တိရစ္ဆာန်နှင့်မတူသောလူ ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
တိရစ္ဆာန်နှင့်မတူသောလူ
ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
ဒီကနေ့ ယခုလို ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်မှ ကျွန်တော် လေ့လာတွေ့ရှိချက် များကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီး တော့ ကျွန်တော့်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချ ကူညီပံ့ပိုးခဲ့သောဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်း တင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ်သင်တန်းကျောင်းတော် မတ်စ်ဂျိဒ်ရဲ့လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ် များနှင့် ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ပါတယ်။
ကျွန်တော်တင်ပြမယ့် အကြောင်းအရာရဲ့ခေါင်းစဉ်ကတော့ “တိရစ္ဆာန်နှင့်မတူသောလူ” ဖြစ်ပါတယ်။ လေး စားအပ်ပါသော အမျိုးသား၊ အမျိုးသမီးများခင်ဗျား။ ကျွန်တော့်ရဲ့တင်ပြမှုကို မရှင်းလင်းခဲ့ရင် ဂျူမုအာဟ်ဆွလာသ် အပြီး သီးခြားဆွေးနွေးနိုင်ပါတယ်။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
လူ့ဘ၀နှင့်တိရစ္ဆာန်ဘ၀နှစ်ခုကို ပိုင်းခြားထားတဲ့တစ်ခုတည်းသော စည်းမှာလူဟာမိမိရဲ့ကိုယ်ပိုင်ဆန္ဒကို ပိုင်ဆိုင်ပြီးမိမိကြိုက်နှစ်သက်တာ၊ မြတ်နိုးတာကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်။ အဲဒီတော့ တိရစ္ဆာန်နှင့် တိရစ္ဆာန်အဆင့်ကိုရောက်နေတဲ့ လူတွေဟာမိမိကိုယ်ပိုင် စိတ်ဆန္ဒလုံးဝထားရှိပိုင်ဆိုင်ခြင်းမရှိတဲ့အပြင် မိမိကြိုက် နှစ်သက်တာ၊ မြတ်နိုးတာကိုလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်လည်းမရှိဘူး။ ဆိုလိုတာက လူတစ်ယောက်ကသော် လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ခုကသော်လည်းကောင်း၊ လူတစ်ယောက် ဒါမှမဟုတ် လူများစုရဲ့ လွတ်လပ် စွာရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်တွေကို တားမြစ်ပိတ်ပင်ထားတာတွေ့ရပါတယ်။
အဲဒီလိုပိုင်ဆိုင်ခွင့် အခွင့်အလမ်းတွေကို အသုံးချလေ့ကျင့်ပြုစုပျိုးထောင်ပေးမှုပေါ်မှာ လူ့ဘ၀ရဲ့ဖွံ့ဖြိုးတိုး တက်မှုကို အညွန့်ကျိုးစေမှုရဲ့ဖြစ်စဉ်ဟာ ဆက်လက်ပေါ်ပေါက်နေတာ တွေ့ရပါတယ်။ အဲဒီတော့ လူနှင့်တိရစ္ဆာန် နောက်ပြီးတော့ တိရစ္ဆာန်ဘ၀ရောက်နေတဲ့လူတွေ အလွန်ကွာခြား ခြားနားမှုဖြစ်ပေါ်လာတာလည်း တွေ့ရပါတယ်။ အလ္လာဟ်အရှင်မြတ်က တိရစ္ဆာန်နှင့်မတူအောင် လူတွေကို