မြန်မာ့သမိုင်းရေစီးကြောင်းမှ မွတ်စလင်မ်များ – ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အတ်စ္စလားမုအလိုင်းကွန်းမ်
လေးစားအပ်ပါသော မွတ်စလင်မ်များခင်ဗျား-
ဒီနေ့ကာလဟာ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်ကြီးသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲချီတက် နေသော အချိန်ကာလဖြစ်ပါသည်။ ဒီအချိန်မှာ အာဏာရမ္မက်ကို ငမ်းငမ်းတက်နေသူအချို့က ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်အောင် ကြိုးပမ်းနေကြပါတယ်။ ဒီနေရာမှာ မွတ်စလင်မ်တွေက ဓါးစာခံတွေ ဖြစ်နေကြပါတယ်။ ဒါ့ကြောင့် ယနေ့ ခွတ္တဗာဟ်မှ `မြန်မာ့သမိုင်းရေစီးကြောင်းမှ မွတ်စလင်မ်များ´ ဆိုတဲ့ ခေါင်းစဉ်နဲ့ လေ့လာတင်ပြသွားမှာ ဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် (၃၀း၉)မှာ
မင်းတို့အရင်က လူသားတို့ရဲ့ အဖြစ်အပျက်တွေကို တိုင်းပြည်မြေကမ္ဘာအတွင်း လှည့်လည်စူးစမ်း လေ့လာ ကြည့်ဖူးပါသလား လို့ မေးမြန်းတိုက်တွန်းထားပါတယ်။ ကမ္ဘာ့သမိုင်းပညာရှင်တစ်ဦးဖြစ်ေ
နယ်ချဲ့လက်အောက်မကျမီကတည်းက မြန်မာဘုရင်တွေလက်ထက်ကတည်းက မြန်မာနိုင်ငံမှာ မွတ်စလင်မ်တွေ ရှိခဲ့ကြပါတယ်။ ပုဂံခေတ်ကျောက်စာမှ `ပသီ´ဆိုတဲ့ ဝေါဟာရပါတယ်။ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တွေမှာလည်း တိုင်း၊ နိုင်ငံအရေးမှာ မွတ်စလင်မ်တွေ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီထဲမှာ ရွှေတောင်သာဂသူ ဦးနုတို့၊ အမြောက်ဝန် ဦးဘိုးကာတို့ တခြမ်းပဲ့ဗလီရဲ့ဒါယကာ ဦးရွှေမှိုင်းနဲ့ ဦးရွှေသိုင်းတို့ ညီအစ်ကိုတွေက ထင်ရှားပါတယ်။
နယ်ချဲ့လက်အောက် ကျရောက်စဉ်ကလည်း လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်တွေထဲမှာ မွတ်စလင်မ်တွေ ပါဝင်ခဲ့ ပါတယ်။ အဲဒီထဲမှာ ဆရာကြီးဦးရာဇတ်တို့၊ ဦးရာရှစ်တို့၊ ဦးဖေခင်တို့လို မွတ်စလင်မ်တွေက ထင်ရှားခဲ့ပါတယ်။ ဗမာမွတ်စလင်မ်တွေဟာ ရိုးသားပါတယ်။ သစ္စာရှိပါတယ်။ ဗမာပီသခဲ့ကြပါတယ်။ နိုင်ငံသားသစ္စာကို စောင့်သိခဲ့ကြ ပါတယ်။ ဗမာတွေနဲ့ညီရင်းအစ်ကိုလို ပေါင်းသင်းနေထိုင် ခဲ့ကြတယ်။ ဆိုးတူကောင်းဘက် လက်တွဲခဲ့ပါတယ်။ ဗမာခေါင်းဆောင် တွေနဲ့ တပြေးတည်း၊ တတန်းတည်းရှိခဲ့သလို ဗမာနောက်လိုက်တွေနဲ့လည်း တစ်ထပ်တည်း၊ တစ်သားတည်း ရှိခဲ့ကြပါတယ်။ ယခင် ဖ.ဆ.ပ.လအဖွဲ့မှာ ပါဝင်ခဲ့ကြသလို အလံနီကွန်မြူနစ်ပါတီ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ ပ.