ဆူရာဟ်တော်များအကြောင်း သိကောင်းစရာ အပိုင်း(၂) 11.7.2014 မုဖ်သီ ဦးစန်းအောင် (B.Sc)

ဆူရာဟ်တော်များအကြောင်း သိကောင်းစရာ
အပိုင်း(၂)
မုဖ်သီ ဦးစန်းအောင် (B.Sc)
ယနေ့ (၁၁-၇-၂၀၁၄) ယောင်မွလ်ဂျူမုအာဟ်မှာ အလ္လာဟ်အရှင်မြတ်ကို အေဘာဒသ်ပြုရန် ကြွရောက် လာကြတဲ့ ဂျမာအသ်ဝင် အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား-
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ပြီးခဲ့တဲ့တစ်ပတ်က ကျနော် `ဆူရာဟ်တော်များအကြောင်း သိကောင်းစရာ´ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ပြခဲ့ပါ တယ်။ ဒီနေ့ အပိုင်း(၂)အနေနဲ့ ဆက်လက်တင်ပြသွားပြပါ့မယ်။ ကျမ်းမြတ်ကုရ်အာန်ရွတ်ဖတ်ရာမှာ အဆင်ပြေ ချောမွေ့စေဖို့ တစ်အုပ်လုံးကို အခြေပြုပြီး ကဏ္ဍအလိုက်အုပ်စုခွဲထားတဲ့အကြောင်းကို ကျနော် တင်ပြခဲ့ပြီးဖြစ်ပါ တယ်။ ယခုတစ်ပတ်မှာတော့ ဆူရာဟ်တစ်ပုဒ်ရဲ့ အစပြုခြင်းအကြောင်းကို ဆက်လက်တင်ပြသွားပါ့မယ်။
ဆူရာဟ်တစ်ပုဒ်ကို အစပြုသည်ဟုဆိုရာမှာ (က) ပုံမှန်စကားလုံးများနှင့် အစပြုခြင်းနဲ့ (ခ) `သရ´မပါ သောဗျည်းများ (ဟုရူးဖွလ်မုကတ်တွအာဟ် – The disjointed letters) အားဖြင့် အစပြုခြင်းဆိုပြီး ကျမ်းမြတ်ကုရ် အာန်မှာ ပုံစံ(၂)မျိုးရှိပါတယ်။
(က) ပုံမှန်စကားလုံးများနှင့် အစပြုခြင်း
ကျမ်းမြတ်ကုရ်အာန်ရဲ့ ဆူရာဟ်(၁၁၄)ပါးအနက် ဆူရာဟ်(၈၅)ပါးဟာ ပုံမှန်စကားလုံးများဖြင့် အစပြုထား ပါတယ်။ ဒီလို ပုံမှန်စကားလုံးများအားဖြင့် အစပြုထားသော ဆူရာဟ်များကို သုံးနှုန်းထားပုံကိုအခြေခံပြီး အောက်ပါ အတိုင်း အုပ်စု(၉)မျိုး ထပ်မံခွဲထုတ်နိုင်ပါတယ်။
(၁) ချီးမွမ်းထောမနာပြုခြင်းနှင့် အစပြုထားသောဆူရာဟ်
(၂) ခေါ်ဝေါ်ပုဒ်ဖြင့် အစပြုထားသောဆူရာဟ်
(၃) အဖြစ်အပျက်ဆိုင်ရာ အချက်အလက်ကို ဖော်ပြပြီး အစပြုထားသောဆူရာဟ်
(၄) တိုင်တည်ပြောဆိုခြင်းနှင့် အစပြုထားသောဆူရာဟ်
(၅) အခြေအနေနှင့် အဆင့်အတန်းတစ်ရပ်ကို ဖော်ထုတ်မှုနှင့် အစပြုထားသောဆူရာဟ်
(၆) အမိန့်ပေးမှုအားဖြင့် အစပြုထားသောဆူရာဟ်
(၇) မေးခွန်းထုတ်၍ အစပြုထားသောဆူရာဟ်
(၈) ကြွေးကြော်တောင်းဆိုမှုအားဖြင့် အစပြုထားသောဆူရာဟ်
