ဆွလားသ်တည်ဆောက်ခြင်းဆိုသည်မှာ ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်

ဆွလားသ်တည်ဆောက်ခြင်းဆိုသည်မှာ

ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်

          ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက် များကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်းတင်ပြခွင့် ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်းကျောင်းတော် မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တင်ပြမဲ့အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ `ဆွလားသ်တည်ဆောက်ခြင်းဆိုသည်မှာ´ ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား – ကျွန်တော်ရဲ့တင်ပြချက်ကို မရှင်းလင်းခဲ့ရင် ဂျုမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။

`အတ်စ္စလားမု အလိုင်းကွန်းမ်ဝရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ကျွန်တော် (၂၁.၁၁.၂၀၁၄)နေ့မှာ မျိုးတူတဲ့ တိရစ္ဆာန်တွေစုဝေးပြီး သူပြောငါပြော အပြန်အလှန်ပြောဆို ရင်းနဲ့ ပြီးဆုံးမှုဟာ သူတို့သိနေကြတဲ့ ဘ၀နေနည်းဆွလားသ်ဖြစ်တယ်လို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီတော့ တိရစ္ဆန်တွေသိနေတဲ့ ဆွလားသ်နှင့်လူတွေတည်ဆောက်ရမည် ဆွလားသ်စနစ်မတူကွဲပြားမှုရှိတယ်။ လူတွေထဲ မှာ အလ္လာဟ်ပြဌာန်းထားတဲ့ စည်းမျဉ်းဥပဒေသတွေကို သက်ဝင်ယုံကြည်သူမုအ်မင်န်တွေနှင့် ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ်(၅)၊ အာယသ်(၆)မှာ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲ။

အိုအီမာန်သက်ဝင်ယုံကြည်ပြီးသူ အပေါင်းတို့ အသင်တို့ဆွလားသ်အစုအဝေးကို လာကြသောအခါ အသင်တို့ရဲ့မျက်နှာတွေကို ဆေးကြောရမည်။ ပြီးတော့ အသင်တို့ရဲ့ လက်တွေကို တံတောင်ဆစ်အထိ ဆေးကြောရမည်။ ပြီးတော့ အသင်တို့ရဲ့ခြေထောက်တွေကို ခြေမျက်စိနှစ်ဖက်အထိ ဆေးကြောရမည်။ အကယ်၍ အသင်တို့သန့်ရှင်းမှုမရှိခဲ့ရင် အသင်တို့ရေချိုးရန် သန့်ရှင်းအောင်လုပ်ပြီး ဆွလားသ်အစုအဝေးမှာ ပါဝင်ရမည်။ အကယ် ၍ အသင်တို့မှာ ဝေဒနာခံစားနေရသော အခြေအနေမှာရှိခဲ့မည်ဆိုရင် ဒါမှမဟုတ် ခရီးသွားလျက်ရှိသော အခြေ အနေမှာရှိခဲ့မည်ဆိုလျှင် ဒါမှမဟုတ် အသင်တို့အနက်မှ တစ်ဦးတစ်ယောက် ကျင်ကြီးကျင်ငယ်စွန့်ခဲ့ရာလည်း ကောင်း၊ ဒါမှမဟုတ် အသင်တို့ရဲ့ဇနီးမိန်းမတွေနဲ့ သံဝါသပြုခဲ့ရာလည်းကောင်း အဲဒီအခါ ရေမရှိခဲ့ရင် သန့်ရှင်းသောမြေကြီးဖြင့် သယမွမ်လုပ်ရမည်။ အဲဒီမြေကြီးဖြင့် အသင်တို့ရဲ့ မျက်နှာနှင့် အသင်တို့ရဲ့ လက်တွေကိုပွတ်သပ်ရမည်။ အလ္လာဟ်အရှင်မြတ်က အသင်တို့အပေါ်မှာ မည်သည့်တင်း ကြပ်မှုကိုမျှ ဖြစ်စေရန်ရည်ရွယ်တာ၊ လိုလားတာမဟုတ်ပေ။ ဒါပေမယ့်အလ္လာဟ်အရှင်မြတ်က အသင်တို့သန့်ရှင်း စင်ကြယ်စေရန်အတွက် ရည်ရွယ်တာ၊ လိုလားတာဖြစ်တယ်။ အမှန်စင်စစ်အသင်တို့အပေါ်မှာ အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေကို ပြီးပြည့်စုံစေရန်အတွက်သာဖြစ်တယ်။ သို့မှာသာလျှင် အသင်တို့(အရှင်မြတ်)ရဲ့ ကျေးဇူး တော်တွေကို သိတတ်သူတွေဖြစ်ကြရမှာဖြစ်တယ်။’

