Youth Empowerment Program(YEP)


ဆု​​တောင်းပြည့်အစ္စလာမ်ဝတ်​ကျောင်း​တော်

“ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့” (SEQK) ကကြီးမှူးပြီးသီတင်းကျွတ်အားလပ်ရက်မှာYouth Empowerment Program (YEP)
သင်တန်းတစ်ခုကို မွတ်စလင်မ်လူငယ်များအတွက်(၁၁.၁၀.၂၀၁၉) မှ(၁၅.၁၀.၂၀၁၉) နေ့အထိ
စခန်းသွင်း (Camp)ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါတယ်။ရန်ကုန်အပါအဝင် ​မော်လမြိုင်၊ပုသိမ်၊​ နေပြည်​တော်၊ပဲခူး၊သံတွဲ စတဲ့ နယ်အသီးသီးမှ သင်တန်းသား/သူများကပါဝင်တက်ရောက်ခဲ့ကြပါတယ်။အထက်ပါသင်တန်းကို (၁၁.၁၀.၂၀၁၉)သောကြာဂျုမုအာဟ်ဆွလာသ်း အပြီးမှာ သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ပါတယ်။ ထို သင်တန်းတွင် အားတက်သ​ရော ပါဝင်သင်ကြား​​ပေး​သော —-

ဆရာ၊ဆရာမများနှင့် ဘာသာရပ်များမှာ……

-မုဖ်သီဦးစန်း​အောင် (Islam and Secularism)

-မုဖ်သီဦးသန်း​အောင်( Rule of Law)

– ကုရ်အာန်သု​တေသီဦးတင်ထွန်းဦး(Personal Development)

– ကုရ်အာန်သု​တေသီ​ဒေါ်စန္ဒ္ာဝင်း(10 Characterist of a professional)

– ဦးဇာနည်တင်(MCC) ( Secular Based Education)

-ဦးကိုကိုလတ် (Economic diplomacy)

-ဦးအုန်း​မောင်(နိုင်ငံသားနှင့် နိုင်ငံသားဥပ​ဒေ)

-ဦး​အောင်ကိုကို(Nation Building)တို့ပဲဖြစ်ပါတယ်။

(5)ရက်တာ သင်တန်း တစ်ခုလုံး ကို ​ အောင်​အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပြီး အားတက်သ​ရော ပါဝင်ကူညီ​ပေးကြ​သော ဆရာ၊ဆရာမ များ၊ Superviser၊ Coordinator၊နှင့်သင်တန်းသား၊သင်တန်းသူများ၊ ပါဝင်လှူဒါန်း​ပေးကြ​သော အလှူရှင်များအားလုံး ကို အထူးပင်​​ကျေးဇူးတင်ရှိပါသည်။

#ပြန်ကြား​ရေးအဖွဲ့ (SEQK)