ကျမ်းမြတ်ကုရ်အာန်မှရည်ညွှန်းသော ကာဖိရ်၏ သဘောတရား ဦးခင်အောင်ဗလ (အာလင်မ်ဒီပလိုမာ) B.A Myanmar
ကျမ်းမြတ်ကုရ်အာန်မှရည်ညွှန်းသော ကာဖိရ်၏ သဘောတရား
ဦးခင်အောင်ဗလ (အာလင်မ်ဒီပလိုမာ) B.A Myanmar
ဒီကနေ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့မှာ ကျရောက်တဲ့ ယောင်မွလ်ဂျူမုအဟ်နေ့မှာ ကြွရောက် လာကြတဲ့ လူကြီးမင်းတို့အပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်း သာယာမှုအပေါင်း ကျရောက်ပါစေကြောင်း ဆုမွန်ဒိုအာပြု အပ်ပါ တယ်။
အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသုလ်လားဟိ ဝဘရကာသုဟု
ယခုလို တည်ငြိမ်အေးချမ်းစွာနဲ့ အလ္လာဟ်အရှင်မြတ် ကို အေဗာဒသ်ပြုလုပ်ခွင့်ရတဲ့အပေါ်မှာ ဦးစွာ အလ္လာဟ် အရှင် မြတ်ကို ချီးမွမ်းထောပနာပြုခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတဲ့နောက် ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင် ဆရာ၊ ကြားဆရာများအားလုံးကိုလည်း ဒီနေရာကနေ ဂါရဝပြု ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော် ဒီကနေ့တင်ပြမယ့် ခေါင်းစဉ်ကတော့ ကျမ်းမြတ်ကုရ်အာန်မှ ရည်ညွှန်းသော ကာဖိရ်၏ အနှစ်သာရ ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ ကာဖိရ်ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဆဲဆိုတဲ့နေရာတွေ၊ ကိုယ်နဲ့ ဘာသာမတူသူတွေ၊ အယူဝါဒမတူသူများအကြားတွေမှာပါ ပြော ဆို ဆက်ဆံအသုံးပြုနေကြပါတယ်။ ကျွန်တော်တို့ ပြင်ပမှာ ရှိနေတဲ့ ဘာသာရေးဆရာတွေရဲ့ တရားတွေမှာဆိုရင်လည်း ကာဖိရ်နဲ့ပတ်သက်ပြီးတော့ ရိုးရိုးရှင်းရှင်းလေးပဲ ငြင်းပယ်သူ၊ ဘာသာမတူသူ၊ အလ္လာဟ်ကို မယုံကြည်သူတဲ့သူစတဲ့ စကားလုံး တွေနဲ့ပဲ ပြောဆို ဟောပြောနေကြတာပါ။
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ လောက်ကို ပြန်ကြည့်ရင် လည်း တမန်တော်မြတ် (ဆွ) ကွယ်လွန်(ဝဖားသ်)ဖြစ် ပြီးနောက် ခါရီဂျီဂိုဏ်းဆိုပြီး ခွဲထွက်ကြတယ်။ သူတို့ရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်အရ မွတ်ဆလင်မ်တစ်ဦး အနေနဲ့ ပြစ်မှုတစ်ရပ်ကို ကျူးလွန်လိုက်ပြီဆိုတာနဲ့ ကာဖိရ်ဖြစ်သွားလေသည်။ လိမ်လည် ခြင်း၊ မကောင်းသည့်စကား စသည်တို့ကိုပြောဆိုလိုက်ရင်ဖြင့် တရားတော်က သတ်မှတ်ထားချက်ဆိုပြီး အဲ့လိုပြောဆိုသူကို ကာဖိရ်ဆို ပြီး ကြော်ငြာလိုက်တယ်။ ဆေးလိပ်သောက်ခြင်း၊ လောင်းကစားခြင်း၊ တီးမှုတ်ဖျော်ဖြေခြင်း၊ ဂီတသံနားထောင်ခြင်း၊ ဇိမ်ခံပစ္စည်းသုံးစွဲခြင်း၊ အိမ်ထောင်မပြုခြင်းတို့သည် ကာဖိရ်တို့၏ လုပ်ရပ်ဟုလက်ခံယုံကြည်ထားပါတယ်။ ကာဖိရ် ဆိုတဲ့စကားလုံး