အလ္လာဟ်အရှင်မြတ်ချမှတ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေမှန်ကန်ကြောင်း အို- အီမာန်သက်ဝင်ယုံ ကြည်သူတွေ၊ အသင်တို့ဆွလားသ်အစုအဝေးဆီကို လာကြသောအခါ အသင်တို့ရဲ့ မျက်နှာတွေကို ဆေးကြောရ မည်။ ပြီးတော့ အသင်တို့ရဲ့လက်တွေကို တံတောင်ဆစ်အထိ ဆေးကြောရမည်။ ပြီးတော့ အသင်တို့ရဲ့ ဦးခေါင်း တွေကို (မဆဟ်)ပွတ်သပ်ရမည်။ ပြီးတော့ အသင်တို့ရဲ့ခြေထောက်တွေကို ခြေမျက်စိနှစ်ဖက်အထိ ဆေးကြောရ မည်။ အကယ်၍ အသင်တို့သန့်ရှင်းမှုမရှိခဲ့ရင် အသင်တို့ရေချိုးသန့်ရှင်းစင်ကြယ်အောင်လုပ်ပြီး ဆွလားသ်အစု အဝေးမှာ ပါဝင်ရမည်။ အကယ်၍ အသင်တို့ရောဂါဝေဒနာခံစားနေရသော အခြေအနေမှာလည်းကောင်း၊ ဒါမှ မဟုတ် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်က ကျင်ကြီးကျင်ငယ်စွန့်ခဲ့သော အခြေအနေမှာလည်းကောင်း၊ ဒါမှ မဟုတ် အသင်တို့ဇနီးမိန်းမများနှင့်သံဝါသပြုခဲ့သော အခြေအနေမှာလည်းကောင်း၊ ရေမရရှိခဲ့လျှင် အဲဒီ အခါမှာ အသင်တို့သန့်ရှင်းစင်ကြယ်သော မြေကြီးဖြင့် သယမွမ်လုပ်ရမည်။ (သယမွမ်)လုပ်တယ်ဆိုတာ အဲဒီမြေ ကြီးဖြင့် အသင်တို့ရဲ့မျက်နှာနှင့် အသင်တို့ရဲ့လက်တွေကို ပွတ်သပ်ရမည်။ အလ္လာဟ်အရှင်မြတ်က အသင်တို့ အပေါ်မှာ မည်သည့်တင်းကြပ်မှုကိုမျှ ဖြစ်စေရန်ရည်ရွယ်တာ၊ လိုလားတာမဟုတ်ပေ။ ဒါပေမယ့် အလ္လာဟ်က အသင်တို့သန့်ရှင်းစင်ကြယ်စေရန် ရည်ရွယ်တာလိုလားတာဖြစ်ပြီး၊ အသင်တို့ပေါ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေကို ပြီးပြည့်စုံစေရန်ရည်ရွယ်တာဖြစ်တယ်။ ဘာဖြစ်လို့လဲ အသင်တို့က(အလ္လာဟ်)ရဲ့ကျေးဇူးတော်တွေကို သိတတ်သူတွေဖြစ်ကြရန်ဖြစ်ပါတယ်။

ဒါကတော့ အထက်ပါအာယသ်တော်မှာပါတဲ့ တိုက်ရိုက်အမိန့်ပေးအဓိပ္ပါယ်ဖြစ်ပါတယ်။ ဒီလိုတိုက်ရိုက် အဓိပ္ပါယ်ပေါ်မှာ လိုက်နာကျင့်သုံးခြင်းမရှိဘဲ၊ သဘောတရားအမျိုးမျိုးကို ဖွင့်ဆိုပြီး ဝဇူမလုပ်ဘဲနေမည်ဆိုလျှင် အမိန့်မနာခံမှုနှင့် သဘောတရားတွေများပြားပြီးတော့ ကုရ်အာန်က တိုက်ရိုက်လမ်းညွှန်နေသော အဓိပ္ပါယ်ကနေ လွဲသွားမှာဖြစ်တယ်။ သောကြာနေ့ ဂျူမုအာဟ်ဆွလားသ်အစုအဝေးကို လာကြတဲ့သူအချို့က (၅း၆)ကို မလိုက်နာ ဘဲ၊ (တစ်နည်း) ဝဇူ မလုပ်ဘဲ၊ ခွတ္တဗာဟ်မိန့်ခွန်းတွေကို သေသေချာချာနားမထောင်ဘဲ၊ ဟိုနား ဒီနားရပ်စကား လည်းပြောလိုက်၊ ဆွလားသ်အစုအဝေးပြီးတာနဲ့ ပြန်သွားတာ အပတ်တိုင်းတွေ့ရပါတယ်။ ဒီလိုမြင်ကွင်းကိုကြည့်ပြိး ၅၉ လမ်းဗလီကို မသွားနဲ့လို့ပြောဆိုတားဆီးနေကြသော လူတွေဟာပိုပြီးတော့ အုပ်ချုပ်ရေးအကြီးအကဲတွေကို ဝေဖန်ပုတ်ခတ်နိုင်တဲ့ အခွင့်အရေးတွေ ပိုပြီးရသလိုဖြစ်သွားမှာ မဟုတ်ဘူးလား။

