုတဲ့ လနှင့်ပတ်သက်သော ပြက္ခဒိန်ကို အဓိကထားပြီး သတ်မှတ်ထားတာတွေ့ရပါတယ်။ အဲဒီပြက္ခဒိန်ရဲ့ ပထမ လဟာ ‘မော်ဟရားမ်’လ ဖြစ်ပါတယ်။ ယခု ကမ္ဘာဂြိုဟ်တစ်ပြင်လုံးမှာ အင်္ဂလိပ်စာပေ ဘာသာစကားဟာ လွှမ်းမိုးနေတာ ဖြစ်ပါ တယ်။ အကယ်၍ မွတ်စလင်မ်တွေရဲ့ ဒုတိယသမ္မတ အူမရ်ဖာရုခ်(ရသွေ့)လုပ်ကြံမခံရဘဲ နောက်ထပ် (၁၀)နှစ်ရှိခဲ့မယ်ဆိုရင် အာရဗီစာပေ ဘာသာစကားဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ မသင်မနေရစာပေဖြစ်သွားမှာ ဖြစ်တယ်။ ဒါကတော့ ကျွန်တော် တင်ပြ မယ့် ခေါင်းစဉ်နဲ့မဆိုင်ပါဘူး။ လူအများစုက နှစ်သစ်ကူးလုပ်နေတာကြောင့် နှစ်သစ်ကူးနဲ့ပြက္ခဒိန်အကြောင်း အနည်းငယ် တင်ပြရခြင်းဖြစ်ပါတယ်။

တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)နဲ့ အတူတကွ ဘ၀တိုက်ပွဲအဆင့်ဆင့်မှာ သက်စွန့်ဆံဖြား လက်တွဲလိုက်နာခဲ့တဲ့ အဆွဟာဘ်ရဲဘော်ရဲဘက်များ မရှိတဲ့နောက် အလ္လာဟ်ဟုအရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ လမ်းညွှန်ပြသော လူ့ ဘ၀တည်ဆောက်မှု ဒီးန်စနစ်ဇယားကို ဖီလာဆန့်ကျင်ခဲ့သော လူတစ်စုခေါင်းထောင်လာပြီး သူတို့ရဲ့တစ်ရွာတစ်ပုဒ်ဆန် အတွေးအခေါ်အယူအတွေကို အစ္စလာမ့်အမည်ခံ မဇ်ဟဘ် Religion ဘာသာရေးရိုက်စားဝါဒတွေကို တဖြည်းဖြည်း လွှမ်းမိုး ခဲ့ပြီးတဲ့နောက် ‘အဟလ်လေဖကဟ်’ ဓမ္မသတ်စာအုပ်တွေ၊ ‘အဟလ်လေရေ၀ါယသ်’ တစ်ဆင့်စကားတစ်ဆင့်မှာကြားပြီး မှတ် တမ်းတင်ထားသော စာအုပ်တွေရဲ့မူဝါဒတွေကို ကုရ်အာန်နှင့်အလားတူဆိုပြီးတော့ ကျွန်ုပ်တို့မွတ်စလင်မ်တွေကို ကျမ်းတော် မြတ်ကုရ်အာန်က ညွှန်ပြနေသော လမ်းညွှန်ချက် ဒီးန်စနစ်ဇယားကနေ တဖြည်းဖြည်းဝေးကွာသည်ထက် ဝေးကွာအောင် လုပ် ခဲ့တယ်။ နောက်ပြီးတော့ ‘မက်ဇ်ဟဘ်’ Religion ကို ဖြန့်ချိရေးအဖွဲ့တွေကို ဖွဲ့စည်းခဲ့တယ်။ မွတ်စလင်မ်တွေထဲမှာ အဲဒီအဖွဲ့ အစည်းရဲ့ ဆယ့်နှစ်လရာသီ ခွတ္တဗာဟ်စာအုပ်ထဲက ဖတ်ရွတ်တင်ပြမှုကတော့ ‘ဒီ ဒွန်ယာလောကဟာ မုအ်မင်န်တွေအတွက် အကျဉ်းထောင်ဖြစ်ပြီး ကာဖိရ်တွေအတွက် ဂျန္နသ်ဖြစ်တယ်။ ဒါမှမဟုတ် တမန်တော်မြတ် ပြောခဲ့တဲ့အတိုင်းဆိုတဲ့ အယူအဆ ကို စီမံပြုလုပ်ခဲ့တာ ဖြစ်တယ်။ အဲဒီလို အာရဗီလိုဖတ်ပြနေသော စာကြောင်းကို နားလည်သူ ဘယ်နှစ်ယောက်ရှိလဲ။ နားမလည်လို့ အိပ်ငိုက်တာပေါ့။ နားလည်မယ်ဆိုရင် အိပ်ငိုက်မှာလား။ အဲဒီတော့ ဟိုဆရာကြီးတွေ ဘာပြောလဲ။ နားလည်စရာမလိုဘူး။ ငါတို့ပြောတဲ့အတိုင်းနားထောင်ပြီး လိုက်နာ၊  အဲဒါ အစ္စလာမ်ပဲ။

ဆိုလိုတဲ့တရားကတော့ မွတ်စလင်မ်တွေ ဒီဒွန်ယာလောက အနန္တစကြ၀ဠာများနဲ့ ကမ္ဘာဂြိုဟ်ရဲ့ပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာ၊ တွေးတောဆင်ခြင်၊ သုတေသနလုပ်ခြင်း၊ လောကအကျိုး၊ လူသားအကျိုး ဖြစ်ထွန်း စေမယ့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ လူမှုရေးအစရှိတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဘာဆိုဘာမှမလုပ်နဲ့ အကျဉ်းထောင်ထဲမှာနေရသလိုနေ၊ လွတ်လွတ်လပ်လပ် ရုန်းကန်လှုပ်ရှား၊ လုပ်ပိုင်ခွင့်ဘာမှမရှိဘူး။ ဒီ ဒွန်ယာမှာ အဲဒီလို နေရ မည်တဲ့။ အလ္လာဟ့်တရား အလ္လာဟ့်စကား ကုရ်အာန်ကို သွေဖည်ငြင်းပယ်သော ကာဖိရ်တွေအတွက်ကတော့ စိတ်ကြိုက် လွတ်လပ်စွာလှုပ်ရှားပိုင်ခွင့် အပြည့်အ၀ရှိတယ်တဲ့။ အဲဒီအဖွဲ့အစည်းရဲ့ နောက်ထပ် ဖတ်ရွတ်ဟောပြောချက်ကတော့