မ.ည.တ တို့မှာလည်း ပါဝင်ခဲ့ကြပါတယ်။ ယခုခေတ် ပြည်ခိုင်ဖြိုးပါတီမှာ ပါဝင်ခဲ့သလို N.L.D ပါတီမှာလည်း မွတ်စလင်မ်တွေ ရှိနေကြပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် မွတ်စလင်မ်တွေဟာ တစ်သီးတစ်သန့်မဟုတ်ဘဲ ဗမာတွေနဲ့ အရာရာတိုင်းမှာ၊ နေရာတိုင်းမှာ တပူးတွဲတွဲ ခွဲခြားမရအောင်ဆိုတဲ့ အနေအထားနဲ့ ဘ၀ကိုဖော်ပြနေတာ ဖြစ်ပါတယ်။
မွတ်စလင်မ်တွေဟာ မြန်မာနိုင်ငံရဲ့ ဧည့်သည်မဟုတ်ပါ။ အိမ်ရှင်တွေဖြစ်ပြီး မြန်မာနိုင်ငံတော်ဆိုတဲ့ အိမ်ကြီးရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေမှာ ပါဝင်ခဲ့ကြပါတယ်။ အဲဒါကိုကပဲ မျက်ကန်းမျိုးချစ်များက မွတ်စလင်မ်ကို ကြည့်မရဘဲ မုန်းနေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။
မျက်ကန်းမျိုးချစ်ဆိုတာ ကိုလိုနီနယ်ချဲ့စနစ်ရဲ့ အမွေဆိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ နယ်ချဲ့ လက်အောက်ကျရောက်ခဲ့တဲ့ နိုင်ငံတိုင်းလိုလိုမှာ မျက်ကန်းမျိုးချစ်တွေ ပေါ်ထွန်းခဲ့ကြတာပါ။
လေးစားရပါသော အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား – မျိုးချစ်စိတ်ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ မိမိအမျိုးကောင်းစားရေးအတွက် တစ်ဘက်စောင်းနင်းဆောင်ရွက်ပြီး တခြားအမျိုးအနွယ်တွေရဲ့ အကျိုးစီးပွားကို ဟန့်တား ဖျက်ဆီးမယ်ဆိုရင် မျက်ကန်းမျိုးချစ်တွေဖြစ်သွားပြ
ဒါကို မကြာသေးခင် ရက်တွေက ၂၀၁၃ ခုနှစ် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားခေါင်းဆောင်တစ်ဦး
မြန်မာလိုဝတ်၊ မြန်မာလိုစား၊ မြန်မာလိုသွား၊ မြန်မာလိုတွေး၊ ဒါတွေ မလုပ်တဲ့လူဟာဆိုရင်ပဲ နိုင်ငံတော်ကြီးကို သစ္စာဖောက်နေသလိုလို၊ နိုင်ငံတော်ရဲ့အကျိုးကို မလိုလားသလိုလိုဆိုတဲ့ ပုံစံမျိုးရောက်အောင် အာဏာရှင်အစိုးရ အဆက်ဆက်က ပုံသွင်းခဲ့ကြပါတယ်။
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား မွတ်စလင်မ်ဘက်ကို ကြည့်လိုက်တော့လည်းပဲ တိုင်းရင်းသား မျိုးနွယ်တွေလိုပဲ ခံစားနေကြရပါတယ်။ မွတ်စလင်မ်တွေကလည်းပဲ အမျိုးသားတွေဆို မုတ်ဆိတ်ထား၊ အင်္ကျီအရှည်ကြီး တွေဝတ်၊ အမျိုးသမီးတွေဆိုရင် ဘုရ်ခါတွေခြုံ လုပ်ကုန်ကြရော။ ဒါကို ဗမာတွေကလည်း တို့နိုင်ငံကို ဘင်္ဂလားဒေ့ရှ်လို၊ အိန္ဒိယလို၊ ယဉ်ကျေးမှုတွေ လွှမ်းမိုးထားတော့မှာပဲ ဆိုတဲ့ စိုးရိမ်သောကတွေ ပိုမိုကြီးထွားလာကြတယ်။
