ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၁) မှ (၂၃၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)
بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၁)
وَلَا تَنكِحُواْ ٱلۡمُشۡرِكَـٰتِ حَتَّىٰ يُؤۡمِنَّۚ وَلَأَمَةٌ۬ مُّؤۡمِنَةٌ خَيۡرٌ۬
مِّن مُّشۡرِكَةٍ۬ وَلَوۡ أَعۡجَبَتۡكُمۡۗ وَلَا تُنكِحُواْ ٱلۡمُشۡرِكِينَ حَتَّىٰ
يُؤۡمِنُواْۚ وَلَعَبۡدٌ۬ مُّؤۡمِنٌ خَيۡرٌ۬ مِّن مُّشۡرِكٍ۬ وَلَوۡ أَعۡجَبَكُمۡۗ أُوْلَـٰٓٮِٕكَ
يَدۡعُونَ إِلَى ٱلنَّارِۖ وَٱللَّهُ يَدۡعُوٓاْ إِلَى ٱلۡجَنَّةِ وَٱلۡمَغۡفِرَةِ بِإِذۡنِهِۦۖ وَيُبَيِّنُ
ءَايَـٰتِهِۦ لِلنَّاسِ لَعَلَّهُمۡ يَتَذَكَّرُونَ
သင်တို့(ယုံကြည်သူတို့)သည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက်ကိုးကွယ်သူ အမျိုး သမီးတို့အား သူမတို့ အီမာန်သက်ဝင်ယုံကြည်လာမှု မရှိသမျှကာလပတ်လုံး ထိမ်းမြားလက်ထပ်ခြင်း မပြုကြ လေနှင့်။ တုဖက်နှိုင်းယှဉ်ကိုးကွယ်သူ `မွတ်ရှရီက်း´အမျိုးသမီးတစ်ဦးသည် သင်တို့အတွက် မည်သို့ပင် ကျေနပ်နှစ်လိုမှုကို ပေးစွမ်းစေကာမူ အီမာန်သက်ဝင်ယုံကြည်သူ အခြေခံလူတန်းစား အမျိုးသမီးတစ်ဦးက ထို မွတ်ရှရီက်း အမျိုးသမီးထက် သာလွန်ကောင်းမွန်လှပေသည်။
သူမတို့ (ယုံကြည်သူအမျိုးသမီးတို့)အား အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက်ကိုးကွယ် သူ အမျိုးသားတို့နှင့် သူတို့ အီမာန်သက်ဝင်ယုံကြည်လာမှု မရှိသမျှကာလပတ်လုံး ထိမ်းမြားလက်ထပ်ပေး ခြင်း မပြုကြလေနှင့်။ တုဖက်နှိုင်းယှဉ်ကိုးကွယ်သူ `မွတ်ရှ်ရီက်း´အမျိုးသားတစ်ဦးသည် သင်မတို့အတွက် မည်သို့ပင် ကျေနပ်နှစ်လိုမှုကို ပေးစွမ်းစေကာမူ အီမာန်သက်ဝင်ယုံကြည်သူ နာခံတော်အမျိုးသားတစ်ဦးက ထို`မွတ်ရှိရီးက်´အမျိုးသားထက် သာလွန်ကောင်းမွန်လှပသည်။ ထိုသူ (မွတ်ရှရီက်းအမျိုးသား၊ အမျိုးသမီး) တို့သည် သင်တို့ကို ပူလောင်ပြင်းပြမှုဆီသို့ ဖိတ်ခေါ်ကြပေလိမ့်မည်။ အလ္လာဟ်အရှင်မြတ်ကမူ သူ၏အမိန့် တော်အားဖြင့် သင်တို့အား သုခချမ်းသာပြည့်စုံစေမှုနှင့် လုံခြုံအေးချမ်းမှုဆီသို့ ဖိတ်ခေါ်ပေလိမ့်မည်။ သူတို့ သတိရ အမှတ်ရစေခြင်းအလို့ငှာ အလ္လာဟ်အရှင်မြတ်က လူသားတို့အား သူ၏သက်သေလက္ခဏာတော်များ ကို ရှင်းလင်းပြလျက်ရှိသည်။ (ဘကရာဟ် – ၂၂၁)
ရှင်းလင်းချက်။ ။ မွတ်စလင်မ်တစ်ဦးသည် (ကျမ်းရအုပ်စုဝင် အမျိုးသမီးမှလွဲ၍) ဘာသာခြားအမျိုးသား၊ အမျိုးသမီး များကိုလည်းကောင်း၊ တုဖက်ကိုးကွယ်သူ `မွတ်ရှရီက်း´အမျိုးသား၊ အမျိုးသမီးများကိုလည်းကောင်း၊ ထိမ်းမြားလက် ထပ်ခွင့်မရှိပေ။ အသွင်မတူသဖြင့် အိမ်သူမဖြစ်နိုင်ပေ။ တဒင်္ဂတာသော ကျေနပ်မှုထက် ရေရှည်တည်ငြိမ်းအေးချမ်းမှု ကို အစ္စလာမ်က ရည်ညွှန်း လမ်းညွှန်လေသည်။ ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းသော `နိကာဟ်´ထိမ်းမြားခြင်း သည် ဘာသာတူခြင်း၊ ယုံကြည်ချက်တူညီခြင်းအတွက်သာ အထမြောက်လေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၂)