‘ဒီကမ္ဘာဂြိုဟ်ပေါ်မှာ သြဇာအာဏာရှင် ဆုလ်ဝတန်ဘုရင်ဟာ အလ္လာဟ်ဟုအရှင်မြတ်ရဲ့ အရိပ်အာဝါသဖြစ်တယ်တဲ့။ အဲဒီတော့ မည်သူမဆို အာဏာရှင်ဘုရင်ကို ဆန့်ကျင်မယ်ဆိုရင် အဲဒီလူဟာ အလ္လာဟ်အရှင်မြတ်ကို ဆန့်ကျင်တာနဲ့တူတယ် တဲ့။ ဒါကတော့ အဲဒီဆယ့်နှစ်လရာသီ ခွတ္တဗာဟ်စာအုပ်ထဲက အချို့ကောက်နုတ်တင်ပြချက်ဖြစ်တယ်။ ဖတ်ပြသူလည်း နား မလည်၊ အခြားလူတွေလည်းပဲ အိပ်ငိုက်တယ်။ ဒါကတော့ ကုရ်အာန်ကနေ ဝေးကွာအောင်လုပ်ထားတဲ့ အစ္စလာမ့်အမည်ခံ ဘာသာရေးရိုက်စားဝါဒ မဇ်ဟာဘ်ဖြစ်ပါတယ်။

အဲဒီလို ကြွေးကြော်သံတွေကိုကြားသိပြီး သဘောတွေကျပီတိဖြစ်နေကြတယ်။ အားရ၀မ်းသာမဆုံးဖြစ်နေကြတယ်။ အကျေနပ်ကြီး ကျေနပ်နေကြသော အုပ်စု၊ ဒီးန်စနစ်ဇယားကိုဆန့်ကျင်နေသော ကုရ်အာန်က ‘အာဟ်လိကိတာ့ဘ်’လို့ခေါ်တဲ့ ‘ယဟူဒီနှင့် နဆွရာနီ’တွေရဲ့အပြောကတော အဲဒါမှအဲဒါ။ အသင်တို့ မွတ်စလင်မ်တွေရဲ့ အာဏာရှင်ဘုရင် အဗ္ဗာဆီမင်းဆက် များက ကျင့်သုံးခဲ့သော အစ္စလာမ်ဖြစ်တယ်။ အဲဒီ အစ္စလာမ်အမည်ခံ မဇ်ဟဘ် Religion တာကို ‘အာဟ်လိကိတာ့ဘ်’ များက ထောက်ခံအားပေးနေတာ ဒီကနေ့အထိပဲ။

အဲဒီ အာဟ်လိကိတာ့ဘ်နှင့် ယဟူဒီနှင့် နဆွရာနီတွေ ဘာကြောင့်ထောက်ခံအားပေးနေကြတာလဲ။ သူတို့ယုံကြည် လက်ခံကျင့်သုံးနေသော ကျောင်းတော်ဝါ မဇ်ဟဘ် Religion ဟာ ‘ဆီချူလာရ်’စနစ်ဖြစ်ပြီး ဘုရင်က နန်းတော်မှာအုပ်ချုပ်ပြီး ပုပ်ရဟန်းမင်းကြီးက ‘ချဆံ’မှာ အုပ်ချုပ်နေတယ်။ (တစ်နည်း) ဆုလ်တာန်ဘုရင်က နန်းတော်မှာအုပ်ချုပ်ပြီး ဆရာသခင်ကြီး များက ဗလီတွေမှာ အုပ်ချုပ်တာခြင်းအတူတူဖြစ်တာကြောင့် ထောက်ခံနေတာဖြစ်တယ်။

လေးစားအပ်ပါသော မွတ်စလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

အဲဒီအဗ္ဗာဆီမင်းဆက်တွေက ယုံကြည်လိုက်နာကျင့်သုံးခဲ့သော မူဝါဒလမ်းစဉ်ဟာ အလ္လာဟ်က ကျမ်းတော်မြတ် ကုရ်အာန်မှာ လမ်းညွှန်ထားတဲ့ ဒီးန်စနစ်ဇယား အစ္စလာမ်မဟုတ်ပါဘူး။ ကုရ်အာန်မကျရောက်မီအရင် ကျင့်သုံးခဲ့သော ‘ယဟူ ဒီ နှင့် နဆွရာနီ’တွေရဲ့ မဇ်ဟဘ်ကျောင်းတော်ဝါဒ Religion ဖြစ်ပါတယ်။