ဟာ ကုရ်အာန်ရဲ့အသုံးအနှုန်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ သုံးနေတဲ့ ကာဖိရ်ကတော့ ကျမး်တော်မြတ်ကုရ်အာန်က ရည်ညွန်းထားတဲ့အတိုင်းမဟုတ်ဘဲ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေနဲ့ပဲ လက်ခံ ကျင့်သုံးနေကြတာပါ။ ဆိုလိုတာက ယခုလက်ရှိ မွတ်စလင်မ်လူမှု အဖွဲ့အစည်းအများစု မှာ သုံးနှုံးနေတဲ့ ကာဖိရ်ဟာ ကျမး်တော်မြတ်ကုရ်အာန်ထဲမှာ ဖော်ပြထားတဲ့ ဆိုလိုရင်း အနက်သဘောမဟုတ်ဘူးဆိုတာကို လေ့လာတွေ့ရှိရင်း ကျွန်တော်ရဲ့ လေ့လာမှုများကို ဆက်လက် တင်ပြသွားပါမယ်။
အရဗီဘာသာစာပေမှာ ကာဖိရ်နဲ့ ပတ်သက်လို့ ဝေါဟာရတွေ အဓိပ္ပါယ်တွေ အများကြီး ကျယ်ပြန့်နေတာ ကို လေ့လာတွေ့ရှိရပါတယ်။ က-ဖ-ရ စကားလုံးသုံးလုံးနဲ့ပတ်သက် ပြီးတော့ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဝေါဟာရ ကျမး်တော်မြတ် ကုရ်အာန်မှာ (၅၂၅) ကြိမ်သုံးထားတာကို တွေ့ရပါတယ်။ အဲဒီ ဝေါဟာရတွေပါသော အာယသ်တွေ ကို အကုန်အစင်လေ့လာ နိုင်ရင် ကာဖိရ်နဲ့ပတ်သက်တဲ့ သုတေသနစာတမ်းတစ်စောင် ပြုလုပ်လို့ရမှာပါ။ ကျမး်တော်မြတ်ကုရ်အာန်မှာ ကာဖိရ်နဲ့ပတ် သက်ပြီး သဒ္ဒါစညး်မျဥး်အရ ပုံစံကွဲ (၁၄)ခုကို တွေ့ရှိရပါတယ်။ ဒါတွေကို လေ့လာခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်က ကာဖိရ်နဲ့ ပတ်သက်ပြီး၊ လူမှုဘဝတည်ဆောက်မှုလမ်းစဉ်မှာ ဘယ်လောက် အလေးအနက်ထားတာလဲ။ ဘယ်လောက် အရေးကြီးသလဲဆို တာ ဒီနေရာမှာ လေ့လာတွေးတောမိ ပါတယ်။
ကုရ်အာန်ထဲမှာ ဖော်ညွှန်းတဲ့ ကုရ်အာန်သုံးဝေါဟာရ တစ်လုံးကို ကုရ်အာန်အာယသ်က ဘယ်လိုဖွင့်ဆို ရှင်းလင်းညွှန် ကြားထားသလဲဆိုတာ မလေ့လာခင် အဘိဓါန်ကပေးတဲ့ အဓိပ္ပါယ်ကို အရင်လေ့လာတင်ပြပါရစေ။ အဘိဓါန်ကပေးတဲ့ အဓိပ္ပါယ်မှာတင် လေ့လာသင်ယူစရာတွေ အများကြီးရှိပါတယ်။ ကာဖိရ်ရဲ့ အဓိပ္ပါယ်ကို အိဗ်နေဖာရိဆ် သုတေသီအဘိဓါန်မှာ ဘယ်လိုဖွင့်ဆိုထားသလဲဆိုရင် —- (ဖုံးအုပ်ခြင်း၊ ဖုံးကာခြင်း၊ ဖုံးဖိခြင်း၊ ဖုံးကွယ်ခြင်း) တို့ဖြစ်ပါတယ်။ ဤအနက်သဘော အားဖြင့်
၁။ လက်နက်များဖြင့် ပိတ်ဆို့၊ ကာရံနိုင်သည့်အတွက် လက် နက်ကို ကာဖိရ်ဟုဆိုနိုင်ပါတယ်။
၂။ အမှောင်ထုသည် အရာအားလုံးကို ဖုံးအုပ်ကာရံ ကွယ် ဝှက်ထားခြင်းကြောင့် ညအချိန်ကိုလညး် ကာဖိရ်ဟု ခေါ်၏။
၃။ မဲမှောင်နေသော တိမ်များကိုလည်း ကာဖိရ်ဟုခေါ်၏။
၄။ ပင်လယ်သမုဒ္ဒရာ၊ မြစ်၊ ချောင်းတို့၏ အောက်ဆုံး အခြေ တွင်ရှိသောအရာများ ဖုံးကွယ်ကာရံထားသဖြင့် ၎င်းတို့ကို ကာဖိရ်ဟု ခေါ်နိုင်သည်။
၅။ လယ်သမားများသည် မျိုးစေ့ကိုမြေတွင် ဖုံးအုပ်ထားပြီး စိုက်ပျိုးသဖြင့် ၎င်းတို့ကို ကာဖိရ်ဟု ဆိုနိုင်သည်။
