ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၁) မှ (၁၇၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)
بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၁)
إِنَّ ٱلَّذِينَ كَفَرُواْ وَمَاتُواْ وَهُمۡ كُفَّارٌ أُوْلَـٰٓٮِٕكَ عَلَيۡہِمۡ لَعۡنَةُ ٱللَّهِ وَٱلۡمَلَـٰٓٮِٕكَةِ وَٱلنَّاسِ أَجۡمَعِينَ
ဧကန်အမှန်ပင် ထိုသူတို့သည် အမှန်တရား၊ သစ္စာတရားကို သွေဖည်ငြင်းပယ်ကြသည်။ ပြီးနောက် ထိုငြင်းပယ်သွေဖည်သူအဖြစ် ဘ၀ကို နိဂုံးချုပ်ကြသည်။ ထိုသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ပြစ်တင် ရှုံ့ချမှုသည်လည်းကောင်း၊ “မလာအိကာဟ်” တို့၏ ပြစ်တင်ရှုံ့ချမှုသည် လည်းကောင်း၊ လူသားတို့၏ပြစ်တင် ရှုံ့ချမှုသည်လည်းကောင်း၊ တစ်စုတစ်စည်းတည်း သက်ရောက်ပေပြီ။ (ဘကရာဟ် – ၁၆၁)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၂)
خَـٰلِدِينَ فِيہَاۖ لَا يُخَفَّفُ عَنۡہُمُ ٱلۡعَذَابُ وَلَا هُمۡ يُنظَرُونَ
သူတို့သည် ထိုပြစ်တင်ရှုံ့ချခံရမှုထဲ၌ပင် နစ်မွန်းနေပေလိမ့်မည်။ ဤသည်ကား ပြစ်ဒဏ်တစ်ရပ်ပင် ဖြစ်၍ ထိုပြစ်ဒဏ်သည် သူတို့အတွက် ပေါ့ပါးသော ပြစ်ဒဏ်တစ်ရပ်တော့ မဟုတ်ပေ။ ဆိုင်းငံ့ပြစ်ဒဏ်လည်း ဖြစ်မည်မဟုတ်ပေ။ (ဘကရာဟ် – ၁၆၂)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၃)
وَإِلَـٰهُكُمۡ إِلَـٰهٌ۬ وَٲحِدٌ۬ۖ لَّآ إِلَـٰهَ إِلَّا هُوَ ٱلرَّحۡمَـٰنُ ٱلرَّحِيمُ
တစ်ဆူတည်းသော (ပြိုင်ဖက်ကင်း) အရှင်သည်သာလျှင် သင်တို့၏ ဆည်းကပ်အားထားရာ အရှင်ဖြစ်သည်။ ထိုအရှင်မှလွဲ၍ အခြားဆည်းကပ်အားထားဖွယ်ရာ အရှင်ဟူ၍ လုံးဝမရှိပေ။ ထိုအရှင်မြတ်သည် အနန္တဂရုဏာတော်ရှင်၊ အနန္တမေတ္တာတော်ရှင် ဖြစ်သည်။ (ဘကရာဟ် – ၁၆၃)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၄)
إِنَّ فِى خَلۡقِ ٱلسَّمَـٰوَٲتِ وَٱلۡأَرۡضِ وَٱخۡتِلَـٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَٱلۡفُلۡكِ ٱلَّتِى
تَجۡرِى فِى ٱلۡبَحۡرِ بِمَا يَنفَعُ ٱلنَّاسَ وَمَآ أَنزَلَ ٱللَّهُ مِنَ ٱلسَّمَآءِ
مِن مَّآءٍ۬ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِہَا وَبَثَّ فِيہَا مِن ڪُلِّ
دَآبَّةٍ۬ وَتَصۡرِيفِ ٱلرِّيَـٰحِ وَٱلسَّحَابِ ٱلۡمُسَخَّرِ بَيۡنَ ٱلسَّمَآءِ وَٱلۡأَرۡضِ لَأَيَـٰتٍ۬ لِّقَوۡمٍ۬ يَعۡقِلُونَ
