တမန်တော်မြတ်ရဲ့ တိကျပြတ်သားတဲ့ လိုက်နာကျင့်သုံးမှု ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်

တမန်တော်မြတ်ရဲ့ တိကျပြတ်သားတဲ့ လိုက်နာကျင့်သုံးမှု

ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်

          ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက် များကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်းတင်ပြခွင့် ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်းကျောင်းတော် မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တင်ပြမဲ့အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ `တမန်တော်မြတ်ရဲ့တိကျပြတ်သားတဲ့ လိုက်နာ ကျင့်သုံးမှု´ ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား – ကျွန်တော်ရဲ့တင်ပြချက်ကို မရှင်းလင်းခဲ့ရင် ဂျုမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။

`အတ်စ္စလားမု အလိုင်းကွန်းမ်ဝရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို  အလ္လာဟ်အရှင်မြတ်က လူသားအားလုံးအတွက် ရွေးချယ်စေလွှတ်ခဲ့တဲ့ နောက်ဆုံးတမန်တော်ဖြစ်ပါတယ်။ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ ရွှေနှုတ်တော်မှ ထုတ်ဖော်ကြေညာခဲ့တဲ့ ဝဟီ ဘဝလမ်းညွှန်တရားဒေသနာတော်ဟာ ကျမ်းတော်မြတ်ကုရ်အာန်ဖြစ်ပါတယ်။ တမန်တော်မြတ်က ကျမ်းတော် မြတ်ကုရ်အာန်မှာပါတဲ့ ပြဌာန်းချက်တရားဥပဒေစည်းမျဉ်းတွေကို ကိုယ်တိုင်ကိုယ်ကျ တိတိကျကျပြတ်ပြတ် သားသား လက်တွေ့နာခံရိုကျိုးလိုက်နာကျင့်သုံးခဲ့တယ်။ ဖြန့်ချိခဲ့တယ်။ အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မည်သူမဆိုဘယ်သူပဲဖြစ်ဖြစ် အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းမည့်၊ ကျေးဇူးတင်မည့်၊ ချစ်မြတ်နိုး မည်ဆိုရင် အဲဒီလူဟာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ) တိတိကျကျပြတ်ပြတ်သားသား လက်တွေ့လိုက်နာကျင့်သုံး ပြီး အကောင်အထည်ဖော် တည်ဆောက်ပြသခဲ့သလို ထပ်ကြပ်မကွာ ဖဝါခြေထပ်လိုက်နာကျင့်သုံးပြီး ဘဝတည် ဆောက်မှသာလျှင် အလ္လာဟ်ကို ချီးမွမ်းတာ၊ ကျေးဇူးတင်တာ၊ ချစ်မြတ်နိုးတာ သက်ရောက်မှာဖြစ်တယ်။

အကယ်၍ တမန်တော်မြတ်က ဝဟီ ဘဝလမ်းညွှန်ကုရ်အာန်ပါ စည်းမျဉ်းဥပဒေသတွေကို လက်တွေ့လိုက် နာကျင့်သုံးပြီး ဘဝတည်ဆောက်ခဲ့တဲ့အတိုင်း မလိုက်နာ မကျင့်သုံးဘဲ ဝဟီလမ်းညွှန်ကုန်အာန်ပါဥပဒေ စည်းမျဉ်း တွေကို မလိုက်နာဘဲ၊ အမြဲဆန့်ကျင်နေတဲ့ အဲဒီလူဟာ ရုပ်ပြပုံစံတစ်မျိုးနှင့် အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းပါတယ်။ ကျေးဇူးတင်ပါတယ်။ ချစ်မြတ်နိုးပါတယ်လို့ ပါးစပ်နှင့် ရွတ်ဆိုထုတ်ဖော်ပြောဆိုခြင်းဟာ လိမ်လည်လှည့်ဖြားမှု သက်သက်သာ ဖြစ်မည်။

ဒါကြောင့် ကျွန်ုပ်တို့တွေ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းမယ်၊ ကျေးဇူးတင်မြယ်၊ ချစ်မြတ်နိုးမယ်ဆိုရင် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)လက်တွေ့ လိုက်နာကျင့်သုံးပြီး အကောင်အထည်ဖော် ဘဝတည်ဆောက်ခဲ့သလို ကျွန်ုပ် တို့လည်းဘဲ ထပ်ကြပ်မကွာ ဖဝါခြေထပ်လိုက်နာကျင့်သုံးပြီး ဘဝတည်ဆောက်ရမှာဖြစ်တယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ရဲ့ ဘဝသက်တမ်းကာလတစ်လျှောက် ဝဟီလမ်းညွှန်ကုရ်အာန်ကိုသာလျှင် ယုံကြည်လိုက်နာပြီး တင်ပြခဲ့တဲ့အကြောင်း ကုရ်အာန်ဆူရာဟ်(၅)အာယသ်(၄၈)မှာ