وَيَسۡـَٔلُونَكَ عَنِ ٱلۡمَحِيضِۖ قُلۡ هُوَ أَذً۬ى فَٱعۡتَزِلُواْ ٱلنِّسَآءَ فِى ٱلۡمَحِيضِۖ
وَلَا تَقۡرَبُوهُنَّ حَتَّىٰ يَطۡهُرۡنَۖ فَإِذَا تَطَهَّرۡنَ فَأۡتُوهُنَّ مِنۡ حَيۡثُ أَمَرَكُمُ ٱللَّهُۚ
إِنَّ ٱللَّهَ يُحِبُّ ٱلتَّوَّٲبِينَ وَيُحِبُّ ٱلۡمُتَطَهِّرِينَ
သင်တမန်တော်အား သူတို့က (အမျိုးသမီးများ) လစဉ်ရာသီပန်းပွင့်ခြင်းနှင့်ပတ်သက်၍ မေးမြန်းကြ ပေလိမ့်မည်။ သင်တမန်တော် (ဤသို့) မိန့်ကြားဖြေဆိုလိုက်ပါ။ “ယင်းဖြစ်စဉ်သည် ဘေးဥပါဒ် အန္တရာယ်ရှိသော အခြေအနေတစ်ရပ်ဖြစ်သည်။ သို့ဖြစ်ရာ သင်တို့ သည် ဇနီးမိန်းမတို့နှင့် ခွဲခွာ၍နေထိုင်ကြပါလေ။ သူမတို့ သန့်ရှင်းစင်ကြယ်၍ ကိစ္စပြီးမြောက်သည်အထိတိုင်အောင် သင်တို့ သူမတို့၏ အနီးသို့ပင် မချဉ်းကပ်ပါလေနှင့်။ သူမတို့ သန့်ရှင်းစင်ကြယ်သွားသောအခါ အလ္လာဟ်အရှင်မြတ်၏ ပြဋ္ဌာန်းချက်နှင့်အညီ သူမတို့နှင့် အတူသွားလာနေထိုင်ကြပါလေ။ ဧကန်မုချပင် အလ္လာဟ်အရှင်မြတ်သည် ၀န်ချတောင်းပန်သူများကိုလည်းကောင်း၊ မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်အောင် ပြုမူနေထိုင်သူများကိုလည်းကောင်း နှစ်သက်တော်မူလေသည်။” (ဘကရာဟ် – ၂၂၂)
ရှင်းလင်းချက်။ ။ အမျိုးသမီးများအတွက် လစဉ်ရာသီပန်းပွင့်ချိန်သည် ဘေးဥပါဒ် အန္တရာယ်တစ်စုံတစ်ရာဖြစ်ရန် လွယ်ကူသောအချိန်ဖြစ်သည်။ ထိုကာလ၌ အထူးသတိထား၍ နေထိုင်သွားလာ စားသောက်ရလေသည်။ အထူးသဖြင့် မိမိကိုယ်မိမိ အထူးသန့်ရှင်းစွာ ပြုပြင်နေထိုင်ရလေသည်။ ထိုကာလမျိုး၌ ခင်ပွန်းသည်ကလည်း အထူးဆင်ခြင်နေထိုင် ရန် လိုအပ်ပေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၃)
نِسَآؤُكُمۡ حَرۡثٌ۬ لَّكُمۡ فَأۡتُواْ حَرۡثَكُمۡ أَنَّىٰ شِئۡتُمۡۖ وَقَدِّمُواْ لِأَنفُسِكُمۡۚ
وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّڪُم مُّلَـٰقُوهُۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ
သင်တို့၏ ဇနီးမယားများသည် သင်တို့အတွက် မြေဆီသြဇာပြည့်ဝသော စိုက်ပျိုးမြေကွက်တစ်ကွက် ဖြစ်သည်။ သို့ဖြစ်ရာ သင်တို့၏လယ်ယာမြေကို သင်တို့ နှစ်သက်ရာဆန္ဒနှင့်အညီ ပြုမူဆောင်ရွက်ကြပါ။ သင်တို့၏ လယ်ယာမြေမှထွက်ပေါ်လာမည့် အကျိုးဆက်များကိုလည်း တင်ကြို မျှော်တွေး အသင့်ပြင်ထားကြ ပါလေ။ အလ္လာဟ်အရှင်မြတ်ကို တက္က၀ါ ထားရှိကြသလို သင်တို့သည် ထိုအရှင်မြတ်၏ ရှေ့တော်မှောက်သို့ မလွဲမသွေရောက်ရှိကြမည်ကိုလည်း သိထားကြပါရန် သင်တမန်တော်က `မုအ်မင်န်´သက်ဝင်ယုံကြည်သူတို့ အား သတင်းကောင်းပေးလိုက်ပါ။ (ဘကရာဟ် – ၂၂၃)
ရှင်းလင်းချက်။ ။ လယ်ယာမြေဆိုသည်မှာ တောင်သူဦးကြီးတစ်ဦးအတွက် သူ၏ဘ၀၊ သူ၏အရင်းအနှီး၊ သူ၏ အဆုံးအစွန်သော ရည်မှန်းချက်ပင်ဖြစ်သည်။ သူ၏လယ်ယာမြေကို မျိုးကောင်းမျိုးသန့် သီးနှံများထွက်ရှိရေးအတွက် လိုအပ်သလို ထောက်ပံ့ဖြည့်တင်း စီမံကွပ်ကဲရေးမှာ ထိုတောင်သူဦးကြီး၏ တာဝန်သာဖြစ်သည်။ မိမိလယ်ယာမြေ၌ မိမိနှစ်သက်ရာပျိုးပင်ကို မိမိနှစ်သက်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးခွင့်ရှိသည်။ သို့ရာတွင် မိမိစိုက်ပျိုးလိုက်သော မျိုးစေ့ ချလိုက်သောအပင်သည် အနာဂတ်ကာလ၌ မိမိအတွက် မည်သည့်အတိုင်းအတာအထိ အကျိုးဖြစ်ထွန်းနိုင်သည်ကို တော့ ကြိုတင်တွက်ချက်၍ နည်းစနစ်တကျ စိုက်ပျိုးသင့်ပေသည်။