ဧကန်အမှန်ပင် မဟာစကြ၀ဠာနှင့် ကမ္ဘာဂြိုဟ်အား စီရင်ဖြစ်ထွန်းကားစေမှု၌လည်းကောင်း၊ နေ့နှင့်ည တစ်လှည့်စီ ပြောင်းလဲဖြစ်ပေါ်နေစေမှု၌သော်လည်းကောင်း၊ လူသားတို့အကျိုးငှာ ရေပြင်ပေါ်၌ ကူးလူးသွား လာနေသော ရေယာဉ်များ၌သော်လည်းကောင်း၊ ခြောက်သွေ့ပတ်ကြားအက်နေပြီးနောက် အလ္လာဟ်အရှင် မြတ်က ကောင်းကင်မှ မိုးရေရွာသွန်းပေးလိုက်ခြင်းအားဖြင့် ထိုမိုးရေကြောင့် ပြန်လည်ရှင်သန်လာသော ကမ္ဘာ မြေ၌လည်းကောင်း၊ ထိုကမ္ဘာမြေ၌ အသွင်အမျိုးမျိုးနှင့် ပြန့်နှံ့ဖြစ်ထွန်းနေသော သတ္တလောကတို့၌လည်း ကောင်း၊ အရပ်မျက်နှာအသီးသီးတွင် ဥဒဟို တိုက်ခတ်နေသော လေပြေ၊ လေညှင်းများ၌သော်လည်းကောင်း၊ အာကာသကောင်းကင်နှင့် ကမ္ဘာဂြိုဟ်တို့အကြား လှုပ်ရှားနေသော တိမ်တိုက်များ၌သော်လည်းကောင်း၊ ဆင်ခြင်သုံးသပ်သူ လူ့အစုဖွဲ့အတွက် သက်သေလက္ခဏာတော်များရှိလေသည်။ (ဘကရာဟ် – ၁၆၄)
ရှင်းလင်းချက်။ ။ ကျမ်းမြတ်ကုရ်အာန် (၃း၁၉၀) ၌ လည်း ဤသို့ပြဆိုထားလေသည်။
“ဧကန်မုချပင် မဟာစကြ၀ဠာနှင့် ကမ္ဘာဂြိုဟ်အား စီရင်ဖြစ်ထွန်းထားစေမှု၌လည်းကောင်း၊ နေ့နှင့်ည အလှည့်ကျ ပြောင်းလဲဖြစ်ပေါ်နေမှု၌လည်းကောင်း၊ အသိပညာရှင်များအတွက် သက်သေလက္ခဏာတော်များ ရှိလေသည်။” (ကုရ်အာန် – ၃း၁၉၀)
စူရာဟ်ဘကရာဟ်၊ အာယတ်(၁၆၄) ၌ဖော်ပြထားသော “ဆင်ခြင်သုံးသပ်သူ လူ့အစုအဖွဲ့” ဟူသည့်ဝေါဟာရ ကို ကုရ်အာန်(၃း၁၉၀) ၌ “အုလွလ်အလ်ဗါဗ်း” – အသိဉာဏ်ပညာရှင်များဟု ပြန်လည်ဖွင့်ဆို ထားလေသည်။ ဤသည်မှာ ကျမ်းမြတ်ကုရ်အာန်က အသိဉာဏ်ရှိခြင်း၊ အသိပညာရှိခြင်း၊ စူးစမ်းလေ့လာ ရှာဖွေဖော်ထုတ်ခြင်း အစရှိသည်တို့ ကို အားပေးချီးမြှောက်သည့်သဘောပင်ဖြစ်သည်။ “ပညာရှင်” ကို အသိအမှတ်ပြုခြင်းဖြစ်သည်။ ခေတ်မီပညာရေးစနစ် ကို အားပေးထောက်ခံခြင်းဖြစ်သည်။ ယနေ့မျက်မှောက် ဘာသာရေးပညာရှင်များ မွေးထုတ်ရာ အစ္စလာမ်ဘာသာရေး ကျောင်းများ၌လည်း တိကျမှန်ကန်ခိုင်လုံသော “အိုလမာအေဟာက်” ပညာရှင်ဖြစ်ရန် အလ္လာဟ်အရှင်မြတ်က လိုလား နှစ်သက်ပြီး လမ်းညွှန်နေသော အထက်ပါခေတ်ပညာရပ်များကိုပါ ပူးတွဲသင်ကြားပေးသင့်ပြီးဖြစ်သည်။
