ကုရ်အာန်ကို လျစ်လျူရှုစွန့်လွှတ်သူများ (အပိုင်း-၂) ဦးနူးရ်ခင်မောင်

ကုရ်အာန်ကို လျစ်လျူရှုစွန့်လွှတ်သူများ (အပိုင်း-၂)  ဦးနူးရ်ခင်မောင်

            ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက်များကို တင်ပြခွင့် ရတဲ့အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်းတင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ်သင်တန်းကျောင်းတော်မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တင်ပြမယ့်အကြောင်းအရာရဲ့ခေါင်းစဉ်ကတော့ ‘ကုရ်အာန်ကို လစ်လျူရှုစွန့်လွှတ်သူများ´  အကြောင်း (အပိုင်း-၂) ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်စလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား။ ကျွန်တော်ရဲ့တင်ပြမှုကို မရှင်းလင်းခဲ့ရင် ဂျူမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။

`အတ်စ္စလားမုအလိုင်းကွန်းမ်ဝရဟ်မသွလ်လားဟိဝဘရကာသုဟု´

အလ္လာဟ်အရှင်မြတ် ကိုယ်တိုင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားလျက်ရှိတဲ့ ကုရ်အာန်ကို ကာဖိရ်မုရှ်ရိက်တွေက ဆူရာဟ် တစ်ပုဒ် ဒါမှမဟုတ် ၀ါကျအာယသ်တစ်ကြောင်းကိုမျှ မှားယွင်းအောင် ဒါမှမဟုတ် ပျောက်ပျက်အောင် မလုပ်နိုင်ပေ မယ့် ကျွန်ုပ်တို့ရဲ့ မွတ်ဆလင်မ်ဆိုသူများကတော့ ကျမ်းတော်မြတ်ကုရ်အာန်ကို `မဟ်ဂျူရာ´လုပ်နေတယ်။ လစ်လျူရှုစွန့်လွှတ် နေတာတွေ့ရပါတယ်။ ကျွန်ုပ်တို့က ကျမ်းတော်မြတ်ကုရ်အာန်ကို ဗလီဆိုတဲ့ မတ်စ်ဂျိဒ်တွေမှာ၊ အိမ်တွေမှာ ဈေးဆိုင်တွေမှာ ကျက်သရေမင်္ဂလာတိုးပွားဖို့အတွက် ဖတ်တယ်၊ ရွတ်တယ်၊ မိမိတို့ရဲ့ ကိုယ်ကျိုးအတွက် အတူတကွ ဆောင်ထားတယ်။ လိုအပ်လာရင် လိုအပ်တဲ့အချိန်မှာ လိုအပ်သလို သုံးကြတယ်မဟုတ်လား။ ဥပမာ `သာဝီဇ်´ရေးပြီးရောင်းစားတယ်။ ရေကို မန်ပြီးရေသန့်တစ်ဘူးကို ငွေလေးရာ၊ ငါးရာနှင့်ရောင်းစားတယ်။ ပြဿနာတစ်စုံတစ်ရာနှင့် ရင်ဆိုင်ရတဲ့အချိန်မှာ ကုရ်အာန်ကို စောင့်ပြီး ကျိန်ဆိုကြတယ်။ ဒါပေမယ့် ကုရ်အာန်က ညွှန်ပြနေသော ဒီးန်စနစ်ဇယား အစ္စလာမ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာ မကျင့်သုံးဘဲ `မဟ်ဂျူရာ´လုပ်တယ်။ လစ်လျူရှုစွန့်လွှတ်ကြတယ်။

ဒါကြောင့် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က ကုရ်အာန်ကို လစ်လျူရှုစွန့်လွှတ်ထားတဲ့ ကျွန်ုပ်တို့မွတ်ဆလင်မ်တွေနှင့် ပတ်သက်ပြီး ကီယာမသ်နေ့မှာ တိုင်တည်ပြီး ရင်ဖွင့်တော်မည် လျှောက်ထားတော်မူမည်။ ကုရ်အာန် ဆူရာဟ် (၂၅)အာယသ် (၃၀)မှာ `တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က အို — ကျွန်ုပ်ရဲ့ အဆင့်ဆင့်ပြုစုပျိုးထောင်ကာကွယ် စောင့်ရှောက်လမ်းညွှန်ရှင် (ရဗ်)ဖြစ်တဲ့ အလ္လာဟ်အရှင်ြမတ် ဧကန်အမှန် ကျွန်ုပ်ရဲ့အွမ္မသ်သားတွေက် ဟောဒီကုရ်အာန်ကို လစ်လျူရှုစွန့်လွှတ်ထားတဲ့ နည်းနဲ့ စောင့်ရှောက်ထားခဲ့တယ်လို့ လျှောက်ထားတော်မူမည်။ စွဲချက်တင်မှာဖြစ်တယ်။´(၂၅း၃၀)

