ဟဂ်ျအကြောင်း(အပိုင်း- ၄) မုဖ်သီဦးစန်းအောင် (B.Sc)
ဟဂ်ျအကြောင်း(အပိုင်း- ၄)
မုဖ်သီဦးစန်းအောင် (B.Sc)
ဒီကနေ့(၆.၂.၂ဝ၁၅)နေ့မှာကျရောက်တဲ့ယောင်မွလ်ဂျုမုအာဟ်နေ့မှာအလ္လာဟ်အရှင်မြတ်ကိုအေဘာဒသ်ပြုရန်ကြွရောက်လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား……
အတ်စလာမုအလိုင်းကွန်း(မ်) ဝရဟ်မသွလ်လားဟိဝဘရကားသုဟု
ဒီကနေ့ ကျနော်တင်ပြမဲ့ခေါင်းစဉ်ကတော့ ကျနော်အခန်းဆက်အဖြစ် တင်ပြနေတဲ့ `ဟဂ်ျအကြောင်း´(အပိုင်း-၄) ဖြစ်ပါတယ်။ ကျနော်တင်ပြမဲ့ ဒီနေ့အပိုင်းမှာတော့ သမိုင်းဆိုင်ရာအချက်အလက်တွေကိုအဓိကထားတင်ပြသွားပါမယ်။ တမန် တော်အီဘရာဟင်မ်နဲ့ ဇနီးသည် ဟာဂျရာသခင်မတို့ရဲ့သားတော် တမန်တော်အီစ်မာအီးလ်(အ)ရဲ့အကြောင်းကိုတင်ပြသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တမန်တော်အီစ်မာအီလ်(အ)ဟာကအ်ဘာကျောင်းတော်ကြီးကိုတည်ဆောက်မွမ်းမံရေးမှာဖခမည်းတော်တမန်တော် အီဘရာဟင်မ်(အ)ကိုအဓိကအခန်းက ပါဝင်ကူညီခဲ့တာဖြစ်ပါတယ်။
ကျနော်နိဒါန်းပိုင်းမှာရွတ်ဖတ်သွားတဲ့ ကုရ်အာန်(၁၉း၅၄)ဟာတမန်တော်အီစ်မာအီးလ်(အ)အကြောင်းကိုရည်ညွှန်းတဲ့ ကုရ်အာန်အာယသ်တော်တစ်ပါးဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့-
`အသင်သည် ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြထားသောတမန်တော်အီစ်မာအီလ်းအကြောင်းကိုသတိရပါလေ။ ဧကန်မုချတမန်တော် အီစ်မာအီလ်းသည် ကတိသစ္စာကိုတည်ကြည်စွာစောင့်ထိန်းသူဖြစ်သလို၊ နဗီ-ရစူလ် တမန်တော် တစ်ပါးလည်းဖြစ်သည်။´ (ကုရ်အာန် ၁၉း၅၄)
ဒီကုရ်အာန်(၁၉း၅၄)က ကအ်ဘာကျောင်းတော်ကြီးကို ပါဝင်ကူညီတည်ဆောက်ခဲ့သူ တမန်တ်ာအီစ်မာအီလ်း(အ)ဟာကတိသစ္စာတည်ကြည်သူတစ်ဦးဖြစ်ကြောင်းကိုရည်ညွှန်းဖော်ပြနေခြင်းကဒီကအ်ဘာကျောင်းတော်မှာအလ္လာဟ်အရှင် မြတ်ရဲ့ ဧည့်သည်တော်အဖြစ်သွားရောက်ကြတဲ့ ဟာဂျီများဟာကတိသစ္စာတည်ကြည်၊ ဖြောင့်မတ်ဖို့ အထူးလိုအပ်ကြောင်းကို ပြဆိုနေတာပါ။ ဒါကြောင့် ကျနော်တို့ ဟာဂျီများဘယ်လောက်အထိကတိသစ္စာတည်ကြည်သလဲဆိုတာချိန်ထိုးကြည့်ဖို့ လိုပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဟာဂျီများရဲ့အရည်အသွေး၊ အရည်အချင်းတစ်ရပ်ဟာဖြောင့်မတ်ပြီးကတိသစ္စာတည်ကြည်ရပါမယ်။