ဥပမာအားဖြင့် အထက်ပါအာယသ်တော် (၂း၁၆၄) ၌ ရေယာဉ်များ၊ သင်္ဘောများ၊ ရေပြင်ပေါ်တွင် ခုတ်မောင်း သွားလာနေမှုကို အလ္လာဟ်အရှင်မြတ်၏ စီရင်ဖြစ်ထွန်းမှုဆိုင်ရာ “ကွဒ်ရသ်” တော်အဖြစ် ပြဆိုထားလေသည်။ အမှန်တကယ် စဉ်းစားကြည့်လျှင် အလွန်သေးငယ်သော သံနှင့်ပြုလုပ်ထားသည့် ပင်အပ်တစ်ချောင်းကို ရေထဲပစ်ချလျှင် ရေမြုပ်သွားမည်သာဖြစ်သည်။ သို့သော် တန်ချိန်ရာနှင့်ချီ၍ ထောင်နှင့်ချီ၍ လေးလံသောသံနှင့်ပြုလုပ်ထားသည့် သင်္ဘောကြီးများ အဘယ်ကြောင့် ရေတွင်မနစ်မြုပ်ဘဲ ရေပေါ်တွင် သွားလာလှုပ်ရှားနိုင်သနည်း။
ဤသည်မှာ တန်ချိန်ရာနှင့် ထောင်နှင့်ချီ၍ လေးလံသောသင်္ဘောများ ရေပေါ်တွင်ပေါ်နေရခြင်းမှာ မိမိနှင့်ထု ထည်တူသောရေကို ဖယ်ထုတ်နိုင်သောကြောင့်ဖြစ်သည်။ မိမိနှင့်ထုထည်ခြင်းတူ ရေကို မဖယ်ထုတ်နိုင်သော ပင်အပ် မှာမူ ရေမြုပ်သွားရလေသည်။ ယင်းသည် အလ္လာဟ်အရှင်မြတ်က သတ်မှတ်ထားပြီးသော နိယာမ(ကွဒ်ရသ်တော်)တစ်ရပ် ပင်ဖြစ်သည်။ ဤနိယာမကို `အာခီမီးဒီး´ဟုအမည်တွင်သူ ပညာရှင်တစ်ဦးက ရှာဖွေတွေ့ရှိရာ ယနေ့ထိတိုင် လူသား တို့အတွက် အကျိုးရှိ အသုံးဝင်လျက်ရှိသည်။ ဤသို့သော အလ္လာဟ်အရှင်မြတ်၏ နိယာမများကို အစ္စလာမ်ဘာသာရေး ကျောင်းများတွင် သင်ကြားဖို့အချိန်ရောက်ပြီဖြစ်သည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၅)
وَمِنَ ٱلنَّاسِ مَن يَتَّخِذُ مِن دُونِ ٱللَّهِ أَندَادً۬ا يُحِبُّونَہُمۡ كَحُبِّ ٱللَّهِۖ وَٱلَّذِينَ
ءَامَنُوٓاْ أَشَدُّ حُبًّ۬ا لِّلَّهِۗ وَلَوۡ يَرَى ٱلَّذِينَ ظَلَمُوٓاْ إِذۡ يَرَوۡنَ ٱلۡعَذَابَ أَنَّ ٱلۡقُوَّةَ لِلَّهِ
جَمِيعً۬ا وَأَنَّ ٱللَّهَ شَدِيدُ ٱلۡعَذَابِ
လူသားတို့အနက် အချို့သည် အလ္လာဟ်အရှင်မြတ်ကို ချစ်ခင်နှစ်သက်သကဲ့သို့ သူတို့ချစ်မြတ်နိုး သော အလ္လာဟ်မှအပ အခြားအရာကိုလည်း မြတ်နိုးရယူ လက်ကိုင်ပြုထားလျက်ရှိသည်။ သို့သော် အီမာန် သက်ဝင်ယုံကြည်ကြသူတို့ကမူ အလ္လာဟ်တစ်ပါးတည်း အပေါ်၌သာ အတိုင်းထက်အလွန် ချစ်ခင်မြတ်နိုးကြပေသည်။ အကယ်၍ မတော်မတရား ကျင့်ကြံသူတို့ ကြည့်တတ်မည်ဆိုလျှင် ပြစ်ဒဏ်ကို သုတို့ မလွဲဧကန် မြင်ကြ မည်သာဖြစ်သည်။ ဧကန်မုချပင် အလုံးစုံသောစွမ်းပကားသည် အလ္လာဟ်အရှင်မြတ်ထံ၌သာ တစ်စုတစ်စည်း တည်းရှိပြီး ထိုအရှင်သည် ပြင်းထန်လှသော ပြစ်ဒဏ်ကို ချမှတ်နိုင်သောအရှင်ဖြစ်သည်ဟု သူတို့ရှုမြင်သုံးသပ်ဖို့ လိုအပ်ပေသည်။ (ဘကရာဟ် – ၁၆၅)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၆)
