နဖ်စ် ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ ကုရ်အာန်သုတေသီဦးနူးရ်ခင်မောင်

နဖ်စ် ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ   ကုရ်အာန်သုတေသီဦးနူးရ်ခင်မောင်

ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ် အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက်များကို တင်ပြခွင့်ရတဲ့ အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့် ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန် ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ် အာန်အကြောင်း တင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်း ကျောင်းတော် မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့် ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုး သား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တင်ပြမဲ့အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ `နဖ်စ် လူ့ကိုယ်ရည်ကိုယ်သွေးဆိုသည်မှာ´ အပိုင်း(၁)ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား – ကျွန်တော်ရဲ့တင်ပြချက်ကို မရှင်းလင်းခဲ့ရင် ဂျုမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။

`အတ်စ္စလားမု အလိုင်းကွန်းမ်ဝရဟ် မသွလ်လားဟိ ၀ဘရကာသုဟု´

အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်ပြီး လူသားတိုင်းနှင့်သက်ဆိုင်တာဖြစ်တယ်။ အထူးသဖြင့် မွတ်ဆလင်မ် တိုင်းနှင့်ပိုပြီးတော့ သက်ဆိုင်ပါတယ်။ မွတ်ဆလင်မ်တိုင်းရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့်ပတ်သက်ပြီး ကျမ်းတော် မြတ်ကုရ်အာန်မှာပါတဲ့ အာယသ်တော်နှင့် တင်ပြမှာဖြစ်ပါတယ်။ ကုရ်အာန်သာလျှင် အလ္လာဟ်အရှင်မြတ်ထံမှ ထုတ်ပြန်ပို့ချခြင်းခံရတဲ့ကျမ်းဖြစ်တယ်။ ကုရ်အာန်ကလွဲလို့ အလ္လာဟ်ထံက အခြားဘာကျမ်းစာမှ ထုတ်ပြန်ပို့ချခဲ့ တာမဟုတ်ဘူး။ ဒါကြောင့် `ကုရ်အာန်သာလျှင် ဒွိဟသံသယနှင့် လုံးဝကင်းရှင်းတဲ့ကျမ်းဖြစ်တယ်။´ (၂း၂)

`ကုရ်အာန်သာလျှင် လူသားအားလုံးအတွက် လမ်းညွှန်ချက်ဖြစ်တယ်။´(၂း၁၈၅)

`ကုရ်အာန်သာလျှင် စကြ၀ဠာအပေါင်းအတွက် သွန်သင်ဆုံးမမှု ဇိကိရ်ဖြစ်တယ်။´(၃၆း၆၉)

`ကုရ်အာန်ကိုသာလျှင် အလ္လာဟ်အရှင်မြတ်က ထိန်းသိမ်းစောင့်ရှောက်ကာကွယ်စောင့်ရှောက်ထား ကြောင်း အာမခံချက်ပါတဲ့ ကျမ်းဖြစ်တယ်။´ (၁၅း၉)

`ကုရ်အာန်သာလျှင် အစ္စလာမ့်ရေးရာသွန်သင်ဆုံးမမှုနှင့် ပတ်သက်ပြီး တစ်ခုတည်းသော မူလရေ သောက်မြစ်ဖြစ်တယ်။ အထူးသဖြင့် ကုရ်အာန်သာလျှင် လူ့ဘ၀တည်ဆောက်မှု ဒီးန်စနစ်ဇယားဖြစ်ပါတယ်။´(၃း၉)

ဒီအကြောင်းအရာတွေကို နဖ်စ် လူ့ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူသားအားလုံးနှင့် သက်ဆိုင်လား၊ မသက်ဆိုင်ဘူးလား၊ အထူးသဖြင့် မွတ်ဆလင်မ်တွေနှင့် ပိုပြီးတော့သက်ဆိုင်ပါတယ်။ ဒီအကြောင်း အရာတွေကို မသိမဖြစ်သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေဖြစ်တယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ အကြောင်းအရာတွေရဲ့ အနက်အဓိပ္ပါယ်ဟာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ စကားလုံးအားဖြင့်ရော သဘောတရားအားဖြင့်ပါ အများဆုံးအကြောင်းအရာတွေဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကို မသိလို့ကတော့ လူဖြစ်ရကျိုး မွတ်ဆလင်မ်ဖြစ်ရကျိုးနပ်မည် မဟုတ်ဘူးတဲ့။ ယုံကြည်မှုရဲ့အုတ်မြတ်ဖြစ်တဲ့ အကြောင်းအရာဟာ ဘာအကြောင်းအရာလဲ။ ကုရ်အာန်ရဲ့အကြောင်းအရာတွေ ဖြစ်တယ်။ ကုရ်အာန်တစ်အုပ်လုံးဟာ အလ္လာဟ့်စကား အလ္လာဟ့်တရား အလ္လာဟ်ရဲ့ပြဌာန်းချက် အကြောင်းအရာ တွေဖြစ်ပါတယ်။ အလ်ဟက် အမှန်တရား သစ္စာတရားဟာ ကျမ်းတော်မြတ်ကုရ်အာန်သာလျှင်ဖြစ်တယ်။ ဒီးန် လူ့ဘ၀တည်ဆောက်မှုစနစ်ဟာ ကုရ်အာန်ထဲမှာဘဲရှိတယ်။ ကုရ်အာန်ကလွဲလို့ အခြားလူလုပ်ကျမ်းစာထဲမှာ ဒီးန် မရှိဘူး။ မဇ်ဟဘ်ပဲရှိတယ်။ ကုရ်အာန် ဆူရာဟ် (၃)အာယသ် (၁၉)မှာ