(၉) ကြောင်းကျိုးဆက်စပ်မှုတစ်ရပ်ကိုပြ၍ အစပြုထားသောဆူရာဟ် တို့ဖြစ်ပါတယ်။
(၁) ချီးမွမ်းထောမနာပြုခြင်းနှင့် အစပြုထားသောဆူရာဟ်
ချီးမွမ်းထောမနာပြုခြင်းနဲ့ အစပြုတဲ့ဆူရာဟ်ကို ကျမ်းမြတ်ကုရ်အာန်၌ ပုံစံ(၂)မျိုးနဲ့တွေ့ရပါတယ်။ ပထမ ပုံစံက အမည်နာမကို ဖော်ထုတ်ချီးမွမ်းခြင်းနဲ့ ပြီးပြည့်စုံမှုကို ရည်ညွှန်းပြီး ထုတ်ဖော်ချီးမွမ်းတို့ဖြစ်ပါတယ်။ ဥပမာ-
(1:1) —– [_l#-L_ d<m^h-L^A-
“ ချီးမွမ်းထောမနာခြင်းအစုစုသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်သည် ” (ကုရ်အာန် – ၁း၁)
(အမည်နာမကို ထုတ်ဖော်ချီးမွမ်းခြင်း)
(67:1) —– /<l^m<L^A {_d_y-B_ ›^x_L#-A?-R-ab-T-
“ ထိုအရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံမြင့်မြတ်တော်မူပြီး အလုံးစုံသော အချုပ်အခြာအာဏာသည် ထိုအရှင်မြတ်လက်တော်ဝယ် တည်ရှိလေသည် ” (ကုရ်အာန် – ၆၇း၁)
(ပြီးပြည့်စုံမှုကို ရည်ညွှန်းပြဆိုသော ထုတ်ဖော်ချီးမွမ်းခြင်း)
ဒုတိယပုံစံက အားနည်းချွတ်ချော်မှု၊ နိမ့်ပါးကျဆင်းမှု၊ မပြီးပြည့်စုံမှုတို့ကို ငြင်းဆိုပြပြီး ထုတ်ဖော်ချီးမွမ်းခြင်း ပုံစံဖြစ်ပါတယ်။ ဥပမာ-
(17:1) —– ›^x_L#-A–-ah-b^S<
“ ချို့ယွင်းမှု၊ ချို့တဲ့မှု၊ အားနည်းချွတ်ချော်မှု အရပ်ရပ်တို့မှ ကင်းစင်တော်မူသော မြတ်အလ္လာဟ်ရှင်သည် —” (ကုရ်အာန် – ၁၇း၁)
(87:1) —– ÿl-I^å-L^A /-B#_R- ù-S^A ì_b#_S-
“ အသင်သည် အသင့်ကို ပြုစုပျိုးထောင်မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသည့် အရှင်မြတ်၏နာမတော်ကို ဂုဏ်ပြုမြွက်ဟပါလေ ” (ကုရ်အာန် – ၈၇း၁)
ကျမ်းမြတ်ကုရ်အာန်တွင် ပုံစံ(၁)ဖြစ်တဲ့ ချီးမွမ်းထောမနာပြုခြင်းနှင့် အစပြုထားတဲ့ဆူရာဟ်(၁၄)ပုဒ်ပါရှိရာ ပထမပုံစံနှင့် ဆူရာဟ်(၇)ပုဒ်ပါရှိပြီး၊ ဒုတိယပုံစံနဲ့ ဆူရာဟ်(၇)ပုဒ်ပါရှိပါတယ်။
(၂) ခေါ်ဝေါ်ပုဒ်ဖြင့် အစပြုထားသောဆူရာဟ်
ကျမ်းမြတ်ကုရ်အာန်ရဲ့ အချို့ဆူရာဟ်များဟာ ခေါ်ဝေါ်ပုဒ်နဲ့အစပြုထားသည်ကို တွေ့ရှိရပါတယ်။ ဥပမာ များကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်။
(5:1) —– Ao^n<M-ƒ ú-Y^x_L#-Aae-Y#<A-aY-
“ အို… အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ — ” (ကုရ်အာန် – ၅း၁)