လူသားတစ်ဦးအတွက် သူ၏ဇနီးမယားသည်လည်း သူ၏လယ်ယာမြေကွက်ကဲ့သို့ပင် ဖြစ်သည်ကို ကျမ်းမြတ် ကုရ်အာန်က လှပစွာ တင်စားသုံးနှုံးထားလေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၄)
وَلَا تَجۡعَلُواْ ٱللَّهَ عُرۡضَةً۬ لِّأَيۡمَـٰنِڪُمۡ
أَن تَبَرُّواْ وَتَتَّقُواْ وَتُصۡلِحُواْ بَيۡنَ ٱلنَّاسِۗ وَٱللَّهُ سَمِيعٌ عَلِيمٌ۬
သင်တို့သည် လူသားတို့အကြား၌ ကောင်းမှုကုသိုလ်ပြုလုပ်ရာတွင်လည်းကောင်း၊ ဒုစရိုက်မှုများကို ရှောင်ကြဉ်ရာတွင်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦးကို စေ့စပ်ညှိနှိုင်းရန် ဆောင်ရွက်ရာတွင်လည်းကောင်း၊ သင်တို့၏ ကတိသစ္စာပြုမှုများနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်၏နာမတော်ကို အကာကွယ်ယူ (အလွဲသုံး စားပြုခြင်း) အား လုံးဝမပြုလုပ်ကြပါလေနှင့်။ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော အကြွင်း မဲ့ သိတော်မူသော အရှင်ဖြစ်သည်။ (ဘကရာဟ် – ၂၂၄)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၅)
لَّا يُؤَاخِذُكُمُ ٱللَّهُ بِٱللَّغۡوِ فِىٓ أَيۡمَـٰنِكُمۡ وَلَـٰكِن
يُؤَاخِذُكُم بِمَا كَسَبَتۡ قُلُوبُكُمۡۗ وَٱللَّهُ غَفُورٌ حَلِيمٌ۬
သင်တို့ ကတိသစ္စာပြုမှုများ၌ အချည်းအနှီးဖြစ်သော၊ အရေးမပါ အရာမရောက်သော စကားများနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က အရေးတယူရှိတော်မူမည်မဟုတ်ပေ သို့ရာတွင် သင်တို့၏နှလုံးသားထဲ မှ စိတ်ပါလက်ပါ အမှန်တကယ်ဆောင်ရွက် ကြိုးပမ်းမှုပြုသော ကတိသစ္စာပြုမှုကိုမူ အလ္လာဟ်အရှင်မြတ်က အရေးတယူ အသိအမှတ်ပြုတော်မူပေမည်။ အလ္လာဟ်အရှင်မြတ်သည် နူးညံ့သိမ်မွေ့တော်မူသော ကရုဏာ တော်အရှင်ဖြစ်သည်။ (ဘကရာဟ် – ၂၂၅)
ရှင်းလင်းချက်။ ။ လူတစ်ဦးနှင့်တစ်ဦးသော်လည်းကောင်း၊ အစုအဖွဲ့တစ်ခုနှင့်တစ်ခုသော်လည်းကောင်း၊ ညှိနှိုင်း ဆွေးနွေးကြရာတွင် အချို့က တစ်ဖက်သား၏ယုံကြည်မှုကို ရရှိစေရန် အလ္လာဟ်အရှင်မြတ်၏ နာမတော်နှင့် ဂုဏ်တော် များကို စိတ်လက်မပါဘဲ အလွဲသုံးပြီး ကတိသစ္စာပြုလေ့ရှိကြသည်။ ဤလုပ်ရပ်မျိုးကို အလ္လာဟ်အရှင်မြတ်က တားမြစ် လေသည်။ နှုတ်က သာမန်ကာလျှံကာ သဘောမျိုးမဟုတ်ဘဲ နှလုံးသားထဲကပါ ယုံကြည်သက်ဝင်ပြီး ထိုယုံကြည်ချက် အတိုင်း လက်တွေ့လုပ်ဆောင်နိုင်မှသာလျှင် အလ္လာဟ်အရှင်မြတ်၏နာမတော်နှင့် ဂုဏ်တော်များကို ကတိသစ္စာပြုရာ တွင် ထည့်သွင်းရမည်ဖြစ်သည်။ ထိုကတိသစ္စာပြုမှုမျိုးကို အလ္လာဟ်အရှင်မြတ်က အရေးတယူ အသိအမှတ်ပြုမည်ဖြစ်သည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၆)
لِّلَّذِينَ يُؤۡلُونَ مِن نِّسَآٮِٕهِمۡ تَرَبُّصُ أَرۡبَعَةِ أَشۡہُرٍ۬ۖ فَإِن فَآءُو فَإِنَّ ٱللَّهَ غَفُورٌ۬ رَّحِيمٌ۬