ဒါပေမယ့် အများဘာသာပြန်မှာကတော့ `အို-ကျွန်ုပ်၏ မွေးမြူတော်မူသောအရှင် ကျွန်ုပ်၏အမျိုးသားမျာက ကုရ်အာန်ကို စွန့်လွှတ်လိုက်ပါပြီ။´ (၂၅း၃၀)  အဲဒီတော့ မဟ်ဂျူရာရဲ့ အဓိပ္ပါယ်ကတော့ အင်မတန်လေးနက်ပြီး ကျယ်ပြန့်ပါ တယ်။ လူကြီးမင်းတို့ထဲမှာ တိရစ္ဆာန်မွေးမြူရေးခြံတွေကို တွေ့မြင်ခဲ့တာရှိလိမ့်မည်။ မွေးမြူရေးတိရစ္ဆာန်တွေထဲမှာ ကျွဲ၊ နွား၊ ကုလားအုပ်နှင့်မြင်းတွေမှာ တိရစ္ဆာန်အချို့ဟာ မွေးမြူရေးခြံကို ပြန်မလာဘဲရုန်းကန်ထွက်ပြေးကြတဲ့ တိရစ္ဆာန်တွေလည်းရှိ တယ်။ အဲဒီလိုရုန်းကန်ထွက်ပြေးတဲ့ တိရစ္ဆာန်ကို ရှာဖွေဖမ်းဆီးပြီး အဲဒီတိရစ္ဆာန်ခြေထောက်တစ်ဖက်နှင့် သူ့ရဲ့ဦးခေါင်း ဒါမှ မဟုတ် ဦးချိုကို ကြိုးနှင့်ချည်နျောင်ထားပါတယ်။ အဲဒီလို ချည်နှောင်ထားတဲ့ကြိုးကတော့ ကြိုးတိုတိုလေးဖြစ်ပါတယ်။ အဲဒီ ကြိုး တိုတိုနဲ့ ချည်နှောင်ထားခြင်းခံရတဲ့ တိရစ္ဆာန်ရဲ့ဦးခေါင်းကတော့ ဦးညွတ်နေရပြီး အဲဒီတိရစ္ဆာန်ဟာ မိမိစိတ်ကြိုက်လွပ်လွပ် လပ်လပ် ရှေ့ကိုခြေမလှန်နိုင်သလို အပေါ်ကိုလည်း မော့မကြည့်နိုင်ပေ။ အာရဗ်လူမျိုးတွေက သူတို့ရဲ့မွေးမြူရေးတိရစ္ဆာန်တွေ ကို အဲဒီလို ချည်နှောင်ထားပါတယ်။ အဲဒီလိုချည်နှောင်ခြင်းခံရတဲ့ တိရစ္ဆာန်တွေကို အရဗီဘာသာစာပေစကားအရ မဟ်ဂျူရာ လို့ခေါ်ပါတယ်။ ချည်နှောင်ထားတဲ့ ကြိုးအတိုကိုတော့ အလ်ဟေဂျာရ်လို့ခေါ်ပါတယ်။

မဟ်ဂျူရာရဲ့နောက်ထပ်ကျယ်ပြန့်တဲ့ တရားသဘောကတော့ ကျွန်ုပ်တို့မွတ်ဆလင်မ်ဆိုသူများက ကျမ်းတော်မြတ် ကုရ်အာန်ကို မိမိတို့ရဲ့ကိုယ်ပိုင် အထင်အမြင်အယူအဆ၊ လူမျိုး၊ မျိုးနွယ်စုတွေရဲ့ ဓလေ့ထုံးစံဂိုဏ်းဂဏ၊ ရှီယာ၊ စွန္နီထဲမျာ ဟနဖီ၊ ရှာဖေအီ၊ ဟမ်ဘလီ၊ မာလီကီနှင့် မြောက်များစွားသော ဂိုဏ်းခွဲအုပ်စုတွေရဲ့ဆရာသခင်တွေနဲ့ မဇ်ဟဘ်တွေရဲ့ Religion ရဲ့ တဆင့်စကားမှတ်တမ်းမှတ်ရာ စာအုပ်တွေ၊ ရေ၀ါယသ်ကျမ်းတွေ၊ သဖ်ဆီရ်ကျမ်းတွေ၊ ဖေကာဟ်ဓမ္မသတ်ပညာ ရှင်တွေရဲ့ အမိန့်ပြဌာန်းချက်နှင့်လုပ်ထားတဲ့ ကြိုးတွေနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သေသေချာချာချည်နှောင်ပြီး မဟ်ဂျူရာ လစ်လျူရှုစွန့်လွှတ်ထားတာတွေ့ရပါတယ်။