ကိုလိုနီခေတ်မှာ တိုင်းရင်းသားမွတ်စလင်မ်တွေကို နိုင်ငံခြားသား မွတ်စလင်မ်တွေက လွှမ်းမိုးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါဟာ သမိုင်းရဲ့အမှန်တရား တစ်ခုပါပဲ။
ကိုလိုနီခေတ်မှာ တို့ဗမာအစည်းအရုံးက ဗမာစာကို ချီးမြှင့်ပါ၊ ဗမာစကားကို လေးစားပါလို့ ကြွေးကျော်နေတဲ့အချိန်မှာ မွတ်စလင်မ်တွေကို အူရ်ဒူစာတတ်မှ၊ အူရ်ဒူစကားပြောတတ်မှ မွတ်စလင်မ်ပီသမယ်ဆိုတဲ့ အတွေးအခေါ်တွေ ရိုက်သွင်း ပေးခဲ့ကြတယ်။ ဌာနေမွတ်စလင်မ်တွေက ဒီအတွေးအခေါ်၊ အယူအဆ မှားယွင်းနေတယ်ဆိုတာ မှန်မှန်ကန်ကန် တွေးခေါ် မြော်မြင်ပြီး ဗမာစာနဲ့ရေးသားတဲ့ စာအုပ်စာတမ်းတွေ များစွာထုတ်ဝေခဲ့ကြပါတယ်။
နိုင်ငံခြားသားမွတ်စလင်မ်တွေ ဗမာမွတ်စလင်မ်တွေအပေါ်မှာ အထင်အမြင်မှားခဲ့တာဟာ ဗမာဘုရင်ခေတ် ကတည်းကပါ။ မင်းတုန်းမင်းလက်ထက် အင်္ဂလိပ်သံတမန်တွေနဲ့ပါလာတဲ့ မွတ်စလင်မ်အမှုထမ်းတွေကို ဌာနေ မြန်မာ မွတ်စလင်မ်တွေက ထမင်းဖိတ်ကျွေးတဲ့အခါ ဌာနေမွတ်စလင်မ်တွေရဲ့ နေထိုင်စားသောက်ပုံက မြန်မာတွေနဲ့ ခွဲမရအောင် တူလို့ဆိုပြီးတော့ ဖိတ်ကြားချက်ကို လက်မခံခဲ့ကြပါဘူး။ ဒါက ဘာကိုပြနေလဲဆိုရင် မွတ်စလင်မ်တွေဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ တစ်သားတည်းဖြစ်အောင် နေခဲ့တယ်ဆိုတာကို ထင်ရှားစေတဲ့အချက်ပါ။ ကိုလိုနီခေတ်မှာလည်း ဒီလိုနေထိုင်ခဲ့တဲ့သူတွေ လွတ်လပ်ပြီးခေတ်မှာလည်း ဒီလို တစ်သားတည်းဖြစ်အောင် နေထိုင်ကြတဲ့သူတွေက အများစုပါ။ အနည်းစုကသာ အိန္ဒိယ ယဉ်ကျေးမှုပုံစံထဲမှာ နေထိုင်နေကြတာပါ။ ဒါပေမဲ့ အိန္ဒိယယဉ်ကျေးမှုပုံစံနဲ့ နေထိုင်တဲ့သူတွေဟာလည်း မြန်မာနိုင်ငံရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြပါတယ် ဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံနိုင်ပါတယ်။ အနည်းစုကသာလျှင် ကိုလိုနီခေတ်က အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းခံခဲ့ရတဲ့ အကျိုးအဖြစ် အိန္ဒိယယဉ်ကျေးမှုကို အထင်ကြီးနေကြတာသာ ဖြစ်ပါတယ်။ အာဏာရှင်တွေက မျက်ကန်းမျိုးချစ်စိတ်ဓါတ်တွေ အတင်းအဓမ္မဖြန့်ဖြူးခဲ့ပြီး ဗမာအမျိုးသားရေးကို ဇောင်းတင်ခဲ့တော့ ကျန်တဲ့ ဗုဒ္ဓဘာသာ အခြားအမျိုးအနွယ်တွေ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင်တွေက မိမိတို့ ကိုယ်ပိုင်အမျိုးသားလက္ခဏာ တွေဆိုပြီး ဟုတ်ဟုတ် မဟုတ်ဟုတ် အတင်းဖက်တွယ်ထားကြကုန်ရော။ ဒီလိုနဲ့ အိန္ဒိယဆန်တဲ့ ၀တ်စားဆင်ယင်မှုနဲ့ အနေအထိုင်ပုံစံတွေ မွတ်စလင်မ်တွေကြားမှာ အတော်အတန် ဖွံ့ဖြိုးလာခဲ့ပါတယ်။ ဒီအချက်ကို အခွင့်ကောင်းယူပြီး အာဏာရှင်တွေက ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက်လိုကြတဲ့သူတွေက မျက်ကန်းမျိုးချစ်တွေကို သွေးထိုးလှုံ့ဆော်ပြီး တိုင်းပြည်မှာ ဆူပူသောင်းကျန်းမှုတွေ ဖန်တီးနေကြတာ ယနေ့အထိပဲ ဖြစ်တယ်ဆိုတာ လူကြီးမင်းများ အားလုံးအသိပါပဲ။
ဒီနေရာမှာ ကျွန်တော်တို့ မွတ်စလင်မ်တွေကို လေးစားစွာ အသိပေးလိုတာက ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ ငါတို့ဟာ မြန်မာနိုင်ငံတော်ရဲ့ သားကောင်းရတနာတွေလို့ ခံယူပြီး၊ နိုင်ငံတော်ရဲ့ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ဖို့ပါ။ ဒို့ဟာ ဘာသာမတူ၊ အယူအဆမတူတဲ့ သူတွေဆိုပြီး တစ်သီးတစ်သန့်မနေဘဲ ကျွန်တော်တို့ ဘိုးဘေးတွေလို ဒီမြေမှာနေ၊ ဒီရေကိုသောက်၊ ဒီဆန်ကိုစားပြီး၊ မြန်မာနိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိကြဖို့ဆိုတဲ့ အသိတွေကို ကျွန်တော်တို့ရဲ့ သားမြေးတွေကိုပါ လက်ဆင့်ကမ်း အမွေပေးခဲ့ကြပါ။ အခုလောလောဆယ် ဘယ်လောက်ပဲ အဖိနှပ်ခံနေရသည်ဖြစ်စေ မြန်မာတစ်မျိုးသားလုံးကိုချစ်ပါ
ဒီနေရာမှာ ကိုလိုနီခေတ်မတိုင်မီ ကုန်းဘောင်ခေတ်က ထင်ရှားကျော်ကြားခဲ့တဲ့ အစ္စလာမ်ဘာသာဝင် မြန်မာစာဆိုကြီး ရွှေတောင်သာဂသူဘွဲ့ရ ဆရာကြီးဦးနုကို ဥပမာပေးပါရစေ။ ဆရာကြီး ဦးနုဟာ ဗဒုံမင်းလက်ထက် ထင်ရှားခဲ့တဲ့ ရမ္မာဝတီမြို့ ၀န်ကြီးဖြစ်ပါတယ်။ ဆရာကြီးဦးနုဟာ မြန်မာ၊ ပါဠိ၊ သက္ကတ၊ အရဗီ၊ ဖါရစီ၊ အူရဒူ၊ ဟိန္ဒူစတန်နီဘာသာစကားများကို တတ်ကျွမ်းသူဖြစ်ပါတယ်။ ဒါ့ကြောင့် အစ္စလာမ်နဲ့ပတ်သက်တဲ့ တရားတော်တွေကို (၃၅)ခန်းကျမ်းရေးပြီး၊ ဗဒုံမင်းထံ တင်ပြနိုင်ခဲ့ပါတယ်။ မြို့ဝန်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံတော်ရဲ့တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်တဲ့အတွက် ဘုရင်က ရွှေတောင်သာဂသူဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။
ဘာသာစာပေတစ်ခုကို တတ်ကျွမ်းတယ်ဆိုတာ တန်ခိုး က္ကုဒ္ဓိပါဒ်တစ်ခု တိုးတာပါပဲ။ ကျွန်တော်တင်ပြချင်တာက အမိဘာသာစကားဖြစ်တဲ့ မြန်မာစာကို ကျွမ်းကျင်အောင်လေ့လာပါ။ အူရဒူ၊ ဖါရစီ၊ အရဗီ၊ အင်္ဂလိပ်၊ ပြင်သစ် ဘာသာစာပေတို့ကို တတ်ကျွမ်းအောင် လေ့လာနိုင်သလောက်လေ့လာပါ။