ငါအရှင်မြတ်က အသင်တမန်တော်ဆီကို ချပေးခဲ့တဲ့ကျမ်းတော်မြတ်ကုရ်အာန်ဟာ၊ အရာရာတိုင်း အတွက် ခိုင်လုံတိကျမှန်ကန်မှုနှင့် ပြီးပြည့်စုံခဲ့ပြီးဖြစ်တယ်။ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အလျင်ရှိခဲ့တဲ့ ကျမ်းစာတွေကို မှန်ကန်ကြောင်း ထောက်ခံလျက်ရှိတယ်။(တစ်နည်း) တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ အလျင်တမန်တော်တွေဆီ ကို ထုတ်ပြန်ပို့ချခြင်းခံရတဲ့ ကျမ်းစာတွေမှာရှိခဲ့တဲ့ တာဝန်ယူကတိပေးမှုတွေကို ကျမ်းတော်မြတ်ကုရ်အာန်မှာ ပြီးပြည့်စုံစွာ ပါရှိပါတယ်။ အဲဒါတွေကို ကုရ်အာန်က အကောင်အထည်ဖော်လျက်ရှိတယ်။ အဲဒီကျမ်းစာတွေမှာ ရှိခဲ့ တယ်။ ပြဌာန်းချက်စည်းမျဉ်းစည်းကမ်းတွေကို ကျမ်းတော်မြတ်ကုရ်အာန်က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါ တယ်။ ဒါကတော့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အလွန်ကြီးကျယ်တဲ့ အံ့သြဖွယ်ရာတွေဖြစ်ပါတယ်။ ဒါကြောင့် အသင်တမန်တော်လူတွေကြားမှာ လူမှုဆက်ဆံရေးမှာ ဖြစ်ပေါ်လာမည့်အကြောင်းကိစ္စရပ်တွေကို (တစ်နည်း) ဖြစ်ပေါ်လာမည့်ပြဿနာဟူဟူသမျှတွေကို ကျမ်းတော်မြတ်ကုရ်အာန်နှင့်သာလျှင် စီရင်ဆုံးဖြတ်ရမည်။ အသင် တမန်တော်လူတွေရဲ့ထင်မြင်ယူဆချက်နှင့် သူတို့ရဲ့စိတ်အလိုဆန္ဒကို အလိုမလိုက်ရဘူး။ အသင်တမန်တော်ဆီကို ထာဝရအမှန်တရား ကျမ်းတော်မြတ်ကုရ်အာန်ရောက်ရှိခဲ့ပြီးတဲ့နောက် လူတွေကုရ်အာန်ကို မျက်နှာလွှဲစွန့်ခွာသွား မည်ဆိုလျှင် အဲဒီလူတွေရဲ့ စိတ်အလိုဆန္ဒကို အလိုမလိုက်ရဘူး။

ငါအရှင်မြတ်က အသင်တို့ထဲမှာ မည်သူမဆို လူတိုင်းအတွက် သေသေချာချာစီမံပြုလုပ်ထားပြီးဖြစ်တယ်။ အလ္လာဟ်ကဘာပြောထားလဲ။ ငါအရှင်မြတ်က အသင်တို့ထဲမှာ မည်သူမဆို လူတိုင်းအတွက် ဘဝ စလယ်ဆုံး ဘဝ တစ်လျှောက်လုံး လိုက်နာရန် အလွန်ပွင့်လင်းတယ်။ ကျယ်ပြန့်တယ်။ တရားမျှတပြီး လူတိုင်းနှင့်သဟဇာတဖြစ် တယ်။ ရှရီအတ်ကိုသာလျှင် သေသေချာချာ သတ်မှတ်ပြဌာန်းပြီး စီမံပြုလုပ်ထားခြင်းဖြစ်တယ်။