`ဧကန်အမှန် အလ္လာဟ်အရှင်မြတ်ထံမှ လူသားတို့အတွက် ကျင့်သုံးလိုက်နာရမည့် ဒီးန်စနစ်ဇယား အစ္စလာမ်သာလျှင်ဖြစ်ပါတယ်။´ အဲဒီတော့ လူတွေမြင်တွေ့ ကြားသိနိုင်တဲ့စွမ်းအား အရည်အသွေးဟာ နေရာ ဌာန အချိန်ကာလ အကန့်အသတ်ဘောင်ထဲမှာရှိတယ်။ လူတွေစတင်မွေးဖွားလာရခြင်း အဆုံးတစ်နေ့မှာ သေဆုံးရ ခြင်းစတဲ့ ကန့်သတ်မှု ဘောင်ထဲမှာရှိတယ်။ လူ့ဘ၀ဟာ မပြည့်စုံလင့်ကစား သူ့ကိုယ်သူပြည့်စုံတယ်လို့ ထင်နေ တယ်။ အရာရာအားလုံးကို လူသားကစမ်းတ၀ါးဝါးလုပ်ပြီးတော့ လက်တွေ့မှာတော့ စမ်းကြည့်နေတတ်တယ်။ လူဟာ အမှားတွေ့မှ အမှန်ကိုတစ်ခါတစ်ရံတွေရတဲ့အပေါ်မှာ ငါတော့ဟုတ်လှပြီလို့ စိတ်ကြီးနေတတ်တယ်။ လူဟာ သူ့ကိုပြုစုပျိုးထောင်လမ်းညွှန်ရှင်ကို အနည်းငယ်သိရှိရတဲ့အပေါ်မှာ အဲဒီပြုစုပျိုးထောင်ရှင်ကို မိမိရဲ့ကိုယ်ပိုင် အယူအဆနှင့် အစစအရာရာကို ဆုံးဖြတ်ပေးလို့ သတ်မှတ်လိုက်တော့တယ်။

လူဟာ မိမိလိုပဲ လူ့သဘာဝအတိုင်း အလ္လာဟ်အရှင်မြတ်ကို ယူဆတတ်တယ်။ လူရဲ့စိတ်နေစိတ်ထား အတိုင်း အလ္လာဟ်အရှင်မြတ်ကိုလည်း ယူဆတတ်တယ်။ ဥပမာ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ အမျက်ဒေါသ ထွက်ခြင်းဟာ အလ္လာဟ်အရှင်မြတ်မှာ ရှိတယ်လို့ လူအများစုက လက်ခံထားကြတယ်။ အလ္လာဟ်အရှင်မြတ်ဟာ လူတွေရဲ့ထင်မြင်ယူဆကြံဖန်ပြောဆို စိတ်ကူးမှုမှာ သန့်ရှင်းစင်ကြယ်ကြောင်း ကုရ်အာန်ဆူရာဟ် (၃၇)အာယသ် (၁၈၀)မှာ `အသင်တမန်တော်ကို အဆင့်ဆင့်ပြုစုပျိုးထောင်ကာကွယ်စောင့်ရှောက် လမ်းညွှန်ရှင်(ရဗ်)ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ဟာ ဂုဏ်တော်အနန္တနှင့်ပြီးပြည့်စုံပြီး လူတွေထင်မြင်ယူဆ ကြံဖန်ပြောဆိုမှုမှ လုံးဝကင်းရှင်း တော်မူပြီး နှိုင်းယှဉ်မှုအပေါင်းမှာလည်း ကင်းရှင်းတော်မူသော အရှင်ဖြစ်ပါတယ်။´

အလ္လာဟ်အရှင်မြတ်နဲ့ ပတ်သက်ပြီး ဆူရာဟ်(၅၇) အာယသ်(၃)ရဲ့တင်ပြချက်ကတော့ `အရှင်မြတ်ဟာ ရှိရှိသမျှ အရာအားလုံးမရှိတဲ့ အခြေအနေမှ ရှိတဲ့အခြေအနေသို့ ဖြစ်ထွန်းပေါ်ပေါက်ပြောင်းလဲ ထင်ရှားလာအောင် အစပထမပြုစုပျိုးထောင် လမ်းညွှန်ရှင်ဟာ အလ္လာဟ်အရှင်ြမတ်သာလျှင်ဖြစ်တယ်။ ရှိရှိသမျှ အရာအားလုံးနိဂုံးချုပ် စခန်းသိမ်းပျောက်ကွယ်သွားပြီးတဲ့နောက်မှာလည်း အဆုံးစွန်တိုင် ရှိနေမည့်အရှင်ဟာ အလ္လာဟ်အရှင်မြတ်သာ လျှင်ဖြစ်တယ်။´