ဥပမာပေး ပြောရရင် ကျမ်းတော်မြတ်ကုရ်အာန်က လွတ်လွတ်လပ်လပ်အပေါ်ကို မော့မကြည့်နိုင်သလို၊ ရှေ့ကိုလည်း ခြေမလှန်နိုင်အောင် မြောက်များစွာသော ကြိုးတွေနှင့်ချည်နှောင်ထားတာ တွေ့ရပါတယ်။ ကျွန်ုပ်တို့ မွတ်ဆလင်မတွေက ကျမ်းတော်မြတ်ကုရ်အာန်ကို ဘေးဖယ်ထားတာ မဟုတ်ဘူးလား။ နေ့စဉ်နှင့်အမျှ ဖတ်တယ်ရွတ်တယ်။ တယ်လီဖုန်းတွေထဲမှာ အသံသွင်းပြီး နားထောင်ကြတယ်။ အုပ်စုဖွဲ့ပြီးတော့ ကုရ်အာန်ကို ခတမ်လုပ်ကြတယ်။ အပြတ်ရှင်းကြတယ်။ အပျောက်ရှင်းကြ တယ်။ ဒါပေမယ့် ကုရ်အာန်ကနည်းပေးလမ်းညွှန်တဲ့ ဥပဒေစည်းမျဉ်းအတိုင်း မလိုက်နာဘဲ ကုရ်အာန်ရဲ့ လွတ်လပ်မှုဟူသမျှကို ပိတ်ပင်တားမြစ်ထားတာတွေ့ရပါတယ်။ မွတ်ဆလင်မ်ဆိုသူများရဲ့ မဇ်ဟဘ်တွေက ပေးထားသော အခွင့်အရေးကလွဲလို့ ကုရ်အာန်က ဘာဆိုဘာမှ မလုပ်နိုင်အောင်လုပ်ထားပါတယ်။ ကုရ်အာန်က မွတ်ဆလင်မ်ဆိုသူများရဲ့ အမိန့်တွေကို နာခံလိုက် နာရပြီး ကုရ်အာန်ပါပြဌာန်းချက် ဥပဒေစည်းမျဉ်းတွေကို မွတ်ဆလင်မ်ဆိုသူများက နာခံလိုက်နာတာ မဟုတ်ပေ။ ဒါကတော့ ကုရ်အာန်ကို မဟ်ဂျူရာ လုပ်ထားတာ၊ လစ်လျူရှုစွန့်လွှတ်ထားတာဖြစ်တယ်။

ယခုနှစ်ပေါင်း (၆၀)ကျော် (၇၀)ကျော်လောက်က ပေါ်ပေါက်လာသော သာသနာ သောကရှင်အုပ်စု တစ်စုဟာ ကျမ်းတော်မြတ်ကုရ်အာန်ဟာ အရင်ကျရောက်ခဲ့တာလား။ ဒါမှမဟုတ် ဟဒီးစ်ဆိုတဲ့ တဆင့်စကားမှတ်တမ်းမှတ်ရာ စာအုပ် တွေ ကုရ်အာန်ထက် အရင်ရှိခဲ့တာလား၊ အဲဒီတော့ ကုရ်အာန်ကလမ်းညွှန်သော ဒီးန်စနစ်ဇယား အစ္စလာမ်ဆိုတာဘာလဲ။ စစ်မှန်တဲ့ မွတ်ဆလင်မ်ဆိုတာ ဘယ်သူကိုပြောတာလဲ။ အစ္စလာမ့်သမိုင်း၊ အာရဗ်သမိုင်းကို သေသေချာချာသိနားလည်ခြင်း မရှိသော သာသနာပညာရှင်ဆိုသူများရဲ့ ဟောပြောတင်ပြမှုကတော့ ဟဒီးစ်ဆိုတဲ့ တစ်ဆင့်စကားမှတ်တမ်းစာအုပ်တွေဟာ ကုရ်အာန် မကျရောက်မီအရင် ကတည်းကရှိခဲ့ကြောင်း၊ ကုရ်အာန်ကတော့ နောက်မှကျရောက်လာခဲ့ကြောင်း၊ ဟောပြော တင်ပြမှုကို လုံးဝဘာမှမသိနားမလည်သော `အာဝါမ်´တွေက ဒွိဟသံသယမဲ့စွာ ယုံကြည်နေတာ ကြားသိရပါတယ်။

အဲဒီလိုပညာရှင်တွေနဲ့ ပတ်သက်ပြီး (၂၀)ရာစု ကုရ်အာန်တွေးခေါ်ရှင် အလ်္လမာ ဒေါက်တာ အိက်ဘားလ်က ကဗျာစပ် ဆိုရင်းနဲ့ `မက်သဗ်´ဆိုတဲ့ `မဒရ်ဆာကျောင်း´တွေက မွလ္လာဆိုတဲ့ ဆရာတွေဟာ ကျမ်းတော်မြတ်ကုရ်အာန်ကို သိနားလည် သဘောပေါက်မှုဟာ ဘာနဲ့အလားတူလဲဆိုရင် မိခင်ဝမ်းကြာသိုက်က မွေးဖွားလာတဲ့ ကလေးငယ်နှင့် အလားတူတယ်တဲ့။ အဲဒီ ကလေးငယ်က နေမင်းရဲ့ အလင်းရောင်ဆိုတာ လာမှမသိသလို မဒရ်ဆာကျောင်းက ဆရာသခင်တွေဟာ ကုရ်အာန်က လမ်းညွှန်ပြသော ဒီးန်စနစ်ဇယား၊ အစ္စလာမ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုဆက်ဆံရေး၊ ဟလာလ်နှင့် ဟရာမ်ကို ဘာမှမသိဘူး။