မြန်မာ့ဓလေ့ထုံးတမ်းကို လေးစားတန်ဖိုးထားပါ။ ဗုဒ္ဓရဲ့တရားတော်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အခြား အခြားသော ဘာသာ တရားတွေကိုလည်း လေ့လာလိုက်စားပါ။ ဒါတွေကို ပစ်ပယ်ထားရင် အစ္စလာမ်ဆိုတာ မြန်မာ့ရေမြေမှာ တစ်သီးတစ်သန့် ဖြစ်နေလိမ့်မယ်။ ဒီလိုတစ်သီးတစ်သန့်ဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် အဖျက်သမားတွေရဲ့ အကြိုက်ဖြစ်သွားလိမ့်မယ်။
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား-
လူမျိုးနွယ်တွေကို သွေးခွဲလှုံ့ဆော်ခြင်း၊ မတူကွဲပြားသော ဘာသာတရားများကို သွေးထိုးလှုံ့ဆော်ခြင်း၊ နိုင်ငံရေး အတွေးအခေါ် မတူညီသူများကို ဖိနှိပ်ခြင်းကို မြန်မာ့သမိုင်းတလျှောက်မှာ မွတ်စလင်မ်တွေသာ ခံရတာမဟုတ်ပါဘူး။
ဒီပဲရင်း အရေးအခင်းကြီးဟာ ကမ္ဘာကျော်အဖြစ်အပျက်ကြီးပါ။ ဒါပေမဲ့ ဒီနေ့အထိ ဘယ်သူတရားခံလဲဆိုတာ မပေါ်သေးပါဘူး။ ခံရတဲ့သူတွေသာလျှင် ထောင်ကျခံ၊ ထိန်းသိမ်းခံရတာတွေသာ ရှိပါတယ်။ ရခိုင်တို့ရဲ့အရပ်ဒေသ၊ ကရင်တွေရဲ့ အရပ်ဒေသ၊ ကချင်တွေရဲ့အရပ်ဒေသတွေမှာ ဒီလို တရားလက်လွတ်ဆောင်ရွက်ခဲ့ကြတာတွေ
ယခု မွတ်စလင်မ်တွေဘက်ကို တရားလက်လွှတ် ပြုမှုနေကြပြန်ပါပြီ။ မွတ်စလင်မ်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ၊ ဗလီတွေ ဖျက်ဆီးခံနေကြပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်မ်တွေရဲ့ ပဋိပက္ခအသွင်ဖန်တီးပြီး တိုင်းပြည် ပျက်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေကို သွေးထိုးလှုံ့ဆော်ပြီး နိုင်ငံတော်ကြီး ချီတက်နေတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို အဟန့်အတား ပြုနေတာပါ။
ဒါတွေဟာ ပြည်သူပြည်သားအချင်းချင်း မယုံသင်္ကာဖြစ်ပြီး လက်ဦးမှုရယူ တိုက်ခိုက်ကြမှာကို စိုးရိမ်မိပါတယ်လို့ ၈၈မျိးဆက် ကိုမင်းကိုနိုင်က ဝေဖန်ထောက်ပြပါတယ်။
နာရေးကူညီသူ ကိုကျော်သူကလည်း ဘယ်ကမှန်းမသိတဲ့ လူတစ်စုက အကွက်ချစီစဉ်ပြီး ဆောင်ရွက်တာကို ကြိုတင်သတင်းရရှိပေမဲ့ ဘယ်လုံခြုံရေးတာဝန်ရှိသူမှ မတားဆီးဘူးလို့ ပြောကြားသွားပါတယ်။
ကနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးရဲ့အခြေအေ
ကျွန်တော်တို့အားလုံး စိတ်ရဲ့ခံစားမှုကို ဦးစားပေးခြင်းမပြုဘဲ အမိမြန်မာနိုင်ငံတော်အတွက်ဆိုတဲ