တမန်တော်အီဘရာဟင်မ်(အ)ဟာဇနီးသည် `ဟာဂျရာ´သခင်မနဲ့သားတော် အီစ်မာအီလ်း(အ)တို့ကိုယခုကအ်ဘာကျောင်းတော်ရှိရာမက္ကာဟ်ဒေသကိုခေါ်ဆောင်လာပါတယ်။ ဗဟုသုတအနေနဲ့တင်ပြရရင် ယခုမက္ကာဟ်လို့ခေါ်တဲ့ ဒေသကိုဟီးဘရူးဘာသာနဲ့ `ဘတ်ကာ´(Becca)လို့ ခေါ်ပါတယ်။ ကုရ်အာန်မှာလည်းဟီးဘရူးစကားလုံးဘတ်ကာကိုသုံးထားပါတယ်။ အဲ့ဒီအချိန်မှာအဲဒီဒေသဟာဘာအပင်မှာမပေါက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ တောင်ကြားဒေသတစ်ခုပါ။ ဒါကိုကုရ်အာန်(၁၄း၃၇)မှာဒီလိုပြဆိုထားပါတယ်။
` အို- ကျွန်တော်မျိုးတို့အားမွေးမြူပြုစုပျိုးထောင်တော်မူသောအရှင်မြတ် ဧကန်အမှန်ပင် ကျွန်တော်မျိုးသည့် မိမိ၏ သားစဉ်မြေးဆက်မျိုးနွယ်ဆက် တစ်ရပ်ကိုအရှင်မြတ်၏ လယ်ယာကိုင်းကျွန်းမရှိသောတောင်ကြားအရပ်တစ်ခုဖြစ်သည့် အရှင်မြတ်၏ အိမ်တော်အပါးဝယ်နေရာချထားပေးခဲ့ပေပြီ။
အို- ကျွန်တ်ာမျိုးတို့အားမွေးမြူပြုစုပျိုးထောင်တော်မူသောအရှင်မြတ်(ယင်းကဲ့သို့နေရာချပေးခဲ့ရခြင်းမှာ) သူတို့ သည် `ဆွလားသ်´ဆောက်တည်ကြရေးအလို့ငှာဖြစ်သည်။ သို့ဖြစ်ရာ လူ့အဖွဲ့အစည်းဝင်တို့၏ စိတ်နှလုံးများကသူတို့(တမန် တော်အီစ်မာအီလ်း၏ မျိုးနွယ်ဆက်)ဖက်ဆီသို့ အာရုံစူးစိုက်လာအောင် အရှင်မြတ်ပြုလုပ်ပေးတော်မူပါ။ ပြီးနောက် သူတို့ အနေဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကိုသိမြင်နားလည်လာစေရေးအလို့ငှာအရှင်မြတ်ကသူတို့အားဖွံ့ဖြိုးဝေ ဆာမှုကိုထောက်ပံ့ချီးမြှင့်တော်မူပါ။´ (ကုရ်အာန် – ၁၄း၃၇)
ဒီအာယသ်တော်အရဆိုရင် တမန်တော်အီဘရာဟင်မ်(အ)ဟာဇနီးသည်`ဟာဂျရာ´သခင်မနဲ့သားတော် အီစ်မာအီလ်းကို `ကအ်ဘာ´ကျောင်းတော်ဖြစ်တည်လာမည့်ဒေသသို့ ခေါ်ဆောင်လာပြီး လုံးဝတိုးတက်ဖွံ့ဖြိုးမှုမရှိသေးသောတောင် ကြားအရပ်ဒေသတစ်ခု၌ နေရာချပေးခဲ့ပါတယ်။ ပြီးတဲ့နောက်မှာသားတော်တမန်တော် အီစ်မာအီလ်း(အ)ရဲ့ မျိုးနွယ်ဆက် တစ်ခုကို ဖြစ်ထွန်းစေခဲ့ပြီးယင်းအရပ်ဒေသကိုမဖွံ့ဖြိုးသေးသည် အခြေအနေမှ ဖွံ့ဖြိုးတိုးတက်သည့် အနေအထားသို့ ရောက် ရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။