အကယ်၍ အလ္လာဟ်အရှင်မြတ်က လူတွေကို တိရစ္ဆာန်တွေလို အတင်းအကျပ်တစ်စုတစ်စည်းတည်း အုပ်စုဝင်အဖြစ် ဘာအခက်အခဲမှ မရှိဘဲပြုလုပ်နိုင်စွမ်းရှိတယ်။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်က လူကလွဲလို့ အခြားအခြား သက်ရှိတွေကို စည်းကမ်းဥပဒေသ သက်ဒီရ် သတ်မှတ်ထားခဲ့သလို လူတွေကိုလည်း အဲဒီလို သက်ဒီရ်သတ်မှမည်ဆိုရင် အဲဒီအတိုင်းထပ်ကြပ်မကွာလိုက်နာရမှာဖြစ်တယ်။ ဒါပေမယ့် အရှင်မြတ်က လူတွေထဲ က လူသားတမန်တော်တွေကို စေလွှတ်ခဲ့ပြီး၊ အဲ့ဒီတမန်တော်တွေဆီကို ဝဟီ ဘဝလမ်းညွှန်ကျမ်းစာတွေကို ထုတ် ပြန်ပို့ချခဲ့ပါတယ်။ အဲဒီ ဝဟီပေါ်မှာ လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်နိုင်တယ်။ ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည် အချင်းတွေကို ချီးမြှင့်ထားတယ်။ အဲဒီအရည်အချင်းပေါ်မှာ လူတွေရဲ့လိုက်နာကျင့်သုံးမှုနှင့် ပတ်သက်ပြီး ဘာပြော ထားလဲဆိုရင် အသင်တို့ရဲ့ အရည်အချင်းတွေကို စစ်ဆေးတော်မူမည်။ ငါအရှင်မြတ်ထံမှ အသင်တို့ဆီကို ရောက် ရှိခဲ့တဲ့ ဝဟီဘဝလမ်းညွှန်ချက် ကုရ်အာန်မှာပါတဲ့ ပြဌာန်းချက်နှင့် ပတ်သက်ပြီး အသင်တို့ရဲ့ လိုက်နာကျင့်သုံးမှုတွေ ကို စစ်ဆေးတော်မူမည်။ ဒါကြောင့် အသင်တို့ တစ်ယောက်နှင့်တစ်ယောက် သူ့ထက်ငါ သာအောင် အပြိုင်အဆိုင် လုပ်ရမည်။ ‘ဟိုက်ရာသ်’ဆိုတာနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့သိတာကတော့ အလ္လာဟ်အတွက် ပေးပါ။ အလ္လာဟ်မှာ ဘာလိုအပ်နေလို့လဲ။ အလ္လာဟ်မှာ ဘာမှမလိုအပ်ဘူး။ အလ္လာဟ်မှာ ပြီးပြည့်စုံပြီးသား အမြဲလိုအပ်နေတာ ကျွန်ုပ်တို့ တွေသာ ဖြစ်တယ်။

ကုရ်အာန် ဆူရာဟ်(၄၇)အာယသ်(၃၈)မှာ

အလ္လာဟ်အရှင်မြတ်ဟာ ‘ဂနီ’ အတိုင်းအဆမရှိ၊ လိုလေသေးမရှိ၊ အချမ်းသာဆုံး အစစအရာရာမှာ လိုလား တောင့်တမှု ကင်းရှင်းပြီး၊ ပြီးပြည့်စုံတဲ့အရှင်ဖြစ်တယ်။ ‘ဖကီးရ်’ရဲ့ အများကိန်း ‘ဖုက်ရာအု’ အသင်တို့လူသားတွေ ဘဝတစ်လျှောက်လုံး အစစအရာရာမှာ လိုလားတောင့်တသူတွေဖြစ်တယ်။ ဒါကြောင့် ကောင်းကျိုးကောင်းတယ် လုပ်ရပ်တွေကို သူထက်ငါ သာအောင် တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင်လုပ်ရမည်။

အချိန်တန်ရင်အသင်တို့အားလုံး အလ္လာဟ်အရှင်မြတ်ဆီကိုသာလျှင် ပြန်ရောက်ခြင်းခံရမည်။ (တစ်နည်း) အလ္လာဟ်သတ်မှတ်ထားတဲ့ အခြေအနေတစ်ရပ်ကို ပြန်လည်စုရုံးခြင်းခံရမည်။ အဲဒီအချိန်ကြတော့ အသင်တို့ အချင်းချင်း ယခုကွဲလွဲနေကြတဲ့ ပြဿနာအရပ်ရပ်နှင့် ပတ်သက်ပြီး အသင်တို့ကို သတင်းပေးသိစေတော်မူမည်။

တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှလွဲလို့ အခြားမည်သည့်ကျောင်းတော် ဝါဒမဇ်ဟာဘ်ရဲ့ ဘာသာရေးဆိုင်ရာတဆင့် စကားရေဝါယတ်တစ်စုံတစ်ရာကို ဟောပြောတင်ပြခြင်း မလုပ်ရဆိုပြီး အတားမြစ်ခဲ့ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီးများခင်ဗျား-

အဲဒီတော့ တမန်တော်မြတ်က အလ္လာဟ်အရှင်မြတ်ထံက ကျရောက်ခဲ့တဲ့ ဝဟီဘဝလမ်းညွှန် ကုရ်အာန် မှာပါတဲ့ တရားဒေသနာတော်ကို ဟောပြောတင်ပြခဲ့တော့ အစ္စလာမ်ကို မယုံကြည်လက်မခံခဲ့သော၊ မက္ကာဟ်မြို့က ကာဖိရ်၊ မုရှ်ရိက်ခေါင်းဆောင်တွေက ဘာပြောခဲ့လဲဆိုရင် မုဟမ္မဒ်ရဲ့ ဟောပြောမှုဟာ ရှေးယခင်က ဖြစ်ပျက်ခဲ့တာ တွေကို ပြောနေတာ မုဟမ္မဒ်ဟာ ဗေဒင်ဆရာလိုလို၊ ကဗျာဆရာလိုလို၊ မုဟမ္မဒ်ဟာ မဂ်ျနူးန်ဖြစ်သွားပြီ။ ရူးသွားပြီး မုဟမ္မဒ်ရဲ့ ဟောပြောတင်ပြမှုဟာ ကျွန်ုပ်တို့ရဲ့ ဘိုးဘေးအစဉ်အဆက်က ရှိခဲ့သောကိုးကွယ်ရာတွေနှင့် ဖီလာဆန့် ကျင်ဘက်ဖြစ်တဲ့ဆိုပြီးတော့ အဲဒီကာဖိရ်ခေါင်းဆောင်များက သူတို့ရဲ့လက်အောက်ငယ်သားတွေကို တမန်တော် မြတ်မုဟမ္မဒ်(ဆွ)နှင့် ကင်းကင်းရှင်းရှင်းနေဖို့ အမိန့်ပေးတားမြစ်ခဲ့တယ်။

