ဝါကျွတ်ပွဲတော် ပျော်ရွှင်မယ်နော် 25.7.2014 မုဖ်သီ ဦးသန်းအောင် (LL.B)

ဝါကျွတ်ပွဲတော် ပျော်ရွှင်မယ်နော်
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော် ယခုအပတ် ဟောပြောတင်ပြမယ့်ခေါင်းစဉ်က `၀ါကျွတ်ပွဲတော် ပျော်ရွှင်မယ်နော်´ ဆိုတဲ့ ခေါင်း စဉ်ပဲဖြစ်ပါတယ်။ `အင်ရှာအလ္လာဟ်ဟု သအလာ´ လာမယ့် ၂၉-၇-၂၀၁၄အင်္ဂါနေ့မှာ ကျွန်တော်တို့ဟာ ဒီတစ်လ တာ ရမဒွါန်လမြတ်မှာ သင်ကြားပေးလိုက်တဲ့သင်တန်းရဲ့ သင်တန်းဆင်းပွဲ `အီးဒ်ဒွလ်ဖိသိရ်´ဆိုတဲ့ သင်တန်း ဆင်းပွဲတစ်ခုကို သေချာပေါက်ဆင်နွှဲကြတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက်အတိုင်း ရမဒွါန်လမြတ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်ကို နာခံရိုကျိုးစွာနဲ့ ဆွလာသ်၊ ဆွိယာမ်၊ ဇကားသ်၊ အမ္မလေဆွာလေဟာသ်လို့ခေါ်တဲ့ ကောင်းမွန်တဲ့လုပ်ငန်းဆောင်တာတွေကို နေ့စဉ်နဲ့အမျှ ပြု လုပ်ဆောင်ရွက်လျက်ရှိခဲ့ပါတယ်။ ဒီကနေ့ဟာဆိုလို့ရှိရင် ‘လိုင်လသွလ်ကဒရ်’ဆိုတဲ့ အခြေအနေကို ကျွန်တော်တို့ ရောက်ရှိခဲ့ကြပါပြီ။
ကျမ်းတော်မြတ်ကုရ်အာန်မှာ ဖော်ပြထားတဲ့အချက်အလက်တွေကို လေ့လာကြည့်မယ်ဆိုရင် အလ္လာဟ် အရှင်မြတ်ဟာ လူသားတွေရဲ့ဘ၀တည်ငြိမ်၊ အေးချမ်း၊ ဘေးကင်းလုံခြုံပြီး ငြိမ်းချမ်းသာယာဝပြောဖို့ ကမ္ဘာ့နိုင်ငံ အသီးသီး၊ နယ်ပယ်ဒေသအရပ်ရပ်၊ လူသားမျိုးနွယ်အသွယ်သွယ်၊ ဘာသာစာပေစကား အမျိုးမျိုးနဲ့ အလ္လာဟ်အရှင် မြတ်က စေလွှတ်လိုက်တဲ့ တစ်နည်းအားဖြင့် ရွေးချယ်လိုက်တဲ့ မိမိတို့အမျိုးသားထုအတွင်းကနေ ရစူလ်၊ နဗီ တမန် တော်မြတ်တွေကို စေလွှတ်ရွေးချယ်မှုနဲ့အတူ အလ္လာဟ်အရှင်မြတ်ရဲ့ ဓမ္မလင်းရောင်ခြည် တရားဒေသနာတော်တွေ ကို ၀ဟီအားဖြင့် ထုတ်ပြန်ပို့ချပေးသနားတော်မူခဲ့ပါတယ်။ ဒါပေမဲ့ လူတွေဖြစ်တဲ့အားလျော်စွာ အဲဒီလူတွေဟာ သူတို့ရဲ့ဦးစီးခေါင်းဆောင်နာယက ရစူလ်တမန်တော်တွေ လွန်လေပြီးတဲ့နောက်ပိုင်းမှာ သူတို့ဟာ လူမျိုးစွဲ၊ ၀ါဒစွဲ၊ အတ္တစွဲ၊ ဂိုဏ်းဂဏဆရာသခင်စွဲစတဲ့ အစွဲအလန်းတွေကို ရှေ့တန်းတင် ဦးစားပေးပြီးတော့ ခေတ်၊ ကာလ၊ အချိန် ပြောင်းလဲမှုကြောင့်ဖြစ်ဖြစ်၊ မိမိတို့စိတ်အလိုဆန္ဒနဲ့အညီ စိတ်ကူးကဖြစ်ပေါ်စေချင်တဲ့အရာတွေကို အလ္လာဟ်အရှင် မြတ်က ထုတ်ပြန်ပို့ချပေးထားတဲ့ မူရင်းကျမ်းကို လိုသလိုပြုပြင်၊ ပြောင်းလဲ၊ လိုတိုး၊ ပိုလျှော့လုပ်လာရင်း လုပ်လာရင်းကနေ အလ္လာဟ်ရဲ့မူရင်းပကတိကျမ်းရဲ့ အနှစ်သာရတွေ၊ အရှိတရားတွေဟာ ပ,ပျောက်ကွယ်၊ ပျက်
ပြယ်လာခဲ့ရပါတယ်။ ဒီလိုနဲ့ အလ္လာဟ်အရှင်မြတ် စေလွှတ်ခဲ့တဲ့ ရစူလ်တမန်တော်မြတ်များရဲ့ ဓမ္မလင်းရောင်ခြည်၊ တရားဒေသနာတော်တွေဟာ လူတွေရဲ့လက်ချက်ကြောင့် မှေးမှိန်မှုကိုရောက်ရှိလာခဲ့ရပါတယ်။ အဲဒီအချိန်ဟာ ယုံ ချင်ရာကိုယုံပြီး၊ လုပ်ချင်ရာကိုလုပ်၊ ဖြစ်ချင်တာဖြစ်ဆိုတဲ့ အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။
တစ်နည်းအားဖြင့် အဲဒီအချိန်၊ အခြေအနေတွေဟာ ကမ္ဘာလောကတစ်ခွင်ကို ကြည့်မယ်ဆိုရင် လောက တစ်ခုလုံးဟာ မကောင်းဆိုးဝါးမှုတွေ၊ မိုက်မဲရမ်းကားကျူးလွန်မှုတွေ ပြည့်နှက်နေပြီး အဆိုးရွားဆုံးခေတ်၊ အမိုက် မှောင်ထုအကျရောက်ဆုံးခေတ်အခြေအနေတွေရောက်ပြီး အဲဒီခေတ် လူသားတွေဟာ ဘယ်လမ်းကိုလျှောက်လို့ ဘယ်လမ်းကိုသွားရမလဲဆိုတာ မသိဘဲနဲ့ လမ်းပေါ်မှာ လမ်းပျောက်နေခဲ့ကြပါတယ်။ လူသားတွေရဲ့ဘ၀ဟာ ရှင် သန်ဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေး၊ နှေးကွေး ပျက်ပြယ်လျက်ရှိနေပြီး လောကတစ်ခွင်တစ်ပြင်မှာလည်း တည်ငြိမ်၊ အေးချမ်း၊ ဘေးကင်း၊ လုံခြုံမှုတွေပျောက်ကွယ်နေလျက်ရှိခဲ့ပြီး အမှောင်ထဲမှာ တ၀ဲလည်လည်ဖြစ်နေကြပါတယ်။ အဲဒီလိုခေတ်၊ အဲဒီလိုအခြေအနေကို အရဗီလို ‘‘ အိုက်ယာမေ ဂျဟေလီယားသ် ” (Dark Age) အမိုက်ခေတ်ဆိုပြီး သမိုင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီလိုဖြစ်နေချိန်၊ အဲဒီလိုဖြစ်နေတဲ့အခါသမယ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်က ခရစ်နှစ်အားဖြင့် ၆၁၀နှစ်ဦးပိုင်းလောက်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ကနေ နောက်ဆုံးနဲ့ အန္တိမတမန် တော်မြတ်ကြီး မုဟမ္မဒ်(ဆွလ္လ)ကို ကမ္ဘာလောကခပ်သိမ်းအတွက် မဟာကရုဏာတော်တစ်ရပ်အဖြစ် စေလွှတ်ပြီး ကမ္ဘာလောကကို အလှဆင်ဖို့အတွက် လင်းရောင်ခြည်ဝဟီကျမ်းမြတ်ကုရ်အာန်ကို အဆင့်ဆင့်ထုတ်ပြန်ပို့ချပေး သနားတော်မူခဲ့ပြီး ထွန်းလင်းတောက်ပစေခဲ့ပါတယ်။