ချီးမြှင့်ထားတဲ့စွမ်းရည်နှင့်ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ်(၃၂)၊ အာယတ်(၉)မှာ ဘာပြောထားလဲဆိုရင် – `အရှင်မြတ်က သင်တို့အတွက် စီမံပြုလုပ်ခဲ့တာဖြစ် တယ်။ ကြားခြင်း၊ မြင်နိုင်ခြင်း၊ တွေးတောဆင်ခြင်နိုင်ခြင်းအတွက် အသင်တို့အနည်းငယ်သာ ကျေးဇူးတင်ကြ တယ်။ အလ္လာဟ်အရှင်မြတ်က အသင်တို့ကို အကျိုးကျေးဇူးဖြစ်ထွန်းစေဖို့အတွက် ကြားနိုင်စွမ်းအား အကြားအာရုံ၊ မြင်နိုင်စွမ်းအား အမြင်အာရုံနှင့် တွေးတောစဉ်းစားဆင်ခြင်သုံးသပ်နိုင်တဲ့ အာရုံတွေကို စီမံပြုလုပ်ပေးထားပါတယ။် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတရားတွေကို အသင်တို့အနက်မှ အနည်းငယ်သောလူတွေသာလျှင် သိတတ်သူ တွေဖြစ်တယ်။´ ဆိုလိုတာက လူအများစုဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အဲဒီကျေးဇူးတော်တွေကို မသိတတ်ကြဘူး လို့ ပြောနေတာဖြစ်တယ်။ အခြားအခြား သတ္တ၀ါတွေနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လူတွေရဲ့အကြားအာရုံနှင့် အမြင်အာရုံတွေကို ဖြစ်ပေါ်စေတဲ့ အစိတ်အပိုင်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနှင့်၊ လုပ်ငန်းတာဝန်တွေမှာ အဆ ပေါင်းမြောက်များစွာ ထူးကဲဆန်းကြယ်လျက်ရှိကြောင်း သိပ္ပံပညာရပ်တွေ တိုးတက်လာတာနဲ့ ရှာဖွေတွေ့ရှိနေတာ သိရပါတယ်။
ဒီကျေးဇူးတော်တွေကို သိတတ်နားလည်ပြီး အလ္လာဟ်ရဲ့အမိန့်ဥပဒေပြဌာန်းချက်၊ အလ္လာဟ်ဖြစ်စေချင်တဲ့ လူ့ဘ၀တည်ဆောက်မှုတွေကို သိနားလည်ပြီး နာခံလိုက်နာဖို့အတွက်သာဖြစ်တယ်။ အကြားအာရုံ၊ အမြင်အာရုံ၊ တွေးတောကြံဆနိုင်တဲ့ အာရုံတွေဟာ လူနှင့်တိရစ္ဆာန်တွေကြားမှာ ကွဲပြားခြားနားမှုကို ပြနေသော အကြောင်း တရားတွေဖြစ်တယ်။ အဲဒီအာရုံခံအင်္ဂါရပ်တွေကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လေ့ကျင့်ပျိုးထောင်ပေးမှုအပေါ်မှာ လူတစ်ဦးတစ်ယောက်ရဲ့ လူ့အရည်အသွေးကို ကိုယ်ပိုင်ဗီဇစွမ်းရည်ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီအကြောင်းတရား တွေကို အသိပညာရဲ့အမြော်အမြင်ရှိတဲ့ လူတွေသဘောပေါက်လက်ခံမှာဖြစ်တယ်။
မည်သို့ပင်ဆိုစေကာမူ လူ့စွမ်းရည်ဗီဇဟာ လူမှုဘ၀တိုးတက်ဖွံ့ဖြိုးမြင့်မားဖို့အတွက် လူသားရဲ့ဦးနှောက် အသိဥာဏ်တစ်ခုတည်းနှင့် လုံးဝရယူနိုင်မှာ မဟုတ်ဘူး။ အလုံးစုံပြည့်ဝရှင်းလင်းတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ၀ဟီ၊ ဘ၀လမ်းညွှန်ချက်ကို လက်ခံယုံကြည်နှလုံးသွင်းလက်တွေ့လိုက်နာ အကောင်အထည်ဖော်မှသာလျှင် စဉ်ဆက် မပြတ် ရရှိနိုင်မှာဖြစ်ပါတယ်။ လူ့စွမ်းရည်ဗီဇနှင့် လူမှုဘ၀တိုးတက်ဖွံ့ဖြိုးမြင့်မားဖို့အတွက် စက်ယန္တရားတစ်ခုလို တပ်ဆင်ဖြုတ်ထုတ်တွန်းအားပေးခြင်းမျိုးနှင့် လုံးဝရရှိနိုင်မှာ မဟုတ်ကြောင်း၊ အသိပညာ အတတ်ပညာရှင်အများစု က တစ်နေ့တခြား ပြောင်းလဲလက်ခံနေတာတွေ့ရပါတယ်။