အလ္လာဟ်ပြုစုပျိုးထောင်ထားသော အရာတွေကိုကြည့်ရှုလေ့လာဆန်းစစ်ကြည့်ခြင်းအားဖြင့် အဲဒီအရာတွေ ရဲ့ ပြုစုပျိုးထောင်လမ်းညွှန်ရှင်ဟာ အထင်အရှားအသေအချာရှိတဲ့ အရှင်ဟာ အလ္လာဟ်သာလျှင်ဖြစ်တယ်။ ထိတွေ့ မြင်နေရတဲ့ ရုပ်ဝတ္ထုကိုယ်ထည်ရှိနေမှ အလိုလိုသိမြင်နားလည်နိုင်တဲ့ လူသားအတွက် ရုပ်ဝတ္ထုကိုယ်ထည်ရှိတဲ့ နိယာမမှ ကင်းလွှတ်တော်မူသောအရှင်ဟာ အလ္လာဟ်သာလျှင်ဖြစ်တယ်။ မည်သည့်တစ်စုံတစ်ရာမကျန် ရှိရှိသမျှ အရာအားလုံးကို အလ္လာဟ်ရဲ့ရွှေဥာဏ်တော်ဖြင့် အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်ပါတယ်။

ဒါကြောင့်အလ္လာဟ်အရှင်ြမတ်ဟာ ကန့်သတ်မှုဘောင်တွေမှ ကင်းရှင်းတဲ့အရှင်ဖြစ်တယ်။ အလ္လာဟ်မှလွဲလို့ ရှိရှိသမျှ အရာအားလုံးဟာ ကန့်သတ်မှုဘောင်ထဲမှာရှိတယ်။ `အလ္လာဟ်အရှင်မြတ်နှင့် အလားတူဥပမာပေး နှိုင်းယှဉ်စရာ မည်သည့်တစ်စုံတစ်ရာလုံးဝမရှိပါ။ ကုရ်အာန်ဆူရာဟ်(၃) အာယသ်(၅)မှာကျတော့ `ဧကန်အမှန် အနန္တစကြ၀ဠာများနှင့် လူ့လောက ကမ္ဘာဂြိုဟ်မှ မည်သည့်တစ်စုံတစ်ရာမကျန် ရှိရှိသမျှအရာအားလုံးဟာ အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖုံးကွယ်နေတာမရှိပါ။ အလ္လာဟ်အရှင်မြတ်ဟာ အသင်တို့ဘယ်နေရာကိုပဲ ရောက်ရောက်၊ အသင်တို့ဘယ်နေရာမှာပဲ ရှိနေရှိနေ၊ အသင်တို့နှင့်အတူတကွ ရှိနေတာဖြစ်တယ်။ အလ္လာဟ် အရှင်မြတ်က အသင်တို့လုပ်ကိုင်ဆောင်ရွက်နေသော အကြောင်းအရာတွေကို အလ္လာဟ်ရဲ့ရွှေဥာဏ်တော်အားဖြင့် အကြွင်းမဲ့သိမြင်တော်မူသော အရှင်ဖြစ်ပါတယ်။´

`အနန္တစကြ၀ဠာများနှင့် လူ့လောက ကမ္ဘာဂြိုဟ်မှာ အချုပ်အခြာ သြဇာအာဏာဟာ အလ္လာဟ်အရှင်မြတ် အတွက်သာဖြစ်တယ်။ အရှင်မြတ်သာလျှင် စိုးပိုင်တော်မူသော အရှင်ဖြစ်တယ်။ အရေးကိစ္စ ဟူဟူသမျှဟာ အရှင်မြတ်ထံကိုသာလျှင် ပြန်လည်ရောက်ရှိမှာဖြစ်တယ်။´ ဆူရာဟ်(၅၇)အာယသ် (၄-၅)ဖြစ်ပါတယ်။

လူတွေရဲ့ နဖ်စ် စိတ်နှလုံး ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်သိတဲ့အကြောင်း ကုရ်အာန်ဆူရာဟ် (၅၀း၁၆)မှာ `အလ္လာဟ်က ဧကန်မုချ ငါအရှင်မြတ်ဟာ လူသားကို ဆင့်ကဲဖြစ်ထွန်းဖြစ်ပေါ် ထင်ရှားစေပြီး အဲဒီလူသားရဲ့နဖ်စ်ကနေပြီးတော့ စေ့ဆော်တိုက်တွန်းတဲ့ အသိကို စိတ်ဆန္ဒကို အတွေ့အကြုံကို ခံစားချက်ကို ငါအရှင်မြတ်က သိတော်မူပြီး ငါအရှင်မြတ်ဟာ အဲဒီလူသားရဲ့ လည်ချောင်းသွေးကြောထက်ပင် ပိုမို ပြီးတော့ အနီးစပ်ဆုံးမှာရှိတယ်။´

ဒါကြောင့် လူ့ကိုယ်ရည်ကိုယ်သွေး နဖ်စ်ရှင်သန်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အလ္လာဟ့်စကား အလ္လာဟ့်တရား ဖြစ်တဲ့ ကုရ်အာန်ရဲ့နည်းပေးလမ်းညွှန်မှုအရ လူတွေတစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ကိုယ်ရည်တစ်ကာယ၊ မိမိရဲ့ကိုယ်ရည်ကိုယ်သွေးကို ဖွံ့ဖြိုးအောင်ပြုလုပ်နိုင်မှာ မဟုတ်ဘူး။ ကိုယ်ရည်ကိုယ်သွေးကို ဖွံ့ဖြိုးအောင်ပြုလုပ် နိုင်တဲ့နည်းမှာ လူတွေဟာ မိမိလိုပဲ အခြားအခြားလူတွေ ပါဝင်နေသော လူ့ဘောင်အဖွဲ့အစည်း အသိုင်းအ၀န်းမှာ တစ်ပါတည်းပူးတွဲ ပါဝင်လက်တွဲပြီး နေထိုင်ကူးလူးဆက်ဆံနေရင်းဖြင့် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုကို ပြုလုပ်နိုင် မှာဖြစ်တယ်။