إِذۡ تَبَرَّأَ ٱلَّذِينَ ٱتُّبِعُواْ مِنَ ٱلَّذِينَ ٱتَّبَعُواْ وَرَأَوُاْ ٱلۡعَذَابَ وَتَقَطَّعَتۡ بِهِمُ ٱلۡأَسۡبَابُ
ဦးစီးခေါင်းဆောင်အဖြစ် တင်ပို့၊ တွန်းပို့ခြင်းခံထားရသူတို့သည် (သူတို့ကျူးလွန်ခဲ့သမျှနှင့် ပတ်သက်၍) ခံစားရမည့်ပြစ်ဒဏ်ကို တွေ့မြင်ရသောအခါ သူတို့၏နောက်လိုက်၊ နောက်ပါများကို အဆက် ဖြတ်ခဲ့ကြလေသည်။ သူတို့ မူလစုစည်းဖို့ရာ ဖြစ်လာရသည့် အခြေခံအကြောင်းအရာတို့သည်လည်း အပိုင်းပိုင်းအစစ ကျိုးပြတ်သွားခဲ့ရလေသည်။ (ဘကရာဟ် – ၁၆၆)
ရှင်းလင်းချက်။ ။ လူ့အဖွဲ့အစည်းတစ်ရပ် ပြိုကွဲရခြင်း၌ “အုပ်စုဖွဲ့ခြင်း” ဆိုသည်ကလည်း အကြောင်းအချင်းတစ်ရပ် ဖြစ်သည်။ အချို့က အုပ်စုအတွင်း မိမိသြဇာသက်ရောက် တည်မြဲရေးအတွက် “ဆရာ” မွေးကြလေသည်။ အချို့ကမူ တပည့်မွေးကြလေသည်။ တပည့်မွေးသူတို့က တပည့်ကို ရှေ့တန်းတင်အသုံးချသလို ဆရာမွေးသူများကလည်း သူတို့ ဖြစ်စေချင်သည့်ဆန္ဒကို ဆရာ့နှုတ်မှ ဆရာ့သြဇာဖြင့် မြွက်ဟစေ၏။
ယင်းကဲ့သို့ ဆရာမွေးခြင်း၊ တပည့်မွေးခြင်းတို့၌ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အုပ်စုကွဲသဏ္ဍာန် ဆက်ဆံကြပြီး၊ အားပြိုင် မှုများ ပြုလုပ်လာကြသည်။ ထိုအစုအဖွဲ့များသည် မိမိတို့အစုအဖွဲ့ တစ်ခုချင်းစီ၌ မလိုလားအပ်သော ၊ မခိုင်လုံသော ကိစ္စတစ်ခုကို အရင်းခံပြု၍ ပြဿနာရှာလာကြတော့သည်။ သို့သော် အစုအဖွဲ့တိုင်းသည် မိမိတို့လုပ်ရပ်များနှင့်ပတ် သက်၍ တစ်စုံတစ်ရာသောပြဿနာကို ရင်ဆိုင်ဖြေရှင်းရတော့မည်ဆိုလျှင် `ဆရာ´ဆိုသူက တပည့်များကိုစွန့်ပစ်၍ ကိုယ်လွတ်ရုံးလေတော့သည်။ တပည့်များအတွင်း၌လည်း တစ်ဦးကိုတစ်ဦး ပြဿနာရှာ အပြစ်ဖို့၍ အဆက်ဖြတ်ပြီး ကွဲပြဲသွားလေတော့သည်။ သူ့ကြောင့်ဖြစ်ရတာပါ၊ ငါ့ကြောင့်ဖြစ်ရတာပါဟု တစ်ဖက်နှင့်တစ်ဖက် စွဲချက်တင်လေတော့ သည်။ ဤသည်မှာ ကုရ်အာန်နည်းမကျသော `လူပုဂ္ဂိုလ်ကိုးကွယ်ရေးဝါဒ´ကို မွေးဖွားခြင်းကြောင့်ဖြစ်သည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၇)
وَقَالَ ٱلَّذِينَ ٱتَّبَعُواْ لَوۡ أَنَّ لَنَا كَرَّةً۬ فَنَتَبَرَّأَ مِنۡہُمۡ كَمَا تَبَرَّءُواْ مِنَّاۗ كَذَٲلِكَ
يُرِيهِمُ ٱللَّهُ أَعۡمَـٰلَهُمۡ حَسَرَٲتٍ عَلَيۡہِمۡۖ وَمَا هُم بِخَـٰرِجِينَ مِنَ ٱلنَّارِ