ကာဖိရ်တွေရဲ့ ဒီးန်လူမှုဘ၀ရဲ့နေထိုင်မှုစနစ်ကတော့ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ ဖွံ့ဖြိုးတိုးတက်ပြီး အဆင့်မြင့်မြင့် နေထိုင်ပြီး အသက်ရှည်ရှည် နေနိုင်အောင် ကြိုးပမ်းအားထုတ်ခြင်း `ဟာမန်´စနစ်ကို လက်ခံ ထားသော ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ဒီးန်ကတော့ အလ္လာဟ်အရှင်မြတ်ရဲ့ ပြုစုပျိုးထောင်မှု စနစ်လမ်းကြောင်းမှာ ပြဿနာဖန်တီးခြင်း တစ်စုတစ်စည်းတည်း အွမ္မသ်ကို ကမောက်ကမ ကစဥ့်ကလျားဖြစ်အောင် လုပ်ခြင်းသာဖြစ်တယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကို မဟ်ဂျူရာ လုပ်တယ်။ လစ်လျူရှုစွန့်လွှတ်တဲ့ လူတွေကတော့ ဆရာသခင်တွေကို ကိုးကွယ်တာ၊ `အိသ်သေဗာအ်´လုပ်တာ၊ နောက်လိုက်တာ အမိန့်တွေကို နာခံတာ။ အစဉ်အလာရဲ့လုပ်နည်းလုပ်ဟန် `စွန္နဟ်´ ဥပမာ လူတွေစုဆောင်းထားတယ်။ တဆင့်စကား ဟဒီးစ်က ကုရ်အာန်ကို `မာန်ဆုခ်´လုပ်နိုင်တယ်တဲ့။ ဖယ်ရှား ဖျက်သိမ်းနိုင်တယ်။ ဥပမာ လူမှုဆက်ဆံရေးမှာ၊ အိမ်ထောင်ရေးကိစ္စမှာ ဇနီးမောင်နှံပြဿနာတက်ရင် အဲဒီပြဿနာတွေကို ဖြေရှင်းရာမှာ ကုရ်အာန်ပါ ပြဌာန်းချက်ဟာ ဟဒီးစ်ရဲ့ဆန့်ကျင်ဘက်ဖြစ်မယ်ဆိုရင် ဟဒီးစ်အတိုင်း ဆုံးဖြတ်ပြီးတော့ ကုရ်အာန်ကို စွန့်လွှတ် ရမယ်လို့ ပြောနေတယ်။ ဘာကြောင့် အဲဒီလိုလုပ်တာလဲ။ ဟဒီးစ်အရေအတွက်ဟာ ကုရ်အာန်ထက်သိန်းပေါင်းမြောက်များစွာ ဖြစ်နေတဲ့အတွက်ကြောင့် ပြောနေကြတယ်။

ဟဒီးစ်ကဲ့သို့ အလားတူ ဖေကာဟ်နှင့် ပတ်သက်ပြီး ကုရ်အာန်ကို လစ်လျူရှုစွန့်လွှတ်ကြတဲ့ မွတ်ဆလင်မ်ဆိုသူများရဲ့ ခံယူချက်ကတော့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ရှင်းလင်းချက်ကို ဖေကာဟ်နှင့်တူညီအောင် လုပ်ခြင်းသာဖြစ်တယ်။ အကယ်၍ ရှင်းလင်းချက်ချင်းမတူညီဘူးဆိုရင်ရော၊ ကုရ်အာန်ပါပြဌာန်းချက်ကို ဖယ်ရှားပြီး ဖေကာဟ်အတိုင်းလိုက်လုပ်နေတာ တွေ့ရပါ တယ်။ သက်သေအထောက်အထားအရ ဆွီယာမ်ဥပုဉ်သီလနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၂) အာယသ်(၁၈၇)မှာ

`အသင်တို့ ဆွီယာမ်ဥပုသ်သီလကို ညဥ့်အမှောင်ကျရောက်တဲ့အချိန်ထိတိုင် ပြီးပြည့်စုံအောင်စောင့်ထိန်းရမည်လို့ ပြဌာန်းထားပါတယ်။´ အလင်းရောင်ရှိသောနေ `မဂ်ရိဗ်´အချိန်မှာ ဥပုသ်ဖြေရမည်လို့ မပြောထားပါဘူး။ မဂ်ရိဗ်ပြီးတော့ နေ၀င်ဆည်းဆာအချိန်ကိုလည်း မပြောထားဘူး။ ညဥ့်အချိန်ကျရောက်တဲ့အထိတိုင်အောင် ပြောထားပါလျက်နှင့် ဒီကနေ့ မွတ်ဆလင်မ်အများစုက နေ့ရဲ့အလင်းရောင်ရှိသော မဂ်ရိဗ်အချိန်မှာ ဥပုသ်ဖြေခြင်းဟာ ကုရ်အာန်ကို မဟ်ဂျူရာ လစ်လျူရှု စွန့်လွှတ်နေခြင်းသာဖြစ်တယ်။ အဲဒီလို လစ်လျူရှုစွန့်လွှတ်သူတို့ထဲမှာ ကုရ်အာန်ကို နေ့တိုင်းဖတ်ရွတ်တဲ့ ပညာရှင်အာလင်မ် တွေ၊ မုဖ်သီဆာဘ်တွေ၊ မော်လ၀ီဆပ်တွေ ဟာဖိဇ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