(22:1) —– î<n#’LAae-Y#<A-aY-
“ အို… လူသားအပေါင်းတို့ — ” (ကုရ်အာန် – ၂၂း၁)
(33:1) —– ÿ#<b_n#-LAae-Y#<A-aY-
“ အို… နဗီတမန်တော် — ” (ကုရ်အာန် – ၃၃း၁)
ကျမ်းမြတ်ကုရ်အာန်မှာ အထက်ပါဥပမာများအတိုင်း ခေါ်ဝေါ်ပုဒ် (Vocative particle) နဲ့ အစပြုထား သောဆူရာဟ်(၁၀)ပုဒ်ပါရှိပြီး ၎င်းတို့အနက် ဆူရာဟ်(၅)ပုဒ်သည် တမန်တော်မြတ်ကို ရည်ညွှန်းခေါ်ဝေါ်ထားခြင်း ဖြစ်ပါတယ်။
(၃) အဖြစ်အပျက်ဆိုင်ရာ အချက်အလက်ကိုဖော်ပြပြီး အစပြုထားသောဆူရာဟ်
အဖြစ်အပျက်ဆိုင်ရာ အချက်အလက်ကိုဖော်ပြပြီး ဆူရာဟ်တစ်ပုဒ်ကို အစပြုထားတဲ့ ဆူရာဟ်များ ကျမ်း မြတ်ကုရ်အာန်မှာ တွေ့ရှိရပါတယ်။ ဥပမာ-
(23:1) $–-o^n<M_û^m<L^A ì-l-F^A- d^Q-
“ အီမာန်သက်ဝင်ယုံကြည်သူတို့သည် အောင်မြင်ခဲ့ကြပေပြီ ” (ကုရ်အာန် – ၂၃း၁)
(80:1) $ ÿL#-o-T-O- î-b-I-
“ သူ မျက်မှောင်ကြုတ်ပြီး တစ်ဖက်လှည့်သွားသည် ” (ကုရ်အာန် – ၈၀း၁)
ကျမ်းမြတ်ကုရ်အာန်မှာ အဖြစ်အပျက်ဆိုင်ရာ အချက်အလက်ကိုဖော်ပြပြီး အစပြုထားတဲ့ဆူရာဟ်(၂၃)ပုဒ် ပါရှိပါတယ်။
(၄) တိုင်တည်ပြောဆိုခြင်းနှင့် အစပြုထားသောဆူရာဟ်
ကျမ်းမြတ်ကုရ်အာန်မှာ တိုင်တည်ပြောဆိုခြင်းနဲ့ အစပြုထားတဲ့ဆူရာဟ် (၁၅)ပုဒ်ပါရှိပါတယ်။
(103:1) $ r_u^i-L^AO-
“ ခေတ်ကာလကို တိုင်တည်ပါ၏ ” (ကုရ်အာန် – ၁၀၃း၁)
(53:1) $ ›o-E- AX-‚_ ù_j^n#-LAO-
“ ကြယ်တာယာကို သက်သေထူ၏။ ထိုသောအခါ ထိုကြယ်တာယာသည် ကွယ်ပျောက်သွားလေသည် ” (ကုရ်အာန် – ၅၃း၁)
(၅) အခြေအနေနှင့် အဆင့်အတန်းတစ်ရပ်တို့ ဖော်ထုတ်မှုနှင့် အစပြုထားသောဆူရာဟ်
ကျမ်းမြတ်ကုရ်အာန်တွင် အခြေအနေနှင့် အဆင့်အတန်းတစ်ရပ်ကို ဖော်ထုတ်မှုနဲ့အစပြုထားတဲ့ ဆူရာဟ် (၇)ပုဒ်ပါရှိပါတယ်။
(110:1) $ ì<t^f-L^AO- [_l#-LAr<u^N- á-aJ-AX-‚_
“ အလ္လာဟ်အရှင်မြတ်ထံမှ ကူညီမှုနှင့်အောင်မြင်မှု ရောက်ရှိလာသောအခါ ” (ကုရ်အာန် – ၁၁၀း၁)
(56:1) $ ]<i-Q_Ao-L^A é_i-Q-O- AX-‚_
“ ရှောင်လွှဲ၍မရသော အဖြစ်အပျက် ကျရောက်လာသောအခါ ” (ကုရ်အာန် – ၅၆း၁)
(၆) အမိန့်ပေးမှုအားဖြင့် အစပြုထားသောဆူရာဟ်
ကျမ်းမြတ်ကုရ်အာန်မှာ အမိန့်ပေးမှုအားဖြင့် အစပြုထားတဲ့ ဆူရာဟ်(၆)ပုဒ်ပါရှိပါတယ်။ ဥပမာ-