၆။ သင်္ချိုင်း(မြေကြီး)သည် သေသူအား ဖုံးကွယ်ထားသဖြင့် ကာဖိရ်ဟုခေါ်ဆိုနိုင်၏။
အထက်ပါ အကြောင်းအရာများတွင် ပါဝင်သော ဖုံးကာ၊ ဖုံးအုပ်၊ ကာရံပိတ်ဆို့ထားခြင်း စတဲ့ သဘောတရားများ ကို အခြေပြုပြီး လေ့လာကြည့်လိုက်တဲ့အခါ မုအ်မင်န်၏ ဆန့် ကျင်ဘက် အနက်အဓိပ္ပါယ်ဆောင်သူကို ကာဖိရ်ဟု သတ်မှတ် နိုင်ပါသည်။ မုအ်မင်န်ဆိုတာက အလ္လာဟ်ရဲ့စနစ်ဇယား (ကုရ် အာန်)ကို မဖုံးမအုပ်၊ မထိန်ချန်ပဲ၊ မယိမ်းမယိုင် ခိုင်ခန့်စွာရပ် တည်ပြီး ဘဝကို တည်ဆောက်ပြီး ကောင်းမွန်သောစာရိတ္တများ ကို ရင်ဝယ်ပိုက်၍ ရိုးသားဖြောင့်မတ်သော စိတ်သဘောနှင့် အများအားစာနာထောက်ထားတတ်သူကို မုအ်မင်န်လို့ သတ် မှတ်ပါတယ်။ ကာဖိရ်ဆိုတာ မိမိအပါအဝင် အခြားသူတို့အား အလ္လာဟ် အရှင်မြတ်ချီးမြှင့်ထားသည့် လူဖြစ်တည်မှု တန်ဖိုး အရည်အသွေးအားလုံးကို ဖုံးကွယ်ကာရံဖုံးအုပ်ထားပြီး၊ ပိတ်ဆို့ ထား၏။ ထိုသို့ ဖုံးကွယ်မှု၊ ကာရံထားမှု၊ ပိတ်ဆို့ထားမှုတို့ဖြစ် သည်။ တနည်းအားဖြင့်လက်မခံမှု ငြင်းဆိုမှုပြုခြင်းဖြစ်ပါသည်။ ဒါကြောင့် ကျမ်းတော်မြတ် ကုရ်အာန်တွင် ပြဌာနး်ထားသော ဥပဒေသများကို ငြင်းဆိုပြီး သွေဖည်ခြင်းပြုရာရောက်ပါတယ်။
ကျမး်မြတ်ကုရ် အာန်စူရာဟ် ၆ အာယသ် ၁၁၅ မှာ
“သင်၏ ပြုစုပျိုးထောင်ရှင်က ပြဌာနး်သည့်ဘဝ လမ်းစဉ်အတွက် လိုအပ်နေသေးသော ဥပဒေသအားလုံးသည် ပင် မှန်ကန်သင့်မြတ်တရားမျှတစွာ ပြည့်စုံခဲ့လေပြီ။ ယင်း ပြဌာနး် ချက်ကို ဥပဒေသနှင့်ရလဒ်ပုံပေါ်မှု ဥပဒေ အားလုံးတို့ကို ပြောင်း လဲနိုင်သူတစ်ယောက်မျှပင် မရှိချေ။ အကြောင်းမှာ အရှင်သည် ကြားနေသောအရှင် သိနေတော်မူသော အရှင်ဖြစ်သောကြောင့် ပင်။” (ကုရ်အာန် – ၆း၁၁၅)
ကျမ်းတော်မြတ်ကုရ်အာန်သည် လူသားများအတွက် အလ္လာဟ်အရှင်မြတ်ထံမှ နှစ်သက်စွာရွေးချယ်ပေးခဲ့သော ဘဝ နေထိုင်မှုလမ်းစဉ် စနစ်ဖြစ်သလို လူ့အရည်အသွေးသတ်မှတ် ချက် ထိပ်ဆုံးသို့ရောက်အောင် ပြည့်ပြည့် ၀၀ ရောက်ရှိခဲ့သော စနစ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီစနစ်(ကုရ်အာန်)တွင် မှန်ကန်မှု၊ တရားမျှတမှုများဖြင့် အလ္လာဟ်အရှင်မြတ်က ပြည့်စုံစွာဖော် ထုတ်လမ်းညွှန်ထားပြီး လိုက်နာကျင့်သုံးလက်ခံသူကို အပြည့် အဝ အကျိုးခံစားခွင့် ပေးထားပြီးပဲဖြစ်ပါတယ်။ အလ္လာဟ်အရှင် မြတ်သည် အရာခပ်သိမ်းတို့ကို ကြားသိပြီး အရာခပ်သိမ်းတို့၏ ပြောင်းလဲပုံပေါ်နေမှုတို့ကို အတိအကျသိနားလည်ပါတယ်။ ဒါကြောင့် ကုရ်အာန်၏ ပြီးပြည့်စုံစွာလမ်းညွှန်ထားမှု တို့အတွက် စနစ်တကျပြဌာန်ပြီးဖြစ်ပါတယ်။ ဒါကို ဒီစနစ်(ကုရ်အာန်) တစ်ခု တည်းနဲ့ မလုံလောက်ဘူး။ ဥပမာ မပြည့်စုံနိုင်ဘူးလို့ ထိန်ချန် ဖုံးအုပ်ထားနေသမျှ ကာလပတ်လုံး ကာဖိရ်ဆိုတဲ့ သတ်မှတ်ချက် အောက်မှာ ဘောင်ဝင် ပြီးတော့ အလ္လာဟ်ရှင်သတ်မှတ် ပြဌာန်း ထားသော အောင်မြင်မှုများဆိုတာ ရှိလာနိုင်မှာ မဟုတ်ပါဘူး။