အလ္လာဟ်အရှင်မြတ်ကို အကြွင်းမဲ့သံသယမဲ့သက်ဝင်ယုံကြည်ပါတယ်လို့ ပြောဆိုကြသော မွတ်ဆလင်မ်တွေက ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ထင်ရှားရှင်းလင်းပြီး ခိုင်လုံတိကျတဲ့အာယသ်စည်းမျဉ်းဥပဒေသတွေကို ဥပက္ခာပြုပြီး မဇ်ဟဘ် Religion ဘာသာရေးရိုက်စားဝါဒကို ဖန်တီးထားတဲ့ ဟဒီးစ်နှင့်ဖေကာဟ်ပညာရှင်ဆိုသူများရဲ့ ကျမ်းစာပါအဆိုအမိန့်`ရေ၀ါ ယသ်´တွေကို အစဉ်အလာအရ နာခံလိုက်နာကျင့်သုံးခြင်းဟာ ကျမ်းတော်မြတ်ကုရ်အာန်ကို လစ်လျူရှုစွန့်လွှတ်ခြင်းသာဖြစ် တယ်။ ကုရ်အာန်ကို လစ်လျူရှုစွန့်လွှတ်တယ် မဇ်ဟာဘီဖေရှ်ဝါလို့ခေါ်တဲ့ ဘာသာရေးရိုက်စားဝါဒကို ကျင့်သုံးတဲ့ဆရာသခင် တွေနဲ့ပတ်သက်ပြီး ကုရ်အာန်အတွေးအခေါ်ရှင် ဒေါက်တာ အလ္လ်မာအီက်ဘားလ်က ပြောင်းလဲမှုပတ်သက်ပြီး ကဗျာစပ်ဆို တယ်။ မိမိတို့ကိုယ်တိုင်ကိုယ်ကျ ပြုပြင်ပြောင်းလဲမှုမလုပ်ဘဲ ကုရ်အာန်ပါလမ်းညွှန်ချက် စည်းမျဉ်းတွေကို လွဲမှားစွာ ကျင့်သုံး နေကြသော `ဟေရမ်ရှရိဖ်´ဆိုတဲ့ အလ္လာဟ်ရဲ့အိမ်တော်တွေမှာ နေရာယူထားသူ သာသနာပညာရှင်ဆိုသူများကြောင့် အစ္စလာမ်ဒီးန်စနစ်ဇယားဟာ ဒီကနေ့ ကမ္ဘာလောကမှာ ဘယ်လောက်တိုးတက်လဲ။ ဒါမှမဟုတ် နိမ့်ကျလဲဆိုတာ လူကြီးမင်း များ စဉ်းစားတွေးခေါ်ဆန်းစစ်နိုင်ပါတယ်။

အစ္စလာမ် အရည်ခြုံသူတို့ရဲ့ အရောင်ဆိုးခြင်းခံရတဲ့ မွတ်ဆလင်မ်ဆိုသူများက အလ္လာဟ်နှစ်သက်တဲ့ ဒီးန်စနစ်ဇယား အစ္စလာမ်ထဲမှာ ၀င်စွက်ဖက်မယ့် ကုရ်အာန်ပါစည်းမျဉ်းဥပဒေတွေကို အခြားအခြားလူလုပ်ကျမ်းစာတွေနဲ့ နှိုင်းယှဉ်မယ့် ညီတူ ညီမျှဖြစ်အောင် လုပ်မယ်ဆိုတာ အကြွင်းမဲ့သိတော်မူသော အရှင်မြတ်က ကုရ်အာန်ဆူရာဟ် (၆) အာယသ် (၁၁၆) မှာ ဘာပြောထားလဲ `အလ္လာဟ်က တမန်တော်မြတ်ကို ဘာပြောခဲ့လဲ။ အသင့်ကို အဆင့်ဆင့်ပြုစုပျိုးထောင် ကာကွယ်စောင့် ရှောက် လမ်းညွှန်ရှင်(ရဗ်)ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ရဲ့တရား၊ စကား၊ အာယသ်တော်တွေက ခိုင်လုံတိကျမှန်ကန်မှုနှင့်တကွ ပြီးပြည့်စုံခဲ့ပြီးဖြစ်တယ်။ အဲဒီအရှင်မြတ်ရဲ့ စကားအာယသ်တွေကို ပြောင်းလွဲနိုင်သူတစ်ဦးတစ်ယောက်မှမရှိပေ။ (တနည်း) ပြောင်းလဲနိုင်အောင် တစ်ဦးတစ်ယောက်ကိုလည်း အာဏာပါဝါပေးထားတာ မဟုတ်ဘူး။ ဒါပေမယ့် လူတွေရဲ့ နှိုင်းယှဉ်လုပ်ရပ် မှုနှင့်ပတ်သက်ပြီး အကြွင်းမဲ့ကြားတော်မူသော အကြွင်းမဲ့သိတော်မူသော အရှင်မြတ်က ကြိုတင်သတိပေးထားတာ ဖြစ်ပါ တယ်။´(၆း၁၁၆)