ကုရ်အာန် ဆူရာဟ်(၆၂)၊ အာယသ်(၉-၁၀)မှာ အလ္လာဟ်အရှင်မြတ်က ဂျူမုအာဟ်ဆွလားသ် အစုအဝေး နှင့်ပတ်သက်ပြီးတော့ ဘာပြောထားလဲ။ “ယောင်မွလ်ဂျူမုအာဟ် သောကြာနေ့ဆွလားသ်တည်ဆောက်ဖို့အတွက် အသံပေးဆင့်ခေါ်ခြင်းခံရတဲ့အခါ အသင်တို့အရောင်းအ၀ယ်ကို ခေတ္တခဏရပ်ဆိုင်းပြီး ခတ်သုတ်သုတ်(အပြေးတစ် ပိုင်း)လာကြလေကုန်(တစ်နည်း) အလ္လာဟ်အရှင်ချမှတ်ပြဌာန်းထားတဲ့ ဒီးန်စနစ်ဇယားကို သက်ဝင်ယုံကြည်သူတွေ အသင်တို့ယောင်မွလ်ဂျူမုအဟ်သောကြာနေ့ဆွလားသ်တည်ဆောက်ရန်အတွက် (တနည်း) သိရှိနားလည် သဘောပေါက်ပြီး အကောင်အထည်ဖော်ရန်အတွက် ဆင့်ခေါ်ခြင်းခံရတဲ့အခါ အကျိုးအမြတ်ရှိတဲ့အရောင်းအ၀ယ် ကို ခေတ္တခဏရပ်ဆိုင်းပြီး ခပ်သုတ်သုတ်လာကြလော့။ အသင်တို့သိရှိနားလည်မည်ဆိုရင်၊ အသင်တို့အတွက် သာလွန်ကောင်းမွန်တဲ့ လုပ်ရပ်ပင်ဖြစ်တယ်။ (တစ်နည်း) ဒီလိုမျိုးစီမံဆောင်ရွက်ခြင်းကို ရပ်ကွက်မှမြို့နယ်အဆင့်၊ အဆင်ပြေချောမောစေမည့် လုပ်ရပ်ပင်ဖြစ်တယ်။ အကယ်၍ အသင်တို့ဒီကိစ္စကို ထိုက်ထိုက်တန်တန် သိရှိနား လည်မည်ဆိုရင်၊ အသင်တို့အတွက် သာလွန်ကောင်းမွန်တဲ့ လုပ်ရပ်ပင်ဖြစ်တယ်။ အသင်တို့ဆွလားသ် အစုအဝေး ပြီးဆုံးသွားလို့ရှိရင် ကမ္ဘာဂြိုဟ်အနှံ့သွားလာ လှုပ်ရှားရမည်။ အသင်တို့အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေကို ရှာဖွေရမည်။(တစ်နည်း) အသင်တို့ ဆွလားသ်အစုဝေးပြီးဆုံးသွားလို့ရှိရင် လောကတစ်ခွင်တစ်ပြင် ဖြန့်ကျက်သွား လာလှုပ်ရှားပြီး အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေကို ရှာဖွေရမည်။(တစ်နည်း) နေထိုင်စားသောက်ရေးကိစ္စ ချောင်လည်ရေး၊ စီးပွားရေးနှင့် အခြားလုပ်ငန်းအခြေအနေကို တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ရမည်။”

အသင်တို့အလ္လာဟ်အရှင်မြတ်ရဲ့ သွန်သင်ဆုံးမချကိကို မြောက်များစွာလုပ်ရမည်။ (တစ်နည်း) ပြောရရင် အသင်တို့လုပ်ကိုင်ဆောင်ရွက်နေသော ကိစ္စဟူဟူသမျှမှ အလ္လာဟ်အရှင်မြတ်ရဲ့ သွန်သင်ဆုံးမမှုကို သတိရလိုက် နာရမည်။ (တစ်နည်း)ရက်တစ်ပတ် စုဝေးပြီးမှ အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ နည်းစနစ်အတိုင်း ဘ၀တစ် လျှောက်လုံး အသိရှိရှိသတိရှိရှိ အဲဒီလိုအနေအထားမှာ ရှိမည်ဆိုရင် အသင်တို့အောင်မြင်သူတွေဖြစ်မည်။

