မွတ်စလင်မ်တွေဟာ သတ္တဝါတွေကို လည်လှီးပြီးမှ ဘာကြောင့်စားသုံးတာလဲ။

မေးမြန်းသူ။      ။ကိုဇော်ဦး

မွတ်စလင်မ်တွေဟာ သတ္တဝါတွေကို လည်လှီးပြီးမှ စားသုံးကြတာကိုတွေ့ရပါတယ်။ ဒါဟာ ရက်စက်လွန်းရာရောက်မနေဘူးလား?

 

ဖြေဆိုသူ။      ။ မုဖ်သီ ဦးစန်းအောင်(B.Sc)

စလာမ်ပို့သလိုက်ပါတယ်။

မွတ်စလင်မ်တွေက သတ၀ါ (ဥပမာ- ကြက်၊ဘဲ၊ဆိတ်၊နွား)တွေကို လည်လှီးဖြတ် စားသောက်ရတာဟာ သူတို့အနေနဲ့ islam ကိုသက်ဝင်ယုံကြည်တဲ့ မွတ်စလင်မ်တွေ  ဖြစ်နေလို့ပါ။

Islam ကလူ့ဘ၀တစ်လျှောက်မှာ သန့်ရှင်းစင်ကြယ်ခြင်း ဘေးဥပါဒ်မဖြစ်စေခြင်းကို အဓိကထားပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးခြင်းမှာလည်း သန့်ရှင်းစင်ကြယ်ခြင်းကို အရေးထား ရပါတယ်။

Islam ကသွေးကိုစားသုံးခြင်း တားမြစ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးဆိုတာ ရောဂါပိုးမျိုးစုံ ခိုအောင်းရာ ကြီးထွားဖွံဖြိုးရာ နေရာဖြစ်ပါတယ်။ ဒါကြောင့် တရားတော်ကခွင့်ပြု ထားတဲ့ သတ၀ါတစ်ကောင်ကို စားသုံးမယ်ဆိုရင် မလိုအပ်တဲ့ အစိတ်အပိုင်းတွေ ဖယ်ထုတ်ရတဲ့ အခါ သွေး ဟာလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သတ၀ါတစ်ကောင် အတွက်သွေးအများဆုံး နဲ့ အမြန်ဆုံးထွက်တဲ့ နေရာဟာ လည်ပင်းမှာရှိတဲ့ သွေးကြောကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်လှီး စားရပါတယ်။ ဥပမာ- သတ၀ါရဲ့ ခေါင်းကိုထုလိုက်မယ်ဆိုရင်လည်း သတ၀ါ သေပါတယ်။ ဒါပေမဲ့ ခနာကိုယ်က သွေးလုံလုံလောက်လောက် ထွက်မှာမဟုတ်ပါဘူး။

ဒါပေမဲ့ ဒီလိုသတ်ဖြတ်ပြီးမှ စားသောက်ရတာကို မနှစ်မြို့ရင်တော့ သက်သက်လွတ်ပဲ စားရပါလိမ့်မယ်။ နေမကောင်းလို့ ဆေးထိုးရင် ဆေးစားရင်လည်း သတ၀ါတွေက သေကြရမှာပါ ပဲ။ စပါးခင်းဆေးဖျန်းရင်လည်း သတ၀ါတွေသေကြရမှာပါပဲ။ ဒါကို ရက်စက်တယ်လို့ သဘောထား မလား။

ဦးစန်းအောင်(B.Sc)