လက်သည်းအရှည်ထား၍ နမားဇ်ဖတ်ခြင်း ပိုင်/မပိုင် မေးမြန်းချက်

မေး။     ။ur.ghostlay@gmail.com

 

မေးခွန်း – ကျွန်တော်တစ်ခုလောက်မေးချင်ပါတယ်ခင်ဗျားဘာလို့ လဲ ဆိုတော့ ကျနော့်ကို လူအတော်တော်များများ က ဝေဖန်ကျတယ်ဗျာ။အကြောင်းရင်းကတော့ ကျွန်တော်ရဲ့ ဘယ်ဘက်လက်မမှာ ကျွန်တော်က လက်သည်းရှည်တစ်ချောင်း ထားတယ်ဗျ။ အဲဒါနဲ့ပတ်သက်ပြီးတော့ နမားဇ်ဖတ်ရင် မပိုင်ဘူး၊ပိုင်တယ် ဆိုတာလေး သိချင်လိုပါ။ ကျွန်တော်သိထားတာကတော့ ကုရ်အာန်မှာရော၊ ဟဒီးစ်မှာပါ လက်သည်းရှည် မထားရဘူးလို့ မဖော်ပြထားပါဘူး။ လက်သည်းခြေသည်း ချေးညှော်ကင်းစင်အောင် ထားရှိဘို့ အတွက်သာ ပြောပြထားပါတယ်။ အဲ့ဒါလေးနဲ့ ပတ်သက်ပြီးတော့ ကျေးဇူးပြုပြီး ဖော်ပြပေးပါနော်။

 

ဖြေ။ ။ဆရာ အလ်ဟဂ်ျ အလ်အာလင်မ် ဦးလှဝင်း
အစ္စလားမုအလိုင်းကွမ်း

လူကြီးမင်းမေးထားတဲ့ မေးခွန်းကို ဖြေဆိုပေးရန် စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းပေးခဲ့သည့် အတွက်ကြောင့် အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

 

(၁) လူကြီးမင်းမေးထားသည့် မေးခွန်းအရ ဘယ်ဘက်လက်မမှာ လက်သည်းရှည်ထားရှိတဲ့ အတွက်ကြောင့် နမားဇ်ဖတ်ရင်ပိုင်/မပိုင်ကို သိချင်ပါသည်ဆိုတဲ့ ကိစ္စရပ်ကို အလ္လာဟ်ရှင်မြတ်ကသာ ဆုံးဖြတ် ပေးနိုင်မည်ဖြစ်သည်။

 

(၂) သို့သော် ကျနော့်အမြင်အရဆိုလျှင် ကမ္ဘာ့လူသားထုတစ်ရပ်လုံး (အထူးသဖြင့်) ကမ္ဘာ့အစ္စလာမ့် နာခံစနစ်ကို သက်ဝင်ယုံကြည်သူများ တစ်ရပ်လုံးအနေဖြင့် လက်သည်း၊ ခြေသည်း အတိုအရှည်ထားခြင်းသည် သန့်ရှင်းစင်ကြယ်မှုအပေါ် အဓိကကျပါသည်။ မိမိသန့်ရှင်းမှုမရှိပါက မိမိမှလူအများအပြား လူ့ပတ်ဝန်းကျင် တစ်ခုလုံးကို သန့်ရှင်းမှု ကင်းမဲ့သော အခြေအနေသို့ ရောက်ရှိသွားတတ်လေသည်။ ထိုသို့အခြေအနေဖြစ်သွားပါက လူနှင့်လူ့ပတ်ဝန်းကျင်တွင် ရောဂါပိုးမွှားများ ကူးဆက်ပြီး ကျန်းမာရေး ကိုထိခိုက်စေပါသည်။ ဤသည်ကား ကျနော်၏ အတွေးအမြင်ဖြစ်၍ လူကြီးမင်းက ကျနော့်ထက်ပိုမို တွေးမြင်နိုင်စွမ်းရှိသူ တစ်ဦးဖြစ်သောကြောင့် လူကြီးမင်းအနေဖြင့်လည်း ကျနော့်ထက်မက ပိုမိုတွေး မြင်ကြည့်ပါလို့ တိုက်တွန်းအပ်ပါသည်။

 

(၃) ယနေ့ကမ္ဘာက သန့်လေးသန့်ကိုသာ ဆောင်ရွက်ကြလျှက်ရှိပေမဲ့ အစ္စလာမ်က လူနှင့်လူ့ပတ်ဝန်းကျင် တစ်ခုလုံး ကဏ္ဍဘက်ပေါင်းစုံ၏ သန့်ရှင်းမှုကိုပြဌာန်းထား၏။
ကုရ်အာန် (၉း၁၀၈)တွင် “ဧကန်အမှန်ပင် အလ္လာဟ်ရှင်မြတ်သည် လူနှင့်လူ့ပတ်ဝန်းကျင်၏ သန့်ရှင်းစင်ကြယ်မှုများကို နှစ်သက်တော်မူ၏။” လို့ဖော်ပြထားပေသည်။