လူကြီးမင်းများခင်ဗျာ ဆက်လက်ပြီးတော့ ကျမး်တော် မြတ် ကုရ်အာန်ကဖော်ညွှန်းတဲ့ ကာဖိရ်အကြောင်းကို ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂ အာယသ် ၂၁၂ မှာ — “အမှန်တရားကို သွေဖည်ငြင်းဆန်ဖုံးအုပ် သူတို့အတွက် ထိုမျက်မှောက်ကာလသည် အလှဆင်ထားခြင်း ခံရလေပြီ။ ထို့ပြင် သွေဖည်ငြင်းဆန်ဖုံးအုပ်သူတို့က ယုံကြည် သူများကို လှောင်ပြောင်လိုက်ကြလေသည်။ သို့ရာတွင် ကိယာ မသ်(၀ါ ကမ္ဘာ့တရားစီရင်မည့်နေ၌မူ အီမာန်သက်ဝင်ယုံကြည်ပြီး၊ ပြစ်မှုရှောင်ကြဉ်သူတို့က ကာဖိရ်တို့၏ အထက်တွင် ရှိနေကြပေ မည်။ အလ္လာဟ်အရှင်မြတ်သည် မိမိတို့အလိုရှိသူ (မိမိအားနာခံ ရိုကျိုးသူ)တို့ကိုမူ အကန့်အသတ်မဲ့၊ အတိုင်းအတာမဲ့ ရိက္ခာ ချီးမြှင့်တော် မူပေလိမ့်မည်။” (ကုရ်အာန် ၂း၂၁၂)
လက်ရှိလောကအတွင်းရှိ လူအများစုသည် အလ္လာဟ် အရှင်မြတ်သတ်မှတ်ပြဌာနး်ထားတဲ့ လူနေမှုဘဝစနစ် ဇယား အတိုင်း လိုက်နာကျင့်သုံးရင်း ရရှိလာမယ့် အကျိုးကျေးဇူးဖြစ်တဲ့ လူဖြစ်မှုဘဝ၏ မြင့်မားလှသော အဆင့်အတန်းအား သွေဖည် ငြင်းဆန်ဖုံးကွယ်ထားလျက်ရှိနေကြပါတယ်။ ထိုအဆင့်အတန်း မြင့်မားသော လူသားအဖြစ် ရပ်တည်မှုကို ငြင်းပယ်ပြီး အသက်ရှိ ရပ်တည်နေရသော လူနေမှုပုံစံကို ကိုယ့်ဘဝရဲ့လူနေမှုပုံစံအဖြစ် နားလည်မှုလွဲ မှားစွာ၊ နေထိုင်ရှင်သန် နေကြလျက်ရှိနေ ကြပါ တယ်။ ဥပမာ ထိုရှင်သန်ဖြတ်သန်မှုတွင် ရရှိသော ပစ္စညး်ဥစ္စာ၊ အာဏာ၊ လုပ်ပိုင်ခွင့်၊ ဇိမ်ခံပစ္စည်းစတဲ့အရာများကို မတရား သော နည်းလမ်းများဖြင့် ပိုင်ဆိုင်နိုင်ရေးသည် ဘဝ အတွက် အဓိကကျသော ဦးတည်ရာဖြစ်လာခဲ့ပါတယ်။ အဲလို လုပ်ဆောင် သော သူတို့ကတော့ ထိုအရာများကို ပိုင်ဆိုင်ခြင်း၊ အသုံးချနိုင် ခြင်း နှင့် သက်တောင့်သက်သာ နေထိုင်လုပ်ကိုင် ဆောင်ရွက် နေခြင်းသည်ပင်လျှင် မိမိဘဝ ဟာ အလှပတရားနှင့် ပြည့်စုံနေပြီး ဘဝမှာအဓိပ္ပါယ်အရှိဆုံးဟု ထင်မြင်ယူဆထားကြသည်။
ဥပမာအားဖြင့် ပြောရရင် လူတစ်ယောက်ဟာ စီးပွား ရေးတစ်ခုလုပ်တော့မယ်ဆိုရင် သမာအာဇီဝဖြင့် နည်းလမ်းမှန် ကန်စွာ လုပ်ကိုင်ဆောင်ရွက်ရမယ့် နေရာမှာ အဲ့လိုမလုပ်ဆောင် ပဲ အမြတ်ကြီးစားမယ်။ ကိုယ်နဲ့ အတူတူလုပ်ကိုင် ဆောင်ရွက် နေတဲ့သူတွေအပေါ်မှာ မမှန်မကန်တွေလုပ်မယ်။ အဲလိုလုပ်ရပ် တွေကြောင့်ရလာတဲ့ အကျိုးအမြတ်တွေနဲ့ ချမ်းသာလာမယ်။ ကိုယ့်ဘဝက သာယာလာမယ်။ လှပလာမယ်လို့ ယုံကြည်ထား ကြတယ်။ ဒီလိုမိမိတို့ပိုင်ဆိုင်လာသော အရာတို့က ပုံအရိပ် အသွင်မမြင်ပဲ အစစ်အမှန်ဟုထင်ကာ ထိုလုပ်ရပ်များကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားကြတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က မျက်မှောက်ခေတ်မှာ အမှန်တရားကို ဖုံးအုပ်ပြီး လုပ်ကိုင်ဆောင်ရွက်နေသူများကို အလှအပများ အသွင်အဖြစ် ပြုလုပ်ထားပါတယ်ဆိုတာ ဒီအာယသ်မှာ သတိ ပေးထားခြင်းပဲဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ ဒီအာယသ်မှာ ကာဖိရ်တို့၏ လုပ်ရပ်နဲ့ပတ်သက်ပြီး ထပ်မံပြောတာက လူသားအဖြစ် ရပ် တည်မှု၏ တန်ဖိုးထားမှုအပေါ်မှာ ယုံကြည်ထားသူများကို လညး် ထိုကာဖိရ်များက လှောင်ပြောင်နေကြပြီးတော့ သူတို့ လုပ်ရပ် သာ အမှန်တကယ်ပဲ ထင်နေကြပါတယ်။ ဥပမာ အမှန် တကယ်မှာ ကျမး်တော်မြတ်ကုရ်အာန် (လူနေမှုဘဝ ပုံစံစနစ် ဇယား)အတိုင်း လုပ်ကိုင်ဆောင်ရွက်ကျင့်ကြံသော သူတို့သည် အစပိုင်းတွင် အကျပ်အတည်း၊ အခက်အခဲ၊ စွမ်းဆောင်နိုင်မှုစတဲ့ အရာများနဲ့ ရင်ဆိုင်ဖြေရှင်းရမှာပဲဖြစ်ပါတယ်။ ဆိုလိုတာက ထိုကဲ့သို့ ကျပ်တည်း ခက်ခဲရခြင်းသည် မိမိလုပ်ကိုင် ဆောင်ရွက် နေသော အရာမှန်သမျှ တရားသောနည်းလမ်း (ကုရ်အာန်) အတိုင်း လိုက်နာကျင့်သုံးခြင်းကြောင့်ပင် ဖြစ်ပါတယ်။ အမှန် တရားကို မဖုံးအုပ်ပဲလုပ်ကိုင်ဆောင်ရွက်သူတို့သည် လိုက်နာ ကျင့်သုံးခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးခံစားမှုတို့ကို မတရားသောနည်းလမ်း၊ အချောင်ရရှိနိုင်သော စည်းမျဉ်း စည်းကမ်းများကို အသုံးမပြုကြချေ။ ဒါကြောင့်မို့လို့ နောက်ဆုံးမှာ လူ့ဘဝနေထိုင်မှုတွင် မြင့်မားသော တော်လှန်ပြောင်းလဲမှုများ အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်သောအခါ လူ့အဖွဲ့ အစည်းဝင်များထံက လူသားများ မြင်လာသောအမြင်မှာ အသက်ရှင်ဖြတ်သန်းမှုဘဝသည်သာ အဓိကဟုခံယူပြီး စညး်မဲ့ ကမ်းမဲ့ နေထိုင် လျက်ရှိကြသော သူတို့အပေါ် လူဖြစ်မှုဘဝ၏ တိကျခိုင်မာသော တန်ဖိုးများအား ဖော်ထုတ်ကြသောသူတို့ သည် မည်ကဲ့သို့လွှမ်းမိုးထားနိုင်သည့် အမြင်များ မြင်လာမည် ဖြစ်ပါတယ်။ အဲလိုမျိုးထင်မြင်ချက်ရှိလာပြီဆိုမှ အလ္လာဟ်အရှင် မြတ်၏ ပြဌာန်းချက်နှင့်အညီ နေထိုင်သွားလာမှု၊ စားသောက် ရိက္ခာ၊ စီးပွားရေး၊ လူနေမှုပုံစံ၊ အသုံးအဆောင်များကို စနစ် တကျ ရှာဖွေဆည်းပူးသော သူတို့အဖို့ အလုံအလောက်၊ အလျှံ အပယ်ကြွယ်ဝစွာ အကျိုးခံစားနိုင်ကြောင်း ထင်ရှားသွားမှာပဲဖြစ် ပါတယ်။ ဒါကို ကျွန်တော်တို့ လူသားများက အထူးသဖြင့် အီမာန်ယူထားသော မွတ်စလင်မ်အများစုများက