ဒါပေမယ့် တစ်ကိုယ်ကောင်းဆန်ဆန် အမြဲတမ်းငါ့အတွက်ဆိုပြီး ကြည့်တတ်တဲ့ မနာလိုစိတ်ရှိတယ်။ အတ္တ သမားတွေဆိုရင် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် ငါသာစားရမည်။ သောက်ရမည်။ ကောင်းစားရမည်။ ကြီးပွားရမည်။ ချမ်းသာရမည်။ နာမည်ကျော်ကြားရမည်။ ကုသိုလ်နှင့် ဂျန္နသ်ရရှိအောင် ကျင့်ကြံ အားထုတ်တဲ့ ကျင့်စဉ်ကျင့်ရပ်တွေဟာ အတ္တသမားတွေရဲ့ ကိုယ်ပိုင်နည်းနာတွေသာဖြစ်တယ်။ ဒါကြောင့်တစ်ဦး တစ်ယောက်အတွက်ရော အသိုင်းအ၀န်းတစ်ခုလုံးမှာရှိတဲ့ လူတွေအတွက်ပါ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုနိယာမ ဥပဒေဟာ သူသူငါငါ လူအားလုံးပါဝင်တဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်လုံးပေါ်မှာသာလျှင် အခြေခံတည်ဆောက် ထားတာဖြစ်တယ်။

အဲဒီလို ကုရ်အာန်ရဲ့လမ်းညွှန်ချက်အတိုင်းဖြစ်ထွန်း ပေါ်ပေါက်တည်ဆောက်မှသာလျှင် လူ့ဘောင်မှာ ရှိတဲ့ တစ်ဦးခြင်းတစ်ယောက်ခြင်းရော လူအားလုံးပါ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှာဖြစ်တယ်။ လူတစ်ယောက်နှင့် တစ်ယောက် မိသားစုတစ်စုနှင့်တစ်စု လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဘာသာဝင်အုပ်စုတစ်စုနှင့်တစ်စု၊ အခြားဘာသာ ၀င်အုပ်စုတွေဟာ တစ်ဖက်သားရဲ့ကိုယ်စိတ်နှလုံး၊ အကျိုးစီးပွားနစ်နာထိခိုက် ဆုံးရှုံးမှုဖြစ်စေမည့် အန္တရာယ်မှ ကင်းဝေးစေရမည်။ အကြောင်းမှာ ကျမ်းတော်မြတ်ကုရ်အာန်က လူတစ်ယောက်ခြင်းရဲ့နဖ်စ် ကိုယ်ရည်ကိုယ်သွေး ကိုယ်စွမ်းကိုယ်စ ဖွံ့ဖြိုးမှုဟာ အဲဒီလူကိုယ်တိုင်ပါဝင်နေသော လူ့ဘောင်ပတ်ဝန်းကျင်မှာရှိတဲ့ အခြားအခြားသော လူတွေရဲ့ နဖ်စ်ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုကို အချိုးကျ ကူညီပံ့ပိုးဖြည့်ဆည်းပေးရမည်လို့ လမ်းညွှန်ထားတာ ဖြစ်တယ်။

ဒါကြောင့် လူတစ်ဖက်သားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုကို ဆောင်ရွက်ပေးနေခြင်းဟာ မိမိရဲ့ကိုယ် ရည်ကိုယ်သွေးဖွံ့ဖြိုးမှုကိုပါ တစ်ချိန်တည်းမှာ ထပ်တူထပ်မျှ အချိုးကျကူညီဆောင်ရွက်နေခြင်းနှင့် အတူတူပင် ဖြစ်တယ်။ လူတွေတစ်ယောက်နှင့်တစ်ယောက် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကိစ္စမှာ ဆန့်ကျင်ဘက်သဘော ရန်ဖက်သဘော အဖျက်သဘော လုံးဝမလုပ်ဘူးဆိုရင် အဲဒီရန်ဖက်သဘောလုပ်ရပ်မျိုး ပေါ်ပေါက်မှာမဟုတ်ဘူး။ အုပ်စုတစ်စုနှင့်တစ်စု လူမျိုးတစ်မျိုးနှင့် တစ်မျိုး ဆန့်ကျင်ပျက်စီးစေမယ့် လုယက်မှု၊ နိုင်ထက်စီးနင်းမှု ပြိုင်ဆိုင် တိုက်ခိုက်မှုစတာတွေ ပေါ်ပေါက်လာစရာအကြောင်းရှိမှာ မဟုတ်ဘူး။ ဒီလိုနည်းလမ်းမှာ လူခပ်သိမ်းတို့အတွက် ထာဝရရှင်သန်နေမည့်လူမှုအဖွဲ့အစည်းစနစ်ကို ကျမ်းတော်မြတ်ကုရ်အာန်က လမ်းညွှန်ပြသသောနည်းလမ်းပင် ဖြစ်တယ်။