ဒါဆိုရင် ဟာဂျီတစ်ဦးချင်းဟာ ဘာတာဝန်ရှိသွားသလဲဆိုတော့ အလ္လာဟ်အရှင်မြတ်ရဲ့ မူလစီမံကိန်းပေါ်မှာတမန် တော်အီဘရာဟင်မ်(အ) ဦးဆောင်မှုအပေါ် ဇနီးသည်`ဟာဂျရာ´သခင်မနဲ့ သားတော် အီစ်မာအီလ်(အ)တို့ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့တဲ့ လူ့အဖွဲ့အစည်းတိုးတက်ရေး(Community Development)ကိုဆောင်ရွက်ဖို့ ဟာဂျီဆဗ်တွေမှာ တာဝန် ရှိသွားပါပြီ။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်ရဲ့ အိမ်တော်ကိုသွားရောက်ပြီးသူတိုင်းတစ်နည်းအားဖြင့် ဟာဂျီတစ်ဦးချင်းတိုင်းဟာမိမိနေထိုင်တဲ့ မိမိတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းကိုတိုးတက်ဖွံ့ဖြိုးအောင် ဘယ်လောက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီလဲ။ Community Development ဖြစ်အောင် ဘယ်လောက်ဆောင်ရွက်ပေးခဲ့ပြီလဲဆိုတာကိုမိမိကိုယ်မိမိမေးခွန်းထုတ်ရပါ တော့မယ်။ ဒါကကျနော့်ဖက်ကတီထွင်ပြီးပြောနေတာမဟုတ်ပါ။ ကအ်ဘာကျောင်းတော်ကြီးတည်ဆောက်မှုသမိုင်းမှာတမန်တော်အီဘရာဟင်မ်(အ)ရဲ့ မိသားစုတွေ ဘာလုပ်ခဲ့သလဲဆိုတာကိုကျနော့်ဖက်ကကုရ်အာန်အထောက်အထားနဲ့ ရနိုင် သမျှသောသမိုင်းအထောက်အထားတွေနဲ့တင်ပြနေတာပါ။ လူသာအရောက်အပေါက်နည်းပါးပြီး၊ လွင်တီးခေါင်ပြင်ဖြစ်နေတဲ့ တောင်ကြားဒေသတစ်ခုကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဟာ Community Development လုပ်ဆောင်ခြင်းပဲဖြစ်ပါ တယ်။
ဒါပေမဲ့ကျနော်အလျဉ်းသင့်လိုဟာသတစ်ပုဒ်ပြောပါ့မယ်။ ဒီကနေ့ မွတ်ဆလင်မ်တွေဟာဟာဂျီဆဗ်တစ်ယောက်ကိုတွေ့ရင်၊ `ခင်ဗျားဘာလို့ မုတ်ဆိတ်မထားသလဲ´လို့မေးသလို၊ ဟာဂျီမတစ်ယောက်ကိုတွေ့ရင်လည်း `ဟာဂျီမကြီးဘာကြောင့်ဘုရ်ခါ မခြုံသလဲ´လို့ပဲမေးပါတယ်။ အများစုကဒီလိုဟာဂျီဆဗ်တွေ၊ ဟာဂျီမတွေကိုတွေ့ရင် `ဟာဂျီဆဗ်တို့၊ ဟာဂျီမကြီးတို့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး (Community Development) ဘယ်လောက်လုပ်ကြမလဲ´လို့ မမေးသလောက်ပါပဲ။ ဒီနေရာမှာကျနော်တင်ပြချင်တာကမုတ်ဆိတ်တို့ ဘုရ်ခါတို့ကိုစော်ကားနေတာမဟုတ်ပါဘူး။ ကျနော်ဆိုလိုချင်တာကမုတ်ဆိတ်လည်းထားပါ။ ဘုရ်ခါလည်းခြုံပါ။ Community Development ကိုလည်းလုပ်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တင်ပြခဲ့ပြီးသလိုကအ်ဘာကျောင်းတော်ကြီးတည်ဆောက်ခဲ့ရခြင်းတစ်နည်းအားဖြင့် တမန်တော် အီဘရာဟင်မ်(အ)ရဲ့အစ္စလာမ့်ရေးရာဘူမိနက်သန်ပေါ်ထွန်းလာရေးရဲ့ မူလဦးတည်ချက်၊ ရည်ရွယ်ချက်ဟာဖွံ့ဖြိုးမှုကင်းမဲ့နေတဲ့ သွေ့ခြောက်နေတဲ့ နေရာဒေသတစ်ခုကိုစည်ကားစိမ်းလန်းစိုပြေသာယာစေဖို့ပဲဖြစ်နေတာကိုသုံးသပ်တွေ့ရှိရပါတယ်။
ကောင်းပါပြီ။ ဆက်လက်ပြီးကျနော့်အနေနဲ့ တမန်တော်အီစ်မာအီလ်း(အ)ကနေပြီးတမန်တော်မြတ်မုဟမ္မဒ်(ဆွ) အထိသောမျိုးနွယ်ဆက် ဆင်းသက်လာပုံကိုတင်ပြသွားပါမယ်။ ဒီအပိုင်းမှာတော့ ကျနော့်အနေနဲ့ သမိုင်းအထောက်အထားတွေကိုပဲအားပြုကိုးကားသွားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ကွဲလွဲမှုတွေရှိနိုင်ပါတယ်။ ပိုပြီးတိတိကျကျ လေ့လာချင်တယ် ဆိုရင်တော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့လိုအပ်လာပါလိမ့်မယ်။
ကုရ်အာန်(၁၄း၃၇)အရတော့ တမန်တော်အီဘရာဟင်မ်(အ)ဟာဇနီးသည် ဟာဂျရာသခင်မနဲ့ သားတော် အီစ်မာအီလ်ကိုမက္ကာဟ်အရပ်မှာထားခဲ့ပါတယ်။ ဒီအချိန်မှာ `ဇမ်ဇမ်´ရေတွင်းပေါ်ထွန်းလာတဲ့အပေါ်မှာဒီမက္ကာဟ်ဒေသဟာခရီးသွားကုန်သည်လှည်းတွေရဲ့ နားခိုရာစခန်းတစ်ခုဖြစ်လာရပါတော့တယ်။ ဟာဂျရာသခင်မဟာကုန်သည်လှည်းတွေ ကိုဇမ်ဇမ်ရေကိုရောင်းပြီးသူလိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ပြန်လည်ဖလှယ်ခြင်း၊ ခရီးသွားကုန်သည်များရဲ့ ခရီးတစ်ထောက် နားခိုစရာစခန်းတစ်ခုဖြစ်လာခြင်းတို့အပေါ်မှာဒီနေရာဟာ လူဝင်လူထွက်များလာတယ်။စည်ကားလာတယ်။ ကုန်ဖလှယ် ရောင်းဝယ်မှုတွေများလာတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံတွေရဲ့ မျက်စေ့ကျစရာဖြစ်လာတယ်။ ပတ်ဝန်းကျင်ဒေသလိုတွေ မက္ကာဟ်ဒေသကိုပြောင်းရွှေ့အခြေစိုက်လာတယ်။ ဒါကဇမ်ဇမ်ရေရဲ့ ဘရကသ်မင်္ဂလာတစ်ရပ်ဖြစ်ပါတယ်။ ဒီကနေ့ ကျနော် တို့မွတ်ဆလင်မ်လောကမှာဇမ်ဇမ်ရေရဲ့ အကျိုးတရားကိုပြောကြမယ်ဆိုရင် မူလအခြေခံသဘောနဲ့ လွဲမှားစွာယူဆပြောဆိုနေတာတွေကိုတွေ့ရပါတယ်။ လူသားအကျိုးပြုခြင်း၊ အပြန်အလှန်နားလည်မှု ဖလှယ်ခြင်းဆိုတဲ့ အမှတ်သင်္ကေတတွေကိုရည်ညွှန်းပြဆိုနေပါတယ်။
ဇနီးသည်ဟာဂျရာသခင်မနဲ့ သားတွေအီစ်မာအီလ်း(အ)တို့ရဲ့ ဇမ်ဇမ်ရေတွင်းအားဖြင့် ကြိုးပမ်းအားထုတ်မှုကမက္ကာဟ်ဒေသကိုစည်ကားစေခဲ့ပါတယ်။ စည်ပင်ဖွံ့ဖြိုးတိုးတက်စေခဲ့ပါတယ်။ ဒီနေရာမှာကျနော်တို့ဟာဂျီတွေ မှတ်သားနာယူရမဲ့အချက်၊ ဒီပြင်မကကျနော်တို့လူသားထုတစ်ရပ်လုံးမှတ်သားနာယူရမဲ့ အချက်တစ်ခုကိုမီးမောင်းထိုးပြလိုပါတယ်။ အမှန် တကယ်မှာတော့ ဇမ်ဇမ်ရေဟာ သဘာဝတွင်းထွက်အရင်း အမြစ်တစ်ခုပါ။ ဒီသဘာဝသယံဇာတတစ်ရပ်ကို ဟာဂျရာသခင်မနဲ့ သားတော်အီစ်မာအီလ်းတို့ကကိုယ်ကျိုးမဖက်ပဲမှန်မှန်ကန်ကန်အသုံးချခဲ့တဲ့အတွက် ဒီဒေသနဲ့ ဒေသခံဖတွဟာဖွံဖြိုးတိုးတက်လာခဲ့ကြပါတယ်။ ဒီကနေ့မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအတော်များများမှာ တွင်းထွက်သဘာဝသံယံဇာတတွေရှိပေမဲ့ ပြည်သူတွေအတွက် မှန်မှန်ကန်ကန် အသုံးမချပဲကိုယ်ကျိုးဖက်တဲ့အပေါ်မှာအကျင့်ပျက်ခြစားမှုတွေ ဖြစ်ပေါ်လာပြီး သဘာဝ သံယံဇာတတွေ ပေါကြွယ်လှပါလျက် ပြည်သူတွေဆင်းရဲနေပါတယ်။ ဟာဂျရာသခင်မနဲ့ သားတော် အီစ်မာအီလ်း(အ)တို့ဟာရေသံယံဇာတကိုအခြေခံပြီးဒေသခံလူ့အဖွဲ့အစည်းတွေကိုဖွံ့ဖြိုးတိုးတက်လာဖို့ (Community Development)လုပ်ခဲ့တာဟာဖြင့် များစွာသောမှတ်သားနာယူစရာပါ။
သမိုင်းဆရာအများစုရဲ့ ကောက်ချက်ချမှုကတော့ တမန်တော်အီစ်မာအီလ်း(အ)ဟာမြောက်ပိုင်းအရဗ်မျိုးနွယ်စုကို ဖြစ်တည်စေခဲ့တယ်လို့ မှတ်သားရပါတယ်။ တစ်နည်းပြောရရင် တမန်တော်အီစမာအီးလ်(အ)ဟာ The ancestor of the Northern Arabs ဖြစ်ပြီး၊ တမန်တော်မုဟမ္မဒ်(ဆွ)ပေါ်ထွန်းလာမဲ့ မျိုးဆက်ပါ။ တမန်တော် အီစ်မာအီးလ်(အ)ကနေပြီးမြောက် ပိုင်းအရဗ်မျိုးနွယ်စုဆီကိုဆင်းသက်လာတဲ့ မျိုးနွယ်အုပ်စုထဲမှာအဒ်နာန်(ADNAN)ဆိုတဲ့ မျိုးနွယ်ခေါင်းဆောင်ဟာကျော်ကြားထင်ရှားခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ကိုအစွဲပြုပြီး ADNANITE ARABS ဆိုတဲ့ မျိုးနွယ်စုကြီးဟာထင်ရှားခဲ့ပါတယ်။ သူတို့ဟာမြောက်ပိုင်းအရဗ်သာမကပဲအနောက်ပိုင်းကမ်းရိုးတန်းအလယ်ပိုင်းဒေသအထိပါ မျိုးဆက်ကျယ်ပြန့်ခဲ့ပါတယ်။ အချို့သမိုင်းဆရာများရဲ့အဆိုအရအီရတ် ဒေသအထိပါ မျိုးနွယ်ကျယ်ပြန့်ခဲ့တယ်လို့ မှတ်တမ်းတင်မှုများရှိခဲ့ပါတယ်။အရဗ်မျိုးနွယ်စုအများအပြားဟာအဒ်နာန် မျိုးနွယ်ကဆင်းသက်လာတဲ့ သဘောရှိပါတယ်။ အရဗ်မျိုးနွယ်စုထဲမှာအဒ်နာန် မျိုးနွယ်မဟုတ်ပဲကွဲပြားခြားနားတဲ့ နောက်မျိုးနွယ်စုကြီးတစ်ခုရှိပါတယ်။ အဲ့ဒီမျိုးနွယ်စုကတော့ ခါသန်ကဆင်းသက်လာတဲ့ ခါသနီမျိုးနွယ်စုပါ။ သူတို့ကတော့ တောင်ပိုင်းအာရေဗျဖက်ကပါ။ ဒါကအစ္စလာမ်မတိုင်မီကအာရေဗျကျွန်းဆွယ်ရဲ့ မျိုးနွယ်စုများရဲ့အခြေအနေ ပါ။
အဒ်နာန်နဲ့ပတ်သက်ပြီးအစ္စလာမ်မတိုင်ခင်ကအရဗ်ကဗျာ(Pre- Islamic poems)တွေမှာဖော်ပြစပ်ဆိုထားတာကိုအထောက်အထားအဖြစ် တွေ့ရှိနိုင်ပါတယ်။ဥပမာအစ္စလာမ်မတိုင်ခင်ကနာမည်ကျော် ကဗျာဆရာများဖြစ်ကြတဲ့ `LUBAYB IBN RABIA´နဲ့ `ABBAS IBN MIRDAS´ တို့ရဲ့ ကဗျာတွေထဲမှာအဒ်နာန်နဲ့ပတ်သက်ပြီးစပ်ဆိုထားတာတွေကိုသမိုင်းပညာရှင်တွေကထောက်ပြကြပါတယ်။ ဒီကဗျာတွေမှာအရဗ်ကဗျာဆရာတွေကသူတို့ဟာအဒ်နာန်မျိုးနွယ်ကဆင်းသက်လာတာကိုဂုဏ်ယူစွာကဗျာစပ်ဆိုထားမှုတွေကိုတွေ့ရပါတယ်။
ဒီကနေ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ဟာအဒ်နာန် မျိုးနွယ်ဖက်ကဆင်းသက်လာတာ ဖြစ်ကြောင်းကိုသမိုင်းပညာရှင်တွေကမှတ်တမ်းတင်ထားတာကိုလည်း တွေ့ရှိရပါတယ်။ ဒီလိုဆင်းသက်လာပုံမှတ်တမ်းကိုတင်ပြလိုပါတယ်။
Adnan Ma’adNizaribnMa’adilyasibnMudar MudrikahKhuzaimahKinanah al-Nadr
Malik FihrGhalibLu’ayKa’abMurrahKilabQusaiAbdManafHashim
Abd al-MuttalibAbd Allah Muhammad