အဲဒီအခါမှာ အမှောင်အတိကျနေတဲ့ လောကကြီးဟာ အစ္စလာမ်ဓမ္မလင်းရောင်ခြည် ထွန်းလင်းတောက် ပြောင်လာပြီး လောကတစ်ခွင်တစ်ပြင်ဟာ အင်မတန် စိုပြေ၊ ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းခဲ့ပါတယ်။ လေ ထုအတွင်းမှာ လေထုညစ်ညမ်းမှုတွေ ကင်းစင်ပပျောက်စေပြီးတော့ လူသားတွေ အသက်ဆက်ရှင်သန်ထက်မြက် ဖို့၊ သန့်ရှင်းစင်ကြယ်ပြီး အဖိုးတန်တဲ့လေပြေလေညှင်း၊ လေကောင်းလေသန့်တွေ အလျှံပယ်ပေါကြွယ်ဝလာပါ တယ်။ ပင်လယ်၊ သမုဒ္ဒရာ၊ မြစ်ချောင်း၊ အင်းအိုင်တွေကိုကြည့်မယ်ဆိုရင်လည်း အဆိပ်အတောက်၊ အပျက်အစီး ဖြစ်မှုတွေ ပပျောက်ပြီးတော့ ‘ဇမ်ဇမ်’ရေပမာ ရေစင်၊ ရေသန့်သဖွယ်ရရှိလာခဲ့ရပါတယ်။ ဒီအခြေအနေ၊ အဖြစ်အ ပျက်တွေကို မွတ်ဆလင်မ်တွေဟာ သူတို့ဘ၀ သက်တမ်းတစ်လျှောက်လုံးမှာ ဘယ်တော့မှ မမေ့ပျောက်နိုင်တော့ ပါဘူး။ တစ်သက်တာထာဝရ အထိမ်းအမှတ်ပြု၊ မှတ်တမ်းတင်ထားဖို့ တာဝန်တစ်ရပ် အသေအချာရှိလာခဲ့ရပါ တယ်။ အဲဒီအခြေအနေ၊ အဖြစ်အပျက်ဖြစ်ပေါ်ခဲ့တာကတော့ လမြတ်ရမဒွါန်ရဲ့ `လိုင်လသွလ်ကဒရ်´လို့ခေါ်တဲ့ `ထူးကဲမြင့်မြတ်တဲ့ည´ `လေးစားတန်ဖိုးထားအပ်တဲ့ည´ ကိစ္စရပ်အလုံးစုံကို ပြီးပြည့်စုံအောင် စီမံခန့်ခွဲပြီးစီးစေတဲ့
ညဆိုတဲ့အခါကာလမှာ အလ္လာဟ်အရှင်မြတ်ထံတော်ကနေ အန္တိမ နောက်ဆုံးတမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွလ္လ) ထံကို အပြီးပြည့်စုံဆုံးသော၊ နောက်ဆုံးဖြစ်သော ကျမ်းမြတ်ကုရ်အာန်ကို ၀ဟီအဖြစ် ထုတ်ပြန်ပို့ချ ပေးသနားတော် မူခြင်းကို ခံခဲ့ရပါတယ်။
လောကအလင်းဆောင်တဲ့ လင်းရောင်ခြည်၊ သန့်ရှင်းစင်ကြယ်ပြီး၊ ဘေးဘယာဝေးကွာစေတဲ့ လေပြေလေ ညှင်း၊ ရောဂါဘယအဆိပ်ဖြစ်မှုတွေကင်းတဲ့ ရေကောင်းရေသန့်တို့ဟာ လူသားထုရဲ့ဘ၀မှာ ရှင်သန်ဖွံ့ဖြိုးဖို့ အရေး ကြီးသလို၊ လူ့ဘ၀တည်ဆောက်မှုအတွက်မှာလည်း လူတွေရဲ့ယုံကြည်ချက် အဆိပ်မသင့်ဖို့အတွက်လည်း အရေး ကြီးပါတယ်။ လူ့ဘ၀တည်ဆောက်မှုအတွက် ထာဝရမပျက်မစီးတည်တံ့ခိုင်မြဲနေတဲ့၊ ပြီးပြည့်စုံတဲ့၊ သေချာတိကျ ခိုင်မာစွာ ရှင်းလင်းဖွင့်ဆိုထားတဲ့၊ အနှိုင်းမဲ့၊ သံသယမဲ့၊ အကြွင်းမဲ့၊ အတုမဲ့စတဲ့ ဂုဏ်အင်နဲ့ပြည့်စုံတဲ့ ကျမ်းမြတ်ကုရ် အာန်ဟာ အလ္လာဟ်အရှင်မြတ်ထံတော်ကနေ ရစူလ်တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)ထံတော်ကို ထုတ်ပြန်ပို့ချပေး ခဲ့တဲ့ ကျမ်းဖြစ်ပြီး အဲဒီကျမ်းတော်မြတ်ဟာ လူသားခပ်သိမ်းတို့အတွက် လူ့ဘ၀တည်ဆောက်မှုစနစ်ဇယား (Code of life) တစ်နည်းအားဖြင့် ဘ၀ရဲ့မီးရှူးတန်ဆောင်၊ လင်းရောင်ခြည်ပဲဖြစ်ပါတယ်။
လမြတ်ရမဒွါန်ရဲ့ ထူးကဲမြင့်မြတ်တဲ့ညတစ်ညမှာ ပို့ချပေးခြင်းကိုခံရတဲ့ ကျမ်းမြတ်ကုရ်အာန်ဟာ လူသား တွေအတွက် အသက်တမျှအရေးကြီးကြောင်းကိုလည်း နားလည်သဘောပေါက်လာခဲ့ကြပါတယ်။ အဲဒီလို ကျမ်း မြတ်ကုရ်အာန် ထုတ်ပြန်ပို့ချပေးသနားတော်မူခြင်းခံလိုက်ရတဲ့အတွက် လူတွေဟာ သူတို့အရင်က ဖြစ်ပျက်နေခဲ့တဲ့ စွန်းထင်းပေကျံနေခဲ့တဲ့ ရောဂါတွေကို ကျမ်းမြတ်ကုရ်အာန်က ဆေးဝါးသဖွယ် ကုသပျောက်ကင်းစေတယ်ဆိုတာ ကို ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၁၀၊ အာယသ် ၅၇ မှာ အခုလို ဖော်ပြထားပါတယ်။
“ အို . . . လူသားခပ်သိမ်းအပေါင်းတို့၊ အသင်တို့ကို အဆင့်ဆင့်ပြုစုပျိုးထောင်စီမံကွပ်ကဲလမ်းညွှန်တဲ့ အရှင်မြတ်ထံတော်ကနေ အသင်တို့ထံကို ဘ၀ရှင်သန်ထက်မြက်စေတဲ့ စနစ်ဇယား အဆုံးအမဟာ အသင်တို့ဆီကို အသေအချာပဲ ရောက်ရှိလာခဲ့ပြီးဖြစ်တယ်။ ”
ဒီနေရာမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မိန့်ကြားချက်တွေဟာ အင်မတန်ပြောင်မြောက်ထိမိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ စပြီးခေါ်လိုက်တဲ့အချိန်မှာ `အို လူသားအပေါင်းတို့´ လို့ခေါ်လိုက်တဲ့အတွက် လောက တစ်ခွင်မှာ ဘယ်လူမျိုး၊ ဘယ်တိုင်း၊ ဘယ်နိုင်ငံ၊ ဘယ်အသိုင်းအ၀ိုင်းမှာရှိပြီး ဘယ်အခြေအနေမှာရှိနေစေကာမူ ကျမ်းမြတ် ကုရ်အာန်ရဲ့ လမ်းညွှန်ချက်ဟာ လူသားကို ဘက်မလိုက်တဲ့၊ တရားမျှတတဲ့၊ ကျား၊ မ မခွဲခြားတဲ့၊ လူ့အခွင့်အရေးတစ်ရပ်ကို ပေးနေတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဆက်ပြီး `အဲဒီ မောင်ဝ်အိဇာလို့ခေါ် ဘ၀ရှင်
သန်ထက်မြက်စေတဲ့ စနစ်ဇယား၊ ကျမ်းမြတ်ကုရ်အာန်အဆုံးအမဟာ လူသားတွေရဲ့စိတ်နှလုံး၊ အတွေးအခေါ်၊ အတွေးအမြင်အတွင်းမှာ အမြစ်တွယ်စွဲလန်းနေတဲ့ ရောဂါဝေဒနာတွေကို စင်ကြယ်သန့်ရှင်းပျောက်ကင်းစေပြီး တော့ ဘ၀တစ်ခုလုံး ရှင်သန်ဖွံ့ဖြိုးတိုးတက်အားကောင်းစေတဲ့ ဆေးလည်းဖြစ်တယ်နော်´ လို့ ဖွင့်ဆိုထားခြင်းဖြစ် ပါတယ်။ ဒါ့အပြင် `ဒီ မောင်ဝ်အိဇာဆိုတဲ့ အဆုံးအမဟာ အသင်တို့အတွက် ဓမ္မလင်းရောင်ခြည်၊ လမ်းညွှန်ချက် အသေအချာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ထံတော်ကနေ အသင်လူသားတို့ လိုအပ်ချက်ရှိတယ်လို့မသိခင်၊ မထင်သေးခင်ကတည်းက အသင်လူသားတို့အတွက် လိုလေသေးမရှိ ပြီးပြည့်စုံစွာ စီမံခန့်ခွဲ အကောင်အထည် ဖော်ထားတော်မူတဲ့ ရဟ်မသ်တော်ဆိုတဲ့ အထောက်အပံ့ မဟာကရုဏာတော်တစ်ရပ်လည်း ဖြစ်တယ်နော်´
ဒီ မောင်ဝ်အိဇာလို့ခေါ်တဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အဆုံးအမဟာ ဘယ်လိုလူတွေအတွက်လဲဆိုရင် လူသား ခပ်သိမ်းကို အလ္လာဟ်အရှင်မြတ်က လမ်းညွှန်ပြသလိုက်ပေမယ့်လည်း ‘လိလ်မုအ်မင်နင်းန်’ ဆိုပြီးတော့ အာယသ် တော်ရဲ့အဆုံးမှာ သုံးနှုန်းထားတဲ့အတွက်ကြောင့် လူသားခပ်သိမ်းကိုလမ်းညွှန်လိုက်ပေမယ့်လည်း လူသားခပ်သိမ်း ဟာ အဲဒီလမ်းညွှန်ချက်ကို အသုံးချရကောင်းမှန်း၊ အသုံးပြုရကောင်းမှန်း၊ လိုက်နာရကောင်းမှန်းမသိဘဲ အသုံးမပြု ခဲ့ကြဘူး။ မုအ်မင်န်လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်က ယုံကြည်ခိုင်းထားတဲ့အရာတွေ၊ လိုက်နာကျင့်သုံးလက်တွေ့ အကောင်အထည်ဖော်ရမယ့်အရာတွေကို ဦးလည်မသုံ၊ အကြွင်းမဲ့၊ သံသယမဲ့၊ စောဒကမဲ့ သက်ဝင်ယုံကြည်ပြီး မိမိ ဘ၀သက်တမ်းတစ်လျှောက်လုံး အလ္လာဟ်အရှင်မြတ်ကဖြစ်စေချင်တဲ့အတိုင်း ပုံဖော်ကာ အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတဲ့ ဘ၀ခရီးပန်းတိုင်ကို ချီတက်နေတဲ့ အီမာန်သက်ဝင်ယုံကြည်သူတွေအတွက်တော့ ကုရ်အာန်ဆို တဲ့ အဆုံးအမဟာ ရဟ်မသ်၊ ဟုဒါန်းလည်းဖြစ်တယ်ဆိုတာကို ဒီအာယသ်မှာ ဖော်ပြထားပါတယ်။
ဒီအာယသ်ကို အသေအချာလေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ မုအ်မင်န် သက်ဝင်ယုံကြည်သူ တွေဖြစ်မယ်ဆိုရင် မောင်ဝ်အိဇာ၊ ရဟ်မသ်၊ ဟုဒါန်းဆိုတဲ့ အလ္လာဟ်ရဲ့ချီးမြှင့်မှုတွေဟာ အသေအချာရမယ်ဆိုတာ ကို ဖော်ညွှန်းနေပါတယ်။ ကျွန်တော်တို့ဟာ မုအ်မင်န် သက်ဝင်ယုံကြည်သူတွေဖြစ်မယ်ဆိုရင် ကျမ်းမြတ်ကုရ်အာန် ဟာ ကျွန်တော်တို့အတွက် မောင်ဝ်အိဇာလည်းဖြစ်သလို `ရှိဖအွန်း လိမာ ဖစ်စူဒူးရ်´ ဆိုတဲ့ ကျွန်တော်တို့ရဲ့ရင်ထဲ၊ နှလုံးသားထဲမှာ မူလစွဲထင်နေတဲ့ ရောဂါဘယမျိုးစုံကနေ ကင်းဝေးစေလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျမ်းမြတ်ကုရ် အာန်ဟာ ကျွန်တော်တို့အတွက် ရဟ်မသ်တော်တစ်ရပ်လည်းဖြစ်သလို၊ လမ်းညွှန်ချက်လည်းဖြစ်ပါတယ်။ ဒီအ တွက် ကျွန်တော်တို့ဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့လမ်းညွှန်မိန့်ကြားချက်ကို လက်တွေ့လိုက်နာကျင့်သုံး အကောင် အထည်ဖော်ဖို့ တာဝန်ရှိတယ်ဆိုတာ ဒီနေရာမှာ တွေ့ရမှာဖြစ်ပါတယ်။ ဒီအာယသ်မှာ မုအ်မင်န်တွေအတွက်လို့ ဖော်ပြပြီးတော့ ဆူရာဟ် ၃၊ အာယသ် ၁၃၈ မှာတော့