ဒီအကြောင်းအရာတွေကို လေ့လာလိုက်စားမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်ရဲ့ `ဆွေဖသ်´၀ိသေသ ဂုဏ်ရည်တွေဟာ လူတွေရဲ့စိတ်ထဲမှာ မထင်ရှားတဲ့အသွင်သဏ္ဍာန်အဖြစ် ထည့်သွင်းအပ်နှံယုံပုံပေးအပ်ထား တယ်။ စွမ်းရည်သတ္တိများ(Potentialities)ပင်ဖြစ်ကြောင်း ထင်ရှားသိမြင်နိုင်တယ်။ ဒီအရည်အသွေးကို ယခင့် ယခင်ကဖန်ဆင်ဖြစ်ထွန်းခံ သတ္တ၀ါတွေမှာ တွေ့မြင်ခဲ့တာမဟုတ်ဘူး။
အလ္လာဟ်ရှင်မြတ်ထံမှ လူသားကိုသာချီးမြှင့်ထားတဲ့စွမ်းရည်သတ္တိကပင်လျှင် လောကဓါတ်စကြာဝဠာ အနန္တမှာရှိတဲ့ ရှိရှိသမျှအရာတွေကို လူသားက စေစားအသုံးချပြီး အကျိုးခံစားခွင့်ရရှိစေတဲ့ အကြောင်းခံဖြစ်လာ လေတယ်။ ဒါကြောင့် လူနှင့်တိရစ္ဆာန်မတူမှုနှင့် ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၇၆) အာယသ်(၂-၃-၄)မှာ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲဆိုတော့- `ဧကန်အမှန် ငါအရှင်မြတ်ကလူသားကို ဖြစ်ပေါ်ထင်ရှားစေခဲ့ တယ်။ ရောနှောဆင့်ကဲဖြစ်ထွန်း၊ ဖြစ်ပေါ်ထင်ရှားစေခဲ့တယ်။ ရောနှောဓါတ်ပေါင်းထားသော ရေကြည်၊ ပေါင်းစပ် ထားသော ကလလ ရေကြည်မှ ငါအရှင်မြတ်က သူ့ကို၊ သူရဲ့အရည်အချင်းကို စစ်ဆေးရန် သူ့အတွက်စီမံပြုလုပ် ပေးခဲ့တယ်။ ကြားသူ၊ မြင်သူအဖြစ်။ ´
`ဧကန်အမှန်ပင် ငါအရှင်မြတ်က လူသားကိုစစ်ဆေးရန်အလို့ငှာ ရောနှော ပေါင်းစပ်ထားသော ကလလ ရေကြည်အားဖြင့် ဆင့်ကဲဖြစ်ထွန်းဖြစ်ပေါ် ထင်ရှားစေခဲ့တယ်။ ပြီးတော့ ငါအရှင်မြတ်က လူသားကို ကြားသူ၊ မြင် သူ အဖြစ်စီမံပြုလုပ်ထားပြီးဖြစ်တယ်။´
`ဧကန်အမှန် ငါအရှင်မြတ်က သူ လူသားအား တရားလမ်းမှန်ကို ပြသခဲ့ပြီးပြီ။ ကျေးဇူးတင်ရာလမ်းကို လည်းကောင်း၊ ထို့ပြင် ကျေးဇူးကန်းရာလမ်းကိုလည်းကောင်း၊ အလ္လာဟ်ကဘာပြောထားလဲ။ ဧကန်အမှန် ငါအရှင်မြတ်က လူကိုကျေးဇူးတင်တဲ့ တရားလမ်းအမှန်ကိုလည်းကောင်း၊ အမှန်တရားကို သွေဖည်ငြင်းပယ်ပြီး၊ ကျေးဇူးကန်းတဲ့လမ်းကိုလည်း ပြသခဲ့ပြီးဖြစ်တယ်။´ ဆက်လက်ပြီး အာယသ်(၄)မှာ လုပ်ရပ်ရဲ့အဖြေထွက်မည်။