ကျမး်တော် မြတ်ကုရ်အာန်၏ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက် အား ထုတ်ခြင်းမပြုပဲ အမှန်တရား(ကုရ်အာန်)ကို ဖုံးအုပ်ထိန်ချန်ထား ပြီး၊ မှားယွင်းသော နည်းလမ်းလူလုပ်ကျမ်းများ ကျောင်းတော် ၀ါဒစတဲ့ နည်းလမ်းများကို အသုံးပြုပြီး မိမိဘဝအောင်မြင်မည်ဟု ထင်မြင်နေကြပါတယ်။ ဒီလို ထင်မြင်ယူဆချက်များသည် ထို ယူဆသူများ၏ မေ့မှားမှုများသာဖြစ်သည်ဟု ဒီအာယသ်ကိုလေ့ လာရင်း သိရှိနိုင်ပါ တယ်။
ဆက်လက်ပြီး ကာဖိရ်နဲ့ပတ်သက်ပြီးတော့ အရေး ကြီးတဲ့ အာယသ်ကို ဆက်လက်ပြီးတင်ပြချင်ပါတယ်။ အဲဒီ အာယသ်ကတော့ မွတ်စလင်မ်လို့ လက်ခံယုံကြည်ထားပြီး အမှန် တရားကို ဖုံးအုပ်ထားချင်သူများ အကြောင်းဖြစ်ပြီး ကျမး်တော် မြတ်ကုရ်အာန် စူရာဟ်၂ အာယသ် ၁၀၉ မှာ ဖော်ညွှန်းထားပုံက – “များစွာသော ကျမး်ရသူတို့သည် သင်တို့ အီမာန် သက်ဝင် ယုံကြည်ပြီးနောက်မှာပင်လျှင် သူတို့အား ကာဖိရ်ပြန်ပြီး ဖြစ်သွား စေချင်ကြသည်။ ထိုသို့ ပြုခြင်းမှာ သူတို့သည် အမှန်တရားကို ကောင်းစွာ သဘောမပေါက်ခြင်းကြောင့် မဟုတ်၊ အမှန်တရား သည် သူတို့အဖို့ ရှင်းလငး်စွာ သဘောပေါက်ထားပြီး ဖြစ်၏။ သူတို့၏ မနာလိုမုန်းထားခြင်းကြောင့် ထိုသို့ပြုလုပ်ကြခြင်းသာ ဖြစ်သည်။” (ကုရ်အာန် -၂း၁၀၉)
ဒီအာယသ်ရဲ့အဓိကဖြစ်တဲ့ ဟ-ဆ-ဒ လို့ခေါ်တဲ့ မနာ လိုမုန်းတီးမှု (အဖျက်စိတ်၊ အပျက်စိတ်၊ လူတစ်ဖက် သား ဖျက်ဆီးလိုစိတ်) ကြောင့် ပေါ်ပေါက်လာတဲ့စိတ်သည် လူသား တွေကို အပျက်သဘောဆောင်တာဖြစ်တဲ့ အတွက်ကြောင့် ကာဖိရ်ဖြစ်ဖို့ တွန်းပို့နေခြင်းသာ ဖြစ်ပါတယ်။ စီးပွားရေးမှာသော် လည်းကောင်း၊ လူမှုအဖွဲ့အစည်းတွင်းမှာသော် လည်းကောင်း စတဲ့အရာတွေမှာ ဖျက်ဆီးမှုပြုလုပ်ပြီး မနာလိုမုန်းတီးမှုထား ခြင်း ဟာ ကာဖိရ်ရဲ့ လုပ်ရပ်သာဖြစ်ကြောင်းကို ဒီအာယသ်ကနေ သတိပေးထားခြင်းဖြစ်ပါတယ်။
ဒီအာယသ်မှာ ထပ်မံပြီးလေ့လာကြည့်လိုက်တဲ့ အခါ ကျတော့ သမိုင်းကြောင်းအရ တမန်တော်မြတ်(ဆွ) မပွင့်မှီ အရင်တမန်တော်များ လက်ထက်မှာ ရှိနေခဲ့သော ရှေးကျမ်းရ အုပ်စုဝင်များထဲမှ များစွာသောသူများသည် သက်ဝင်ယုံကြည်ပြီး နောက် ထိုအမှန်တရားကို ဖုံးအုပ်ဖို့လိုလားလျက်ရှိနေကြပါ တယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းမှာ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်လျက်ရှိနေကြသောကြောင့်ပင်ဖြစ်သည်။ တမန်တော် မြတ် (ဆွ)ပွင့်ပေါ်လာတဲ့အခါမှာ သူတို့အုပ်စုထဲ မဟုတ်ပဲ ဗနီ ဟာရှင်မ်မျိုးနွယ်စုမှ ပေါ်ထွနး်လာပြီး သူတို့နဲ့မျိုးနွယ်စု မတူပဲ လွှဲပြောင်းသွားသောကြောင့် မနာလိုဝန်တိုမှုများဖြင့် အမှန် တရားများကို ဖုံးကွယ်လိုစိတ်က