“ ဒီအရာဟာ လူသားခပ်သိမ်းတို့အတွက် သေသေချာချာ၊ စနစ်တကျ၊ ထင်ထင်ရှားရှား၊ ရှင်းရှင်းလင်းလင်း ဖော်ပြထားချက်ဖြစ်ပါတယ်။ ဓမ္မလင်းရောင်ခြည်၊ လမ်းညွှန် `ဟူဒါန်း´တစ်ခု အသေအချာဖြစ်တယ်။ ဘ၀ရှင်သန် ဖွံ့ဖြိုးထက်မြက်စေတဲ့ စနစ်ဇယား `မောင်အိဇာဟ်´ အဆုံးအမဖြစ်တယ်။
`လိလ်မွတ်သကီန်း` အလ္လာဟ်အရှင်မြတ်က လိုက်နာကျင့်သုံးရန် အမိန့်ပေးညွှန်ကြားထားချက်များကို တိတိကျကျ၊ လိုက်နာကျင့်သုံးပြီးတော့ အလ္လာဟ်အရှင်မြတ်က မပြုလုပ်၊ မဆောင်ရွက်၊ ရှောင်ကြဉ်ရန် တားမြစ်ထား တဲ့ အချက်အလက်ကိစ္စရပ်တွေကို တိတိကျကျရှောင်ကြဉ်တဲ့ လူတွေ တစ်နည်း `မွတ်သကီးန်´တွေအတွက် ဖြစ်ပါတယ် ”
မွတ်သကီးန်လို့ခေါ်တဲ့လူတွေ သက္က၀ါရှိပါတယ်ဆိုတဲ့ လူတွေဟာ အလ္လာဟ်ပြဥပဒေသလမ်းညွှန်ချက် (ကုရ်အာန်)အတိုင်း လက်တွေ့လိုက်နာကျင့်သုံးဖို့လိုမယ်လို့ တွေ့ရပါတယ်။ ဆူရာဟ် ၁၆၊ အာယသ် ၃၀ မှာ အခုလိုဖော်ပြထားပါတယ်။ အလ္လာဟ်အရှင်မြတ်က လက်တွေ့လိုက်နာကျင့်သုံးဖို့ ညွှန်ကြားထားချက်များကို လက် တွေ့လိုက်နာကျင့်သုံးပြီး အလ္လာဟ်အရှင်မြတ်ရဲ့ တားမြစ်ပိတ်ပင်ချက်များကို တိတိကျကျရှောင်ကြဉ်တဲ့သူတွေ (တစ်နည်း) အလ္လာဟ်သတ်မှတ်ထားတဲ့ ဘ၀နေနည်းအတိုင်း နေထိုင်အသက်ရှင်တဲ့လူတွေကို တစ်စုံတစ်ဦးက ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကဖြစ်စေ အခုလိုမေးခဲ့မယ်ဆိုရင် အသင်တို့အား အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူ သော အရှင်မြတ်ထံတော်က အသင်တို့ထံ မည်သည့်အရာကို ထုတ်ပြန်ပို့ချပေးခဲ့ပါသလဲဟုမေးမြန်းခဲ့ရာ“ အလ္လာဟ် အရှင်မြတ်က ကျွန်တော်တို့အတွက် ထုတ်ပြန်ပို့ချပေးလိုက်တဲ့အရာဟာ အကောင်းဆုံးပါပဲဗျာ ” လို့ ပြန်ဖြေမယ်။
အဲဒီမှာ အကောင်းဆုံးသောအရာဟာ ဘယ်အရာလဲဆိုတာကို ကျွန်တော့်အနေနဲ့ အကောင်းဆုံးသောအ ရာ ကုရ်အာန်လို့မပြောသေးပါဘူး။ အဲဒီလို အကောင်းဆုံးသောအရာကို လက်ခံရရှိထားတဲ့လူတွေဟာ ဘာ ဆက် ပြီးတော့ လုပ်ရလဲဆိုရင် သူတို့ဟာ လူနဲ့လူ့ပတ်ဝန်းကျင်ကို ညီညွတ်မျှတအချိုးအစားကျအောင်၊ ကောင်းကျိုးဝေ ဖြာတဲ့ လုပ်ငန်းဆောင်တာတွေကို သူတို့လုပ်ရပါတယ်။ `အဟ်စါန်´ဆိုတဲ့စကားလုံးကို သေသေချာချာကြည့် မယ်ဆိုရင် လောကကောင်းကျိုး၊ လူသားကောင်းကျိုးကို ဆောင်ရွက်တဲ့အခါ သူ ရစရာရှိတာကိုလျှော့ယူပြီး ပေး စရာရှိရင် သာသာထိုးထိုး၊ ပိုပိုသာသာပေးခြင်းကို အဟ်စါန်လို့ ကုရ်အာန်က ပြညွှန်းပါတယ်။ တစ်နည်းအားဖြင့် မွတ်ဆလင်မ်၊ မုအ်မင်န်၊ မွတ်သကီးန်တစ်ယောက်ဟာ ကိုယ်ကျိုးအတ္တကိုလျှော့ရပြီး သူများရဲ့အကျိုး ပရဟိတကို များများလုပ်ရမယ်လို့ ဒီအာယသ်ကို လမ်းညွှန်နေပါတယ်။ အဲဒီလူတွေဟာ လူနဲ့လူ့ပတ်ဝန်းကျင်တစ်ခုလုံး စင် ကြယ်ဖွံ့ဖြိုးတိုးတက်အောင်မြင်စေဖို့အတွက် လောကကောင်းကျိုး၊ လူသားကောင်းကျိုးကို ဆောင်ရွက်ကြတယ်။
အဲဒီလို ဆောင်ရွက်တဲ့လူတွေအတွက် `သူတို့လုပ်ရပ်နဲ့လျော်ညီတဲ့၊ ထိုက်တန်တဲ့ ကောင်းကျိုးချမ်းသာအ၀၀၊ အကောင်းဆုံးသော အခြေအနေ၊ သူတစ်ပါးကို အလှဆင်ပေးနေရင်းနဲ့ ကိုယ့်ဘ၀ အလိုလိုစင်ကြယ်ဖွံ့ဖြိုးလာတဲ့ အခြေအနေတွေကို ဒီမျက်မှောက်ကာလ ဒွန္နယာမှာလည်း ငါ အရှင်ချီးမြှင့်မှာဖြစ်ပါတယ်´ တဲ့။
`ခိုင်ရ်လို့ခေါ်တဲ့ အရှင်မြတ်ထုတ်ပြန်ပို့ချပေးလိုက်တဲ့ ကျမ်းဂန်ဒေသနာတော်ကို ရင်ဝယ်ပိုက်ထွေးပြီး လက်တွေ့လိုက်နာကျင့်သုံးကြတဲ့လူတွေရဲ့ နောက်ဆုံးအကျိုးဆက်ရလဒ် `အာခိရသ်´အနာဂတ်ကာလမှာလည်း သူတို့ဟာ အကောင်းဆုံးသောအခြေအနေတွေကို လက်ခံရရှိကြမှာဖြစ်ပါတယ်´လို့ အလ္လာဟ်အရှင်မြတ်က မိန့်ကြားထား ပါတယ်။ အာယတ်ရဲ့အဆုံးသတ်မှာ