“မိမိ၏ဇနီးနှင့် အတူမနေထိုင်ပါ” ဟု ရည်ရွယ်ကျိန်ဆိုထားသူတို့အတွက် သူ၏ရည်ရွယ်ကျိန်ဆိုချက်၏ သက်တမ်းကာလမှာ (၄) လ အထိသာ စောင့်ဆိုင်းရန်ဖြစ်သည်။ အကယ်၍ သူတို့က ယင်းရည်ရွယ်ကျိန်ဆို ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပါလျှင် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ဆုံးစမဲ့ ကရုဏာတော်ရှင်ဖြစ်သည်။ (ဘကရာဟ် – ၂၂၆)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၇)
وَإِنۡ عَزَمُواْ ٱلطَّلَـٰقَ فَإِنَّ ٱللَّهَ سَمِيعٌ عَلِيمٌ۬
အကယ်၍ သူတို့က (ယင်းဇနီးသည်များကို) `တွလားက်´ကြေညာကွာရှင်းရန် စိတ်ပိုင်းဖြတ် ဆုံးဖြတ်လိုက်လျှင်လည်း အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော သိတော် မူသောအရှင်ဖြစ်သည်။ (ဘကရာဟ် – ၂၂၇)
ရှင်းလင်းချက်။ ။ အစ္စလာမ်တရားတော်အရ ခင်ပွန်းသည် ဇနီးသည်တစ်ဦးကို အပြစ်ပေးသည့်အနေနှင့် `သင်မနှင့် ကျွန်ုပ် အတူမနေထိုင်ပါ´ဟု ရည်ရွယ်ကျိန်ဆိုလိုက်မည်ဆိုလျှင် ယင်းကျိန်ဆိုချက်၏သက်တမ်းမှာ (၄)လတာအထိ သာ ရှိရပေမည်။ (၄)လထက်ပိုကြာသော သက်တမ်းကာလအထိ ဇနီးသည်ကို အတူမနေဘဲ၊ ပစ်ပယ်ထားခွင့်မရှိပေ။ အကယ်၍ (၄)လပြည့်သွားလျှင် `တွလားက်´ပေး ကွာရှင်းခြင်းပြုလျှင်ပြုရမည်။ သို့မဟုတ်ပါက ဆက်လက်ပစ်ပယ် ထားခွင့်မရှိတော့ဘဲ ယခင်အတိုင်း ပြန်လည်ပေါင်းသင်း နေထိုင်ရပေမည်။ ကြာရှည်စွာ ဒုက္ခပေးထား၍မရပေ။ (၄)လ မပြည့်မီ ကျိန်ဆိုမှုကိုရုပ်သိမ်းပြီး ပြန်လည်ပေါင်းသင်းလိုပါကလည်း ပြန်လည်ပေါင်းသင်းနိုင်သည်။ ယင်းကဲ့သို့ ရည် ရွယ်ကျိန်ဆိုခြင်းကို `အီလာ´လုပ်သည်ဟုခေါ်ဆိုပေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၈)
وَٱلۡمُطَلَّقَـٰتُ يَتَرَبَّصۡنَ بِأَنفُسِهِنَّ ثَلَـٰثَةَ قُرُوٓءٍ۬ۚ وَلَا يَحِلُّ لَهُنَّ أَن يَكۡتُمۡنَ مَا خَلَقَ ٱللَّهُ
فِىٓ أَرۡحَامِهِنَّ إِن كُنَّ يُؤۡمِنَّ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأَخِرِۚ وَبُعُولَتُہُنَّ أَحَقُّ بِرَدِّهِنَّ
فِى ذَٲلِكَ إِنۡ أَرَادُوٓاْ إِصۡلَـٰحً۬اۚ وَلَهُنَّ مِثۡلُ ٱلَّذِى عَلَيۡہِنَّ بِٱلۡمَعۡرُوفِۚ وَلِلرِّجَالِ
عَلَيۡہِنَّ دَرَجَةٌ۬ۗ وَٱللَّهُ عَزِيزٌ حَكِيمٌ
`တွလားက်´ပေး ကွာရှင်းခံရမည့်အမျိုးသမီးတို့သည် (တွလာက်း အထမြောက်စေရန်)ဘေးပယောဂ မပါဘဲ၊ မိမိတို့ကိုယ်ကို မိမိတို့ ရာသီပန်း(၃)ကြိမ်ပွင့်ပြီးသည်အထိ စောင့်ဆိုင်းထားရပေမည်။ အကယ်၍ သူမ တို့အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ အာခိရသ်(အနာဂတ်)ကိုသော်လည်းကောင်း၊ အီမာန် သက်ဝင်ယုံကြည်သည် ဆိုပါလျှင် သူမတို့၏သားအိမ်ထဲရှိ အလ္လာဟ်အရှင်မြတ် စီရင်ဖြစ်ထွန်းစေသည့်အရာကို ထိမ်ချန်လျှို့ဝှက်ထားခြင်းအား သူမတို့အတွက် ခွင့်ပြုချက်မရှိပေ။ ယင်းသို့သော စောင့်ဆိုင်းကာလအတွင်း၌ သဘောတူညီချက်တစ်ရပ်ရပ်အပေါ် နှစ်ဦးနှစ်ဖက် ဆန္ဒရှိကြလျှင် သူမတို့၏ခင်ပွန်းသည်များက `တွလားက်´ ပေးခြင်းခံထားရသော ဇနီးသည်များအား ပြန်လည်ပေါင်းသင်းခြင်းမှာ ခင်ပွန်းသည်တို့၏ ရပိုင်ခွင့်တစ်ရပ်ပင် ဖြစ်သည်။ ဇနီးသည်တို့အတွက်လည်း အလားတူရပိုင်ခွင့်မျိုးကို အသိတရားရှိစွာဖြင့် ရယူခံစားခွင့်ရှိလေ သည်။ ယောက်ျားသားများအဖို့ ဇနီးသည်များအပေါ် ထိန်းသိမ်းစီမံကွပ်ကဲရန် တာဝန်တစ်ရပ်ရှိပေသည်။ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်အစုံ၊ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော ဉာဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်သည်။ (ဘကရာဟ် – ၂၂၈)