ကုရ်အာန်ဆူရာဟ်(၁၁)၊ အာယသ်(၁၁၄)မှာ “အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်နှင့် တမန်တော်မြတ် မှတစ်ဆင့် ကျွန်ုပ်တို့ကိုဘာပြောထားလဲ။ (အလ္လာဟ်)ကအသင်(တမန်တော်) နေ့ရဲ့အစွန်းနှစ်ဖက်လည်းကောင်း၊ ညဥ့်ရဲ့အစိတ်အပိုင်းတွေလည်းကောင်း ဆွလားသ်ကိုတည်ဆောက်ပါ။ ဧကန်မုချလှပကောင်းမွန်တဲ့လုပ်ရပ်တွေ ဟာ(တစ်နည်း)ဆွလားသ်တည်ဆောက်မှုစနစ်က၊ မကောင်းမှုဒုစိုက်တွေကို ပျောက်ကင်းစေမှာဖြစ်တယ်။ အဲဒီ သတိပေးနှိုးဆော်သွန်သင်ဆုံးမမှုကို လိုက်နာသူတို့အတွက် သတိသံဝေဂတရားဖြစ်စေသောအချက်ပင်ဖြစ်တယ်။”

ဒါကြောင့် ကုရ်အာန်ဆူရာဟ်(၂၉)အာယသ်(၄၅)မှာ အလ္လာဟ်က “အို- တမန်တော်အသင့်ဆီကို (၀ဟီ)ပို့ ချခြင်းခံရတဲ့ ‘အလ်ကီတာဘ်’ ကုရ်အာန်မှာပါတဲ့ ပြဌားန်ချက်ကို ဖတ်ရွတ်တင်ပြလိုက်နာကျင့်သုံးပါလေ။ အသင် ဆွလားသ်တည်ဆောက်ပါ။ ဧကန်အမှန်ကုရ်အာန်မှာပါတဲ့ ဆွလားသ်စနစ်က အရှက်အကြောက်ကင်းမဲ့တဲ့ အပြု အမူလုပ်ကိုင်ဆောင်ရွက်မှု ဟူဟူသမျှ သွေဖီငြင်းပယ်မှု၊ ပိတ်ပင်တားမြစ်မှုတွေမှာ ဟန့်တားတားမြစ်မှုဖြစ်တယ်။

အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ရဲ့ သတိပေးနှိုးဆော်သွန်သင်ဆုံးမမှုဟာ အကြီးကျယ်ဆုံး၊ အခိုင်မာဆုံး၊ အကောင်းဆုံး၊ အလှပဆုံး၊ အတင့်တယ်ဆုံးဖြစ်တယ်။ အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်က အသင်တို့ပြုလုပ်ကြ သော(လုပ်ကိုင်ဆောင်ရွက်မှုတွေကို အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တယ်။(တစ်နည်း) အလ္လာဟ်ရဲ့တရား ဥပဒေ(ထာဝရအမှန်တရား)ကို ဘ၀တစ်လျှောက်လုံး သိရှိနားနည်သဘောပေါက်ပြီး လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်ခြင်းသည်သာလျှင် အဓိကပင်ဖြစ်တယ်။”

အဲဒီတော့ ရုပ်ပိုင်းဆိုင်ရာ၊ Form ပိုင်းဆိုင်ရာ အကြိမ်ပိုင်းဆိုင်ရာ ဆွလာသ်တည်ဆောက်စရာမလိုဘူးလို့ ပြောနေကြတဲ့လူအချို့နှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၄)အာယသ်(၁၀၁)မှာ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ် တို့ကို ဘာပြောထားလဲ။

“အသင်တို့ကမ္ဘာဂြိုဟ်ဝယ် ခရီးထွက်ခဲ့သောအခါ ထိုအခါအသင်တို့ပေါ်မှာ အပြစ်တစ်စုံတစ်ရာမရှိဘဲ၊ အကယ်၍ အသင်တို့စိုးရိမ်ရမည်ဆိုလျှင် အသင်တို့ကိုဒုက္ခပေးမည်၊ ညှင်းပန်းနှိပ်စက်ရန် အကြင်သွေဖီငြင်းပယ်သူ ကာဖိရ်တွေက ဧကန်အမှန်ကာဖိရ်တွေဟာ အသင်တို့အတွက် ထင်ရှားရှင်းလင်းတဲ့ရန်သူပင်ဖြစ်တယ်။

အသင်တို့ကမ္ဘာဂြိုဟ်တစ်ခွင် ခရီးသွားသွားလာသောအခါ ကာဖိရ်(အလ္လာဟ်ချမှတ်ပြဌာန်းထားတဲ့ စနစ်ဇယား)ကို မဟုတ်မမှန်ကြောင်းသွေဖီငြင်းပယ်သူက ကာဖိရ်တွေက အသင်တို့ကို ဒုက္ခပေးမှာကို စိုးရိမ်ရမည် ဆိုရင် အသင်တို့ဆွလားသ်အစုအဝေးကို လျှော့ပြိးတည်ဆောက်ပါက အသင်တို့အပေါ်မှာ အပြစ်ဆိုဖွယ်ရာ တစ်စုံ တစ်ရာမရှိပေ။ (အလ္လာဟ်ရဲ့ပြဌာန်းချက်)ကို သွေဖီငြင်းပယ်သူ ကာဖိရ်တွေဟာ အမှန်တကယ်အသင်တို့အတွက် ထင်ရှားရှင်းလင်းတဲ့ ရန်သူပင်ဖြစ်တယ်။”