၂၀ ရာစု ကုရ်အာန်အတွေးအခေါ်ရှင် ဒေါက်တာအိက်ဘားလ်က နဖ်စ်ကို ခုဒီ၊ မိမိကိုယ်၊ အတ္တ I am ness self mind လူ့ကိုယ်ရည်ကိုယ်သွေးစတဲ့ အဓိပ္ပါယ်ဆောင်တယ်လို့ ပြောခဲ့တယ်။ ကုရ်အာန်က လမ်းညွှန်ပြသင်ကြား ပို့ချသော လူ့ဘ၀တည်ဆောက်မှုစနစ်မှာ အခြေခံအကျဆုံး အထူးပြုဝေါဟာရအနက် အဓိပ္ပါယ်နှင့် လေးနက်ပီပြင် စွာ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ကိုယ်စိတ်နှလုံး၊ အစွမ်းအစ၊ အရည်အသွေး၊ စွမ်းပကား၊ အရည်အချင်း၊ လုပ်ရည်ကိုင်ရည် ဥာဏ်ရည်ဥာဏ်သွေး၊ ဥာဏ်စွမ်းဥာဏ်စ၊ အသိပညာအလိမ္မာ ဗဟုသုတ၊ သိနားလည်မှု၊ တတ်သိကျွမ်းကျင်မှု၊ စိတ်ဓါတ်ရင့်ကျက်မှု စိတ်စွမ်းရည်ထက်မြက်မှု၊ စိတ်နေစိတ်ထား စွမ်းဆောင်နိုင်စွမ်းစတာတွေကို လူ့အဖွဲ့အစည်းအတွက် စိတ်ကောင်းစိတ်မြတ်နှင့် ကူညီပံ့ပိုးမျှဝေပေးပြီး တည်ငြိမ် သောကကင်းတဲ့ နဖ်စ်နှင့်ပတ်သက်ပြီး အလ္လာဟ်အရှင်ြမတ်က ကုရ်အာန်ဆူရာဟ်(၈၉) အာယသ်(၂၇ – ၃၀)မှာ

အလ္လာဟ်အရှင်မြတ်က `အို သောကကင်းပြီး တည်ငြိမ်အေးချမ်းသော နဖ်စ်အသက်ဇီဝိန် အသင်ဟာ ငါအရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို ခံယူလျက် မိမိရဲ့အဆင့်ဆင့်ပြုစုပျိုးထောင် လမ်းညွှန်ရှင်(ရဗ်)ဆီကို ပြန်သွား လော့။ ပြီးတော့ အသင်ဟာငါအရှင်မြတ်ရဲ့သြဇာခံတို့ထဲမှာပါဝင်ပြီး ငါအရှင်မြတ်ရဲ့ ဂျန္နသ်ထဲကိုဝင်ရောက်လော့ ဆိုပြီးပြောမည်။´

အဲဒီတော့ ကမ္ဘာတစ်ဝှမ်းမှာရှိသော အစ္စလာမ်ဝင်တွေ၊ လူမျိုးစုဝင်တွေ၊ သြဇာအာဏာနှင့် တိုင်းပြည်ကို အုပ်ချုပ်နေသော ခေါင်းဆောင်တွေ ကုရ်အာန်ကနည်းပေးလမ်းညွှန်တဲ့ ဒီးန်စနစ်အတိုင်း အုပ်ချုပ်ပြီး စီရင်ဆုံးဖြတ် တာလား။ ဒါမှမဟုတ် ကုရ်အာန်ကို မျက်ကွယ်ပြုပြီး အခြားအခြားလူလုပ်စနစ်တွေ လမ်းစဉ်တွေနှင့် အုပ်ချုပ်နေတာ လား၊ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို လေ့လာကြည့်လိုက်။ သြဇာအာဏာနှင့် ပတ်သက်ပြီး မိမိနှင့်မူဝါဒလမ်းစဉ် မတူတဲ့လူတွေကို ငါနှင့်မတူ ငါ့ရန်သူတိုင်းပြည်ရဲ့ သစ္စာဖောက်ဆိုပြီး သေဒဏ်ပေးတာ၊ လည်ဂုတ်ဖြတ်နေတာ၊ သတ်ဖြတ်နေတာ တွေ့ရပါတယ်။ အဆိုးဝါးဆုံးကတော့ ကုရ်အာန်ကျရောက်ခဲ့တဲ့ အာရဗ်ကမ္ဘာက နိုင်ငံတွေကို တွေ့ရတယ်မဟုတ်လော။

အဲဒီအထဲမှာ ဖိရ်အောန်စနစ်နှင့်အုပ်ချုပ်နေသော တော်ဝင်မိသားစုတွေ၊ နေ့လယ်ပိုင်းမှ အာရဗ်ဝတ်စုံနှင့် သူတော်ကောင်းယောင်ဆောင်ပြီး၊ ညနေပိုင်းကျတော့ ဥရောပနိုင်ငံတွေကိုသွားပြီး ယူရိုပီယန်ဝတ်စုံနှင့် ရှောပင် ထွက်နေတာတို့၊ ရမဿွာန်လမှာ ထိုင်းနိုင်ငံကိုသွားပြီး အပြာမယ်တွေနှင့် ပျော်ပါးတာတို့ ကြားသိရတယ်။ နောက်ပြီးတော့ ကျွန်ုပ်တို့မြန်မာနိုင်ငံမှာရှိတဲ့ မွတ်ဆလင်မ်ထဲမှာ မွတ်ဆလင်မ်အများစုပါဝင်တဲ့ အဲဒီဘာသာရေး အဖွဲ့အစည်းကို လေ့လာကြည့်လိုက်။ အဲဒီထဲမျာပါတဲ့ အကြီးအကဲတွေဟာ ယုံကြည်လက်ခံလိုက်နာကြတဲ့ ကျောင်းတော်ဝါဒမဇ်ဟဘ်က မြင့်မြတ်တယ်။ ကြီးကျယ်တယ်၊ တန်ခိုးဣဒ္ဓိပါဒ်ကြီးမားတယ်ဆိုပြီး အရာရာကိုချုပ် ကိုင်ပြီး စီရင်ပြုလုပ်နိုင်တဲ့အပေါ်မှာ  လူတွေကိုအသိပညာ၊ ဆင်ခြင်တုံတရားကို အသုံးမကျနိုင်အောင် စူးစမ်းမှုမလုပ်နိုင်အောင်၊ တားမြစ်ထားတာ တွေ့ရပါတယ်။