(96:1) $ ÷-l-K- ›x_L#-A/-B#_R- ù_S^aB_ Ar-Q^A_
“ အသင့်အား အဆင့်ဆင့်စီရင်ဖြစ်ထွန်းစေပြီး ပြုစုပျိုးထောင်လမ်းညွှန်တော်မူသော အရှင်မြတ်၏ အမည် နာမတော်အားဖြင့် ရွတ်ဖတ်ပါ ” (ကုရ်အာန် – ၉၆း၁)
(112:1) $ d%H-A- [<l#-LAo-E<ø^Q<
“ သင် ကြေညာလိုက်ပါ။ သူသည် တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ဖြစ်သည် ” (ကုရ်အာန် – ၁၁၂း၁)
(၇) မေးခွန်းထုတ်၍ အစပြုထားသောဆူရာဟ်
ကျမ်းမြတ်ကုရ်အာန်မှာ မေးခွန်းထုတ်၍ အစပြုထားတဲ့ ဆူရာဟ်(၆)ပုဒ်ပါရှိပါတယ်။ ဥပမာ-
(78:1) $ –-o^L<áas-t-Y- ù#-I-
“ သူတို့ ဘာအကြောင်းနှင့်ပတ်သက်၍ မေးမြန်းနေကြသနည်း ” (ကုရ်အာန် – ၇၈း၁)
(107:1) $ ú_Y^d#_L-aB_ „<x#_\-Y< ›x_L#-Aé-Y^A-R-A-
“ ဒီးန်နှင့်ပတ်သက်၍ လှည့်ဖျားကောက်ကျစ်နေသူကို သင်မြင်လေသလော ” (ကုရ်အာန် – ၁၀၇း၁)
(၈) ကြွေးကြော်တောင်းဆိုမှုအားဖြင့် အစပြုထားသောဆူရာဟ်
ကြွေးကြော်တောင်းဆိုမှုအားဖြင့် အစပြုထားတဲ့ ဆူရာဟ်(၃)ပုဒ်ရှိပါတယ်။ ဥပမာ-
(83:1) $ ú-y^f_f#_p-m<l^L#_ ø%Y^O-
“ သတ်မှတ်စံချိန်စံညွှန်းကို လျော့ပေါ့ချင်တွယ်သူများ ပျက်စီးဆုံးရှုံးပါစေသတည်း ” (ကုရ်အာန် – ၈၃း၁)
(111:1) $ è#-T-O- è+e-L-ÿB_A- Ad-Y-é^b#-T-
“ အဗူလဟဗ်၏ လက်နှစ်ဖက်ပျက်စီးပါစေသား။ ပြီးနောက် သူ(ကိုယ်တိုင်လည်း) ပျက်စီးပါစေသား ” (ကုရ်အာန် – ၁၁၁း၁)
(၉) ကြောင်းကျိုးဆက်စပ်မှုတစ်ရပ်ကိုပြ၍ အစပြုထားသောဆူရာဟ်
ကြောင်းကျိုးဆက်စပ်မှုတစ်ရပ်ကိုပြပြီး အစပြုထားတဲ့ ဆူရာဟ်(၁)ပုဒ်ပဲ ကျမ်းမြတ်ကုရ်အာန်မှာ ပါရှိပါ တယ်။ အဲဒါကတော့
(106:1) $ ï+Y^r-Q<’_*-Y^æ_L_
“ ကိုရိုက်ရှ်မျိုးနွယ်တို့တွင် ထုံးတမ်းစဉ်လာတစ်ရပ် ရှိသည်ဖြစ်ရာ — ” (ကုရ်အာန် – ၁၀၆း၁)
(ခ) `သရ´မပါသောဗျည်းများ (သရမဲ့ဗျည်းများ)ဖြင့် အစပြုခြင်း
ကျမ်းမြတ်ကုရ်အာန်မှာ `ဟုရူးဖွလ် မုကတ်တွအာဟ်´ (The disjointed letters) များဖြင့် အစပြုထားတဲ့ ဆူရာဟ်ပေါင်း(၂၉)ခုရှိပါတယ်။ အရဗီဘာသာမှာ ဗျည်း(၂၈)လုံးရှိရာ (၁၄)လုံးသောဗျည်းများမှာ ဆူရာဟ်များကို အစပြုရာမှာ ပါဝင်ကြပါတယ်။ သို့သော် လွတ်လပ်တဲ့ဗျည်းများနဲ့ ဆူရာဟ်များကိုအစပြုထားရာမှာ ဆူရာဟ်တစ်ခုနဲ့ တစ်ခုဟာ ဗျည်းအရေအတွက်ပါဝင်မှု ကွဲပြားကြပါတယ်။ ဗျည်းတစ်လုံးတည်းနဲ့သာ အစပြုထားတဲ့ဆူရာဟ် (၃)ပုဒ် ရှိပါတယ်။ ဗျည်း(၂)လုံးနဲ့အစပြုထားတဲ့ ဆူရာဟ်(၁၀)ပုဒ်၊ ဗျည်း(၃)လုံးနဲ့အစပြုထားတဲ့ဆူရာဟ် (၁၂)ပုဒ်၊ ဗျည်း (၅)လုံးနဲ့အစပြုထားတဲ့ဆူရာဟ် (၂)ပုဒ်ရှိပါတယ်။ အဲဒီလိုဗျည်းများပါရှိရာမှာ `မီးမ်´ဆိုတဲ့ဗျည်းဟာ ဆူရာဟ်(၁၇) ပုဒ်မှာပါရှိပြီး အများဆုံးပါရှိတဲ့ဗျည်းစာလုံးဖြစ်ပါတယ်။ အနည်းဆုံးအကြိမ်ရေ ပါရှိတဲ့ဗျည်းက `ကော့ဖ်´ နဲ့ `နူးန်´ ဖြစ်ပြီး တစ်ကြိမ်စီပါရှိပါတယ်။
ဆူရာဟ်တစ်ပုဒ်ချင်းစီမှာပါရှိတဲ့ သရမဲ့ဗျည်းများရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုရာမှာ အမျိုးမျိုးသောအယူအဆများ ရှိပါတယ်။ ထိုအမျိုးမျိုးသောအယူအဆများကို အောက်ပါအတိုင်း အမှတ်စဉ်ထိုးပြီး ခွဲခြမ်းစိပ်ဖြာ လေ့လာနိုင်ပါ တယ်။
အယူအဆ (၁) ။ ။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်ရဲ့အစပိုင်း အသွင်သဏ္ဍာန်နဲ့ တည်ရှိနေတဲ့ သရမဲ့ဗျည်းများ ဟာ `မုတရှာဘိဟာသ်´ (၀ါ) တစ်စုံတစ်ရာကို တိတိကျကျ သတ်မှတ်ထားခြင်းမရှိတဲ့သဘောကို ဆောင်ပါတယ်။ ဒါကြောင့် အဲဒီဗျည်းများရဲ့အနက်သဘောကို အလ္လာဟ်အရှင်မြတ်သာ သိရှိတော်မူပေမည်။
ပညာရှင်အများစုက အထက်ပါအယူအဆဟာ လုံခြုံဘေးကင်းသော၊ အန္တရာယ်မများသော အယူအဆ တစ်ရပ်အဖြစ် သတ်မှတ်လက်ခံထားကြပါတယ်။ ဒါပေမဲ့လည်း ဒီအယူအဆက `ကျမ်းမြတ်ကုရ်အာန်၏ ဆူရာဟ် အစပြုမှုအဖြစ် ရပ်တည်နေသော အရမဲ့ဗျည်းများ၌ သီးခြားစီသောအနက်အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်များပါရှိ သည်´ဆိုတဲ့အယူအဆကို လွှမ်းမိုးနိုင်တဲ့အနေအထားမရှိပါ။ `ဖတ်ခရွဒ္ဒီးန်ရာဇီး´ (d-600 A.H) တို့လိုပညာရှင်က `အလ္လာဟ်အရှင်မြတ်သည် မည်သည်ကိုမျှ အကြောင်းမဲ့စီမံထားသည်မဟုတ်ရာ၊ ယင်းသရမဲ့ဗျည်းများကိုလည်း ကျမ်းမြတ်ကုရ်အာန်ထဲ၌ အလ္လာဟ်အရှင်မြတ်က အကြောင်းမဲ့ ထည့်သွင်းထားခြင်းမဟုတ်´လို့ အဆိုပြုထားပြီးဖြစ် ပါတယ်။ ဒါကြောင့် ဒီပညာရှင်များရဲ့အဆိုအရ ၎င်းသရမဲ့ဗျည်းများဟာလည်း အရေးပါသော အခန်းကဏ္ဍမှာ တည် ရှိနေတဲ့ သဘောမျိုးဖြစ်နေပါတယ်။