လေးစားအပ်ပါသော  မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီးအပေါင်းတို့

အထက်ပါအာယတ်တော်မှာ မိုင်ပေါင်း(၄၀)ခရီးထွက်လို့ ပင်ပန်းလို့ ဆွလားသ်အစုအဝေးကို လျှော့ပြီး တည်ဆောက်ရမည်ဆိုတာ မပါဘူးခင်ဗျာ။ ဒါပေမယ့် ဒီကနေ့အထိ မွတ်ဆလင်မ်အများစုက အလ္လာဟ်ရဲ့ကျမ်း ကုရ်အာန်ပါပြဌာန်းချက်ကို မလိုက်နာဘဲ။ လူလုပ်ဆရာသခင်တွေရဲ့ ကျမ်းစာတွေကို ယုံကြည်ပြီး ကဆာရ် ဖတ်နေ တာတွေ့ရပါတယ်။ တမန်တော်မြတ်မုဟမ္မဒ်(ဆွ) သက်ရှိထင်ရှားရှိခဲ့စဉ်က တိုက်ပွဲကာအတွင်း လက်တွေ့သရုပ် ဖော်ဆွလားသ် အစုအဝေးတည်ဆောက်မှုကို ဆွလားသ်တည်ဆောက်ပုံ၊ ထို(လျှော့ပေါ့)ပြီး ဆွလားသ်အစုအဝေး တည်ဆောက်မှုတွေကို ကုရ်အာန်ဆူရာဟ်(၄)အာယသ်(၁၀၂)မှာပါတဲ့အကြောင်းကို တင်ပြမည်။

“အလ္လာဟ်အရှင်မြတ်က အို- တမန်တော် အသင်သူတို့ထဲမှာရှိနေစဉ်၊ သူတို့အတွက် ဆွလားသ်အစုအဝေး ကို စီစဉ်တဲ့အခါ၊ သူတို့အနက်မှ လူတစ်စုဟာအသင်နှင့်အတူရပ်ရမည်။ အဲဒီလူတွေမိမိတို့ရဲ့ လက်နက်(ခဲယမ်း မီးကျောက်)တွေကို ယူဆောင်ထားရမည်။ ပြီးတော့သူတို့ စဂ်ျဒဟ်ဦးချပြီးသောအခါ၊ အသင်သူတို့ရဲ့ နောက်ကို သွားရမည်။ ပြီးတော့ ဆွလားသ်မတည်ဆောက်ရသေးသော အခြားအုပ်စုတစ်စုရောက်လာပြီး အသင်နှင့်အတူ ဆွလားသ်တည်ဆောက်ရမည်။ ပြီးတော့သူတို့က မိမိတို့ရဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေနှင့် လက်နက်(ခဲယမ်း မီးကျောက်)တွေကို ယူဆောင်ထားရမည်။”

ဒါကတော့ တိုက်ပွဲဖြစ်တဲ့အချိန်နှင့် ကာဖိရ်တွေဒုက္ခပေးမည်လို့ စိုးရိမ်ရတဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ၊ အချိန်ပိုင်းဆိုင်၊ လက်တွေ့သရုပ်ဖော် ဆွလားသ်ကို လျှော့ပေါ့ပြီးတည်ဆောက်ပုံ ဖြစ်တည်။ ဆွလားသ်ကို လျှော့ ပေါ့ပြီးတည်ဆောက်ပုံကို ကုရ်အာန်ဆူရာဟ်(၄)အာယသ်(၁၀၁-၁၀၂)မှာ အတိုချုံးပြီးဆောင်ရွက်ရမှာဖြစ်တယ်။ ကုရ်အာန်မှာပါတဲ့ ကီယာမ် မတ်တပ်ရပ်ခြင်း၊ ရုကုအ် ခါးညွတ်ခြင်း၊ စဂ်ျဒဟာ နဖူးမြေချပျပ်ဝပ်ခြင်းကို လျှော့ချခြင်း သာဖြစ်တယ်။(တစ်နည်း)ပြောရရင် ရကာအသ်တွေကို လျှော့ချခြင်းသာဖြစ်တယ်။ ဒီတော့ လူကလွဲလို့ အခြားမျိုး တူသက်ရှိတွေလို တစ်နေရာမှာထိုင်ပြီး သူပြောငါပြော ပြောပြီးဆုံးမမှုနှင့် ဘာမှအကောင်အထည်ဖော်လာခြင်းမရှိ သောလုပ်ရပ်ကို မုဖ်သီဆရာ ဦးမြတ်သူက ဂဘ်ဖ် ဆွလားသ်ကို ဝေဖန်ရေး၊ လေကန်ရေးဆွလားသ်လို့ပြောခဲ့တယ်။