အဲဒီ မဇ်ဟဘ်တွေကို ကျွန်ုပ်တို့ရဲ့ ဘာသာရေး၊ သာသနာရေးခေါင်းဆောင်ဆိုသူများရဲ့လက်ထဲကို အပ်နှံပြီး သွန် သင်ဆုံးမသြ၀ါဒကိုခံယူစေခဲ့ပြီး ဘာပြောခဲ့လဲ၊ အသင်တို့ ဟောဒီမဇ်ဟဘ်ကို ကမ္ဘာတစ်ဝန်းလုံးဖြန့်ချိလိုက်ပါ။ လိုအပ်တဲ့ အကူ အညီအထောက်အပံ့တွေကို ဖြည့်ဆည်းပေးမည်။ အဲဒီတော့ ဒီကနေ့ ကမ္ဘာတစ်ဝန်းမှာ ကျွန်ုပ်တို့ မွတ်စလင်မ်တွေ ယုံကြည် လိုက်နာကျင့်သုံးနေသော ၀ါဒလမ်းစဉ်ဟာ ကုရ်အာန်ကညွှန်ပြသော ဒီးန်စနစ်ဇယားလား၊ ဒါမှမဟုတ် ယဟူဒီနှင့် နဆွရာနီတွေ ရဲ့ ကျောင်းတော်ဝါဒမဇ်ဟဘ်လား လူကြီးမင်းလေ့လာကြည့်ပါ။ အဲဒီလိုလေ့လာမှသာ ဒီကနေ့ရုပ်ပြပုံစံနှင့် သာသနာ့သောက ရှင်တွေ အဖွဲ့လိုက် အုပ်စုလိုက်သွားလာလှုပ်ရှားသူတွေ ဖြန့်ချိနေတာဟာ အလ္လာဟ်ထံက တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ) ဆီ ကို နှစ်ပေါင်း(1400)ကျော်က ကျရောက်ခဲ့တဲ့ ၀ဟီ လူ့ဘ၀လမ်းညွှန် ကုရ်အာန်လား ဒါမှမဟုတ် လူတွေစုဆောင်းထားတဲ့ တစ်ဆင့်စကား ရေ၀ါယသ် စာအုပ်တွေကိုလား သိနားလည်မှာဖြစ်တယ်။

အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့တွေကို ဘယ်ကျမ်းစာအတိုင်း လိုက်နာကျင့်သုံးခိုင်းတာလဲ။ ကျွန်ုပ်တို့ လူအများစု ကရော ဘယ်ကျမ်းစာတွေအတိုင်း လိုက်နာတာလဲ။ ကုရ်အာန်စူရာဟ်(၇)၊ အာယတ်(၃)မှာ အလ္လာဟ်က ကျွန်ုပ်တို့ကို ဘာ ပြောထားလဲ။

‘အသင်တို့ကို မရှိရာမှရှိရာသို့ အဆင့်ဆင့်ပြုစုပျိုးထောင်လမ်းညွှန်ရှင်(ရဗ်)ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံမှ အသင်တို့ ဆီကို ထုတ်ပြန်ပို့ချခြင်းခံရတဲ့ (ကျမ်းတော်မြတ်ကုရ်အာန်က နည်းပေးလမ်းညွှန်သော)အရာကို အသင်တို့ ထပ်ကြပ်မကွာ ဖ၀ါးခြေထပ်လိုက်နာကျင့်သုံးရမည်။ ၄င်းအပြင် အလ္လာဟ်မှလွဲ၍ ၀ဟီ အခြား မည်သည့်လူပုဂ္ဂိုလ် အသိမိတ်ဆွေ အိမာမ် ဆရာ သခင်တွေရဲ့ အမိန့်ပြောစကားဆိုစကား ဆင့်ပြန်စကားတွေကို မလိုက်နာရဘူး။ သို့သော် အသင်တို့အနက်မှ လူနည်းစုသာ လျှင် (ကုရ်အာန်ပါ) အကြောင်းအရာတွေကို သတိရလိုက်နာကြတယ်။ (၇း၃)’

ဒီကနေ့ လူအများစုနောက် တကောက်ကောက်လိုက်နေကြသော လူဟာ အလ္လာဟ်ပြောထားတဲ့အတိုင်း လိုက်နာ တာလား၊ ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေ စိတ်ကူးနဲ့ရေးသားပြီး ထုတ်ဝေထားသော စာအုပ်တွေအတိုင်း လိုက်နာတာလား ခင်ဗျားတို့ လေ့လာကြည့်ပါ။ ဒါကြောင့် အလ္လာဟ်ဟုအရှင်မြတ်ထံမှ ထုတ်ပြန်ပို့ချခြင်းခံရတယ်။ ကျမ်း၊ အလ္လာဟ့်စကား၊ အလ္လာဟ့် တရားဖြစ်တဲ့ ကုရ်အာန်နှင့် အခြားအခြား ၀ဟီဆိုတဲ့ အသိမိတ်ဆွေ လူပုဂ္ဂိုလ်၊ ဆရာသခင်တွေနဲ့သော်လည်းကောင်း၊ ကုရ် အာန်ကလွဲလို့ လူပုဂ္ဂိုလ်တွေရဲ့စိတ်ကူးနှင့် ရေးသားထားသော စာအုပ်စာတမ်းကျမ်းစာတွေကိုလည်းကောင်း တွဲဖက်နှိုင်းယှဉ် ပြီး ယုံကြည်လိုက်နာခြင်းဟာ ရှရိက်ခ်လုပ်ရပ်ဖြစ်မည်။

တစ်ချိန်တုန်းက တမန်တော်မြတ်နှင့်တကွ အဆွဟဘ် ရဲဘော်ရက်ဘက်များက အမှောင်ထုလွှမ်းမိုးခြင်းခံရတယ်။ လူ သားမျိုးနွယ်တွေ၊ ဟိုဒါန်အလင်းရောင်ရရှိစေရန်အတွက် လင်းရောင်ခြည်ကုရ်အာန်ကို ကိုင်ဆောင်ပြီး မြို့နယ်ဒေသအရပ်ရပ် ကို ခရီးထွက်ပြီး လင်းရောင်ခြည်ကုရ်အာန်ကို ဖြန့်ချိခဲ့တယ်။ အသိပညာပြန့်ပွားရေးအောင် လုပ်ခဲ့တယ်။ လူ့ဘ၀ဖွံ့ဖြိုးတိုး တက်အောင် အားသွန်စိုက်ကြိုးပမ်းအားထုတ်ခဲ့တယ်။