အယူအဆ (၂) ။ ။ ဒီသရမဲ့ဗျည်းများဟာ အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော်များပဲဖြစ်တယ်။ ဥပမာ- ဆူရာဟ် `ဘကရာဟ်´မှာပါရှိတဲ့ `အလီးဖ်၊ လားမ်၊ မီးမ်´သည် `အလ္လာဟ်၊ လတွီးဖ်၊ မဂျီးဒ်´ကို ကိုယ်စားပြုတယ်။ ၎င်းတို့ မှာ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များအနက်မှဖြစ်တယ်။
သို့သော် အထက်ပါအယူအဆဟာ ခိုင်လုံမှုမရှိတဲ့ အယူအဆတစ်ရပ်ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျမ်းမြတ်ကုရ်အာန်ရဲ့ ဆူရာဟ်အစမှာပါရှိတဲ့ သရမဲ့ဗျည်းတိုင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော်လို့ မှတ်ယူမည်ဆိုလျှင် မဖြစ်နိုင်တဲ့အနေအထား များစွာရှိပါတယ်။
အယူအဆ (၃) ။ ။ ဒီသရမဲ့ဗျည်းများဟာ အလ္လာဟ်အရှင်မြတ်၏ တိုင်တည်ပြောဆိုမှုများသာ ဖြစ်သည်။
အထက်ပါအယူအဆကလည်း လွဲမှားနေကြောင်း ထောက်ပြဝေဖန်မှုများရှိပါတယ်။ ဘာကြောင့်လဲဆို တော့ အရဗီသဒ္ဒါမှာ တိုင်တည်ပြောဆိုမှုနဲ့ပတ်သက်ပြီး သီးခြားသုံးနှုံးပုံက ရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဒီသရမဲ့ ဗျည်းများဟာ အရဗီသဒ္ဒါနည်းအရ တိုင်တည်ပြောဆိုမှုပုံစံများမဟုတ်ပါ။
အယူအဆ (၄) ။ ။ ဒီသရမဲ့ဗျည်းများသည် ဗျည်းများ၏ သင်္ချာဆိုင်ရာတန်ဖိုးကို ကိုယ်စားပြုသည်။ (အရဗီ ဗျည်းတစ်လုံးချင်း၌ သင်္ချာဆိုင်ရာတန်ဖိုးများ သတ်မှတ်ထားရှိသည်။)
အထက်ပါအယူအဆကိုလည်း ပညာရှင်အများစုက လက်မခံကြချေ။ ဘာကြောင့်လဲဆိုတော့ ကျမ်းမြတ် ကုရ်အာန်တစ်အုပ်လုံးမှာ ဗျည်းတစ်လုံးချင်းအပေါ်မှာလည်းကောင်း၊ စာလုံးတစ်လုံးချင်းအပေါ်မှာလည်းကောင်း၊ သင်္ချာဆိုင်ရာ တန်ဖိုးများအားဖြင့် အလ္လာဟ်အရှင်မြတ်က ရည်ညွှန်းသတ်မှတ်ထားချက်ကို ဘယ်နေရာမှာမှ မတွေ့ရပါ။
အယူအဆ (၅) ။ ။ ဒီသရမဲ့ဗျည်းများသည် အထူးအဓိပ္ပါယ်တစ်ရပ်စီကို ကိုယ်စားပြုထားသည်။ ဥပမာ- ဆူရာဟ်`ဘကရာဟ်´မှာရှိတဲ့ `အလီးဖ်၊ လားမ်၊ မီးမ်´ဟာ `အန အလ္လာဟ် ဟု၊ အအ်လာမ်´ (ကျွန်ုပ် အလ္လာဟ် သည် အကြွင်းမဲ့သိမြင်တော်မူသည်)ဟူသော အထူးအဓိပ္ပါယ်တစ်ရပ်ကို ကိုယ်စားပြုရည်ညွှန်းဖော်ဆောင်သည်ဟု အဆိုပြုသူများလည်း ရှိပါတယ်။