အဲဒီတော့ အာရဗ်သမိုင်း အစ္စလာမ့်သမိုင်းရဲ့ အထောက်အထားအရ ဒုတိယသမ္မတအုမရ်ဖာရုခ်(ရဒွီ) ခေတ်မှာ Formဆိုင်ရာ ဆွလားသ်တည်ဆောက်ခဲ့ကြောင်း တင်ပြမည်။ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)က ဟိုဒိုင်ဗီယာ စာချုပ်ချုပ်ဆိုခဲ့တဲ့ သစ်ပင်အောက်မှာ လူတွေခရီးဝေးကနေလာပြီးတော့ လူတွေခရီးဝေးကနေလာပြီး တော့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ) ဟိုဒိုင်ဗီယာ စာချုပ်ချုပ်ဆိုခဲ့တဲ့ သစ်ပင်အောက်မှာ ဆွလားသ်ဝတ်ပြုနေတဲ့ အကြောင်း၊ မဒီနာမြို့မှာရှိတဲ့ သမ္မတအုမရ်ဖာရုခ်(ရဒွီ)ဆီကို သတင်းရောက်ခဲ့တော့ သမ္မတအုမရ်ဖာရုခ်(ရဒွီ)ရဲ့ အမိန့်ပေးချက်အရ၊ အဲဒီသစ်ပင်ကို အမြစ်ကနေလှန်ပြီး နှုတ်ပစ်ခဲ့တယ်။ သမ္မတက Form ပိုင်းဆိုင်ရာ ဆွလားသ် ကို တားမြစ်ပိတ်ပင်တာလား။ ဒါမှမဟုတ် သစ်ပင်မှ အပြစ်ရှိခဲ့တာလား။ အကြောင်းရင်းကဘာလဲ။ Form ပိုင်းဆိုင် ရာ ဆွလားသ်ကို ပိတ်ပင်ခဲ့တာမဟုတ်ပေ။ အဲဒီသစ်ပင် တည်ရှိမှုက အဓိကပြဿနာဖြစ်ခဲ့တယ်။ ဘာကြောင့် လည်းဆိုရင် နောင်လာနောက်သား၊ မျိုးစေ့သစ်တွေ အဲဒီသစ်ပင်အောက်မှာ ဆွလားသ်ဝတ်ပြုရင် ဘရ်ကသ် မင်္ဂ လာတိုးပွားမည်ဆိုပြီး အဲဒီသစ်ပင်ကို ကိုးကွယ်မှာစိုးလို့ဖြစ်တယ်။ ဘရ်ကသ်မင်္ဂလာတိုးပွားဖို့အတွက် ဆွလားသ် ၀တ်ပြုခဲ့တယ်။

ဥပမာပြောရရင် ဒီကနေ့ ကန်တော်ကလေးမှာ သန်လျင်မှာ အင်းစိန်မှာ မင်္ဂလာဒုံဒရ်ဂါတွေမှာ လူတွေသွားပြီးတော့ အဲဒီမှာအိပ်ပျော်နေတဲ့ သူတို့ဆီက စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး၊ သားသမီးရရှိရေး၊ မိမိတို့ကျူးလွန်မိတဲ့(ဂူနာ)အပြစ်တွေမှ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ အသနားခံပေးရေးအတွက် ပန်းအိုးတွေ၊ အမွှေး တိုင်၊ ဖယောင်းတိုင်တွေကို ထွန်းပြီးလိုတာ အကူအညီတွေ တောင်းဆိုနေကြတာ မဟုတ်လား။

ဒါကြောင့်အမြော်အမြင်ရှိရှိ အဲဒီသစ်ပင်ကို အမြစ်ကနေလှန်နှုတ်ပစ်ခဲ့တာဖြစ်တယ်။ ကျွန်တော် အဓိက ပြောချင်တာက အဲဒီခေတ်မှာလည်းဘဲ ရုပ်ပိုင်းဆိုင်ရာ Form ပိုင်းဆိုင်ရာ လက်တွေ့သရုပ်ဖော် ဆွလားသ်တည် ဆောက်မှုရှိခဲ့တာဖြစ်တယ်။ ဒါကြောင့် သမိုင်းကြောင်းကို ဖျောက်ဖျက်လို့မရသလို အမှန်တရားကိုလည်း ဖုံးကွယ် လို့လည်းမရဘူး။