ရှင်းလင်းချက်။ ။ ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းပြဋ္ဌာန်းထားသော အစ္စလာမ့်တရားတော်အရ ခင်ပွန်းသည်တစ်ဦးက မိမိ၏ဇနီးသည်ကို `တွလားက်´ပေး ကွာရှင်းတော့မည်ဆိုလျှင် ဦးစွာ နှစ်ဦးနှစ်ဖက် လူကြီးစုံရာဖြင့် ဆွေးနွေးညှိနှိုင်း ရပေမည်။ ညှိနှိုင်းဆောင်ရွက်၍ မရသည့်အပေါ် `တွလားက်´ကြေညာလိုက်မည် ဆိုပါက ယင်း`တွလားက်´အထ မြောက်စေရန် `တွလားက်´ကြေညာခြင်းခံရသူ ဇနီးသည်အနေဖြင့် ရာသီပန်း(၃) ကြိမ်ပွင့်ပေါ်သည်အထိ `အစ်ဒသ်´ စောင့်ရပေမည်။ ဤသို့ `အစ်ဒသ်´စောင့်ရာတွင် အမျိုးသမီးတို့၏ မူလသဘာဝအတိုင်း ရာသီပန်းပွင့်ခြင်းကို ပြင်ပ ပယောဂမပါစေဘဲ ဆေးဝါးအကူအညီတစ်စုံတစ်ရာမပါဘဲ စောင့်ဆိုင်းရပေမည်။ အကယ်၍ ရာသီပန်းမပွင့်ဘဲ ကိုယ် ၀န်ရှိသွားမည်ဆိုပါက မွေးဖွားပြီးသည့်ကာလအထိ `အစ်ဒသ်´ကာလကို ပြောင်းလဲသတ်မှတ်ရပေမည်။ ယင်း `အစ်ဒသ်´ကာလ၌ ဇနီးသည်အတွက် လိုအပ်သောစားဝတ်နေရေး ကိစ္စအ၀၀ကို ခင်ပွန်းသည်အပေါ်၌ ထိန်းသိမ်း စီမံကွပ်ကဲရန် တာဝန်ရှိပေသည်။
အလ္လာဟ်အရှင်မြတ်က ကွာရှင်းပြတ်စဲမှုနှင့်ပတ်သက်၍ ဤသို့ပြဋ္ဌာန်းထားရခြင်းမှာ ဒေါသအလျောက် `တွလားက်´ပေးခဲ့မှုအပေါ် ဒေါသပြေပြီး အကြောင်းကြောင်းကိုထောက်ချင့်၍ `တွလားက်´ကို ပြန်လည်ရုပ်သိမ်းနိုင် ရေးအတွက်ဖြစ်သည်။ အခြားတစ်ဖက်မှကြည့်မည်ဆိုလျှင်လည်း ကိုယ်ဝန်ရှိနေစဉ် ကွာရှင်းပြတ်စဲခဲ့မည်ဆိုလျှင် မွေး ဖွားလာမည့်ကလေး၏ အခွင့်အရေးဆုံးရှုံးသွားမည်ကို မလိုလားသော အလ္လာဟ်အရှင်မြတ်၏ မဟာကရုဏာတော်တစ် ရပ်ပင်ဖြစ်သည်။
ခင်ပွန်းသည်နှင့် ဇနီသည်တို့သည် `အစ်ဒသ်´ကာလအတွင်း၌ `တွလားက်´ကြေညာထားမှုကို နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိသွားလျှင် ပြန်လည်ရုပ်သိမ်းပြီး ပြန်လည်ပေါင်းသင်း နေထိုင်ခွင့်ရှိသည်။ `တွလားက်´အထမမြောက် တော့ပေ။ သို့သော် ရာသီပန်း(၃)ကြိမ်ပွင့်သည်အထိ `အစ်ဒသ်´စောင့်ပြီး ပြန်လည်မပေါင်းသင်းတော့ပါဟု ဆုံးဖြတ် သတ်မှတ်လိုက်လျှင် `နိကာဟ်´စာချုပ်အရသော်လည်းကောင်း၊ နှစ်ဦးသဘောတူ ညှိနှိုင်းထားချက်အရသော်လည်း ကောင်း၊ ခင်ပွန်းသည်က ပေးရန်ရှိသော`မဟာရ်´ကြွေးကျန်ကိုပေးဆပ်၍ `တွလားက်´ပေးကွာရှင်းမှုကို အတည်ပြု နိုင်သည်။ အကယ်၍ `မဟာရ်´အကြေမပေးနိုင်လျှင် `တွလားက်´မမြောက်ပေ။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ့် တရားတော်အရ `မဟာရ်´သည် ဇနီးသည်၏ရပိုင်ခွင့်ဖြစ်ရာ ခင်ပွန်းသည်တစ်ဦးအတွက် ရှောင်လွှဲ၍မရသော တာဝန် တစ်ရပ်ဖြစ်သည်။
အထူးသတိပြုရမည့်အချက်မှာ ခင်ပွန်းသည်တစ်ဦးက ဇနီးသည်တစ်ဦးအား `တွလားက်´ကြေညာသည့် အချိန်သည် ဇနီးသည်အနေဖြင့် ရာသီပန်းပွင့်နေစဉ် ကာလမဖြစ်စေရဘဲ၊ `တွဟာရသ်´ဟုခေါ်သော သန့်ရှင်းစင် ကြယ်နေချိန် ဖြစ်နေရမည်။ `တွလားက်´ကြေညာကြောင်းကိုလည်း ဇနီးသည်က ပွင့်ပွင့်လင်းလင်း ထင်ထင်ရှားရှား သိမြင်ရမည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၉)