ဒါပေမဲ့ ဆူရာဟ်အစပိုင်းရှိ သရမဲ့ဗျည်းအားလုံးရဲ့အဓိပ္ပါယ်အားလုံးကို ရည်ညွှန်းဖော်ဆောင်မှုကိုတော့ ဘယ်ပညာရှင်ကမှ တတ်စွမ်းနိုင်ခြင်းမရှိသေးသလို အခြားအဓိပ္ပါယ်အမျိုးမျိုး ကောက်ယူမှုများကလည်း ရှိနေပြန်ပါ တယ်။
အယူအဆ (၇) ။ ။ ဆူရာဟ်တစ်ပုဒ်ချင်း၏ အစ၌တည်ရှိသော သရမဲ့ဗျည်းများသည် ကျမ်းမြတ်ကုရ်အာန်ရဲ့ အခြားအမည်များသာဖြစ်သည်။
ပညာရှင်အများစုက အထက်ပါအယူအဆကို လက်မခံကြချေ။ ဒီအယူအဆကို အထောက်အထားမဲ့တဲ့ အယူအဆဟု သတ်မှတ်ထားကြပါတယ်။ ဥပမာ အလီးဖ်၊ လားမ်၊ မီးန်ဆိုတဲ့ ဗျည်းသုံးလုံးတွဲဟာ ကျမ်းမြတ် ကုရ်အာန်ရဲ့ အမည်တစ်ရပ်ဖြစ်ကြောင်း ဆက်စပ်ပြရေးမှာ မလွယ်ကူလှပါ။ ဆူရာဟ်(၂၉)ပုဒ်မှာ သရမဲ့ဗျည်းများနဲ့ အစပြုထားရာ၌ အချို့မှလွဲပြီး အားလုံးဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့အမည်များ မဖြစ်နိုင်ပါ။
အယူအဆ (၈) ။ ။ ပညာရှင်အချို့က ဆူရာဟ်များရဲ့အစပိုင်း၌ရှိသော သရမဲ့ဗျည်းများသည် ထိုဆူရာဟ်များ ၏ အမည်များသာဖြစ်သည်ဟူ၍ အဆိုပြုကြသည်။ ဒီအဆိုဟာ ဆူရာဟ်ယာစီးန်၊ ဆူရာဟ်တွာဟာအစရှိတဲ့ ဆူရာဟ်အချို့ကိုသာ ကိုယ်စားပြုနိုင်ပြီး သရမဲ့ဗျည်းများနဲ့ အစပြုထားတဲ့ ဆူရာဟ်အားလုံးကိုမူ ကိုယ်စားမပြုနိုင်ပါ။
အယူအဆ (၉) ။ ။ သရမဲ့ဗျည်းများနဲ့ အစပြုထားသော ဆူရာဟ်များနှင့်ပတ်သက်၍ ယင်းသရမဲ့ဗျည်းများကို အနက်အဓိပ္ပာယ်ကောက်ယူနိုင်မှု မရှိခြင်းက လူသားတို့၏အသိဥာဏ်သည် ကန့်သတ်မှုဘောင်တစ်ရပ်အတွင်း၌ သာ ရှိနေသည်ဟူသောသဘောကို ရည်ညွှန်းပြဆိုနေခြင်းသာဖြစ်သည်ဟူသော အယူအဆမှာလည်း ထူးခြားသော
အယူအဆတစ်ရပ်ဖြစ်သည်။ လူသားဟာ တချို့ကိုသာ သိရှိအနက်ကောက်ယူနိုင်ပြီး လူသားဥာဏ်မမီတဲ့ အနေ အထားများ၊ အခြေအနေများရှိနေပါသေးတယ်။ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အရာရာကို လွှမ်းခြုံသိမြင်နိုင် သည်ဟူသောသဘောကို ဒီသရမဲ့ဗျည်းများက သက်သေပြနေခြင်းဖြစ်သည်ဟုလည်း အဆိုပြုထားတဲ့ ပညာရှင်များ ရှိပါတယ်။
အယူအဆ (၁၀) ။ ။ ပညာရှင် ဇမခ်ရှရီ(d-538 A.H) က သူ၏ `အလ်ကရှ်ရှာဖ်း´(Al-Kashaaf) အမည်ရှိ ကုရ်အာန်တဖ်ဆီရ်းတွင် ဤသို့ဖော်ပြထားပါတယ်။ သရမဲ့ဗျည်းများအနက် အစပြုထားသော ဆူရာဟ်များ၌ အနောက်မှကပ်၍လိုက်ပါသော ဒုတိယအာယသ်တိုင်းသည် ကျမ်းမြတ်ကုရ်အာန်ကို အထူးပြုသော အာယသ်များ သာဖြစ်သည်။ ဥပမာ –