ပြီးတော့နောက်တဖက်မှ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို ခြိမ်းခြောက်ပြီး ဘာပြောခဲ့လဲဆိုရင် အသင် တမန်တော်မုဟမ္မဒ်ရဲ့ ဟောပြောတင်ပြမှုတွေကို ရပ်ဆိုင်းလိုက်ပါ။ အသင်မုဟမ္မဒ်လိုချင်တာပြော ကျွန်ုပ်တို့ဖြည့် ဆည်းပေးမည်။ ဥစ္စာဓနကြွယ်ဝချမ်းသာသူ ဖြစ်ချင်တာလား၊ နုပျိုလှပဆုံးအမျိုးသမီးတွေကို လိုချင်တာလား၊ ဒါမှ မဟုတ် အာရဗ်မျိုးနွယ်စုတွေမှာ အထွတ်အထိပ်သြဇာအာဏာရှိသူ ဖြစ်ချင်တာလား၊ ကျွန်ုပ်တို့ဖန်တီးပေးမည်လို့ မက္ကာဟ်မြို့သား ကာဖိရ်ခေါင်းဆောင်တွေက ပြောခဲ့တယ်။

တမန်တော်မြတ်က အဲဒီပတ်ဝန်းကျင်ရဲ့ ကာဖိရ်မုရှ်ရိက်တွေက တင်ပြဆွေးနွေးမှုကို လက်မခံခဲ့ဘူး။ အဲဒီ လိုအခြေအနေမျိုးမှာ သောင်ဟီးဒ်ကို မစွန့်လွှတ်ခဲ့ဘူး။ နုပျိုလှပတဲ့ မိန်းမတွေ၊ ဥစ္စာဓနတွေ၊ သြဇာရှိတဲ့အာဏာပါဝါ တွေကို လက်မခံခဲ့ဘူး။ ‘အလ်ဟက်’ထာဝရအမှန်တရား၊ ဝဟီလမ်းညွှန်ကုရ်အာန်အကြောင်း တင်ပြမှုကို မစွန့်လွှတ် ခဲ့ဘူး။

ဒီနေရာမှာ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက် မဆလ ခေတ်ကနေ ဒီကနေ့အထိ မွတ်ဆ လင်မ်တွေအလုပ်နှင့် နေရာကောင်းရရှိရေး၊ ရာထူးတက်ရေး၊ သားမယားနှင့် အဆင်ပြေရေး၊ ဥစ္စာဓနရရှိရေး အတွက်အီမာန်ကိုစွန့်လွှတ်ပြီး‘မွရ်သတ်’ ဖြစ်သွားခဲ့တာမဟုတ်ပါလား။ အဲဒီတော့ မက္ကာဟ်က ကာဖိရ်ခေါင်းဆောင် တွေရဲ့ခြိမ်းခြောက်မှု အမျိုးမျိုးနှင့် လာဘ်ထိုးမှုတွေကို လက်မခံဘဲ ပယ်ချခဲ့တဲ့အတွက် ကာဖိရ်ခေါင်းဆောင်တွေက တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို သုတ်သင်သတ်ဖြတ်မယ်လို့ ကျုံးဝါးခဲ့တယ်။

အဲဒီလိုအခြေအနေမျိုးကို တင်စားပြီး ကုရ်အာန်အတွေးအခေါ်ရှင် မွတ်ဆလင်မ်စာဆိုတော် ဒေါက်တာ အိက်ဘားလ်က ကဗျာစပ်ဆိုရင်းနဲ့ ဘာပြောခဲ့လဲဆိုရင်

အလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းဖြစ်ထွန်းခံတွေ အထူးသဖြင့် မက္ကာဟ်ပတ်ဝန်းကျင်က ရှိရှိသမျှကာဖိရ်၊ မုရှ် ရိက်တွေက ဆန့်ကျင်နေတာကြောင့် အလွန်ကြောက်စရာပါလားဆိုပြီး ပြောခဲ့တယ်။ အဲဒီတော့ တမန်တော်မြတ်က တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ဟာ အကျွန်ုပ်အတွက် လုံလောက်တယ်။(တစ်နည်း) တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီသာလျှင် အကျွန်ုပ်အတွက် လုံလောက်တယ်လို့ ပြောခဲ့တာဖြစ်တယ်။