နောက်ပြီးတော့ သူတို့က မိရိုးဖလာအစဉ်အလာအရ ပြုလုပ်ထားတဲ့ မဇ်ဟာဘ်ရဲ့နည်းလမ်းနှင့် ကျင့်စဉ် ကျင့်ရပ်တွေဟာ လုံးဝပြီးပြည့်စုံပြီး အားကိုးယုံကြည်စရာလို့ ပြောဆိုပြီး၊ ပြုပြင်ပြောင်းလဲစရာမလို၊ ဖြည့်စွက်ပြင် ဆင်စရာလုံးဝမလိုကြောင်း အခိုင်အမာပြောကြတယ်။ ဒီကျင့်စဉ်ကျင့်ရပ်တွေပေါ်မှာ လုံးဝဥဿုံယုံကြည်ရမည်လို့ အမိန့်ပေးထားတာ သိရပါတယ်။ အဲဒီလိုပြဌာန်းမှုတွေအောက်မှာ ဘာမှစောဒကမတက် ငြိမ်သက်ပိပြားလျှက် မလှုပ်မရှားဘဲ မမှိတ်မသုန် တစ်စိတ်တစ်လက်တည်းရှိနေဖိုပ အထူးမှာကြားထားတယ်။ နေရာဒေသ အချိန်ကာလ၊ ရာသီဥတု သဘာ၀၀န်းကျင် ဘယ်လိုပဲပြောင်းလဲနေစေကာမူ ပြဌာန်းချက်အားလုံးကို တစ်စိုက်မတ်မတ် စွဲကိုင် ထားဖို့ အဆုံးစွန် အမိန့်ပေးထားတာဖြစ်တယ်။

ကုရ်အာန် ဆူရာဟ် (၅) အာယသ်(၁၁၆)မှာ ဘယ်လိုသုံးထားသလဲဆိုရင် `ကျွန်တော့်ရဲ့စိတ်နှလုံးထဲမှာ ရှိတယ်။(တစ်နည်း) ကျွန်တော်သိတဲ့အရာ (တစ်နည်း) ကျွန်တော်ထဲမှာရှိတဲ့အရာ´ဆိုပြီးတော့ လူသားရဲ့ သဘော သဘာဝနှင့်ကိုက်ညီတဲ့ အနက်အဓိပ္ပါယ်ဖြစ်သော်ငြားလည်း အလ္လာဟ်အရှင်မြတ်အတွက်တော့ အရှင်မြတ်သိတယ် လို့ အနက်အဓိပ္ပါယ်ကောက်တာကို တွေ့ရပါတယ်။ `အသင်အရှင်မြတ်က ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာရှိသော အရာကို သိတော်မူတယ်။ သို့သော်အရှင်မြတ်သိသောအရာကို ကျွန်တော်မျိုးမသိပါ။ အရှင်မြတ်မှ အရှင်တစ်ပါး တည်းသာလျှင် အကွယ်မှာရှိတဲ့အရာတွေကို အကြွင်းမဲ့သိတော်မူတဲ့အရှင်ဖြစ်တယ်လို့ တမန်တော်မြတ်အီဆာ(အ) ကပြောခဲ့တာဖြစ်တယ်။

အဲဒီတော့ ကုရ်အာန်နည်းကျ လူ့ဘ၀တည်ဆောက်မှုစနစ်မှာ လူတွေရဲ့နဖ်စ် လူ့ကိုယ်ရည်ကိုယ်သွေးကို သိရှိသဘောပေါက်လက်ခံပြီးတော့ လူတွေရဲ့ဘ၀သက်တမ်းကာလတစ်လျှောက်လုံး အဲဒီနဖ်စ်ရဲ့ စွမ်းပကား အရည်အသွေးမြင့်မားတိုးတက်ဖွံ့ဖြိုးဖို့အတွက် ကျမ်းတော်မြတ်ကုရ်အာန်မှာပါဝင်တဲ့ နည်းလမ်းတွေအတိုင်း လိုက်နာကျင့်သုံးရမည်။ ဒီသဘောတရားကို အခြေခံပြီးလူတွေဆီမှာ လူ့ဘ၀တည်ဆောက်မှု နှစ်မျိုးနှစ်စားကို တွေ့ရမှာဖြစ်တယ်။ ပထမအုပ်စုတစ်မျိုးကတော့ လူ့ဘ၀ဆိုတာ ဒီရုပ်ကိုယ်ခန္ဓာနှင့်ပြီးသော ဘ၀ Physical Life သာလျှင်ဖြစ်တယ်။ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ နိယာမ ဥပဒေသနှင့်အညီ မိမိရဲ့ရုပ်ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုး အားအင်တိုးပြီး ရောဂါကင်းဝေးပျော်ရွှင်ဖို့ စည်းစိမ်ချမ်းသာသုခအ၀၀ကို ခံစားဖို့၊ လူ့ကိုယ်ခန္ဓာသက်တောင့် သက်သာရှိဖို့၊ အနာကင်းဝေးပြီး အသက်ရှင်ဖို့၊ နောက်ဆုံးတစ်နေ့သေခြင်းတရားကို မလွန်ဆန်နိုင်၍သာ သေရခြင်း ဟုသိရှိခံယူယုံကြည်ထားပြီး လူ့ရဲ့ထွက်သက်ဝင်သက် အစီအစဉ်ရပ်သွားတာနှင့် သူ့ရဲ့ဘ၀ဟာ အဆုံးသတ်နိဂုံး ချုပ်သွားရတယ်လို့ ခေတ်သစ်ဝေါဟာရအသုံးအနှုန်းအားဖြင့် ဒီလိုအသက်ရှင်နေပုံ သဘောတရားကို Material concept of Life ရုပ်ပိုင်းဆိုင်ရာ လူ့ဘ၀တည်ဆောက်မှုလို့ ပြောနေပါတယ်။