ကုရ်အာန်ဆူရာဟ် (၁၀) အာယသ်(၁၅)မှာ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ကို ဘာပြောထားလဲ။ အသင့်ကို အဆင့်ဆင့်ပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက် လမ်းညွှန်ရှင်(ရဗ်)ဖြစ်တဲ့ ငါအရှင်မြတ်ထံမှ ရှင်းလင်းထင်ရှားစွာ ဖော်ထားတဲ့ အာယသ်သက်သေ အထောက်အထားတွေကို လူတွေရဲ့ရှေ့မှောက်မှာ `သေလာဝသ်´လုပ်တင်ပြခြင်း ခံရတဲ့အခါ ငါအရှင် မြတ်နှင့် တွေ့ဆုံရန်မျှော်လင့်ချက်မထားတဲ့ လူတွေဘာပြောခဲ့လဲဆိုရင် အသင်တမန်တော် ကုရ်အာန်မဟုတ်တဲ့အခြားအရာကို ယူခဲ့ပါ။ ဒါမှမဟုတ်ရင် ကုရ်အာန်ရဲ့အကြောင်းအရာတွေကို ပြောင်းလဲလိုက်ပါ။

အကျွန်ုပ်တမန်တော်ဆီကို ၀ဟီပို့ချခြင်းခံရတဲ့ ကုရ်အာန်ပါ အကြောင်းအရာတွေကို ကျွန်ုပ်ရဲ့စိတ်အလိုဆန္ဒအရ ပြုပြင်ပြောင်းလဲ ပြောဆိုပိုင်ခွင့်မရှိကြောင်း အသင်တမန်တော် လူတွေကို အသိပေးကြေညာလိုက်ပါ။

`တမန်တော်မြတ်က အကျွန်ုပ်ဆီကို ၀ဟီပို့ချခြင်းခံရတဲ့ ကုရ်အာန်ပါအကြောင်းအရာတွေကို ကျွန်ုပ်ရဲ့စိတ်အလို ဆန္ဒအရပြုပြင်ပြောင်းလဲပြောဆိုပိုင်ခွင့် မရှိကြောင်း ကျွန်ုပ်ရဲ့ပြုစုပျိုးထောင်ရှင်ထံမှ ကျွန်ုပ်ဆီကို ၀ဟီပို့ချခြင်းခံရတဲ့အရာကို သာ ကျွန်ုပ်ထပ်ကြပ်မကွာ ဖ၀ါးခြေထပ်လိုက်နာသူဖြစ်တယ်။ အကယ်၍ ကျွန်ုပ်ရဲ့(ရဗ်)ဖြစ်တဲ့ ပြုစုပျိုးထောင်ရှင် အလ္လာဟ်ရဲ့ အမိန့်တော်ကို သွေဖည်ခဲ့မည်ကို ကြီးကြီးကျယ်ကျယ်တရားစီရင်မည့်နေ့မှာ ပြစ်ဒဏ်ပေးခြင်းခံရမည်ကို ကျွန်ုပ်ကြောက်ရွံစိုးရိမ် တဲ့အကြောင်း အသင်တမန်တော်လူတွေကို အသိပေးကြေညာလိုက်ပါ။´(၁၀း၁၅)

တမန်တော်မြတ်တော် အလ္လာဟ်ရဲ့ဝဟီ ကုရ်အာန်ပါ အာယသ်သက်သေအထောက်အထား တရားဒေသနာတော်ကို ပြုပြင်ပြောင်းလဲပိုင်ခွင့် လုံးဝမရှိကြောင်းပြတ်ပြတ်သားသား ပြောထားပါလျက်နှင့် ဘာအဆင့်မှ မရှိသော ဆရာသခင်ဆိုသူ တွေ အလ္လာဟ်နှင့်တွေ့ဆုံရန် မျှော်လင့်ချက်မထားရှိသော လူတွေ၊ ကမ္ဘာ့တရားစီရင်မည့်နေ့မှာ ပြစ်ဒဏ်ပေးခြင်းခံရမည်ကို ကြောက်ရွံစိတ်မရှိသော လူတွေဟာ အလ္လာဟ်တရား၊ အလ္လာဟ်စကား ကုရ်အာန်ကို ဆန့်ကျင်ပြီးတော့ အခြားအခြား လူလုပ် တရားကျမ်းစာတွေနဲ့ နှိုင်းယှဉ်ပြီး အလ္လာဟ်အရှင်မြတ်ကို စစ်ကြေညာနေတာတွေ့ရပါတယ်။ အဲဒီတော့ မှန်ကန်တိကျခိုင်လုံပြီး တရားမျှတမှုနှင့် ပကတိပြီးပြည့်စုံတဲ့ ပြဌာန်းချက်နိယာမ ဥပဒေသတွေကို ကွပ်ကဲထိန်းချုပ်နိုင်တဲ့ စွမ်းအားတော်ရှင် အလ္လာဟ် အရှင်မြတ်က ကုရ်အာန်ဆူရာဟ် (၆) အာယသ် (၃၇၊ ၃၈)မှာ တမန်တော်မြတ်မှတဆင့် ကျွန်ုပ်တို့ကို ဘာပြောထားလဲ။