ကျမ်းတော်မြတ်ကုရ်အာန်ရဲ့နေရာ တော်တော်များများမှာ အသင်တို့ဆွလားသ် တည်ဆောက်မှုစနစ်ကို အကောင်အထည်ဖော်ရမည်လို့ အမိန့်ပေးတဲ့ထဲမှာ ရုပ်ပိုင်းဆိုင်ရာ အချိန်ပိုင်းဆိုင်ရာ ဆွလားသ်အစုအဝေးပါပြီး သားဖြစ်တယ်။ ဒါပေမယ့် ဆွလားသ်တည်ဆောက်မှု တာဝန်ဟာ အချိန်ပိုင်းဆိုင်ရာ ဆွလားသ်တည်ဆောက်တာနဲ့ တာဝန်ပြီးဆုံးတာမဟုတ်ဘူး။ အလ္လာဟ်ကို အေဘာဒသ် လုပ်တာ၊ အလ္လာဟ်အမိန့်ကို နာခံတာ မတ်စ်ဂျီဒ်ဗလီ ကျောင်းတော်ရဲ့ အုတ်နံရံလေးဘက်အတွင်းမှာ ကန့်သတ်ထားတာမဟုတ်ဘူးနော်။ လူ့ဘ၀ရဲ့လုပ်ငန်းကိစ္စဟူဟူ သမျှမှာ ဆွလားသ်စနစ်ဖြစ်ရမည်။ သက်သေအထောက်အထားအရ ကုရ်အာန် ဆူရာဟ်(၁၁)၊ အာယသ်(၈၈)မှာ ဘာပြောထားလဲ။

အို-ှုအိုက်ဗ် အသင်ပြောနေတဲ့ ဆွလားသ်က ကျွန်ုပ်တို့ရဲ့ မိဘ၊ ဘိုးဘွားတွေရဲ့ ကိုးကွယ်ဆည်းကပ်မှု တွေကို စွန့်လွှတ်ပစ်ဖို့အတွက် အသင်တိုက်တွန်းနှိုးဆော်နေတာလားဆိုပြီး တမန်တော်မြတှ်ုအိုက်ဗ်(အ)ကို သူ့ရဲ့ အမျိုးသားတွေက မေးမြန်းခဲ့တယ်။

ဒါမှမဟုတ် ကျွန်ုပ်တို့ပိုင်ဆိုင်တဲ့ ဥစ္စပစ္စည်းတွေကို ကျွန်ုပ်တို့ကြိုက်သလို သုံးစွဲခြင်းမလုပ်ရန်(အသင်) နှိုးဆော်နေတာလား။” အဲဒီတော့ အလ္လာဟ်အရှင်မြတ်က သူ့ရဲ့တမန်တော်ကိုချပေးခဲတဲ့ ဆွလားသ်တည်ဆောက်မှု စနစ်ကို လူတွေက အခြားအခြားသော ဘာသာ သာသနာများကဲ့သို့ ဘာသာရေး၊ သာသနာရေး၊ ကိုးကွယ်ဆည်း ကပ် ပူဇော်ပသမှု သက်သက်ဆိုပြီး လုံးဝယူဆယုံကြည်ထားတာဖြစ်တယ်။

ကျမ်းတော်မြတ်ကုရ်အာန်က လမ်းညွှန်တဲ့ဆွလားသ်ကတော့ လူတွေထင်မြင်ယူဆသလို မဟုတ်ဘူး။ ကျမ်းတော်မြတ်ကုရ်အာန်က ညွှန်ပြတဲ့ဆွလားသ်ဟာ လူ့ဘ၀သက်တမ်းတစ်လျှောက် လုပ်ကိုင်ဆောင်ရွက်ရမည်။ စီးပွားရေး၊ ကြီးပွားရေး၊ တိုးတက်ဖွံ့ဖြိုးရေး၊ လူမှုရေးစတဲ့ အရေးကိစ္စဟူဟူသမျှမှာ အလ္လာဟ်အရှင်မြတ် သတ်မှတ် ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေသနှင့်အညီ လူ့ဘောင်တစ်ရပ် စုပေါင်းတည်ဆောက်ခြင်းပင် ဖြစ်သည်။ လိုရင်းပြောရရင် လူမှုဘ၀ကိစ္စအရပ်ရပ်ကို မိမိတို့ရဲ့လိုအင်ဆန္ဒရည်ရွယ်ချက်အားလုံးကို စွန့်လွှတ်ခ၀ါချပြီး အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းနှင့် တသဝေမတိမ်း၊ မိမိတို့ရဲ့ဘ၀ကို တည်ဆောက်ခြင်းမှာ ဆွလားသ်တည်ဆောက်ခြင်းပင် ဖြစ်တယ်။