တစ်နည်းပြောရရင် အများအခေါ်အဝေါ်အရ အနောက်တိုင်းယဉ်ကျေးမှုနှင့် လူ့အခွင့်အရေးကတော့ ဒီလူရဲ့မိန်းမ ဟိုလူနှင့်တွဲက၊ ဟိုလူရဲ့မိန်းမ နောက်တစ်ယောက်နှင့်တွဲက ပွဲရုံမှာတွဲက၊ ၀တ်စားဆင်ယင်ပုံကအစ အသိဥာဏ်မဲ့သော ခြေလေးချောင်းလိုပဲ လုပ်ချင်တာလုပ် အခွင့်အရေးဆိုပြီး ဇေနာလုပ်တာတောင် တားမြစ်မှု မရှိဘဲ ကိုယ်ဝန်ဖျက်ပေးဖို့ အဆင်သင့်ရှိတယ်။ ဥပမာ လိင်တူချင်းဆက်ဆံရေးကို လူ့အခွင့်အရေးအရ ခွင့်ပြုထား လို့ လိင်တူချင်း လက်ထပ်ခဲ့တဲ့ ပထမဆုံး EU ဥရောပခေါင်းဆောင် လူဇင်ဘော့ဂ်ဝန်ုကြီးချုပ် ဇေဗီယာဘီတယ်လ် ဖြစ်တယ်။ (၁၇-၅-၂၀၁၅)နေ့ထုတ် ကြေးမုံသတင်းစာကို လေ့လာကြည့်ပါ။

အဲဒီတော့ သူတို့ယုံကြည်နေသော ဘာသာရေးအရ လူ့ဘ၀ပုံစံဆိုပြီးပြောနေတယ်။ အဲဒီစနစ်မှာ ပြုစုပျိုး ထောင်ရှင် ဖန်ဆင်းရှင်ပေါ်မှာ သက်ဝင်ယုံကြည်လက်ခံစရာ မလို၊ ကောင်းကင်မှ ထုတ်ပြန်ပို့ချခဲ့သော ကျမ်းစာကို လက်ခံစရာမလိုဘူးတဲ့။ အကယ်၍ ဒီလိုဘ၀တည်ဆောက်မှုစနစ်အတိုင်း ကျင့်သုံးသူဟာ အလ္လာဟ်ကို လက်ခံ ပါတယ်လို့ ဆိုရာမှာလည်း၊ ဒီလောက စကြ၀ဠာအနန္တကို အလ္လာဟ်ကဖြစ်ထွန်းစေထားတယ်။ လူတွေအတွက် သတ်မှတ်ထားသော နိယာမဥပဒေအတိုင်း ဖြစ်ပျက်ပြောင်းလဲနေတယ်လို့ အလ္လာဟ်အပေါ်မှာ အဲ့သလောက် လက်ခံယုံကြည်ထားရုံနှင့် လူရဲ့လူ့ဘ၀တည်ဆောက်မှုအပေါ်မှာ မည်သို့မျှ ထူးခြားမှု သက်ရောက်မှာမဟုတ်ဘူး။

လူတစ်ယောက်က ဒီစကြ၀ဠာကို အလ္လာဟ်အရှင်မြတ်က ဖြစ်ထွန်းပေါ်ပေါက်စေထားတယ်လို့ ပြောတယ်။ နောက်တစ်ယောက်က အဲဒီလိုမဟုတ်ဘူးတဲ့။ အလ္လာဟ်ဟာပြုစုပျိုးထောင်ရှင်မဟုတ်၊ အကြောင်းခြင်းရာတွေ တိုက်ဆိုင်ဆုံဆည်းရာမှ အကြောင်းအရာညီညွတ်လာလို့ သူ့ဟာသူအလိုလို သဘာဝအတိုင်းဖြစ်ပေါ်လာခြင်းဖြစ် တယ်တဲ့။ အဲဒီလို လက်ခံတာ၊ လက်မခံငြင်းဆိုမှု လုပ်ရုံနဲ့ အဲဒီလူတွေရဲ့ဘ၀တည်ဆောက်မှုအပေါ် ဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိပေ။ ကျမ်းတော်မြတ် ကုရ်အာန်က အဲဒီလိုမျိုး အီမာန်ယုံကြည်မှု အမျိုးအစားကို အီမာန် ယုံကြည်ချက်လို မသတ်မှတ်ကြောင်း ကုရ်အာန်ဆူရာဟ် (၂၉း၆၁-၆၄)(၂၃း၈၄-၈၆)(၃၁း၂၅)(၃၉း၃၈)(၄၃း၉)မှာ လမ်းညွှန်ထားပါတယ်။ (၂၃း၈၄-၈၆)မှာ