ٱلطَّلَـٰقُ مَرَّتَانِۖ فَإِمۡسَاكُۢ بِمَعۡرُوفٍ أَوۡ تَسۡرِيحُۢ بِإِحۡسَـٰنٍ۬ۗ وَلَا يَحِلُّ لَڪُمۡ
أَن تَأۡخُذُواْ مِمَّآ ءَاتَيۡتُمُوهُنَّ شَيۡـًٔا إِلَّآ أَن يَخَافَآ أَلَّا يُقِيمَا حُدُودَ ٱللَّهِۖ فَإِنۡ
خِفۡتُمۡ أَلَّا يُقِيمَا حُدُودَ ٱللَّهِ فَلَا جُنَاحَ عَلَيۡہِمَا فِيمَا ٱفۡتَدَتۡ بِهِۦۗ تِلۡكَ حُدُودُ ٱللَّهِ فَلَا تَعۡتَدُوهَاۚ
وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَأُوْلَـٰٓٮِٕكَ هُمُ ٱلظَّـٰلِمُونَ
ခင်ပွန်းသည်တစ်ဦးနှင့် ဇနီးသည်တစ်ဦးတို့အနေဖြင့် ဘ၀တစ်သက်တာတွင် ပြုလုပ်ဆောင်ရွက်နိုင် သော ကွာရှင်းပြတ်စဲမှုသည် နှစ်ကြိမ်မျှသာဖြစ်သည်။ သို့ဖြစ်ရာ အသိတရားရှိစွာဖြင့် ပြန်လည်ပေါင်းဖက်ခြင်း ကိုသော်လည်းကောင်း၊ သို့မဟုတ် သိက္ခာရှိစွာဖြင့် စွန့်လွှတ်ကွဲကွာခြင်းကိုသော်လည်းကောင်း၊ ဆောင်ရွက် ကြရပေမည်။ ခင်ပွန်းသည်တို့အတွက် တစ်စုံတစ်ရာသော အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ပြဋ္ဌာန်းချက်များ အား ဖောက်ဖျက်မိခြင်းကို စိုးရိမ်ရသည့်အရေးမှလွဲ၍ ဇနီးသည်အား ချီးမြှင့်ထားပြီးသည့် `မဟာရ်´အပါအ၀င် မည်သည့်အရာကိုမျှ ပြန်ယူခြင်းကို ခွင့်မပြုချေ။
အကယ်၍ ခင်ပွန်းသည်နှင့် ဇနီးသည်တို့အကြား အလ္လာဟ်အရှင်မြတ်၏ ပြဋ္ဌာန်းသတ်မှတ်ချက်နှင့် အညီ ပေါင်းသင်းရန် စိုးရိမ်ကြောင့်ကြရသည့်အခြေအနေ (မဖြစ်နိုင်တော့သည့်အခြေအနေ)ဖြစ်လာခဲ့သည့် အပေါ် ဇနီးသည်ဖက်မှ လျော်ကြေး တစ်စုံတစ်ရာကိုပေး၍ ကွာရှင်းပြတ်စဲမည်ဆိုပါလျှင် အပြစ်ဆိုဖွယ်ရာမရှိ ချေ။ ယင်းသည်ကား အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းဘောင်များပင်ဖြစ်ရာ သင်တို့ သည် ထိုစည်းဘောင်များကို မကျူးလွန် မချိုးဖောက်ပါလေနှင့်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ ပြဋ္ဌာန်း ချက်ကို ကျူးလွန်ချိုးဖောက်လျှင် ထိုသူတို့သည်သာ မိုက်မဲစော်ကားသူများ ဖြစ်ကြပေလိမ့်မည်။ (ဘကရာဟ် – ၂၂၉)
ရှင်းလင်းချက်။ ။ ခင်ပွန်းသည်တစ်ဦးနှင့် ဇနီးသည်တစ်ဦးတို့သည် အစ္စလာမ့်တရားတော်ဖြစ်သော ကျမ်းမြတ်ကုရ် အာန်၏ ပြဋ္ဌာန်းသတ်မှတ်ချက်အရ ဘ၀တစ်သက်တာတွင် ကွာရှင်းပြတ်စဲမှုကို နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခွင့်ရှိ သ်ည။ နှစ်ကြိမ်ထက်ပို၍ ဆောင်ရွက်ခွင့်တော့မရှိချေ။ တစ်နည်းအားဖြင့်ဆိုလျှင် ဘ၀တစ်သက်တာတွင် ဤခင်ပွန်းနှင့် ဤဇနီးသည် နှစ်ကြိမ်တိုင်တိုင် `နိကာဟ်´ထိမ်းမြားခွင့်ရှိသည့် သဘောမျိုးဖြစ်သည်။ ဥပမာပုံဆောင်ရမည်ဆိုလျှင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး `နိကာဟ်´ ပြုထိမ်းမြား၍ အကြင်လင်မယားအဖြစ် ပေါင်းဖက်နေထိုင်ကြ သည်။ ဤသည်မှာ ပထမအကြိမ် `နိကာဟ်´ပြုခြင်းဖြစ်သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ကွာရှင်းပြတ်စဲမှု (တွလားက်)အတည်ပြုခဲ့ကြပြီး လမ်းခွဲခဲ့ကြလေသည်။ ဤသည်မှာ သူတို့ဘ၀သက်တမ်းတွင် `တွလားက်´ကွာရှင်းမှု ပထမအကြိမ်ပြုခဲ့ပြီးဖြစ်သည်။