‘အလ္လာဟ်ဥပဒေပြဋ္ဌာန်းချက်ကို ဦးထိပ်ပန်ဆင်တဲ့ မွတ်သကီးန်လို့ခေါ်တဲ့ လူပုဂ္ဂိုလ်တွေအတွက် နောက် ဆုံးအကျိုးဆက်ရလဒ်ဟာ အကောင်းဆုံးအခြေအနေဖြစ်ပါတယ်’လို့ ဒီအာယသ်မှာ ဖော်ပြထားပါတယ်။
လူသားတွေရဲ့ဘ၀ အမှောင်တိုက်အတွင်းနစ်မွန်းပိတ်လှောင်မိနေတဲ့အချိန်၊ မျှော်လင့်ချက် လုံးဝကင်းမဲ့ပြီး တော့ ဘ၀ရှင်သန်ဖွံ့ဖြိုးမှု ဆိတ်သုဉ်းနေတဲ့အချိန်မှာ လူတွေဟာ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ၊ ဘယ်လမ်းလိုက် လို့ ဘာဆက်လုပ်ရမလဲမသိဘဲနဲ့ လမ်းမပေါက်၊ လမ်းပျောက်နေတဲ့အချိန်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ကနေ ရစူလ်တမန်တော်မြတ်(ဆွလ္လ)ထံကို ကျမ်းမြတ်ကုရ်အာန်ထုတ်ပြန်ပေးလိုက်တဲ့ အချိန်အခါသမယ အစကနဦးဟာ လမြတ်ရမဒွါန်ရဲ့ဝါဦး ရမဒွါန်လမြတ်ရဲ့ (၁)ရက်ကစပါတယ်။ အဆုံးသတ်ဟာ ရမဒွါန်လရဲ့ နောက်ဆုံးရက်ဖြစ်ပါ တယ်။ အဲဒီ နှစ်ရက်ရဲ့ကြားကာလဟာ ‘လိုင်လသွလ်ကဒရ်’လို့ခေါ်တဲ့ ပြီးပြည့်စုံစွာ စီမံခန့်ခွဲမှုချီးမြှင့်တဲ့ည၊ အင်မ တန် မြင့်မြတ်တဲ့ည၊ ကိစ္စခပ်သိမ်းအလုံးစုံကို ပြီးပြည့်စုံစေတဲ့ညမှာ ထုတ်ပြန်ပို့ချပေးသနားတော်မူခဲ့တဲ့ ကျမ်းမြတ် ကုရ်အာန်ဟာ မုအ်မင်န်၊ မွတ်ဆလင်မ်တွေအတွက် တကယ်တမ်းအားဖြင့် အင်မတန် ပီတိဖြာစရာ၊ ၀မ်းမြောက် ပျော်ရွှင်စရာဖြစ်နေမှာပါ။ အဲဒီလို ၀မ်းမြောက်ပျော်ရွှင်မှုဖြစ်စေတဲ့(တစ်နည်းအားဖြင့်)ရမဒွါန်လဆိုတာ မွတ်ဆလင်မ် တွေအတွက် အင်မတန်ဝမ်းမြောက်ပီတိဖြစ်ဖွယ်လ ဖြစ်ပါတယ်။
အမှန်က ရမဒွါန်လမြတ်မှာ ကျွန်တော်တို့ရယူခဲ့တဲ့ သင်ခန်းစာတွေဟာ ရှေ့လာမယ့် ၁၁လဆိုတဲ့ အချိန် ကာလတိုင်အောင် ဆက်ပြီးသယ်သွားရမှာဖြစ်ပါတယ်။ ရမဒွါန်လမှာ ကျွန်တော်တို့ဟာ ပြောဆိုမှုတွေ သိမ်မွေ့နူးညံ့ ကြတယ်။ ခန္တီပါရမီရင့်အောင် ကြိုးစားကြတယ်။ ပြစ်မှုဒုစရိုက်တွေကို အတတ်နိုင်ဆုံးရှောင်ကြတယ်။ လိမ်လည် လှည့်ဖြားကောက်ကျစ်ယုတ်မာမှုတွေကနေ ဝေးအောင် နေခဲ့ကြတယ်။ ဒါတွေကို ကျွန်တော်တို့ ရမဒွါန်ရဲ့အပြင် ဘက်ကို ဆက်ပြီးသယ်ဆောင်သွားရမှာ ဖြစ်တယ်။ ကုရ်အာန်ချပေးလိုက်တဲ့အတွက် အလ္လာဟ်က ကျွန်တော်တို့
ကို ပျော်စေချင်တယ်။ ကျွန်တော်တို့က ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက်ကိုလိုက်နာဖို့ ၀န်လေးတဲ့အခါမှာ ကျွန်တော်တို့အတွက် စိတ်ဒုက္ခရောက်စေပါတယ်။ ဆူရာဟ် ၁၀၊ အာယသ် ၅၈မှာ
“ အသင်တမန်တော် လူတွေကို ကြေညာလိုက်ပါ။ အလ္လာဟ်ရဲ့ `ဖဇီလသ်´ကျယ်ဝန်းဖွံ့ဖြိုးတိုးတက်မှု ကိုဖြစ်စေတဲ့ ကောင်းကျိုးဝေဖြာစေတဲ့ အကြောင်း၊ ထိုအရှင်မြတ်၏လိုလေသေးမရှိ စီမံခန့်ခွဲပေးသနားတော်မူထားတဲ့ အထောက်အပံ့ကြောင့် အသုံးပြုလျက် အလ္လာဟ်အရှင်မြတ်၏ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေတော်မူသော ကျေးဇူး တော် `ဖဇီလသ်´ နှင့် `ရဟ်မသ်´ အထောက်အပံ့တော်ကြောင့် လူတွေဟာ ပျော်ရွှင်ဝမ်းမြောက်မှုဖြစ်ကြပါစေ။ ”
ကျွန်တော်တို့ ပျော်ကြတာပေါ့။ ပျော်လို့ ကျွန်တော်တို့က အီဒုလ်ဖိသိရ်မှာ အလ္လာဟ်ကိုကျေးဇူးတင် ချီးမွမ်း မှုပြုပြီး ကျွန်တော်တို့ရဲ့ဝမ်းမြောက်ပျော်ရွှင်မှုကို တခြားသောလူ့အဖွဲ့အစည်းတွေနဲ့ မတူညီစွာနဲ့ အလ္လာဟ်ကို ရှူ ကုရ်လုပ်ပြီးတော့ ဆွလာသ်မှာ ဇူကုအ်၊ ဆူဂျုဒ်လုပ်ပြီးတော့ ကျွန်တော်တို့က အလ္လာဟ်ကိုကျေးဇူးတင်ရှိကြောင်း ပြကြတယ်။ တကယ်ဆိုရင် ကုရ်အာန်ချီးမြှင့်ခြင်းခံရတဲ့အတွက် လူတွေဝမ်းမြောက်ပျော်ရွှင်ကြပါစေလို့ အလ္လာဟ် က မိန့်တော်မူထားခြင်းဖြစ်ပါတယ်။ ဒီအာယတ်ရဲ့အဆုံးသတ်မှာ အင်မတန်အရေးကြီးပါတယ်။ ဒီကုရ်အာန်က လူတွေ သူတို့ဘာသာသူတို့ စုဆောင်းထားတဲ့အရာတွေအားလုံးထက် အကောင်းဆုံး၊ အကောင်းမွန်ဆုံးဖြစ်ပါ တယ်။ ကုရ်အာန်ရဲ့လမ်းညွှန်ချက်။ လူဟာ ဥစ္စာပစ္စည်းနောက်ကိုလိုက်ရင်းလိုက်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မေ့သွား တဲ့လူတွေရှိတယ်။ အာဏာရဲ့နောက်ကိုလိုက်ရင်းလိုက်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မေ့သွားတယ်။ တချို့ဆိုသူ နှစ်သက်ရာတစ်ခုနောက်ကိုလိုက်ရင်းလိုက်ရင်းနဲ့ ကိုယ့်ကိုယ်ကို မေ့သွားတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ ဘာတွေကိုပဲစုဆောင်းနေပါစေ၊ အတိုင်းအတာတစ်ခုအထိပဲ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ လူသားရဲ့အကန့်အသတ်ဘောင်အတွင်းကနေပဲ လုပ်ဖို့လိုပါလိမ့်မယ်။ အမြဲတမ်း သတိရနေရမှာက အလ္လာဟ်သိစိတ်မပြတ်ထားပြီး အလ္လာဟ်လမ်းညွှန်ပြဋ္ဌာန်းချက်ကို ဦးထိပ်ပန်ဆင်လိုက်နာကျင့်သုံးဖို့လိုတယ်ဆိုတာ ကို သိနားလည်သဘောပေါက်ဖို့ လိုပါတယ်။ တစ်နည်းအားဖြင့် လူဟာ ရွှေ၊ ငွေ၊ ဥစ္စာရတနာ ဘယ်လောက်ပဲ ကြွယ်ဝဖို့ စုဆောင်းသည်ဖြစ်စေ ကျမ်းမြတ်ကုရ်အာန်ရဲ့လမ်းညွှန်မိန့်ကြားချက်က အကောင်းဆုံးပဲဖြစ်တယ်။ အဲဒီ ကျမ်းမြတ်ကုရ်အာန်ရဲ့နောက်မှာ အကောင်းဆုံးသောကျမ်းတွေပါလို့ လူတွပြုစုထားတဲ့ စာအုပ်၊ စာတမ်း၊ ကျမ်းဂန် တွေကို ဘယ်လောက်ပဲစုဆောင်းထားပါစေ၊ အကောင်းဆုံးတွေပါလို့ပြောပါစေ၊ အဲဒီကျမ်းတွေထက် ကျမ်းမြတ် ကုရ်အာန်ကသာလျှင် အကောင်းဆုံးပါလို့ အလ္လာဟ်ကိုယ်တော်တိုင်က အာမခံဖော်ပြထားခြင်းဖြစ်ပါတယ်။
ဒီအာယသ်နှစ်ခု (၁၀း၅၇-၅၈)ကို လေ့လာကြည့်လိုက်ရင် မောင်ဝ်အိဇာဆိုတဲ့ ဘ၀ရှင်သန်ထက်မြက်စေတဲ့ စနစ်ဇယား၊ အဆုံးအမသြ၀ါဒဟာ ကျွန်တော်တို့ရဲ့စိတ်နှလုံးသားတွေမှာ အမြစ်တွယ်နေတဲ့ ဝေဒနာတွေကို ကုစား ပေးတဲ့ ဆေးဝါး၊ တစ်နည်းအားဖြင့် လူ့ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ မကောင်းမှုဒုစရိုက်မျိုးစုံကို ပြုလုပ်ရာမှာ ရှက်ခြင်းနှင့် ကြောက်ခြင်း(ဟီရိသြတ္တပ္ပ)တစ်နည်းအားဖြင့် သန့်ရှင်းစင်ကြယ်မှုဖြစ်စေခြင်း ဒါက ပြင်ပအခြေအနေ။ နောက် ယုံကြည်ချက်၊ အယူအစွဲ(လွဲမှား၊ စွဲမှား၊ တွဲမှား) အဲဒီမှာ လွဲမှားနေတဲ့အချက်က ပြုပြင်ပြောင်းလဲဖို့ လိုပါ လိမ့်မယ်။ ဒါပေမဲ့ လွဲမှားတာတွေများပြားလာပြီး လွဲမှားပေါင်းမြောက်မြားစွာကို ခံယူထားပြီဆိုရင်တော့ အမှားကို စွဲသွားစေတဲ့ စွဲမှားအဖြစ်ကိုင်တွယ်လာတတ်ပါတယ်။ ဒါဆိုရင် ပြုပြင်ဖို့နည်းနည်းကြာပါလိမ့်မယ်။ အဲဒီထက် အဆိုး တကာ့အဆိုးဆုံးကို ရောက်လာပြီဆိုရင် တွဲမှားဆိုတဲ့အဆင့်ကို ရောက်လာပါလိမ့်မယ်။ အဲဒီ တွဲမှားဆိုတဲ့အဆင့်ကို ရောက်ပြီဆိုရင်တော့ ရှရစ်က်ဆိုတဲ့အနေအထားတစ်ရပ်ဆီ ရောက်ရှိလာနိုင်ပါတယ်။ ဒါကြောင့် လွဲမှား၊ တွဲမှား၊ စွဲမှားဆိုတဲ့အပြုအမူမှားတွေကို စွန့်လွှတ်ခြင်းဖြင့် သန့်ရှင်းစင်ကြယ်မှုကို ရယူရမှာဖြစ်ပါတယ်။
ပြီးတော့ မှန်ကန်သောယုံကြည်ချက်၊ ကောင်းမြတ်သော အကျင့်သီလတို့ကို ပြုလုပ်ဆောင်ရွက်ရင်း ကိုယ် ရည်ကိုယ်သွေး၊ ကိုယ်ကျင့်သိက္ခာမြင့်မားမှုကိုလည်း ရလာမှာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ထံတော်မှ လိုလေ သေးမရှိ၊ ပြီးပြည့်စုံလုံလောက်သောချီးမြှင့်မှုအထောက်အပံ့၊ မဟာကရုဏာတော်များကို ခံစား၊ စံစားလာရမှာဖြစ်ပါ တယ်။ အားလုံးကိုချုပ်လိုက်ရင် အလ္လာဟ်အရှင်မြတ်ရဲ့ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေသော ကျေးဇူးတော် ဖဇီလသ် နဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ပြီးပြည့်စုံတဲ့စီမံခန့်ခွဲမှုအကျိုးကျေးဇူး ရဟ်မသ်တို့ကို အကြောင်းပြုပြီးတော့ လူတွေပျော် ရွှင်ဝမ်းမြောက်ဖို့အတွက် အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်မှတစ်ဆင့် အခုလိုလမ်းညွှန်မိန့်ကြားထား ပါတယ်။ တစ်ခါ `လိုင်လသွန်ကဒရ်´ နဲ့ပတ်သက်ပြီး တချို့မိတ်ဆွေတွေက လိုင်လသွန်ကဒရ်က ရမဒွါန်လမှာလို့ မပြောထားဘူးလို့ပြောကြပါတယ်။ ကျွန်တော်တို့က ကျမ်းတော်မြတ်ကုရ်အာန်ကို ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ချိတ် ဆက်၊ ဖွင့်ဆိုရှင်းလင်းတဲ့နည်းနဲ့ ဖွင့်ဆိုနားလည်သဘောပေါက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၂၊ အာယသ် ၁၈၅ မှာ ရမဒွါန်လ၊ အဲဒီရမဒွါန်လမှာ ကုရ်အာန်သည် ထုတ်ပြန်ပို့ချပေးခြင်းခံခဲ့ရသည်။ “ ကျမ်းမြတ်ကုရ်အာန်သည် လူသားခပ်သိမ်းအတွက် လမ်းညွှန်ချက်ဖြစ်သည်။ ”