(2:1-2) $ ú-y^q_t#-M<l^L#_ ›d=E< [_y^F_ è-Y^R-&- „<at-\_L^A /-L_X’ $ ùLA
အလီးဖ်၊ လားမ်၊ မီးန်။ (ကုရ်အာန်-၂း၁)
“ ယင်းသည်ကား (အလ္လာဟ်အရှင်မြတ်ထံမှ ထုတ်ပြန်ပို့ချသော) ကျမ်းဂန်တစ်စောင်ဖြစ်သည်။ ယင်း ကျမ်းဂန်ထဲ၌ ယုံမှားသံသယဖြစ်ဖွယ်ရာ အကြောင်းအရာလုံးဝမရှိပေ။ ယင်းကျမ်းဂန်သည် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းထားသော ရှောင်ရန်တို့ကိုရှောင်ကြဉ်ပြီး၊ ဆောင်ရန်တို့ကို ဆောင်သည်။ မွတ္တကီန်း သူတော်စင်တို့အတွက် လမ်းညွှန်ချက်လည်းဖြစ်သည် ” (ကုရ်အာန်-၂း၂)
အယူအဆ (၁၀) ။ ။ ရှေး အာရဗ်တို့သည် ကဗျာ၊ လင်္ကာရွတ်ဆိုခြင်းကို ၀ါသနာထုံကြသည်ဖြစ်ရာ သူတို့က ကဗျာတစ်ပုဒ်ကို ရွတ်ဆိုမည်ဆိုလျှင် ကဗျာ၏ရှေ့ဆုံး၌ `ဟူရူးဖွလ် မုကတ်တွအာဟ်´ ဟုခေါ်သော သရမဲ့ဗျည်း များကို ဆွဲဆွဲငင်ငင် ထည့်သွင်းသီဆိုကြလေသည်။ ဒီလို သရမဲ့ဗျည်းများကို ဆွဲဆွဲငင်ငင် ထည့်သွင်းသီဆိုရသော ကဗျာများကို ဂုဏ်ပေး၊ အလေးပေးကြလေသည်။ ဤကား အာရဗ်တို့၏ ဓလေ့ထုံးတမ်းတစ်ရပ်ပင်ဖြစ်လာရသည်။
ကျမ်းတော်မြတ်ကုရ်အာန်ဟာ အာရဗီဘာသာနဲ့ အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ပေးခဲ့သည်ဖြစ်ရာ အာရဗ်တို့ရဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ အငွေ့အသက်များကို တွေ့ရပါတယ်။ ဒါကြောင့် ဆူရာဟ် (၁၁၄)ပုဒ်အနက် ဆူရာဟ်(၂၉)ပုဒ်မှာ သရမဲ့ဗျည်းများနဲ့အစပြုထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အာရဗ်တို့ စပ်ဆိုသော ကဗျာ၊ လင်္ကာ၏အစပိုင်းမှာပါရှိတဲ့ သရမဲ့ဗျည်းရဲ့သဘောဟာ ကဗျာစပ်ဆိုသူ၏ စိတ်အခြေအနေနဲ့ ခံစားချက်ကို လှစ်ဟ ပြခြင်းသဘောသာ ဖြစ်ပါတယ်။ တိကျသောအနက်အဓိပ္ပာယ်ကို တစ်ဦးတစ်ယောက်က ကောက်ယူခြင်းမရှိပေ။
ကုရ်အာန်ကျမ်းမြတ်ရဲ့ သရမဲ့ဗျည်းသည်လည်း ဒီသဘောသာဖြစ်ပါလိမ့်မယ်။ တမန်တော်မြတ် (ဆွလ္လ)ခေတ်က လည်း ဒီသရမဲ့ဗျည်းများနဲ့ပတ်သက်ပြီး ဆွဟာဗဟ် သာဝကကြီး တစ်ဦးတစ်ယောက်ကမှ မေးခွန်းထုတ်ခြင်း၊ စောဒကတက်ခြင်းမရှိခဲ့ပါ။ ဆွဟာဗဟ်သာဝကကြီးများဟာ အာရဗ်အမျိုးသားများသာဖြစ်၍ အာရဗ်ဓလေ့ထုံးတမ်း ကို သိရှိပြီးဖြစ်ပါလိမ့်မယ်။