ထိုသို့ကွာရှင်းပြီးနောက် နှစ်ဦးနှစ်ဖက် ဆန္ဒရှိကြ၍ ပြန်လည်ပေါင်းသင်းလိုပါက `နိကာဟ်´စာချုပ်ချုပ်ဆိုပြီး ထိမ်းမြားမှုကိုပြုနိုင်သည်။ ဤသည်မှာ ဤလင်နှင့် ဤမယားတို့၏ ဘ၀သက်တမ်းတွင် ဒုတိယအကြိမ်မြောက် အိမ် ထောင်ပြု (နိကာဟ်ပြု)ကြခြင်းပင်ဖြစ်သည်။ ထိုသို့ ဒုတိယအကြိမ် `နိကာဟ်´ပြု ထိမ်းမြားပြီး ပေါင်းသင်းနေစဉ် အကြောင်းတစ်စုံတစ်ရာကြောင့် ကွာရှင်းပြတ်စဲမှု(တွလားက်) ပြုခဲ့ကြရပြန်သည်။ လမ်းခွဲကြရပြန်သည်။ ဤသည်မှာ သူတို့နှစ်ဦး၏ ဘ၀သက်တမ်းတွင် ဒုတိယအကြိမ် `တွလားက်´ပေး ကွာရှင်းခြင်းဖြစ်သည်။
အခြားဘာသာ၊ သာသနာ၌ လင်နှင့်မယား ဘယ်နှစ်ကြိမ်ထိမ်းမြားခွင့်ရှိ၍ ဘယ်နှစ်ကြိမ် ကွာရှင်းခွင့်ရှိသည်ကို ပြဋ္ဌာန်းချက် တိတိကျကျမရှိပေ။ အစ္စလာမ်၌မူ ကျမ်းမြတ်ကုရ်အာန်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် `တွလားက်´ကွာရှင်းခြင်း(၂)ကြိမ် (သို့မဟုတ်) `နိကာဟ်´ထိမ်းမြားခြင်း(၂)ကြိမ်ကို ဘ၀သက်တမ်းတစ်ခု၌ ဆောင်ရွက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားလေသည်။ ထိုပြဋ္ဌာန်းချက်ကို မချိုးဖောက်ကြရန်ကိုလည်း သတိပေး တားမြစ် ထားလေသည်။
သို့ဖြစ်လျှင် (၂)ကြိမ်တိုင်တိုင် ကွာရှင်းပြီးသွားပြီးနောက်မှ ထပ်မံ `နိကာဟ်´ထိမ်းမြားပေါင်းသင်းရန် ဆန္ဒရှိ သူအမျိုးသားနှင့် အမျိုးသမီးတို့ ဘယ်လို`နိကာဟ်´ပြုကြရမည်နည်း။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၃၀)
فَإِن طَلَّقَهَا فَلَا تَحِلُّ لَهُ ۥ مِنۢ بَعۡدُ حَتَّىٰ تَنكِحَ زَوۡجًا غَيۡرَهُ ۥۗ فَإِن طَلَّقَهَا
فَلَا جُنَاحَ عَلَيۡہِمَآ أَن يَتَرَاجَعَآ إِن ظَنَّآ أَن يُقِيمَا حُدُودَ ٱللَّهِۗ وَتِلۡكَ
حُدُودُ ٱللَّهِ يُبَيِّنُہَا لِقَوۡمٍ۬ يَعۡلَمُونَ
သို့ဖြစ်ရာ အကယ်၍ (နှစ်ကြိမ်တိုင်တိုင် ကွာရှင်းမှုပြုထားပြီးသော) အမျိုးသမီးတစ်ဦးသည် အခြား အမျိုးသားတစ်ဦးနှင့် `နိကာဟ်´ ထိမ်းမြားမှုမပြုသေးသည့် ကာလပတ်လုံး သူမကို မူလကွာရှင်းလိုက်သော အမျိုးသား(ခင်ပွန်းဟောင်း)အတွက် `နိကာဟ် – ဟရာမ်´ ထိမ်းမြားလက်ထပ်ခွင့်မရှိပေ။ သို့ရာတွင် သူမကို အခြားအမျိုးသားတစ်ဦးက (ထိမ်းမြား လက်ထပ်ပြီးနောက်) ကျမ်းမြတ်ကုရ်အာန်၏ ပြဋ္ဌာန်းချက်နှင့်အညီ ကွာရှင်းပြတ်စဲ`တွလားက်´အထမြောက်ပြီးပါမှ (နှစ်ကြိမ်တိုင်တိုင် ကွာရှင်းပြတ်စဲပြီးသော အမျိုးသားနှင့် အမျိုးသမီးတို့သည်) အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ပြဋ္ဌာန်းချက်အတိုင်း အိမ်ထောင်သည်ဘ၀ကို တည်ဆောက် နိုင်ပါလျှင် နှစ်ဦးနှစ်ဖက် သဘောတူ ပြန်လည်ထိမ်းမြားခြင်းကို အလ္လာဟ်အရှင်မြတ်က အပြစ်ပေး အရေးယူ မည်မဟုတ်ပေ။ ယင်းသည်ကား အသိတရားရှိကြသူ လူ့အစုအဖွဲ့အတွက် အလ္လာဟ်အရှင်မြတ်က ရှင်းလင်း ထင်ရှားအောင် ပြသထားသော ကန့်သတ်ချက်စည်းဘောင်များပင်ဖြစ်သည်။ (ဘကရာဟ် – ၂၃၀)