ရမဒွါန်လ၊ ယခင် အာရဗ်တွေရဲ့န၀မမြောက်လ၊ ဘာမှမမြင့်မြတ်ဘူး။ ရမဒွါန်ရဲ့အဓိပ္ပာယ်မှာ လောင်ကျွမ်း ခြင်း၊ ပူပြင်းခြင်းလို့အဓိပ္ပာယ်ရပါတယ်။ `အဲဒီ ရမဒွါန်လမှာ ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးခြင်းခံရပါ တယ်။´
အဲဒီတော့မှ ရမဒွါန်က မူဘာရက်လို့ဖြစ်လာတာ။ ပထမက ရမဒွါန်ဟာ ရမဒွါန်ပဲ။ ပြက္ခဒိန်ရဲ့ န၀မမြောက် လ။ ဒါပေမဲ့ ကုရ်အာန်လည်းထုတ်ပြန်ပို့ချပေးခြင်းခံလိုက်ရတဲ့ ရမဒွါန်ကလည်းဖြစ်သွားရော မြင့်မြတ်တဲ့လ ဖြစ်သွား တယ်။ အံ့သြစရာကောင်းတာက ကျမ်းမြတ်ကုရ်အာန်ရဲ့ ဆူရာဟ် ၂၊ အာယသ်တော် ၁၈၅ ရောက်မှ ကျမ်းမြတ် ကုရ်အာန်ကို ကျမ်းမြတ်ကုရ်အာန်အဖြစ် စပြီးအမည်သညာတပ်ပေးတဲ့ အာယသ်ကလည်း ဒီအာယသ်ပဲဖြစ်နေ တယ်။ ရှေ့ဘက်မှာပါတာတွေက အလ်ကိသဗ်ဆိုတာပဲပါတယ်။ ကုရ်အာန်ဆိုတဲ့စကားလုံးကို စပြီးဖော်ပြတဲ့ အာယသ်၊ အလ္လာဟ်အရှင်မြတ်ရဲ့ ရွှေဥာဏ်တော်ကွန့်မြူးမှုကိုတော့ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘယ်လိုမှ လိုက်လို့မမီနိုင်ဘူး။ အင်မတန် အံ့သြဖွယ်ကောင်းလောက်အောင် ဒီရမဒွါန်ဆိုတဲ့လနဲ့ ကုရ်အာန်ချပေးတယ် ဆိုတာတွဲပြီး ပထမဦးဆုံးဖော်ညွှန်းထားတာ တွေ့ရပါတယ်။ အဲဒီကုရ်အာန်ဟာ လူသားခပ်သိမ်းအတွက် လမ်းညွှန် ချက်ဖြစ်တယ်။
`အဲဒီကုရ်အာန်ထဲမှာ သေချာကျနစွာ ရှင်းလင်းထားပြီးလည်းဖြစ်တယ်။ လမ်းညွှန်ချက်လည်းဖြစ်တယ်။´
`ဓမ္မနဲ့ အဓမ္မ၊ သစ္စာတရားနဲ့ မိစ္ဆာအမှား၊ အမှန်တရားနဲ့အမှားကို ခွဲခြမ်းစိတ်ဖြာပေးမယ့် မှတ်ကျောက် လည်းဖြစ်တယ်။´
ဒါကြောင့် လူ့ဘ၀မှာကိစ္စတစ်ခုဖြစ်လာရင် မှား၊ မှန်၊ ဓမ္မ၊ အဓမ္မ လုပ်သင့်၊ မလုပ်သင့်စတဲ့ဆုံးဖြတ်ရမယ့် ကိစ္စမျိုးမှာ ကုရ်အာန်ကိုမှတ်ကျောက်အဖြစ် သုံးရမှာဖြစ်ပါတယ်။ ဆူရာဟ် ၉၇၊ ဆူရာဟ် `ကဒရ်´ ကိစ္စဥဿုံ အလုံးစုံကို စီမံခန့်ခွဲပြီးစုံစေတဲ့ကာလမှာ ကုရ်အာန်ကိုချပေးတယ်။ အဲဒီ လိုင်လသွလ်ကဒရ်ဟာ လပေါင်း တစ်ထောင်ထက် တစ်နည်းအားဖြင့် ၈၃နှစ်နဲ့ ၄လ တစ်နည်းအားဖြင့် လူ့ဘ၀သက်တမ်းတစ်ခုလုံးထက် ကောင်းမွန် သာလွန်မြင့်မြတ်တဲ့အနေအထား။ ညက မြင့်မြတ်နေတာမဟုတ်ပါဘူး။ အမှန်က ချပေးလိုက် တဲ့ ကုရ်အာန်က မြင့်မြတ်နေတာ။ အဲဒီ ကျမ်းမြတ်ကုရ်အာန်ကို လက်တွေ့လိုက်နာ၊ ကျင့်သုံး၊ အကောင်အထည် ဖော်ပြီဆိုရင် ကျမ်းမြတ်ကုရ်အာန်ကို လိုက်နာ၊ ကျင့်သုံး၊ အကောင်အထည်ဖော်ခြင်းမရှိဘဲ ဘေးချိတ်၊ နောက်ပို့ ထားတဲ့လူတွေ နှစ်ပေါင်း၁၀၀၊ တစ်သက်လုံး ကြိုက်တာလုပ်။ ကုရ်အာန်ကိုလက်တွေ့လိုက်နာ၊ ကျင့်သုံးသူ တစ်ရက်၊ တစ်မနက်၊ တစ်ညလက်တွေ့လိုက်နာကျင့်သုံးလိုက်ခြင်းအားဖြင့် ကဒရ်ရဲ့အကျိုးကျေးဇူးခံစားရမယ်လို့ ဖော်ညွှန်းထားပါတယ်။
အဲဒီ လိုင်လသွလ်ကဒရ်ကိုပဲ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၄၄၊ အာယသ် ၃မှာ လိုင်လသွလ်မုဘာရကဟ် ဆိုပြီး ဖော်ညွှန်းသုံးစွဲထားပါတယ်။ အဲဒီမှာကျတော့ မုဘာရကဟ်ဆိုတဲ့ အင်မတန်ကျက်သရေမင်္ဂလာအဖြာဖြာနဲ့
ပြည့်စုံတဲ့ညမှာ ကုရ်အာန်ကိုချပေးတယ်။ တစ်နည်းအားဖြင့် လိုင်လသွလ်ကဒရ်လို့ ဆူရာဟ် ၉၇မှာဖော်ပြသလို ဆူရာဟ် ၄၄ မှာကျတော့ လိုင်လသွလ်မုဘာရကသွန်ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီ ကုရ်အာန်ကိုရရှိလာတဲ့အချိန် မှာ လူတန်းစားနှစ်ရပ် ကွဲပြားသွားပါတယ်။ တချို့လူတွေအတွက် ကုရ်အာန်ကို လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရတာ ပီတိဖြစ်စရာ၊ ၀မ်းမြောက်ဖွယ်ရာဖြစ်ပါတယ်။ ဒါပေမဲ့ တချို့လူတွေအတွက်တော့ စိတ် ဒုက္ခဖြစ်စရာပါလို့ ကုရ်အာန်ကဖော်ညွှန်းပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ် ၆၉၊ အာယသ် ၄၈ ကနေ ၅၂ အထိမှာ ဆိုရင်
“ ဧကန်မုချ ဒီကုရ်အာန်ဟာ မွတ်သကီးန်တွေအတွက် `သဇ်ကီရာ´ သတိတရားရစရာ ဆုံးမသြ၀ါဒ ဖြစ်သည်။ ” (၆၉း၄၈)