စူရာဟ် ၂၈း၁၅ မှာ- “တမန်တော်မူဆာသည် သူ့အဖွဲ့သားတစ်ဦးနဲ့ သူ့ရန်သူအဖွဲ့ထဲကတစ်ဦးတို့ ခိုက်ရန်ဖြစ်ပွားနေတာကို တွေ့ရှိခဲ့သည်။ သူ့အဖွဲ့သားက အော်ဟစ်အကူအညီတောင်းလို့ တမန်တော်မူဆာက တစ်ဖက်လူကို တွန်းပစ်ပြီး ရန်ပွဲကို အဆုံးသတ်ခဲ့တယ်။ ချက်ချင်းပဲ တမန်တော်မြတ်ကြီးဟာ သတိရသွားတယ်။ ဘယ်သူလွန်တယ်ဆိုတာ မသိခင်အလျင် သူ အလျင်စလိုလုပ်လိုက်မိပြီ ဆိုပြီး `ကျွန်တော်မျိုးအား ပြစ်ဒဏ်များမှ ကာကွယ်ပေးတော်မူပါ´ လို့ အမှားဝန်ခံလိုက်ပါတယ်” တမန်တော်တွေဆိုတာ ကျွန်တော်တို့လို သာမာန်လူသားတွေအတွက် စံနမူနာပြပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီနေရာမှာ တမန်တော်မူဆာက ခိုက်ရန်ဖြစ်ပွားနေတဲ့ သူနှစ်ဦးအနက် ဘယ်သူက ကျူးလွန်စော်ကားသူလည်းဆိုတာ မသိခင်အလျင် သူ့အဖွဲ့သားမဟုတ်တဲ့သူကို တွန်းလှဲပြစ်လိုက်တာဟာ သူ့အမှားပါလို့ ၀န်ခံထားပါတယ်။
ဘယ်ကိစ္စမဆို တစ်ဘက်လူရဲ့အမှားပဲလို့ အလျင်စလို မဆုံးဖြတ်မိစေဖို့ တမန်တော်မြတ်ကြီးက နမူနာပြထားတာပါ။ ဒါဟာ အလ္လာဟ်ရဲ့လမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ကုရ်အာန် (၄း၁၃၆)မှာ
အို- သက်ဝင်ယုံကြည်ကြသူအပေါင်းတို့ —
မိမိ၏အကျိုးစီးပွား၊ မိဘ၊ ဆွေမျိုးများ၏အကျိုးစီးပွားကို ထိခိုက်နစ်နာနိုင်စေကာမူ သမာဓိ ခိုင်ကြည်စွာဖြင့် မှန်ကန်စွာ သက်သေပြုကြကုန်လော့
လို့ မိန့်ကြားထားပါတယ်။
တစ်ခါ စူရာဟ် (၄၉း၆) မှာ
အို- သက်ဝင်ယုံကြည်ကြသူအပေါင်းတို့ —
သင်တို့ထံ မသမာသူများထံမှ တစ်စုံတစ်ခုသော သတင်းရောက်ရှိလာခဲ့သော် ပညာမဲ့စွာဖြင့် လူမျိုးတစ်မျိုးအား ထိခိုက်နစ်နာမှုဖြစ်ခြင်းမှ ရှောင်လွှဲနိုင်ရန် သေချာဂဏစွာ စီစစ်သုံးကြကုန်လော့ သို့မဟုတ် သင်တို့၏ပြုလုပ်မှုကြောင့် နောင်တရစရာများ ဖြစ်ပေါ်လာနိုင်ပေလိမ့်မည်
ဒါ့ကြောင့် ကျွန်တော်တို့အားလုံးဟာ ကောလဟလတွေရဲ့ အန္တရာယ်တွေကို သတိကြီးကြီး၊ အမြော်အမြင်ရှိရှိနဲ့ တွန်းလှန်ဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် သဟဇာတဖြစ်ပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့ထုတ်တဲ့သတင်းစာတွေထဲမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ စုစည်းတည်ဆောက်ထားတဲ့နိုင်ငံဆို
ကျမ်းတော်မြတ်ကုရ်အာန် (၅း၅၆)မှာလည်း
`မတူညီတဲ့ လူ့အဖွဲ့အစည်းအချင်းချင်းဟာ တစ်ဦးကိုတစ်ဦး တန်ဖိုးထားလေးစားပြီး ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် မည်သည့်ပြသနာကိုမဆို အောင်မြင်ကျော်လွှားနိုင်မယ်လို့
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)