`အလ္လာဟ်အရှင်မြတ်က အို-တမန်တော် အသင်လူတွေကို မေးကြည့်လိုက်ပါ။ ဒီကမ္ဘာဂြိုဟ်နှင့် ၎င်းထဲမှာ ရှိတဲ့ ရှိရှိသမျှအရာအားလုံး ဘယ်စွမ်းအားရှင်ရဲ့ စနစ်ဇယားနှင့်အညီတည်ရှိပြီးတော့ လှုပ်ရှားလှည့်ပတ်နေတာလဲ။ အကယ်၍ အသင်တို့သိရှိနားလည်မည်ဆိုရင် ဖြေကြလေလော့။ အလ္လာဟ်အရှင်ြမတ်ပြဌာန်းထားတဲ့ စနစ်ဇယား နှင့်အညီတည်ရှိပြီး လှုပ်ရှားလည်ပတ်နေတယ်လို့ လူတွေက ဖြေကြလိမ့်မည်။ ဒီလိုဆိုရင် အဲဒီ(အမှန်တရား)ပေါ်မှာ အသင်တို့ရဲ့ အသိတရား၊ သတိတရားတွေ ပွားများဆင်ခြင်မှု ဘာကြောင့် မလုပ်တာလဲလို့ အသင်တမန်တော် လူတွေကို မေးမြန်းကြည့်ပါလေ။

ဒါဆိုရင် မရေမတွက်နိုင်သော အနန္တစကြာဝဠာကို ပြုစုပျိုးထောင်လမ်းညွှန်ရှင် ဘယ်သူလဲ။ အဲဒီလို ကြီးကျယ်သော စကြ၀ဠာကို အချုပ်အခြာစိုးပိုင်းစီမံကွပ်ကဲ ထိန်းကျောင်းထားသောအရှင်ဘယ်သူလဲ။ အို-တမန် တော် အသင်လူတွေကို မေးမြန်းပါလေ။ (ဟောဒီဟာတွေ) အလ္လာဟ်အရှင်မြတ် စိုးပိုင်စီမံကွပ်ကဲထိန်းချုပ်ထား တယ်လို့ လူတွေဖြေကြလိမ့်မယ်။ ဒီလိုဆိုရင် အရှင်မြတ်ပြဌာန်းထားတဲ့ စည်းမျဉ်းဥပဒေသနှင့်အညီ အသင်တို့ ဘာကြောင့်ဘ၀မတည်ဆောက်တာလဲလို့ အသင်တမန်တော် လူတွေကိုမေးမြန်းကြည့်ပါလေ။

ဒီရုပ်လောက သက်တမ်းသာလျှင် တစ်ခုတည်းသော လူ့ဘ၀သက်တမ်းဖြစ်ပြီး သေဆုံးခြင်းဟာ ဒီဘ၀ သက်တမ်းရဲ့ နိဂုံးချုပ်အဆုံးဖြစ်တယ်လို့ ထင်မြင်မှတ်ယူ ယုံကြည်သူတွေဟာ အကောင်းနှင့်အဆိုး ကောင်းမှုနှင့် မကောင်းမှုတွေကို ပိုင်းခြားရာမှာလည်း မိမိတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် အထင်အမြင် အယူအဆ အတိုင်း ပိုင်းခြားသတ်မှ ထားလေ့ရှိတယ်။ လူတွေအတွက် အဲဒီလို ပိုင်းခြားသတ်မှတ်ထားသော အကောင်းဆိုတာ၊ လူမှုအဖွဲ့အစည်းတရပ်လုံးအတွက် ဖြစ်နိုင်သမျှ များနိုင်သမျှ များများအကျိုးကျေးဇူးရှိတဲ့ လုပ်ဆောင်ပံ့ပိုးမှုတွေကို အကောင်းလို့ဆိုပြီး အဲဒီလူမှုအဖွဲ့အစည်းကို အကျိုးဆုတ်ယုတ်နစ်နာဆုံးရှုံးစေမယ့် အရာတွေကိုတော့ အဆိုး မကောင်းလို့ဆိုကြတယ်။ သူတို့ရဲ့ထင်မြင်အယူအဆအရ၊တိုင်းတာဆုံးဖြတ်တဲ့အရာဟာ လူမှုအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စည်းမျဥ်းဥပဒေသတွေရဲ့ အထက်မှာ အခြားဘယ်ဥပဒေမှ မရှိဘူးတဲ့။

ဒါဆိုရင် အီဂျစ်နိုင်ငံမှာ တရားဝင်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတဟောင်း မုဟမ္မဒ်မော်စီထံမှ အာဏာသိမ်းပြီး သမ္မတမုဟမ္မဒ်မော်စီနှင့်တကွ အဖွဲ့ဝင်တွေကို သေဒဏ်အမိန့်ပေးထားသော ဥပဒေပေါ်မှာ ဘယ်သူရှိလဲ။ လက်ရှိသမ္မတဗိုလ်ချုပ်ကြီးဟောင်း အယ်လ်စီစီရဲ့ အာဏာပါဝါနှင့် ဥပဒေရှိကြောင်း တင်ပြရင်းနဲ့ ကျွန်တော်ရဲ့တင်ပြမှုကို ဒီနေရာမှာပဲ ရပ်နားခွင့်ပြုပါ။