ဒါပေမယ့် ကုရ်အာန်က လမ်းညွှန်တဲ့ဒီးန်စနစ်ဇယား အစ္စလာမ်ကိုဆန့်ကျင်နေသော မွတ်စလင်မ်ဆိုသူအချို့က ဘာသာရေး၊ သာသနာရေးခေါင်းဆောင်ဆိုသူများနှင့် အဖွဲ့အစည်းအချို့ကတော့ ပြည်တွင်းမှမက နိုင်ငံတကာကိုသွားပြီး (ချန္ဒာ)စီမံကိန်းနှင့် ထောက်ပံ့ကြေးရရှိရေးအတွက် ခရီးထွက်ပြီး သူတို့ရရှိကြသော အဲဒီ(ချန္ဒာ)ငွေကြေးတွေကို သူတို့တည် ဆောက်ထားတဲ့ အာရဗီတက္ကသိုလ်တွေနဲ့ မရ်ကဇ်ဌာနချုပ်တွေမှာ တိုင်းတစ်ပါးယဉ်ကျေးမှုကိုဖော်ဆောင်တဲ့ လူမျိုးစုအဖွဲ့အ စည်အမျိုးမျိုးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို မသိနားမလည်အောင်သင်ပေးကြတဲ့ ကျောင်းအသိပညာ၊ အတတ်ပညာ မတိုး ပွားတဲ့ကျောင်းများအတွက် (ချန္ဒာ)ငွေကြေးအနည်းငယ်သုံးစွဲပြီး ကျန်ငွေကြေးတွေကို သူတို့ရဲ့မိသားစုရဲ့ဘ၀တစ်သက်သာ ဖူ လုံရေးအတွက် စားသုံးစုဆောင်းနေကြတယ်။

အဲဒီတော့ ကုရ်အာန်က လမ်းညွှန်တဲ့ ဒီးန်စနစ်ဇယား အစ္စလာမ်ကိုအမြဲမပြတ်ဆန့်ကျင်ကြတယ်။ ‘အဟ်လေ ကိတာ့ဘ်’ ယဟူဒီနှင့် နှဆွရာနီတွေအကြိုက် အစ္စလာမ့်အမည်ခံ ကျောင်းတော်ဝါဒ မဇ်ဟဘ်ကို ဆက်လက်တည်မြဲအောင် နှိုး ဆော်နေတာမဟုတ်လော။ နောက်ပြီးတော့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် အမည်ခံ ဆရာသခင်ဆိုသူများက ခေတ်အ ဆက်ဆက်မှာ စုဆောင်းမှတ်တမ်းတင်ထားခဲ့တယ်။ တစ်ဆင့်စကား ရေ၀ါယတ်ကျမ်းကြီးကျမ်းငယ်တွေကို သာလိမ် စာဖတ် ၀ိုင်းရဲ့ အသက်သွင်းခြင်းခံခဲ့ရပြီးတဲ့နောက် မွတ်စလင်မ်တွေရဲ့ရှေ့မှောက်မှာ ကျမ်းတော်မြတ်ကုရ်အာန်ဟာ ဖတ်ရွတ်’ခတမ်’ လုပ်ကုသိုလ်ကောင်းမှုမြောက်မြားစွာ ရရှိမယ့် ကျမ်းစာအဖြစ်နဲ့သာ ရှိတော့တာဖြစ်တယ်။

အဲဒီ ယဟူဒီ၊ ဒီနဆွရာနီတွေနဲ့ မွတ်စလင်မ်အမည်ခံ အာရဗ်အမျိုးသားရေးဝါဒကို လှုံ့ဆော်ခဲ့သူတွေက မွတ်စလင်မ် တွေကို သီးခြားဝတ်ပြုကိုးကွယ်ရာ နေရာလုပ်ပေးထားတယ်။ ဥပမာ အခြားအခြား ဘာသာဝင်တွေရဲ့ ကိုးကွယ်ရာနေရာဌာန ကဲ့သို့ Warshipping Place တည်ဆောက်ပေးထားတယ်။ ဒီ Warshipping Place ဆိုတဲ့ ကိုးကွယ်ရာဌာနထဲမှာရှိတဲ့ (ဘုတ်) တွေကို (တစ်နည်း) ဆရာသခင်တွေဟာ ကာဖိရ်တွေက စီမံလုပ်ပေးထားပြီးတော့ မွတ်စလင်မ်ဆိုသူတွေက ကိုးကွယ်ပူဇော် နေတာ တွေ့ရပါတယ်။

တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)နှင့် အဆွဟဘ်ရဲဘော်ရဲဘက်များခေတ်မှာ စစ်မြေပြင်မှာ အင်အားချင်းမယှဉ်ပြိုင်နိုင် ခဲ့သော ယဟူဒီနှင့် နဆွရာနီတွေက သူတို့ရဲ့စိတ်ကူးဥာဏ်နှင့်ပြုလုပ်ထားသော စနစ်နှင့်သော်လည်းကောင်း၊ သူတို့ရဲ့ ဒေါ်လာ ငွေကြေးအင်အားနှင့်သော်လည်းကောင်း၊ အနိုင်ကျင့်ပြီးတော့ လူသားအားလုံးအတွက် ငြိမ်းချမ်းရေးလုပ်တယ်ဆိုပြီး ကြွေး ကြော်နေတာမဟုတ်ဘူးလော့။ အဲဒီ အိဗ်လီးစ်တွေ အောင်ပွဲခံပြီး ကျင်းပကြတယ်။ အခမ်းအနားရဲ့ ကြွေးကြော်သံရဲ့ အနှစ်သာ ရကို (၂၀)ရာစု ကုရ်အာန်အတွေးအခေါ်ရှင် အလ္လာမာဟ်ဒေါက်တာ အက်ဘာလ်က ကဗျာစပ်ဆိုရင်းနဲ့

‘ဘုတ်ခါနာ’တွေထဲက ကိုးကွယ်တွေအချင်းချင်းပြောနေကြတယ်တဲ့။ ဟေမွတ်စလင်မ်တွေ အရေးနိမ့်သွားပြီး စစ်မှန် တယ်။ မွတ်စလင်မ်တွေမရှိတော့ဘူး။ ကအ်ဗာဟ်ကျောင်းတော်ကြီးကနေပြီးတော့ အစ္စလာမ်နှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းကို လမ်းညွှန်ပေးမယ့် မွတ်စလင်မ်မရှိဘူးဆိုပြီးတော့ သူတို့ပျော်ရွှင်နေကြတယ်။