ကုရ်အာန်ဆူရာဟ်(၅)အာယသ်(၆၇)မှာ အလ္လာဟ်က ဘာပြောထားလဲ-

အလ္လာဟ်အရှင်မြတ်ရဲ့ ရေဆာလသ် တရားဒေသနာတော်ကို ဖြန့်ချိတဲ့အခါ လူတွေအနက်မှ ပြဿနာ လုပ်မယ်။ အန္တရာယ်ပြုလာလျှင် ငါအရှင်မြတ်က အသင်တမန်တော်ကို ကယ်တော်မူမယ်ဆိုတဲ့ အာမခံချက် ပေးထားတဲ့အတိုင်း ကယ်တော်မူခဲ့တာဖြစ်တယ်။ တမန်တော်မြတ်နှင့် အဆွဟာဘ်တွေက သောင်ဟီးဒ်ကို အကောင်အထည်ဖော်ဖို့အတွက် မိမိတို့ရဲ့ မွေးရပ်မြေကို စွန့်လွှတ်ပြီး ဟစ်ဂျရတ်လုပ်ခဲ့တာပါ။ အခြားဘာရည်ရွယ် ချက်မှရှိခဲ့တာ မဟုတ်ဘူး။

ဒါကြောင့် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်ပေးချက်အရ မက္ကာဒေသကို စွန့် ခွာပြီး မဒီနာမြို့ကို ဟစ်ဂျရတ်လုပ်ခဲ့တာဖြစ်တယ်။ မဒီနာကိုရောက်တော့ အလ္လာဟ်အရှင်မြတ်ပြဌာန်းသတ်မှတ် ထားတဲ့အတိုင်း ဒီးန်စနစ်ဇယား အစ္စလာမ်နည်းကျ လူ့ဘဝတည်ဆောက်ခဲ့တယ်။ သာတူညီမျှ ဆက်ဆံပြီး တရား မျှတတဲ့ ဥပဒေစည်းမျဉ်းတွေကို အကောင်အထည်ဖော်တယ်။ တမန်တော်မြတ် ကွယ်လွန်ပြီးတဲ့နောက် အဆွဟာဘ်ရဲဘော်ရဲဘက်များက ခေလာဖသ် သမ္မတစနစ်နှင့်ဒီးန်စနစ်ဇယား အစ္စလာမ်နည်းကျသာတူညီမျှဆက်ဆံပြီး နာခံဘဝတည်ဆောက်ခဲ့တယ်။ တမန်တော်မြတ်ခေတ် အချိန်ကာလနှင့် အဆွဟာဘ်တွေရဲ့ ခေတ်အချိန်ကာလနှစ်ပေါင်း(၄ဝ)ပြီးနောက် ဖိရ်အောင်န်၊ ကာရုန်၊ ဟာာမန်ဆိုတဲ့ အုပ်စုသုံးစုရဲ့ ကုရ်အာန်ဆန့်ကျင်ဘက် ကျောင်းတော်ဝါဒ မဇ်ဟာဘ် ဘာသာရေးရိုက်စားဝါဒဟာ တဖြေးဖြေး လွှမ်းမိုးခဲ့တာ ဒီကနေ့အထိ တွေ့ရပါတယ်။

ဒီကနေ့ ကမ္ဘာတစ်ဝှမ်းမှာ မွတ်ဆလင်မ်တွေနှင့် အခြားအခြား ယုံကြည်ချက်မတူတဲ့ လူတွေနှင့်ပြဿနာ ဖြစ်နေတာ၊ ကုရ်အာန်ရဲ့ ကျမ်းတော်ဝါဒလမ်းညွှန်မှုပေါ်မှာ ဖြစ်နေတာမဟုတ်ဘဲ၊ ကျောင်းတော်ဝါဒ မဇ်ဟဘ်ရဲ့ပုံစံ သွင်းမှု ကလ်ချာ ပေါ်မှာပြဿနာတက်နေတာဖြစ်တယ်။ ဥပမာအားဖြင့် 9/11 ပြီးတော့ အနောက်တိုင်းရင်းသား ပညာရှင်တွေ ကျမ်းတော်မြတ်ကုရ်အာန်ကို လေ့လာပြီးမှ အစ္စလာမ်ကို လက်ခံယုံကြည်တာဖြစ်တယ်။ ကျောင်းတော်ဝါဒရဲ့ ဟဒီးစ်ကျမ်းတွေကို လေ့လာပြီး အစ္စလာမ်ကိုလက်ခံယုံကြည်တာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ပို့ချခဲ့တဲ့ ဝဟီဘဝလမ်းညွှန်ကုရ်အာန်မှာပါတဲ့ အာယသ်သက်သေအထောက် အထားတရားဒေသနာတော်တွေကို တမန်တော်မြတ်မုဟမ္မဒ်(ဆွ)က တင်ြပခဲ့တဲ့အခါ ကုရ်အာန်အကြောင်းတင်ပြမှု ကို ဆန့်ကျင်ခဲ့တဲ့ ကာဖိရ်မုရှ်ရိက်တွေက သတ်မည်၊ သုတ်သင်ရှင်းလင်းမည်လို့ ခြိမ်းခြောက်ခဲ့သလို၊ ယခုလက်ရှိ အခြေအနေမှာလည်း ကုရ်အာန်ကို နားလည်သဘောပေါက်အောင် သင်ကြားပို့ချဟောပြောတင်ပြသူတွေကို အမျိုး မျိုး ဝေဖန်ပုတ်ခတ်ပြစ်တင်ရှုံချနေတာ တွေ့ရပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီး များခင်ဗျား-