`ဧကန်အမှန် အလ္လာဟ်အရှင်မြတ်က စည်းနဲ့ကမ်းနဲ့ ပြဌာန်းသတ်မှတ်ပေးထားတဲ့ နိယာမဥပဒေသတွေကို ကွပ်ကဲ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စွမ်းအားရှင် အရှင်မြတ်ထံမှာ နည်းနည်းခြင်းအလီလီထုတ်ပြန်ပို့ချခြင်းခံရတဲ့ အာယသ်သက်သေ အထောက်အထားတွေဖြစ်တယ်။ ဒါပေမဲ့ လူအများစုက သိရှိနားလည်သဘောပေါက်တာမဟုတ်ကြောင်း အသင်တမန်တော် လူတွေကို အသိပေးကြေငြာလိုက်ပါ။´ (၆း၃၇)

ဒီအာယသ်တော်အရပြောရရင် ကျမ်းတော်မြတ်ကုရ်အာန်ကို မဟ်ဂျူရာလုပ်တယ်။ လစ်လျူရှုစွန့်လွှတ်နေကြသော သာသနာတော်သောကရှင် ဆရာသခင်ဆိုသူများရဲ့နောက်ကို တကောက်ကောက်လိုက်နေသော လူတွေအစ္စလာမ်ဆိုတာ ဘာလဲ။ ဒီးန်လာ။ မဇ်ဟဘ်လား။ မွတ်ဆလင်မ်ဆိုတာ ဘယ်သူကိုပြောတာလဲ။ သေသေချာချာ ဘာမှမသိနားမလည်ဘဲ။ သိနားလည်အောင်လည်း မစဉ်းစားမဆင်ခြင်၊ မကြိုးစားသော လူများစုသာလျှင်ဖြစ်တယ်။ အလ္လာဟ်က အရာရာတိုင်းအတွက် ကျမ်းတော်မြတ်ကုရ်အာန်မှာ ရှင်းလင်းထားကြောင်း ဆူရာဟ် (၁၆) အာယသ်ပါရှိပါတယ်။

အလ္လာဟ်က ဘာပြောထားလဲ။ ငါအရှင်မြတ်ရဲ့ ကိသာဗ်၊ ၀ဟီ၊ လူ့ဘ၀လမ်းညွှန်ကုရ်အာန်ထဲမှာ မည်သည့်တစ်စုံ တစ်ရာကို ချန်လှပ်ထားခဲ့တာမဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှာ ပြဌာန်းသတ်မှတ်ပေးထားတဲ့ နိယာမဥပဒေသ တွေကို သူတို့ယုံကြည်လိုက်နာတာဖြစ်စေ၊ မယုံကြည်မလိုက်နာဘဲ လစ်လျူရှုစွန့်လွှတ်တာဖြစ်စေ၊ သူတို့ကို အဆင့်ဆင့် ပြုစု ပျိုးထောင်လမ်းညွှန်ရှင်(ရဗ်)ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ဆီကို တရားစီရင်ရန်အတွက် အလ္လာဟ်ရဲ့တရားရုံးတော်သို့ စုရုံးစေ ခြင်းခံရမှာဖြစ်တယ်။

`ဒါပေမယ့်လူသားအများစုက သိရှိနားလည်သဘောပေါက်တာမဟုတ်ပေ။´ (၇း၁၈၇)

`လူသားအများစုက အလ္လာဟ်အရှင်ြမတ်ကို သက်ဝင်ယုံကြည်သူတွေ မဟုတ်ပေ။´(၁၁း၇)

`လူသားအများစုက အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်တဲ့သူတွေ မဟုတ်ပေ။´(၁၂း၃၈)

`သူတို့အများစုဟာ မသိမိုက်မဲသူ ဂျာဟိလ်တွေဖြစ်တယ်။´(၆း၁၁၂)