နောက်လိုက်တပည့်များက “ငါတို့တစ်ခါလောက် ပြန်ဆုံချင်ပါသေးတယ်။ သူတို့က ငါတို့ကို ပစ်ထားခဲ့သလို ငါတို့ကလည်း သူတို့ကို ပြန်ပြီး စွန့်ပစ်ထားလိုက်ချင်စမ်းပါဘိ” ဟု ကြုံးဝါးကြလေသည်။ ထိုကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်က သူတို့အပေါ် သူတို့လုပ်ရပ်၏အနိဋ္ဌာရုံကို ပြသတော်မူလေပြီ။ စင်စစ်မှာတော့ သူတို့ သည် သောကမီးထဲမှ ရုန်းမထွက်နိုင်ကြတော့ပေ။ (ဘကရာဟ် – ၁၆၇)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၈)
يَـٰٓأَيُّهَا ٱلنَّاسُ كُلُواْ مِمَّا فِى ٱلۡأَرۡضِ حَلَـٰلاً۬ طَيِّبً۬ا وَلَا تَتَّبِعُواْ خُطُوَٲتِ
ٱلشَّيۡطَـٰنِۚ إِنَّهُ ۥ لَكُمۡ عَدُوٌّ۬ مُّبِينٌ
အို… လူသားအပေါင်းတို့ သင်တို့သည် ကမ္ဘာမြေပေါ်ရှိ စားသုံးဖွယ်ရာများအနက်မှ `ဟလာလ်´ခွင့်ပြု ထားပြီးသော၊ `တွိုင်ယစ်(ဗ)´သန့်ရှင်းစင်ကြယ်ပြီး ဘေးဥပါဒ်တစ်စုံတစ်ရာ မဖြစ်စေဘဲ လူကို ခွန်အားဖြစ်စေ သော အစာအဟာရမျိုးကိုသာ စားသုံးကြပါလေ။ သင်တို့သည် `ရှိုင်တွာန်´အဖျက်သဘော၏ ခြေလှမ်း နောက်သို့ မလိုက်ကြလေနှင့်။ ဧကန်အမှန်ပင် `ရှိုင်တွာန်´သည် သင်တို့အတွက် ထင်ရှားရှင်းလင်းသော ရန်သူဖြစ်သည်။ (ဘကရာဟ် – ၁၆၈)
ရှင်းလင်းချက်။ ။ ကမ္ဘာပေါ်တွင် လူသားတို့အတွက် စားသုံးဖွယ်ရာ အမြောက်အများရှိလေသည်။ သို့သော် အချို့ အစားအစာများသည် လူကိုအကျိုးပြုသော်လည်း အချို့အစားအစာများသည် လူကိုဘေးဥပါဒ်ဖြစ်စေသည်။ ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်က လူသားတို့အတွက် စားသောက်ဖွယ်ရာကို သတ်မှတ်ပေးသည်။
ကျမ်းမြတ်ကုရ်အာန်က သတ်မှတ်ပေးသော လူသားအတွက် အစားအစာမှာ-
(၁) `ဟလာလ်´ဟုခေါ်သော သတ်မှတ်ခွင့်ပြုချက်ရှိရမည်။ ဥပမာ အသေသား၊ သွေး၊ ၀က်သား စသည်တို့မှာ `ဟရာမ်´တားမြစ်ချက် ထုတ်ပြန်ထားပြီးသော အစားအစာများဖြစ်သည်။
(၂) `ဟလာလ်´ခွင့်ပြုထားပြီးသော်ငြားလည်း `တွိုင်ယစ်(ဗ)´ဟုခေါ်သော သန့်ရှင်းလတ်ဆတ်မှုရှိရမည်။ ဘေးဥပါဒ် တစ်စုံတစ်ရာ မဖြစ်စေရသည့်အပြင် လူကို ခွန်အားဖြစ်စေရမည်။ ဥပမာ- စနစ်တကျ သန့်စင်ချက်ပြုတ်ထားပြီးသော အမဲသားဟင်းတစ်ခွက်သည် `ဟလာလ်´ဖြစ်သော်ငြားလည်း ပုပ်သိုးသွားသော အမဲသားဟင်းတစ်ခွက်မှာမူ `တွိုင် ယစ်(ဗ)´မဖြစ်တော့သည့်အတွက် စားသုံးခြင်းမပြုနိုင်ပေ။ သကြားသည် လူသားအားလုံးအတွက် `ဟလာလ်´ဖြစ် သော်လည်း ဆီးချိုဝေဒနာရှင်အတွက် `တွိုင်ယစ်(ဗ)´မဟုတ်သည့်အတွက် စားသုံးရန် ကန့်သတ်ချက်ရှိလေသည်။
ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်က ပြဋ္ဌာန်းထားသော လူသားတစ်ဦးချင်းအတွက် စားသောက်ဖွယ်ရာမှာ (၁) `ဟလာလ်´ဖြစ်ရမည်။ (၂) မိမိတို့တစ်ဦးချင်းအတွက် `တွိုင်ယစ်(ဗ)´ဖြစ်ရပေမည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၉)
إِنَّمَا يَأۡمُرُكُم بِٱلسُّوٓءِ وَٱلۡفَحۡشَآءِ وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ
`ရှိုင်တွာန်´က သင်တို့ကို မကောင်းမှုဒုစရိုက်ကိုလည်းကောင်း၊ ရှက်ဖွယ် ပါပညစ်ကျူးမှုကိုလည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်အပေါ် သင်တို့မသိရှိသည်များကို စွပ်စွဲပြောဆိုကြရန်သော်လည်းကောင်း အစရှိ သည်တို့ကိုသာလျှင် တိုက်တွန်းအမိန့်ပေးလျက်ရှိသည်။ (ဘကရာဟ် – ၁၆၉)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၀)
وَإِذَا قِيلَ لَهُمُ ٱتَّبِعُواْ مَآ أَنزَلَ ٱللَّهُ قَالُواْ بَلۡ نَتَّبِعُ مَآ أَلۡفَيۡنَا عَلَيۡهِ
ءَابَآءَنَآۗ أَوَلَوۡ كَانَ ءَابَآؤُهُمۡ لَا يَعۡقِلُونَ شَيۡـًٔ۬ا وَلَا يَهۡتَدُونَ
`အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ထားသည့် (လမ်းစဉ်)အပေါ် ဖ၀ါးခြေထပ် လိုက်နာ ကြပါလေ´ဟု ပြောကြားခံရသောအခါ သူတို့က `မဖြစ်နိုင်ပါ။ ငါတို့သည် ငါတို့၏မိဘ၊ ဘိုးဘွားများရပ်တည်ခဲ့ သည့်လမ်းစဉ်ကိုသာ လိုက်နာလျက်ရှိကြပါပြီ´ဟု ပြန်ပြောကြလေသည်။ သို့ဆိုလျှင် သူတို့သည် အသိတရား တစ်စုံတစ်ရာမရှိသော၊ လမ်းမှန်မဟုတ်သော၊ သူတို့၏မိဘ၊ ဘိုးဘွားများ လမ်းစဉ်အပေါ်၌သာ ရှိနေကြပြီ လော။ (ဘကရာဟ် – ၁၇၀)
ရှင်းလင်းချက်။ ။ လူ့အဖွဲ့အစည်းတစ်ခုသည် အမှန်တရားထက် မိမိတို့၏မိဘ၊ ဘိုးဘွားများ၏ အယူအဆ ထုံးတမ်း ဓလေ့များကို ပို၍နှစ်သက်ကြလေသည်။ သမိုင်းကြောင်းတစ်လျှောက်၌ လူ့အဖွဲ့အစည်းအရပ်ရပ်သည် အလ္လာဟ် အရှင်မြတ်က ထုတ်ပြန်သောတရားလမ်းမှန်ကို မိဘ၊ ဘိုးဘွားတို့၏ ဓလေ့ထုံးတမ်းများနှင့် အမြဲလိုလို ထိပ်တိုက်ရင် ဆိုင် တုံ့ပြန်ခဲ့လေသည်။ ဤသို့ဖြင့် အမှန်တရားနှင့် ဓလေ့ထုံးတမ်းကြားတွင် ကြီးမားသော ကွာဟချက်ကြီးတစ်ရပ်က ဖြစ်တည်လျက်ရှိလေတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၅၁) မှ (၁၆၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်