တမန်တော်မြတ်က အာရဗ်မဟာလူမျိုးကြီးဝါဒကို မကျင့်သုံးခဲ့သလို ဒီ(၅၉)လမ်း မတ်စ်ဂျိဒ်မှာလည်း တိုင်း တပါယဉ်ကျေးမှု ကလ်ချာကို ပုံသွင်းတာမဟုတ်ဘူး၊ ယုံကြည်ချက်က နှလုံးသားနှင့်သက်ဆိုင်တာဖြစ်တယ်။ တိုင်း တပါးယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု ကလ်ချာ ရုပ်ြပပုံစံနှင့် သက်ဆိုင်တာမဟုတ်ဘူး။ အဲဒီတော့ ပြစ်တင်ဝေဖန် ရှုံချခံရသူတွေနှင့်ပတ်သက်ပြီး ကုရ်အာန်အတွေးအခေါ်ရှင် မွတ်ဆလင်မ်စာဆိုတော် ဒေါက်တာအိက်ဘားလ်က

ပြင်းထန်တဲ့ ဆန့်ကျင်ဘက်လေ တိုက်ခတ်မှုကြောင့်၊ မကြောက်နှင့် အို- သိန်းငှက်။ အဲဒီလိုပြင်းထန်တဲ့ လေတိုက်ခတ်မှုဟာ အသင့်ကိုမြင့်မားမှုဆီကို တွန်းပို့ခြင်း၊ အောင်မြင်မှုဆီကို ရောက်အောင်ပို့ပေးခြင်းသာဖြစ် တယ်။ တမန်တော်မြတ်(ဆွ)ဟာ ကဗျာဆရာ၊ ဗေဒင်ဆရာဆိုပြီး၊ မက္ကာမြို့က ကာဖိရ်၊ မုရှ်ရိက်တွေရဲ့စွပ်စွဲ ပြောဆို မှုတွေ လုံးဝမမှတ်ကန်ကြောင်း အလ္လာဟ်အရှင်မြတ်က ကုရ်အာန် ဆူရာဟ်(၃၆)အာယသ်(၆၉)မှာ ပြောထားပါ တယ်။

ငါအရှင်မြတ်က သူ့ကိုသင်ပေးခဲ့တာမဟုတ်ပေ။ ကဗျာလင်္ကာကို။ အလ္လာဟ်က ဘာပြောထားလဲ။ ငါအရှင် မြတ်က တမန်တော်ကို လက်တွေ့မကျစိတ်ကူးယဉ်ဆန်တဲ့ ကဗျာလင်္ကာကို သင်ပေးခဲ့တာမဟုတ်ပေ။(တစ်နည်း) အလ္လာဟ်အရှင်မြတ်က သူ့ရဲ့တမန်တော်ကို လက်တွေ့ဘဝတည်ဆောက်မှုစနစ်ကိုသာလျှင် သင်ပေးခဲ့တာဖြစ် တယ်။ ကဗျာ၊ လင်္ကာစပ်ဆိုရန် တမန်တော်မြတ်နှင့် သက်ဆိုင်သော မဟုတ်ဘဲ။ တမန်တော်မြတ်နှင့် ကဗျာလင်္ကာ ဘာမှ မသက်ဆိုင်ပါဘူး။ တမန်တော်မြတ်က ဘာကိုတင်ပြခဲ့တာလဲ။ သူတင်ပြခဲ့တာက သတိပေးနှိုးဆော် သွန်သင်ဆုံးမမှု ဇိကိရ်ကိုသာ တင်ပြခဲ့တယ်။ တမန်တော်မြတ်တင်ပြခဲ့တဲ့ အဲဒီသွန်သင်ဆုံးမမှု ဇိကိရ်ဆိုတာ သတိပေးနှိုးဆော်မှု ဇိကိရ်ဟာ ထင်ရှားရှင်းလင်းတယ်။ ဘဝတည်ဆောက်မှု လမ်းညွှန်ချက်ကုရ်အာန် ကျမ်းတော် မြတ်သာလျှင် ဖြစ်တယ်။

ဒါကြောင့် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ဟာ ရှေးဖြစ်ပုံပြင်တွေကို ဟောပြောသူ၊ ကဗျာဆရာမဟုတ်သလို၊ ဗေဒင်ဆရာလည်းမဟုတ်၊ တမန်တော်မြတ်ဟောပြောတင်ပြခဲ့တဲ့ အကြောင်းအရာနှင့် ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၆၉)အာယသ်(၄ဝ – ၄၂)