မွတ်စလင်မ်တွေ ဘယ်ကိုသွားသွား၊ ဘယ်ကိုရောက်ရောက် အမြဲမပြတ် ရင်ဝယ်ပိုက်ထားတဲ့ ကုရ်အာန်လည်းပဲ မရှိတော့ဘူး။ စွန့်လွှတ်ခံလိုက်ရပြီး (တစ်နည်း) မွတ်စလင်မ်တွေ ကုရ်အာန်ရဲ့လမ်းညွှန်ချက်အတိုင်း မလိုက်နာဘဲ အခြား အခြား လူလုပ်ကျမ်းကြီးကျမ်းငယ်တွေရဲ့ တစ်ဆင့်စကား ရေ၀ါယတ်တွေကိုလိုက်နာပြီး ကုရ်အာန်ကို လျစ်လျူရှုစွန့်လွှတ်ကြ တယ်။

ကုရ်အာန်ပါ ဒီးန်စနစ်ဇယားကို ဆန့်ကျင်နေကြသော အိဗ်လိးစ်တွေရဲ့ နောက်ဆုံးအကြံအစည်ကတော့ တမန်တော် မြတ်မုဟမ္မဒ်(ဆွလ္လ) က လက်တွေ့လိုက်နာကျင့်သုံးပြီး ပြသခဲ့သော ရှရီအသ်ကုရ်အာန်ပါ စည်းမျဉ်းစည်းကမ်းဥပဒေသတွေ ကို ပြန်လည်ပြီးတော့ အသက်သွင်းအကောင်အထည်မဖော်နိုင်ရေး အဲဒီ အိဗ်လိးစ်တွေရဲ့ အရေးဖြစ်နေသလို တွေ့ရပါတယ်။ တူရကီနိုင်ငံက အစ္စလာမ်စနစ်နှင့်အုပ်ချုပ်တယ်လို့စွပ်စွဲပြီး ဥရောပဘုံဈေးအဖွဲ့ထဲကို အ၀င်မခံတာ ဘာကြောင့်လဲ။ မွတ်စ လင်မ် နိုင်ငံတစ်နိုင်ငံဟာ အင်အားကြီး စူပါပါဝါဖြစ်သွားမှာစိုးလို့ အ၀င်မခံတာဖြစ်တယ်။

အဲဒီတော့ ဒီးန်စနစ်ဇယား အစ္စလာမ်ကို လွဲမှားချွတ်ချော်ပြီး မှားယွင်းစွာကျင့်သုံးနေသော သူတို့ကြောင့် ဒီးန်စနစ် ဇယားဟာ လူ့ဘောင်လောကမှာ ရှင်သန်ထက်မြက်တဲ့လမ်းစဉ်တစ်ရပ်အဖြစ် ဆက်လက်မတည်တန့်နိုင်တော့ပေ။ ရှင်သန် လှုပ်ရှားမှုကင်းမဲ့သော ယုံကြည်ချက်၊ အသက်ဝိညာဉ်မရှိသော အယူအဆ၊ ထင်မြင်ယူဆချက်၊ ကျင့်စဉ်ကျင့်ရပ်၊ ၀တ်ပြုကိုး ကွယ်ဆည်းကပ်မှု မဇ်ဟဘ်အဆင့်ကို နိမ့်ကျရွေ့လျားသွားတာ ဖြစ်တယ်။

အဲဒီလိုဖြစ်ရပ်တွေကို အိဗ်လိးစ်တွေက အကျေနပ်ကြီးကျေနပ်ပြီး ပြောင်လှောင်သရော်ပြီးတော့ ဘာပြောကြလဲဆိုရင် ကုရ်အာန်ကိုလေ့လာဆည်းပူးသူတွေ၊ တွေးတောတဲ့သူတွေ၊ စဉ်းစားဆင်ခြင်ပြီး လိုက်နာကျင့်သုံးသူ မုအ်မင်န်တွေမရှိတော့ ဘူး။ မုအ်မင်န်တွေ ဘယ်အဆင့်ကိုရောက်သွားလဲဆိုရင် ဆိုဖီဆာဘ်တို့၊ ပိရ်ဆာဘ်တို့၊ ဆရာသခင်ကြီးတွေဖြစ်ကြပြီးတော့ ၄င်းတို့ဟာ ဖီရ်အောင်န်ဘုရင်၊ ကာရုန်ခရိုနီတွေရဲ့ကျေးကျွန်တွေ ဖြစ်သွားတယ်။ (တစ်နည်း) သူတို့တစ်တွေဟာ ကျွန်ဘ၀ထဲ ကို ရောက်နေကြတယ်။

အဲဒီတော့ ဖီရ်အောင်န်အာဏာရှင်ဘုရင်နဲ့ ကာရုန်ခရိုနီတွေရဲ့ကျေးကျွန်တွေ ဖြစ်ကြတယ်။ သာသနာ့သောကရှင် တွေကို ဘာသာရေး၊ သာသနာရေးမှာ ကိုယ်စားလှယ်အမျိုးမျိုးဖွဲ့ပြီးတော့ မဇ်ဟဘ်ရိုက်စားဝါဒကို ယုံကြည်လိုက်နာကြတယ်။ ရှေ့ဆောင်ဆရာတွေကိုတော့ ကော်မရှင်ခွဲဖွဲ့ပြီး သူတို့ကို သက်ဆိုင်ရာနေရာဒေသရဲ့ ၀တ်ပြုကျောင်းတွေမှာ ခန့်အပ်ထား လိုက်တယ်။