ဒါပေမယ့်လူတွေအဲဒီလို မလုပ်ဘဲမိမိတို့ရဲ့ လိုအင်ဆန္ဒရည်မှန်းချက်အတိုင်း လူတွေရဲ့စိတ်ကြိုက်ထင်ရာ မြင်ရာလုပ်ကိုင်ဆောင်ရွက်ပြီး အလ္လာဟ်ထံက အပြစ်ဂုနာဟ် အကုသိုလ်တွေကို ဖယ်ရှားပေးမည့်အကြောင်း ခွင့်လွှတ်ချမ်းသာပေးမည့်အကြောင်း ငရဲအပြစ်ဒဏ်မှခွင့်လွှတ်ရန် အားကိုးအားထားလျက် နေ့ရောညပါ တစိတ် တလက်တည်း ၀တ်ပြုကိုးကွယ်မှုတွေဟာ ကုရ်အာန်အရ လူတွေရဲ့အတ္တကို ရှေ့တန်းတင်ပြီး စိတ်ထင်ရာလုပ်နေ ခြင်း(တစ်နည်း) မိမိတို့ရဲ့ဆွလားသ်ကို မိမိတို့ဖျက်ဆီးနေခြင်း၊ အချည်းနှီးလုပ်ပစ်ခြင်း၊ ဘ၀သက်တမ်းကာလကို ဖျက်ဆီးခြင်းသာဖြစ်တယ်။

သက်သေအထောက်အထားအရ ကုရ်အာန်ဆူရာဟ်(၁၉) အာယသ်(၅၉)ရဲ့တင်ပြမှုကတော့-

“သို့သော်(ဆွလားသ်တည်ဆောက်မှုစနစ်ဇယား)ကို ဆက်ခံသူတွေမရှိတဲ့နောက်ပိုင်းမှ (တစ်နည်း) ဆွလားသ်တည်ဆောက်မှု စနစ်ဇယားကို အကောင်အထည်ဖော်ခြင်းမရှိတဲ့နောက်မှ ဆွလားသ်စနစ်ကို လုံးဝ ဖျက်ဆီးလိုက်တဲ့ လူတွေဆက်ခံခဲ့သောအခါ(တစ်နည်း) ဆွလားသ်ရဲ့စနစ်ဇယားကို လုံးဝဖျက်ဆီးလိုက်တဲ့လူတွေ အာဏာဆက်ခံပြီးတော့ အဲဒီလူတွေသူတို့ရဲ့အတွေးအခေါ် အယူအဆအတိုင်း စည်းစိမ်ခံစားခြင်း၊ ကာမဂုဏ်ခံစား ခြင်း၊ စိတ်အလိုဆန္ဒအတိုင်း လိုက်စားခဲ့တဲ့အတွက် မကြာမီပင်လျှင် ဖျက်ဆီးဆုံှးုံးမှုနှင့် တွေ့ကြုံရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်။”

အဲဒီတော့ အာရဗ်သမိုင်း၊ အစ္စလာမ်သမိုင်းအရပြောရရင် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)နှင့် သမ္မတအဘူ ဘက္ကရ်ဆွဒီးက်(ရဒွီ)ရဲ့နောက်မှာ သမ္မတသုံးပါလုပ်ကြံခံရပြီးတဲ့နောက် အုမိုင်ယာမင်းဆက်တွေက အာရဗ်အမျိုး သားကို ရှေ့တန်းတင်ပြီး၊ တမန်တော်မြတ်က ကုရ်အာန်ပါလမ်းညွှန်ချက်ကို လက်တွေ့လိုက်နာကျင့်သုံးတည် ဆောက်ပြသခဲ့တဲ့စနစ်ကို ဖျက်ဆီးပြီး အတိတ်ကာလကရှိခဲ့သော အာရဗ်မဟာလူမျိုးကြီးဝါဒဟာ ခေါင်းထောင်လာ ခဲ့တာဖြစ်တယ်။

Form ပိုင်းဆိုင်ရာ အကြိမ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လက်တွေ့သရုပ်ဖော်ဆွလားသ်နှင့် ပတ်သက်ပြီး ပြောရရင်၊ ကျွန်ုပ်တို့မွေးဖွားတာနှင့် ညာဘက်မှ အာဇာန်ပေးပြီး ဘယ်ဘက်မှာ အကာမသ် ဆိုပြီး ဂျနာဇာဖတ်ဖို့ပဲ လိုတယ်။ အဲဒီတော့ Form ပိုင်းဆိုင်ရာ ဆွလားသ်မရှိဘူးဆိုပြီး လက်မခံတဲ့လူတွေ မသေမီအလျင်သေတမ်းစာရေး ပြီးတော့ သေဆုံးသွားတာနဲ့ ဂျနာဇာမဖတ်ပဲ မြေမြှုပ်မည်ဆိုလျှင် အပြောနှင့်လုပ်ရပ်မှန်ကန်မည်လို့ ပြောလိုပါ တယ်။