ရှင်းလင်းချက်။ ။ ဘ၀သက်တမ်းတစ်ခု၌ (၂)ကြိမ်တိုင်တိုင် ကွာရှင်းပြတ်စဲမှုကို ပြုပြီးသောအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ပြန်လည်ပေါင်းသင်းရန် မလွယ်ကူတော့ချေ။ အစ္စလာမ့်တရားတော်ဖြစ်သော ကျမ်းမြတ်ကုရ် အာန်အရ အစ္စလာမ်တွင် `နိကာဟ်´ပြုထိမ်းမြားခြင်းထက် `တွလားက်´(သို့မဟုတ်)`ခုလာအ်´ပြု ကွာရှင်းပြတ်စဲခြင်း က ပို၍ခက်ခဲလေသည်။ ကွာရှင်းပြတ်စဲမှု အတည်ပြုအထမြောက်စေရန် အတားအဆီး၊ အခက်အခဲများစွာကို ရက်ကာ လ အကန့်အသတ်များဖြင့် ကျော်ဖြတ်ကြရလေသည်။ ဤသည်မှာ ကွာရှင်းပြတ်စဲမှုကို မနှစ်သက်သော အလ္လာဟ် အရှင်မြတ်၏ ဆန္ဒတော်ဖြစ်သည်။ သို့သော်လည်း ဤလင်နှင့်ဤမယားတို့က သူတို့၏အတ္တလွန်ကဲမှုကို ရှေ့တန်းတင် ကာ အလ္လာဟ်အရှင်မြတ်၏ဆန္ဒတော်ကို (၂)ကြိမ်တိုင်တိုင် ကျောခိုင်းကျော်ဖြတ်ခဲ့ကြပေပြီ။ ဤလင် ဤမယားကြောင့် ပတ်ဝန်းကျင်၌လည်း အနှောက်အယှက်ဖြစ်ခဲ့ရပေပြီ။ သို့ပေငြားလည်း ဤလင်နှင့်ဤမယားက ပြန်ပေါင်းချင်သေးသည်ဟု ဆိုနေကြပြန်သည်။
အလ္လာဟ်အရှင်မြတ်က အမိန့်ချမှတ်လိုက်ပေပြီ။ `ဤလင်ဤမယား ပြန်ပေါင်းချင်လျှင် ဤမယားကို တစ်ပါး ယောက်ျားနှင့် လက်ထပ်ထိမ်းမြားပေးလိုက်ပါ။ တစ်ပါးယောက်ျားက ပြန်ကွာရှင်းပေးမှ ဤမယားကို ဤလင်က ယူစေ သတည်း။
သာမန်အခြေအနေ၌ပင် တစ်ဦးကတစ်ဦးကို ခွင့်မလွှတ်နိုင်သဖြင့် (၂)ကြိမ်တိုင်တိုင် ကွာရှင်းပြတ်စဲခဲ့ကြပြီ။ ယခုအခါ တစ်ပါးသူနှင့်လက်ထပ်ခဲ့သော ဤမယားကို ဤလင်က သဘောထားကြီးနိုင်ပါမည်လော။ အမြင်ကြည်လင် နိုင်ပါမည်လား။ အကယ်၍ တစ်ပါးယောက်ျားနှင့် လက်ထပ်ပေးပြီး ထိုယောက်ျားက ပြန်မကွာရှင်းပေးတော့လျှင် ဘယ်လိုလုပ်ကြမလဲ။
အလ္လာဟ်အရှင်မြတ်၏ ပြဋ္ဌာန်းချက်က ရှင်းနေပေပြီ။ ဤလင်နှင့်ဤမယားပြန်ပေါင်းရန် မဖြစ်နိုင်တော့ချေ။ ထို့ ကြောင့် အလ္လာဟ်အရှင်မြတ်က မဖြစ်နိုင်သည့် ပြဋ္ဌာန်းချက်တစ်ရပ်ကို မဖြစ်နိုင်သည်ကို တမ်းတမျှော်လင့်နေသည့် ယောက်ျားနှင့် မိန်းမတို့အတွက် ပြဋ္ဌာန်းလိုက်ခြင်းသာဖြစ်သည်။
သို့သော် လူပါး၊ လူနပ်၊ လူလည်များကလည်း ရှိကြပြန်သည်။ သူတို့က ယင်းသို့သော ကိစ္စမျိုးအတွက် အသင့် စောင့်နေကြလေသည်။ ယင်းသို့သော ကိစ္စမျိုးပေါ်လာလျှင် `ဟီလာ´ ဟုဆိုကာ မိန်းမများကို အသက်ကြီးကြီး အဖိုး ကြီးများနှင့်သော်လည်းကောင်း၊ တစ်ခါတစ်ရံ ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း၊ ထိမ်းမြားပေါင်းဖက်ပေးကြသည်။ ဝန်ဆောင်ခအဖြစ် ငွေကြေးအချို့ကိုလည်း ယူလိုက်ကြပြန်သေးသည်။ ထို့ပြင်မက ကြိုက်သွားပြီဆိုလျှင် ပြန် မကွာပေးကြတော့ချေ။ သို့မဟုတ် ပြန်ကွာပေးရန် ငွေကြေးအမြောက်အများတောင်း၍ ငွေညှစ်ကြလေတော့သည်။ ထို့ ပြင် ပြောလိုက်ကြသေးသည်မှာ `ဤသည်မှာ အစ္စလာမ်တရားတော်ဖြစ်ရာ အစ္စလာမ့်တရားတော် တည်တံ့ခိုင်မြဲပြီး ပြန့်ပွားစေရန် ကူညီလိုက်ခြင်းဖြစ်သည်´ဟူသတည်း –
အလ္လာဟ်အရှင်မြတ်၏ ပြဋ္ဌာန်းချက်တစ်ရပ်ကို လက်တစ်လုံးခြားလှည့်ပတ်၍ အစ္စလာမ်ကို ရောင်းစားနေ သော လူ့အစုအဖွဲ့တစ်ရပ်က အစ္စလာမ့်ပရဝုဏ်ထဲ၌ပင် ခေါင်းထောင်ကျင်လည်း ကျက်စားလျက်ရှိသည်။
(ဆက်လက်ဖော်ပြပါမည်)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၁) မှ (၂၂၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်