လေးစားအပ်ပါသော မွတ်စလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

အစ္စလာမ်ရဲ့ ပထမသမ္မတခေတ်မှာ ကုရ်အာန်ကိုဆန့်ကျင်ခဲ့တဲ့ ကာဖိရ်မုရှ်ရိက်တွေက သူတို့ရဲ့နောက်လိုက်တွေကို ဘာပြောခဲ့လဲဆိုရင် ကုရ်အာန်ရဲ့ထာဝရမှန်ကန်တိကျသော သတင်းကောင်းကိုပျက်ပြားစေမယ့် Ticnic နည်းလမ်းကိုသုံးပြီး တော့ ဘယ်နေရာကပဲဖြစ်ဖြစ် ကုရ်အာန်အသံကြားတာနှင့် ဆူဆူညံညံလုပ်။ လုံးဝအသံမကြားရအောင်လုပ်ခဲ့တယ်လို့ပြော တယ်။ ဒါကတော့ တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)နှင့် အဆွဟဘ်ရဲဘော်ရဲဘက်များရဲ့ခေတ်မှာ အာရဗီဘာသာစာပေစကား ကို သိနားလည်သဘောပေါက်တယ်။ ကာဖိရ်မုရှ်ရိက်တွေက ကျင့်သုံးခဲ့တဲ့ Ticnic နည်းလမ်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုရ်အာန်စူရာဟ်(၄၁)၊ အာယတ်(၂၆)မှာ အလ္လာဟ်အရှင်မြတ်က ကာဖိရ်တွေနဲ့ပတ်သက်ပြီး ဘာပြောထားလဲ။

‘ကာဖိရ်သွေဖည်ငြင်းပယ်သူတွေ ပြောခဲ့တယ်။ အသင်တို့ နားမထောင်ကြနှင့်။ ဒီ ကုရ်အာန်ကို ဒီကုရ်အာန်အသံ မကြားရအောင် အသင်တို့ ဆူဆူညံညံလုပ်၊ အဲဒီလိုလုပ်မှသာလျှင် အသင်တို့လွှမ်းမိုးနိုင်လိမ့်မည်။

‘အမှန်တရားကို သွေဖည်ဖုံးကွယ်ခဲ့သောသူတွေက မမှန်ကန်မှုတွေကို အစားထိုးပြီး ကုရ်အာန်ရဲ့လမ်းညွှန်ချက်ကို မဟုတ်မမှန်ဆိုပြီး ဆန့်ကျင်ခဲ့တဲ့ ကာဖိရ်တွေ ဘာပြောခဲ့လဲ။ အသင်တို့ ဟောဒီကုရ်အာန်ကို နားမထောင်ကြနှင့်။ ဟောဒီ ကုရ် အာန် အသံမကြားရအောင် အသင်တို့ ဆူဆူညံညံလုပ်။ အဓိပ္ပာယ်လွဲမှားအောင်လုပ်၊ အဲဒီလိုလုပ်မှသာ အသင်တို့ လွှမ်းမိုးနိုင် လိမ့်မည်’ (41:26)

ဒါကတော့ တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)နှင့် အဆွဟဘ်ရဲဘော်ရဲဘက်များရဲ့ ပတ်ဝန်းကျင်က အာရ်ဗီဘာသာစာ ပေစကားကို နားလည်သဘောပေါက်တဲ့ ကာဖိရ်မုရှ်ရိက်တွေက ကျင့်သုံးခဲ့တဲ့ Ticnic နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မျက်မှောက်ကာလမှာ ကုရ်အာန်က လမ်းညွှန်ပြသော ဒီးန်စနစ်ဇယားကိုဆန့်ကျင်ကြတဲ့ မွတ်စလင်မ်ဆိုသူအချို့ရဲ့ Ticnic နည်းလမ်းကတော့ ကုရ်အာန်ကို ဖတ်ရွတ်ခတမ်လုပ် အဓိပ္ပာယ်သိစရာမလို၊ အသံထွက်ဖတ်ပေးရုံနှင့် အက္ခရာတစ်လုံးဖတ်ရင် ကုသိုလ်အကျိုးဆ၀ါ့ဘ် ဆယ်ဆရမည်တဲ့။ ဒါကတော့ ကုရ်အာန်ကိုဖတ်ရွတ်ခတမ်လုပ်ပြီး လက်တွေ့ဘ၀မှာ မလိုက်နာ၊ မကျင့်သုံးဘဲ ကုရ်အာန်ကို လျစ်လျူရှုစွန့်လွှတ်ခြင်းသာ ဖြစ်တယ်။

အကယ်၍ ခေတ်လူငယ် ပညာတတ်မျိုးဆက်သစ်များက ကျမ်းတော်မြတ်ကုရ်အာန်ကို တတ်သိနားလည်အောင် သင် တန်းတက်မယ့်၊ ဒါမှမဟုတ် ကုရ်အာန်ဘာသာပြန်ကို လေ့လာမယ့်၊ ဆည်းပူးမယ့်၊ စဉ်းစားတွေးတောသိချင် သဘောပေါက်ချင် ၍ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခွဲခြားသိမြင်နိုင်ဖို့အတွက် စူးစမ်းမယ့်၊ ဆွေးနွေးမယ့်၊ စောဒကတက်မယ့် မေးခွန်း တွေ မေးလာမယ်ဆိုရင် ဒါမှမဟုတ် တတ်သိနားလည်အောင် သင်ကြားပို့ချသူတွေကိုလည်းကောင်း၊ ဟောပြောတင်ပြဆွေး နွေးသူတွေကိုလည်းကောင်း မွန်ကရေဟဒီးစ်ကို ငြင်းပယ်သူ မွန်ကရေ ရစူလွလ္လာဟ် အလ္လာဟ်စေလွှတ်ခဲ့သော တမန်တော် မြတ်ကို လက်မခံငြင်းပယ်သူတွေ၊ အစ္စလာမ်မှာ အသစ်အသစ်တီထွင်သူတွေဆိုပြီးတော့ အဲဒီလူတွေနဲ့ လူမှုဆက်ဆံရေး မလုပ်ရ၊ သာရေး/နာရေးကိစ္စရပ်တွေမှာ မပါဝင်စေရ၊ သားပေးသမီးယူမလုပ်ရ။ ယခု နောက်ဆုံးအဆင့်ကတော့ ၅၉ ကို မသွား ရ။ ၅၉ က လူတွေနဲ့ ပြောဆိုဆက်ဆံရေးမလုပ်ရ။ ဘာကြောင့်လဲဆိုရင် ၅၉က လူတွေ တမန်တော်ကို လက်မခံဘူး။ နမားဇ် မဖတ်ဘူး။ အဲဒီလို ဖတ်ဝါဓမ္မသတ်နဲ့ ဘာသာရေး၊ သာသနာရေး ပုဂ္ဂိုလ်များရဲ့ မေတ္တာ ကရုဏာကင်းမဲ့မှု သဘောထားသော သေးသိမ်ကျဉ်းမြောင်းမှုတွေကို တစ်ခုချင်း တစ်ခုချင်း ထုတ်ဖော်ကြေညာဖြန့်ချိနေတာ တွေ့ရပါတယ်။