လွှမ်းမိုးလျက် ရှိနေတာကို လေ့လာတွေ့ရှိရပါတယ်။ လက်ရှိ အနေအထားကို ပြန်ကြည့်ရရင် လည်း မွတ်စလင်မ်လို့ခံယူပြီး ကုရ်အာန်ကို အီမာန်ယူထား ကြသူများပင်လျှင် ထိုကျမး်တော်မြတ်ကုရ်အာန် (လူနေမှုဘဝ နေထိုင်မှုပုံစံစနစ်ဇယား) ကို အပြည့်အဝမလိုက်နာ မကျင့်သုံးပဲ အခြား လူလုပ်သော ကျမ်းများနှင့်အတူတကွ လိုက်နာဆောင် ရွက်နေခြင်းများကို မြင်တွေ့နေရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင် အီမာန်ရှိပြီး မွတ်စလင်မ်ဖြစ်ပြီလို့ ခံယူထားကြ သူများသည် ကျမး်မြတ်ကုရ်အာန်ကို မကျင့်သုံး မလိုက်နာနေ သမျှ ကာလပတ်လုံး ကာဖိရ်ဆိုတဲ့ အမှန်တရားကို ဖုံးအုပ် ကာကွယ်နေသူများစာရင်းတွင် ပါဝင်နေမည်ဆိုတာကို ဒီအာယသ်ကနေ လေ့လာ တွေ့ရှိရပါတယ်။
ဥပမာအားဖြင့် မြန်မာနိုင်ငံနှင့် အချို့သောနိုင်ငံများရှိ မွတ်စလင်မ်လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေသောကိစ္စ တစ်ခုဖြစ်တဲ့ လင်မယားကွာရှင်းခြင်းကဏ္ဍတွေမှာဆိုရင် ကုရ် အာန်က မည်သို့ပင်ဆိုစေ သူတို့ဆရာ သခင်ကြီးများ၏ ချမှတ် ထားသော နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက် နေကြ ပါတယ်။ ဒီလို လုပ်ကိုင် ဆောင်ရွက်နေသူများက ကုရ်အာန်မှာ ပါတဲ့ အမှန်တရားကို ယုံကြည်လက်ခံပြီးမှ ကျင့်သုံးတဲ့အခါမှာ ထိုအမှန်တရားတွေ ဖုံးအုပ်ကာကွယ်ပြီးတော့ သူတို့စိတ်ထင်ရာ စိတ်စေစားရာနှင့် လက်ဆင့်ကမ်းရိုးရာ မြင်နေကြ၊ ဘိုးဘွားအစဉ် အလာအရဆိုပြီး လုပ်ကိုင်ဆောင်ရွက်ပြီး အမှန်တရားသို့ မရောက်ရှိဘဲ နစ်နာဆုံးရှုံးမှုများလည်း ရှိနေတာကို တွေ့မြင်နေ ရမှာဘဲဖြစ်ပါတယ်။ ဒီလိုမျိုး အမှန်တရားကိုသိလျက်နဲ့ အမှားကို မိမိနှလုံးသားထဲမှာ အပြည့်အဝ လက်ခံထားသူ မည်သူမဆို အမျက်ဒေါသနှင့် ကြီးမားသောပြစ်ဒဏ် ရရှိမည့်အကြောင်းကို လည်း ကုရ်အာန် စူရာဟ် ၁၆ အာယသ် ၁၀၆ တွင် ဖော်ပြထား ပုံမှာ –
“မည်သူမဆို ကုဖ်ရ်ကို မိမိနှလုံးသားနှင့် အသိဉာဏ် ကိုဖွင့်ပြီး (သိရှိနားလည်သဘောပေါက်) လက်ခံ ရယူထားသူ အဖို့ အလ္လာဟ်ထံတော်မှ အမျက်ဒေသ (ရဟ်မသ်တော်မှ ကင်း ဝေးမှု) နှင့် ကြီးမားသော ပြစ်ဒဏ်ကို ရရှိမည်ဖြစ်သည်။ ” (ကုရ် အာန် ၁၆း၁၀၆)
တဖန် ကုရ်အာန် စူရာဟ် ၂ အာယသ် တော် ၂၈၄ တွင် “ အနန္တစကြဝဠာ နှင့် ကမ္ဘာဂြိုဟ်အား အလ္လာဟ်အရှင် မြတ်ကသာ ပိုင်ဆိုင်လေသည်။ အကယ်၍ သင့်စိတ်ထဲ၌ ရှိ သည်တို့ကို ထင်သာမြင်သာစွာ ပြုလုပ် ပြောဆိုသည်ဖြစ်စေ ထိန်ချန်ဖုံးကွယ်ထားသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်က ထို အရာနှင့်ပတ်သက်၍ သင်တို့အား စစ်ဆေးမေးမြန်းတော်မူမည်။ အလ္လာဟ်အရှင်မြတ်က မိမိနှစ်လိုတော်မူသော (မိမိလမ်းစဉ် နှစ် သက် လက်ခံသူ) အား လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ မိမိဆန္ဒရှိသူ (မိမိလမ်းစဉ်ကို မနှစ်သက်သောသူ) အားပြစ်ဒဏ် သက် ရောက် စေတောမူမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရာရာကို တိုင်းထွာသတ်မှတ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ် သည်။ ” (ကုရ်အာန် ၂း၂၈၄)
အလ္လာဟ်အရှင်မြတ်က အချိုစားသူကို အချိုအရသာ ခံစားစေပြီးတော့၊ အခါးစားသူများကို အခါးရဲ့အရသာကို အပြည့် အဝခံစားစေမှာပါ။ ကြက်ဟင်းခါးသီးစားပြီး အချိုဓါတ်ကို လိုချင် လို့တော့မရပါဘူး။ သူ့ရဲ့စီမံပြီးသား ဖြစ်တဲ့အခါးဓါတ်ကို ခံစား စေမှာပါ။ မီးဆိုတဲ့အရာကို ကိုင်ရင်ပူလောင်မှုကို ခံစားရသလို ရေကို ကိုင်လိုက်ရင်လည်း အေးမြတဲ့ အရသာခံစားမှုကို ရရှိမှာ ပါ။ ဒါကြောင့် လူတစ်ယောက်ရဲ့ ချိုခြင်း၊ ချဉ်ခြင်း၊ ပူခြင်း၊ အေး ခြင်းတို့မှာ အဲ့လို လုပ်ဆောင်တဲ့ လူတွေရဲ့လုပ်ကိုင်ဆောင်ရွက်မှု သာလျှင် သက်ဆို်င်မှာဖြစ်ပါတယ်။ အမှန်တရားကို လက်ခံပြီး ထိုအမှန်တရားအတိုင်း လက်ခံလိုက်နာ ကျင့်သုံးသူအဖို့ကတော့ ရလာမယ့် အကျိုးကျေးဇူးတရားကတော့ (၂း၂၈၆) မှာ –
“လူတစ်ဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးသည် သူ၏ ပြုမူဆောင်ရွက်ချက်၊ သူ၏အားထုတ်ကြိုးပမ်းချက် အပေါ် မူတည်၍ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သလို သူ၏တိုးတက်လာ သော ကိုယ်ရည်ကိုယ်သွေးကြောင့် သူ၏ လုပ်ရပ်များမှာ တိုး တက်လာပြီးအောင်မြင်လာမည်ဖြစ်ပါသည်။ ”(ကုရ်အာန် ၂း၈၆)
နိဂုံးချုပ်အားဖြင့် ကာဖိရ်ဆိုတဲ့ စကားလုံးသည် လက်ရှိအနေအထားအရ လူတစ်ယောက်ကို ဆဲဆိုသော နေရာ များတွင် သုံးသောအရာမဟုတ်သလို ပေါ့ပေါ့ပါးပါးလေး သဘော ထားလို့လည်း မရပါဘူး။ လူတစ်ယောက်ကို မနာလိုမုန်းတီးတဲ့ စိတ်ရှိနေခြင်းဟာလည်း ကာဖိရ်၏လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့လည်း အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန် ထဲမှာ အကြိမ်အရေအတွက်များစွာဖော်ပြထားတာကို လေ့လာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အမှန်တရားဖြစ်သော ကုရ်အာန်ကို ရှင်းရှင်းလင်းလင်းသိရှိနားလည်ပြီးမှ ငြင်းပယ်ခြင်း၊ ဖုံးအုပ် ကာကွယ်လို ပြီဆိုတာနဲ့ ကာဖိရ်စာရင်းဝင်သွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမ်းတော်မြတ်ကုရ်အာန်သည် အီမာန်နှင့် ကုဖ်ရ် ကို ထင်ရှားစွာပိုင်းခြားပြသော အရာပင်ဖြစ်ပါတယ်ဆိုတာ ပြော ကြားရင်း ကျွန်တော့်ရဲ့ ပထမပိုင်းခွသ်ဗာဟ်ကို ဒီမှာတင် ရပ်နား လို်က်ပါတယ်။