ဟာဂျရာသခင်မနဲ့ သားတော်အီစ်မာအီလ်း(အ)တို့ဟာမက္ကာဟ်ဒေသကိုတိုးတက်စည်ပင်အောင်ပြုလုပ်လာကြရင်းနဲ့ သူတို့ရဲ့နေရာသစ်မှာ သူတို့ရဲ့ဘ၀သစ်ကို ထူထောင်လာခဲ့ကြပါတယ်။ တမန်တော် အီဘရာဟင်မ်(အ)ကလည်းဒီဒေသကိုမကြာခဏဆိုသလိုလာရောက်လေ့ရှိပါတယ်။ သားတော်အီစ်မာအီလ်း(အ) လူလားမြောက်အရွယ်ရောက်လာတဲ့အခါမှာတမန်တော်အီဘရာဟင်မ်(အ)ဟာသားတော်ကိုအကူအညီတောင်းပြီးအဲ့ဒီဒေသတွေရဲ့ ပါဝင်မှုနဲ့ဒီကနေ့တည်ရှိနေတဲ့ ကအ်ဘာကျောင်းတော်ကြီးကိုအုတ်မြစ်ချတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျနော်တင်ပြလိုတာကတော့ ကျမ်းမြတ်ကုရ်အာန်(၁၄း၃၇)မှာတမန်တော်အီဘရာဟင်မ်(အ)က ဇနီးသည် ဟာဂျာရာနဲ့သားတော် အီစ်မာအီလ်း(အ)ကိုလွင်တီးခေါင်ပြင်နဲ့ ခြောက်သွေ့နေတဲ့ မက္ကာဟ်ဒေသမှာလာရောက် နေရာချပေးထားတာကိုကျနော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအာယသ်မှာ-
`အို- ကျွန်တော်မျိုးတို့အားမွေးမြူပြုစုပျိုးထောင်တော်မူသောအရှင်မြတ် (ယင်းကဲ့သို့နေရာချပေးရခြင်းမှာ) သူတို့ သည် ဆွလားသ်ဆောက်တည်ရေးအလို့ငှာဖြစ်သည်။ သို့ဖြစ်ရာ လူ့အဖွဲ့အစည်းဝင်များ၏ စိတ်နှလုံးသားများက (တမန်တော် အီစ်မာအီလ်၏ မျိုးနွယ်ဆက်)ဖက်ဆီသို့ အာရုံစူးစိုက်လာအောင် အရှင်မြတ်ပြုလုပ်ပေးပါ။´ဆိုပြီးပြဆိုထားတာကိုတွေ့ရပါ တယ်။
ဒီနေရာမှာသေသေချာချာလေ့လာကြည့်လိုက်ရင် `ဆွလားသ်´ဆိုတာကတမန်တော်အီဘရာဟင်မ်(အ)လက်ထပ် ကတည်းကအစဉ်အဆက်ရှိခဲ့တာကိုလေ့လာတွေ့ရှိရပါတယ်။ ဒီအပိုင်းမှာ `ဆွလားသ်´ဆိုတာကိုသေသေချာချာလေ့လာ ကြည့်လိုက်တော့ တမန်တော်အီဘရာဟင်မ်(အ) ဇနီးသည် ဟာဂျရာသခင်မနဲ့သားတော် တမန်တော်အီစ်မာအီလ်း(အ)တို့ရဲ့ ဘ၀တည်ဆောက်မှုနဲ့ `ဆွလားသ်´ကိုချိန်ထိုးကြည့်မယ်ဆိုရင် `ဆွလားသ်´ရဲ့အနက်အဓိပ္ပါယ် အချက်တစ်ချက်အနေနဲ့ တစ်ခုဟာလူမှုဖွံ့ဖြိုးမှုဆိုင်ရာဆောင်ရွက်ချက်(Community Development)ကိုရည်ညွှန်းခြင်းဆိုတာတွေ့ရပါတယ်။ ဒီလိုသာလူမှုဖွံ့ဖြိုးမှုဆိုင်ရာဆောင်ရွက်ချက်ကို ပြုလုပ်ကြမယ်ဆိုရင် အဲဒီလိုပြုလုပ်ဆောင်ရွက်တဲ့ လူ့အစုအဖွဲ့တစ်ရပ်ကိုလူ့အစုအဖွဲ့ ၀င်တွေက အာရုံစူးစိုက်လာမယ်ဆိုတာကိုကုရ်အာန်(၁၄း၃၇)မှာအလ္လာဟ်အရှင်မြတ်က ပြဆိုထားခြင်းဖြစ်ကြောင်းကိုတင်ပြ ရင်းနဲ့ ဟဂ်ျအကြောင်းအပိုင်း(၄)ကိုရပ်နားလိုက်ပါတယ်။