ဧကန်မုချ ကျမ်းတော်မြတ်ကုရ်အာန်ဟာ ယဉ်ကျေးသိမ်မွေ့တယ်။ မြင့်မြတ်ဂုဏ်ရှိတယ်။ တမန်တော်မြတ် ရဲ့ ရွှေနှုတ်တော်က ထွက်ခဲ့တဲ့စကားဖြစ်ပါတယ်။ တမန်တော်မြတ်(ဆွ)ဟာ အစ္စလာမ်ရေးရာဆိုင်ရာ ကုရ်အာန်မှာ ပါတဲ့ ဒီးန်စနစ်ဇယားကလွဲလို့ ဘာမှမပြောခဲ့ဘူး။ သူဟောပြောတင်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ကဗျာလင်္ကာ မဟုတ်ပါဘူး။ အသင်တို့အနည်းငယ်သာ သက်ဝင်ယုံကြည်ကြတဲ့ ကုရ်အာန်ကျမ်းမြတ်ဟာ ကဗျာဆရာ တစ်ယောက်ရဲ့ စကားမဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ချပေးခဲ့တဲ့ ဝဟီဘဝလမ်းညွှန်ကျမ်းကုရ်အာန်သာလျှင် ဖြစ်ပါတယ်။

အဲဒီတော့ အကြွင်းမဲ့သိတော်မူသော အလ္လာဟ်အရှင်မြတ်က နှစ်ပေါင်း(၁၄ဝဝ)အရင် ပြောခဲ့တဲ့အတိုင်း ဒီကနေ့ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ ကျမ်းတော်မြတ်ကုရ်အာန်ကို သက်ဝင်ယုံကြည်ပြီး၊ လက်တွေ့နားလည် သဘောပေါက်အောင် သင်ပေးသူ၊ သင်ယူဆည်းပူးသူ၊ လက်တွေ့လိုက်နာကျင့်သုံးသူ မွတ်ဆလင်မ်လူများစုလား၊ ဒါမှမဟုတ် လူနည်းစုလား၊ လေ့လာကြည့်လိုက်။ အဲဒီမွတ်ဆလင်မ်လူများစုရဲ့ သအ်လီးမ်စာဖတ်ဝိုင်းမှာ လည်းကောင်း၊ ဟောပြောတင်ပြမှုမှာလည်းကောင်း၊ ဆရာသခင်တွေနှင့် လည်းကောင်း၊ ဆရာသခင်တွေရဲ့ စာအုပ်တွေမှာ ရေးသားချက်တွေကိုတင်ပြပြီး၊ အဲ့ဒါတွေကို ယုံကြည်ကြတယ်။ အဲဒီအတိုင်းလိုက်နာကျင့်သုံးနေတာ တွေ့ရပါတယ်။

အဲဒီမွတ်ဆလင်မ်အများစုက အိန္ဒိယနိုင်ငံ ဒေယိုဗာန် ဒေသကအယူအဆကို လက်ခံယုံကြည်ပြီး တမန် တော်နေ့ အခမ်းအနားလုပ်တာ၊ ဘေဒါအသ်၊ ကီယာမ် မတ်တတ်ရပ်ပြီး တမန်တော်မြတ်ကို ဆလာမ်မေတ္တာပို့တာ ဘေဒါအသ်လို့ပြောနေကြတယ်။ ဒါဆိုရင် ကုရ်အာန်ကလွဲလို့ ဆရာသခင်တွေရဲ့စာအုပ်တွေကို ယုံကြည်လိုက်နာ တာ ဘေဒါအသ်မဟုတ်ဘူးလား။ တမန်တော်မြတ်နှင့်သမ္မတလေးပါးခေတ်မှာ ကုရ်အာန်ကလွဲလို့ ဘာကျမ်းစာမှ မရှိခဲ့ပါဘူး။

ကျွန်တော်ဒီအကြောင်းအရာတွေကို ဘာကြောင့်ပြောရလဲဆိုရင် ဝမ်းနည်းစရာကောင်းတာကတော့ အလ္လာဟ်လမ်းထွက်တယ်လို့ ပြောနေကြတဲ့လူတစ်ချို့က ကျွန်တော်နှင့်ဆွေးနွေးတော့ အစ္စလာမ်ရဲ့သမိုင်းကြောင်း ကိုဘာမှမသိနားမလည်ဘဲ၊ အီမာမ်ဆရာသခင်တွေရဲ့ ဟဒီးစ်ကျမ်းတွေဟာ တမန်တော်မုဟမ္မဒ်(ဆွ)မတိုင်မီ အလျင်ကရှိခဲ့တယ်လို့ပြောနေကြတယ်။ အဲဒီဆရာသခင်တွေရဲ့ ဟဒီးစ်ကျမ်းတွေဟာ တမန်တော်မြတ် ဝဖားသ် ကွယ်လွန်ပြီး နှစ်ပေါင်း(၁၉ဝ-၂ဝဝ)ကျော်မှာ ပေါ်လာခဲ့တာဖြစ်တယ်။ နောက်ပြီးတော့ ဂျမာသ် အလ္လာဟ်လမ်း ထွက်တယ်ဆိုတဲ့ သဗ်လီးဂ်ကတော့ အိန္ဒိနိုင်ငံ မေဝါဒ်ဒေသက ပေါ်လာခဲ့တာနှစ်ပေါင်း(၇ဝ)ကျော်သာဖြစ်မည်။