တစ်နည်းအားဖြင့် ကုရ်အာန်ဟာ သူတို့သတိရစရာဖြစ်တယ်။ တစ်နည်းအားဖြင့် လူတစ်ယောက်ဟာ လူ တစ်ယောက်ကို မတရားသဖြင့်လုပ်လိုက်မယ်ဆိုရင် စီးပွားရေးအရ၊ ငွေရေးကြေးရေးအရ အကျိုးရှိမယ်။ သို့သော် ဒီ လူမတရားလုပ်ရတော့မယ့်လူဟာ ကျမ်းမြတ်ကုရ်အာန်မှာ လူတစ်ဦးနဲ့တစ်ဦး လုံးဝမတရား၊ မမှန်မကန်မလုပ်ရဘူး လို့ လမ်းညွှန်ထားတဲ့အချက်တစ်ချက်ကို သူ (အဲဒီလူ)သဇ်ကီရာလုပ်လိုက်တဲ့အချိန်မှာ သူဟာ မတရားလုပ်လို့ရရဲ့ သားနဲ့ တစ်ဖက်လူကို မတရားမလုပ်တော့ဘူး။ တစ်နည်းအားဖြင့် ‘ရိုးသားသည့်ဂုဏ်၊ စားမကုန်’ ဆိုတဲ့မူကို ကျင့် သုံးလိုက်တာ။ အမှန်က တစ်ဦးနဲ့တစ်ဦး ပေါင်သင်းဆက်ဆံကြတဲ့အခါ အခွင့်အရေး၊ အခွင့်အလန်းတွေရရက်နဲ့ မတရား၊ မမှန်မကန်မလုပ်ကြရင် တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတွေတိုးပွားလာပြီး အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်။
လူတစ်ယောက်ကို ကတိပေးပြီးရင် ကတိတည်ရမယ်။ ကုရ်အာန်က သင်ပေးတယ်။ ဒီတော့ ကျွန်တော်တို့ က ပေးပြီးသားကတိကိုတည်ရမယ်။ ဒါဟာ ကျမ်းမြတ်ကုရ်အာန်ကို ဇိကီးရ်လုပ်တာ။ တစ်ခါ
“ ဧကန်စင်စစ် ငါအရှင်မြတ်က အသေအချာ သိတော်မူတယ်။ မင်းတို့ထဲမှာ မူကာဇ်ဇေဘီးန်တွေရှိတယ်။ ကုရ်အာန်ပါ ဒေသနာတွေကို မဟုတ်မမှန်ပါဘူးလို့ အမှန်ကိုအမှန်အတိုင်းသိလျက်နဲ့ စပါရှယ်ငြင်းဆန်၊ လီဆယ် နေတဲ့လူတွေရှိတယ်ဆိုတာကို ငါအရှင်မြတ် အသေအချာပဲသိတယ်တဲ့ ” (ကုရ်အာန် – ၆၉း၄၉)
အဲဒီလို ကုရ်အာန်ပါဒေသနာတွေကိုဆန့်ကျင်ပြီး အမှန်ကိုအမှား၊ အမှားကိုအမှန်၊ မရှိကိုအရှိ၊ အရှိကိုမရှိ လုပ်ပြီး လီဆယ်နေသူတွေအတွက်တော့ ဒီကုရ်အာန်ဟာ
“ ဧကန်စင်စစ် ဒီကုရ်အာန်ဟာ (လဟာစ်ရသွန်)အသေအချာပဲ။ ကာဖိရ်လို့ခေါ်တဲ့ အလ္လာဟ်ဥပဒေ (ကုရ်အာန်)ကို မလိုက်နာ၊ မကျင့်သုံး၊ သွေဖည်၊ ဆန့်ကျင်၊ ငြင်းဆန်၊ ဖုံးကွယ်တဲ့လူတွေအပေါ်မှာတော့ ကျမ်းမြတ် ကုရ်အာန်ရဲ့ အာယတ်တွေဟာ ၀မ်းနည်းကြေကွဲဖွယ်ရာ၊ ပူဆွေးဖွယ်ရာပါပဲ။ ” (ကုရ်အာန် – ၆၉း၅၀)
“ ဒီကျမ်းမြတ်ကုရ်အာန်ဟာ မြင်သာထင်သာရှိနေတဲ့၊ ထင်ရှားနေတဲ့ အလ်ဟက် သစ္စာအမှန်တရားဖြစ် တယ်။ ” (ကုရ်အာန် – ၆၉း ၅၁)
ဒီကုရ်အာန်ဟာ သေသေချာချာ၊ ထင်ထင်ရှားရှား၊ ရှင်းရှင်းလင်းလင်းသိမြင်နိုင်တဲ့ အမှန်တရား၊ ပရမတ္တ သစ္စာတရားပဲဖြစ်တယ်´တဲ့။ ဒီကုရ်အာန်ဟာ ဘယ်နေရာ၊ ဘယ်ရှုထောင့်ကနေပဲကြည့်ကြည့်၊ ဘယ်နေရာမှာ ကြည့်ကြည့် စိတ်ဒွိဟသံသယဖြစ်စရာ အလျဉ်းမပါရှိသလို။ `ဇွဲ(န်)´လို့ခေါ်တဲ့ ထင်မြင်ယူဆချက်လည်းမပါဘူး။ ကိယားစ်လို့ခေါ်တဲ့ မှန်းဆချက်တွေ၊ ကောင်းနိုးရာရာ နှိုးဆော်ချက်တွေ၊ ကောင်းနိုးရာရာလို့ပြောလို့ အဲဒါ သတိ ထားဖို့ ကျွန်တော်တို့လိုတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ `ဇွဲ(န်)´လည်းမပါဘူး။ သခ်မီးန်လို့ခေါ်တဲ့ ခန့်မှန်းချက်တွေ ဆိုတာလည်း ကျမ်းမြတ်ကုရ်အာန်မှာ ဘယ်နေရာမှာမှ အနားသီလာလို့မရပါဘူးခင်ဗျား။
ကျမ်းမြတ်ကုရ်အာန်ဟာ စိတ်ဒွိဟသံသယကင်းစေတဲ့၊ စိတ်ဒွိဟသံသယဖြစ်စရာ အလျဉ်းမရှိဘူး။ မွတ်သကီးန်လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်ပြသတဲ့အတိုင်း ဘ၀ပုံဖော်ပြီး လက်တွေ့လိုက်နာကျင့်သုံးတဲ့ လူတွေ အတွက်တော့ လမ်းညွှန်ချက်အစစ်အမှန်ဖြစ်တယ်။ (ကုရ်အာန် – ၂း၂)
ဒါကြောင့် ကျွန်တော်တို့အားလုံး ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မိန့်ကြားချက်တွေကို လက်တွေ့လိုက်နာ ကျင့်သုံးပြီး ဘ၀တည်ဆောက်အကောင်အထည်ဖော်ရင်းနဲ့ ကျွန်တော်တို့အပါအ၀င် အနာဂတ်ကာလ ပေါ်ထွန်း လာမယ့်လူတွေကိုရော အရှင်မြတ်ထံတော်ကနေ အလှူမင်္ဂလာပွဲကြီးတစ်ခု ချပေးသနားတော်မူခြင်းဖြင့် ကျွန်တော် တို့အားလုံး အစ်ဒ်နေ့မှာ `အီးဒ်စအီးဒ်´ ပျော်ရွှင်ဖွယ်ရာ အီးဒ်ဖြစ်ပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ် ။ ။