အချို့နေရာဒေသတွေမှာ ဒီထက်မက ပိုဆိုးပါတယ်။ သူတို့ရဲ့ ဘာသာရေး၊ သာသနာရေး လမ်းကြောင်းတွေနဲ့ပတ် သက်ပြီး အဆင်မပြေရင်၊ အဲဒီအဆင်မပြေတဲ့လူတွေကို သာသနာရန်စွယ်ဆူးငြောင့်ခလုတ်ဆိုပြီး သက်ဆိုင်ရာအာဏာပိုင် တွေဆီကို မဟုတ်မမှန်သော အကြောင်းပြချက်တွေနဲ့ အဲဒီလူတွေရဲ့အကျိုးစီးပွားပျက်ပြားအောင်၊ ဘ၀ပျက်အောင်၊ ၀ိုင်းဝန်း ချောက်ချရန် စာတိုစာရှည်တွေရေးပြီး စွပ်စွဲတိုင်တန်းတယ်၊ ဖမ်းချုပ်ထောင်ချခံရန်အထိ တိုက်ခိုက်နေတာ တွေ့ရပါတယ်။ ဒီ တော့ သာသနာဝင်အများစုက ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များနဲ့ သူတို့ရဲ့အသိုက်အ၀န်းမှာရှိတဲ့လူတွေကို ထာဝရကြောက်ရွံ့ သွားအောင် ဒုက္ခပေးခြင်းဖြင့် အနိုင်ယူတာလည်း တွေ့ရပါတယ်။

အဲဒီလိုလုပ်ခြင်းဟာ ကုရ်အာန်ကိုစွန့်လွှတ်ပြီး ကျောင်းတော်ဝါဒမဇ်ဟဘ် ဘာသာရေးရိုက်စားဝါဒကို လက်ကိုင်ထား ကြတဲ့ လူတွေက မျက်မှောက်ကာလမှာ ကျင့်သုံးကြတဲ့ Ticnic နည်းလမ်းရဲ့ အောင်ပွဲဝင်မှုဝါဒပင်ဖြစ်တယ်။ အဲဒီလိုလုပ်တဲ့လူ တွေနဲ့ပတ်သက်ပြီး အကြွင်းမဲ့သိတော်မူသော အရှင်မြတ်က နှစ်ပေါင်း(1400)ကျော်က တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)ကို ကုရ်အာန်စူရာဟ်(၂၂) ၊အာယတ်(၇၂) အရ အသိပေးလမ်းညွှန်ခဲ့တယ်။

‘အလ္လာဟ်က ငါအရှင်မြတ်ရဲ့ထင်ရှားရှင်းလင်းတဲ့ အာယတ်သက်သေအထောက်အထား တရားဒေသနာတော်တွေကို သူတို့ရဲ့ရှေ့မှောက်မှာ တေလာဝသ်လုပ် တင်ပြသောအခါ အဲဒီအာယတ်တော်တွေကို မယုံကြည်သွေဖည်ငြင်းပယ်ကြတယ်။ ကာဖိရ်တွေရဲ့မျက်နှာတွေမှာ မလိုလား၊ မနှစ်သက်တဲ့၊ မနှစ်မြို့မှု၊ မကျေနပ်မှု၊ စက်ဆုပ်ရွံရှာဖွယ်ရာ အပြုအမူတွေကို တွေ့ရ လိမ့်မယ်။ (တစ်နည်း) ကုရ်အာန်လမ်းညွှန် ဒီးန်စနစ်အားဖြင့် တင်ပြဆွေးနွေးမှုမှန်သမျှကို အဆိုးမြင်ဝါဒနှင့် သွေဖည်ငြင်းပယ် သူ ကာဖိရ်တွေကို အသင်တမန်တော် တွေ့မြင်ရလိမ့်မယ်’ (22:72)

ဒါကတော့ တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)ခေတ်က ၀ဟီဘ၀လမ်း ကုရ်အာန်ကိုလက်မခံခဲ့တဲ့ ကာဖိရ်နဲ့မုရှ်ရိက်တွေ ရဲ့ အပြုအမူတွေဖြစ်တယ်။ ယခုလက်ရှိ အခြေအနေမှာလည်းပဲ ကုရ်အာန်ကို လက်ခံပါတယ်၊ ယုံကြည်ပါတယ်၊ ခတမ်လုပ်ပါ တယ်လို့ ပြောဆိုနေကြတယ်။ မွတ်စလင်မ်ဆိုသူအချို့ကတော့ ကုရ်အာန်လမ်းညွှန်ဒီးန်စနစ်ဇယားကို သွေဖည်ဆန့်ကျင်ရာမှာ ကာဖိရ်မုရှ်ရိက်တွေနဲ့ ထပ်တူထပ်မျှတွေ့ရပါတယ်။