နောက်ပြီးတော့ လူနည်းစုတစ်စုက သူတို့ကတော့ ကုရ်အာန်အကြောင်းပြောဆို တင်ပြပေမယ့်၊ လက်တွေ့ လိုက်နာကျင့်သုံးမှုမှာ ဇီးရိုးပဲရှိတယ်။ အာဇာန်ဆိုတာ ဘာသာရေး Formပိုင်းဆိုင်ရာ ဆွလားသ်ဝတ်ပြုတာ၊ ဘာသာရေးဆုမွန်ဒုအာတောင်းဆိုတာ ဘာသာရေးဆိုပြီး မလုပ်ကြဘူး။ အဲဒီအုပ်စုဝင်များ ဥစ္စာပစ္စည်းနှင့်ပတ်သက် လာရင် မိဘကိုတောင် သက်ညှာမှုမရှိဘဲ မျက်ရည်ကျအောင်လုပ်ခဲ့တာတွေ့ရပါတယ်။ အဲဒီတော့ ဆူရာဟ်(၆၉) အာယသတ်(၄၂)ကို တင်ပြပါ့မယ်။

သူ(တမန်တော်မြတ်)ဟောပြောတင်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ဗေဒင်တွက်ချက်ပြီးပြောခဲ့တဲ့ စကား မဟုတ်ဘူး။ အသင်တို့အနည်းငယ်သာ သတိပြုဂရုစိုက်တယ်။ ကုရ်အာန်ကျမ်းတော်မြတ်ဟာ ဗေဒင်ဆရာတစ် ယောက်ရဲ့ စကားမဟုတ်ဘူး။ အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချခဲ့တဲ့ ဝဟီဘဝလမ်းညွှန်ကျမ်း ကုရ်အာန်သာလျှင် ဖြစ်တယ်။ စကြဝဠာအပေါင်းကို မရှိရာမှရှိရာသို့ အဆင့်ဆင့်ပြုစုပျိုးထောင်လမ်းညွှန်ရှင်(ရဗ်)ဖြစ်တယ်။ အလ္လာဟ် အရှင်မြတ်က နည်းနည်းချင်း အလီလီထုတ်ပြန်ပို့ချခဲ့တဲ့ ကျမ်းတော်မြတ်ကုရ်အာန်ဖြစ်ပါတယ်။

အဲဒီတော့ ကုရ်အာန်ဆူရာဟ်(၅၃)အာယသ်(၃-၄)မှာ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်နှင့် ပတ်သက်ပြီး ဘာပြောထားလဲ။

တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ဟာ အစ္စလာမ်ရေးရာ ကိစ္စရပ်တွေနှင့်ပတ်သက်လာရင် အလ္လာဟ်ထံက ပို့ချ ခြင်းခံရတဲ့ ဝဟီလမ်းညွှန်ကုရ်အာန်က လွဲလို့တမန်တော်မြတ်က မိမိရဲ့စိတ်အလိုဆန္ဒနှင့် ထုတ်ဖော်ပြောခဲ့တာ မဟုတ်ဘူး။ ဒါကြောင့်အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ဆူရာဟ်(၃) အာယသ်(၃၁)မှာ တမန်တော်မြတ်နှင့်တကွ ကျွန်ုပ်တို့ကို ဘာပြောခဲ့လဲ-

အလ္လာဟ်က အို- တမန်တော် အသင်အဲဒီလူတွေကို အသိပေးကြေညာလိုက်ပါ။ အကယ်၍ အသင်တို့က အလ္လာဟ်အရှင်မြတ်ကို ချစ်မြတ်နိုးမည်ဆိုလျှင် အကျွန်ုပ်တမန်တော် လက်တွေ့လိုက်နာကျင့်သုံးတဲ့ နည်းစနစ် အတိုင်း၊ အသင်တို့ထပ်ကြပ်မကွာ ဖဝါးခြေထပ်လိုက်နာရမည်။

ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ဆူရာဟ်(၄) အာယသ်(၈ဝ)မှာ မည်သူမဆို ဘယ်သူဖြစ်ဖြစ် အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့တဲ့ တမန်တော်ရဲ့ အမိန့်တွေကို လိုက်နာမည်ဆိုရင်၊ ဧကန်အမှန်အဲဒီလူဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကို လိုက်နာသူဖြစ်မည်။