ကုရ်အာန် ဆူရာဟ် (၁၇) အာယသ် (၈၉)မှာကတော့ `ဧကန်အမှန် ငါအရှင်မြတ်က လူသားအားလုံးအတွက် ဥပမာ ဥပမေယျတိုင်းရဲ့ ပုံဆောင်ချက်အလုံးစုံကို ဒီကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ လမ်းခင်းဖော်ပြထားခဲ့ပြီးဖြစ်တယ်။ ဒီတော့ လူသားအများစုက သွေဖီငြင်းပယ်ခြင်းမှလွဲ၍ ဘာကိုမျှ လက်ခံထားတာ မဟုတ်ပေ။´(၁၇း၈၉)

အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်ကို လူသားတို့အပေါ် ထုတ်ပြန်ပို့ချပေးခဲ့ပြီးတဲ့နောက် ကုရ်အာန်နဲ့ ပတ်သက်ပြီးလူသားတွေ အလွယ်တကူသိမြင်နားလည်နိုင်ဖို့အတွက် လူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသော အရာတွေကို ပုံ ဆောင်ချက် ဥပမာပေးပြီးဖော်ပြလျက်ရှိတယ်။ အမျိုးမျိုးသော ပုံဆောင်ချက်တွေကို ရည်ညွှန်းပြီး အလ္လာဟ်အရှင်မြတ်ရဲ့ဆိုလို ရင်းကို နားလည်သဘောပေါက်အောင် လမ်းခင်ပေးထားလျက်ရှိပါတယ်။ အဲဒီလို ခင်းပေးထားတဲ့လမ်းကို မည်သူမဆိုလျှောက် လှမ်းနေမည်ဆိုရင် `မာရှိယာသွလ္လာဟ်´အလ္လာဟ်အရှင်မြတ်ရဲ့ ဆန္ဒတော်ကို သိနိုင်မှာဖြစ်တယ်။ ဒါပေမယ့်လူသားအများစုက အလ္လာဟ်အရှင်မြတ် ခင်းပေးထားတဲ့ ကုရ်အာန်ပါလမ်းကြောင်းကို လျှောက်လှမ်းရန်ထက် မိမိတို့ရဲ့ ဒါဒါတွေ၊ နာနာတွေ၊ ဘာဘာကြီးတွေဖြစ်တဲ့ ဆရာသခင်တွေ၊ သောကရှင်တွေ ခင်းပေးထားသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေတာ တွေ့ရပါတယ်။

အလ္လာဟ်အရှင်မြတ်က လူသားတို့အတွက် အောင်မြင်မှုပန်းတိုင်ကို တည်ဆောက်ပေးထားပြီးဖြစ်တယ်။ ဒါပေမယ့် အလ္လာဟ်ရှင်မြတ်က လူသားတို့အတွက် အဲဒီအောင်မြင်မှုပန်းတိုင်ကို တိုက်ရိုက်ပေးမည်မဟုတ်ဘဲ အဲဒီပန်းတိုင်ကို လျှောက် လှမ်းရာကိုသာ ညွှန်ကြားပြသမည်ဖြစ်တယ်။ အဲဒီအောင်ြမင်မှုပန်းတိုင်ကို ရောက်ရှိလိုသူမည်သူမဆို ပန်းတိုင်ကိုသွားတဲ့ လမ်းကိုလျှောက်လှမ်းရမည်သာဖြစ်တယ်။ အဲဒီ လျှောက်လှမ်းရမည့်လမ်းကတော့ ဆွီရာသွလ်မုဆ်သကီးမ်လို့ခေါ်တဲ့ ကျမ်း တော်မြတ်ကုရ်အာန်ရဲ့ လမ်းစဉ်သာလျှင်ဖြစ်တယ်။

အဲဒီတော့ အလ်ဟက် ထာဝရအမှန်တရားဖြစ်တဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကို ပါးစပ်ကနေယုံကြည်ပါတယ်ဆိုပြီး လက်တွေ့ဘ၀တည်ဆောင်မှုမှာ အခြားအခြားလူလုပ်တရားကျမ်းစာတွေကို အစားထိုး၊ ကုရ်အာန်ကို ဘေးဖယ်လစ်လျူရှု စွန့်လွှတ်ပြီး ကြားလမ်းရှာဖွေသူများနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ် (၄) အာယသ်(၁၅)မှာ အလ္လာဟ်အရှင်မြတ်က `အလ္လာဟ်ထံက ထာဝရပြီးပြည့်စုံတဲ့ ၀ဟီ ဘ၀လမ်းညွှန်ကုရ်အာန်ကို သွေဖည်ငြင်းပယ်ပြီး မမှန်မကန်မှုကို အစားထိုးလက်ခံ ကြတယ်။ ကာဖိရ်တွေအတွက် အင်မတန်သေးသိမ်ညံ့ဖျင်းတဲ့ အပြစ်ဒဏ်ကို အလ္လာဟ်အရှင်မြတ်က အဆင်သင့်ပြုလုပ်ထား ကြောင်း တင်ပြရင်းနဲ့ ကျွန်တော်ရဲ့ ခွတ္တဗာဟ် ပထမပိုင်းကို ဒီနေရာမှာဘဲ ရပ်နားခွင့်ပြုပါ။