‘အဲဒီလူတွေ ငါအရှင်မြတ်ရဲ့ အာယတ်တော်တွေကို သူတို့ရဲ့ရှေ့မှောက်မှာ ယသ်လိုနာ တေလာဝသ်လုပ် တင်ပြ ဆွေးနွေးတဲ့လူတွေကို တိုက်ခိုက်ကောင်းတိုက်ခိုက်လိမ့်မယ်။ (တစ်နည်း) ၀ဟီဘ၀လမ်းညွှန် ကုရ်အာန်ကို ဆန့်ကျင်ပြီး မမှန် ကန်မှုကို အစားထိုးယုံကြည်လက်ခံကျင့်သုံးခဲ့တဲ့လူတွေ ကုရ်အာန်အကြောင်း တင်ပြဆွေးနွေးသူတွေကို နည်းမျိုးစုံနဲ့ စိတ်ဆင်း ရဲအောင်၊ ကိုယ်ဆင်းရဲအောင် လုပ်ခဲ့တယ်။ ဒါကတော့ တမန်တော်မြတ်နဲ့ အဆွဟဘ်ရဲဘော်ရဲဘက်များခေတ်မှာ မွတ်စလင်မ် တွေကို ကာဖိရ်နဲ့ မုရှ်ရိက်တွေက ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ ကုရ်အာန်အကြောင်းဟောပြောတင်ပြဆွေးနွေးတဲ့ မွတ်စ လင်မ်တွေကို ကုရ်အာန်ကို လျစ်လျူရှုစွန့်လွှတ်နေတဲ့ မွတ်စလင်မ်ဆိုသူများက နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ခိုက်နေတာ တွေ့ရပါတယ်။

‘တမန်တော်မြတ်က အကျွန်ုပ်ဟာ အသင်တို့ကို အင်မတန်ဆိုးဝါးတဲ့အရာနဲ့ပတ်သက်ပြီး သတင်းပေးရမည်လော။ အဲဒီ1ဆိုးဝါးတဲ့အရာဟာ လောင်ကျွမ်းစေမယ့် မီးပင်ဖြစ်တယ်လို့ အသင်တမန်တော် လူတွေကို အသိပေးကြေညာလိုက်ပါ’ (22:72)

အဲဒီတော့ အလ္လာဟုအရှင်မြတ်ထံက ချပေးခြင်းခံရတယ်။ ကုရ်အာန်လမ်းညွှန်ဒီးန်စနစ်ဇယားကို ဆန့်ကျင်နေကြတဲ့ ယဟူဒီနဲ့နဆွရာနီများသည်လည်းကောင်း၊ ကုရ်အာန်ကိုယုံပါတယ်ဆိုပြီး လျစ်လျူရှုစွန့်လွှတ်သူ မွတ်စလင်မ်ဆိုသူများသည် လည်းကောင်း အခြေအနေနှင့်အချိန်အခါကို အခွင့်ကောင်းယူပြီးတော့ ကုရ်အာန်အကြောင်း ဟောကြားတင်ပြဆွေးနွေးသူတွေ ကို စိတ်ဆင်းရဲအောင်လုပ်တာဖြစ်စေ၊ ဘ၀ပျက်စီးအောင်လုပ်တာဖြစ်စေ၊ ကျမ်းတော်မြတ်ကုရ်အာန်ကိုတော့ လုံးဝပျောက် ပျက်အောင်လုပ်နိုင်မှာမဟုတ်ကြောင်း၊ သက်သေအထောက်အထားအရ ကုရ်အာန်စူရာဟ်(15) အာယတ်(9)မှာ အလ္လာဟ် အရှင်မြတ်က –

‘အလ္လာဟ်က ဧကန်မုချ ငါအရှင်မြတ်ဟာ သတိပေးနှိုးဆော်သွန်သင်ဆုံးမချက် ကုရ်အာန်ကို ငါအရှင်မြတ်က နည်း နည်းချင်း အလီလီထုတ်ပြန်ပို့ချပြီး ၄င်းကုရ်အာန်ကို အလ္လာဟ်ဟုအရှင်မြတ်ကိုယ်တိုင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထား ကြောင်း အာမခံလျက်ရှိတယ်’ (15:9)

အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ကုရ်အာန်ကို ကာဖိရ်မုရှ်ရိက်တွေက စူရာဟ်တစ်ပုဒ် ဒါမှမဟုတ် ၀ါကျအာယတ်တစ်ကြောင်းကိုမျှ ပြောင်းလဲပြင်ဆင်မှားယွင်းအောင် မလုပ်နိုင်ပေမယ့် ကျွန်ုပ်တို့မွတ်စလင်မ်ဆိုသူ များကတော့ ကုရ်အာန်ကို မဟ်ဂျူရာ လုပ်နေတယ်။ လျစ်လျူရှုစွန့်လွှတ်နေတာ တွေ့ရပါတယ်။

အို အလ္လာဟ်ဟုအရှင်မြတ် ကျွန်ုပ်တို့အားလုံးကို အလ္လာဟ်ထုတ်ပြန်ပို့ချခဲ့တဲ့ ကျမ်းတော်မြတ်ကုရ်အာန်ပါ လူ့ဘ၀ တည်ဆောက်မှု ဒီးန်စနစ်ဇယားအတိုင်း လိုက်နာကျင့်သုံးနိုင်တဲ့ စွမ်းအားပေးသနားချီးမြှင့်တော်မူပါ။ ကျွန်တော်တိ့ရဲ့ စီးပွား ရေး၊ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးမှာ အောင်မြင်တိုးပွားနိုင်တဲ့ စွမ်းအားပေးသနားချီးမြှင့်တော်မူပါစေကြောင်း ဆုမွန်ကောင်း ကြွယ်ရင်းနဲ့ ကျွန်တော့်ရဲ့ ခွတ္တဗာဟ် ပထမပိုင်းကို ဒီနေရာမှာပဲ ရပ်နားခွင့်ပြုပါ။