`ဧကန်အမှန် ငါအရှင်မြတ်က တရားလမ်းအမှန်ကို မဟုတ်မမှန်ဆိုပြီး၊ သွေဖီငြင်းပယ်သော ကာဖိရ်တွေ အတွက် သံကြိုးတွေကိုလည်းကောင်း၊ လည်ကွင်းတွေကိုလည်းကောင်း၊ အလျှံပြောင်ပြောင်တောက်လောင်တဲ့မီး ကို လည်းကောင်း၊ အဆင်သင့်ပြုလုပ်ထားခဲ့ပြီးဖြစ်တယ်။´ ကုရ်အာန် ဆူရာဟ်(၃၈)၊ အာယသ်(၇၁)မှာ အလ္လာဟ် အရှင်မြတ်က ဘာပြောထားလဲဆိုရင် `အသင်တမန်တော်ကို အဆင့်ဆင့်ပြုစုပျိုးထောင်ကာကွယ်စောင့်ရှောက် လမ်းညွှန်ရှင်(ရဗ်) အလ္လာဟ်က၊ ငါအရှင်မြတ်ဟာ ရွှံ့စေးမြေမှလူသားကို ဆင့်ကဲဖြစ်ထွန်းဖြစ်ပေါ်ထင်ရှားစေမည့် အကြောင်း စကြ၀ဠာအနန္တမှာရှိတယ်။ သဘာဝအင်အားစုတွေကို တစ်ချိန်ကပြောခဲ့တယ်။´ ဆက်လက်ပြီးတော့ အာယသ်(၇၂)မှာ `တစ်ချိန်က အဲဒီလူသားကို အချိုးအစားကျကျနနစီရင်ထားပြီးတဲ့နောက်၊ ငါအရှင်မြတ်ထံမှ `ရုဟ်´ဆိုတဲ့ စွမ်းရည်သတ္တိကို ထည့်သွင်းပေးလိုက်တဲ့အခါ၊ သဘာဝအင်အားစုအပေါင်းက လူသားရဲ့ သြဇာအာ ဏာနှင့်စေခိုင်းအသုံးချ အကျိုးကျေးဇူးခံစားမှုတွေကို ဆောင်ရွက်လျက်ရှိတယ်။´
လူသားမျိုးနွယ်ဆက်တွေ ဒီကမ္ဘာဂြိုဟ်ရဲ့မြေကြီးမှ ဖြစ်ထွန်းပေါ်ပေါက်လာပြီးတဲ့နောက် မြေကြီးရဲ့မျက်နှာ ပြင်ပေါ်မှာ ဆက်လက်ပေါက်ဖွား ပျံ့နှံ့ဖြန့်ကျက်လျှက်ရှိနေမည့်အကြောင်း ကုရ်အာန်ဆူရာဟ်(၁၁)အာယသ်(၆၁) မှာ- `ဆမူဒ်အမျိုးသားများဆီကို သူတို့ရဲ့ညီနောက်တစ်ယောက်ဖြစ်တဲ့ ဆွာလေဟ်(အ)ကို စေလွှတ်ခဲ့တယ်။ တမန်တော်မြတ်ဆွာလေဟ်(အ)က အဲဒီလူတွေကို ဘာပြောခဲ့လဲ။ အို – ကျွန်ုပ်ရဲ့အမျိုးသားတို့ အသင်တို့ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်ပြဌာန်းချက်ကို လိုက်နာရိုကျိုးနာခံဘ၀တည်ဆောက်ရမည်။ အသင်တို့အတွက် အရှင်မြတ်ရဲ့ပြဌာန်းချက်ကလွဲလို့ အလားတူပြဌာန်းချက်ဆိုတာ၊ တစ်စုံတစ်ရာ လုံးဝမရှိဘူး။´
အလ္လာဟ်က လူသားတွေကို မြေကြီးမှအစ ပထမဖြစ်ထွန်းပေါ်ပေါက်ထင်ရှားစေခဲ့တာဖြစ်တယ်။ အလ္လာဟ်က လူသားတွေကို ကမ္ဘာမြေမှာပင်လျှင် စည်ပင်ဝပြောတိုးတက်ဖွံ့ဖြိုးမှုတွေ၊ ယိုယွင်းပျက်စီးမှုမှ ကြိုတင် ကာကွယ်မှု လုပ်နိုင်မည့်နည်းလမ်းတွေကို အလ္လာဟ်ရဲ့`၀ဟီ´ဘ၀လမ်းညွှန်ချက်မှာ ရှာဖွေအသုံးပြုရမှာဖြစ်တယ်။ အခြားအခြား လူလုပ်တရားလမ်းညွှန်ချက်တွေကို မျက်နှာလွဲပြီး အလ္လာဟ်ရဲ့ပြဌာန်းချက်ဘက်ကို တစိတ်တလက် တည်း လှည့်ရမည်။ အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ လမ်းညွှန်ချက်ဟာ လူတိုင်းလူတိုင်းရဲ့ အနီးကပ်ဆုံးမှာ ရှိပြီးတော့ အရာရာတိုင်းရဲ့လိုအပ်သမျှကိုလည်း တုံ့ပြန်ဖြည့်ဆည်းပံ့ပိုင်းပေးနိုင်တာဖြစ်တယ်။
အဲဒီတော့ ရှေးအကျဆုံးလူသားဟာ ဘယ်လိုဘယ်ပုံဖြစ်ထွန်းပေါ်ပေါက်လာခဲ့တယ်ဆိုတဲ့ အဖြေကို ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ အာယသ်သက်သေ အထောက်အထားတွေ၊ အသိပညာသိပ္ပံဗဟုသုတတွေနဲ့ နည်းလမ်းကျကျသိရှိနားလည်နိုင်ဖို့အတွက် တင်ပြရှင်းလင်းထားပြီးဖြစ်တယ်။ ကုရ်အာန်မှာပါတဲ့ ရှင်းလင်းတင်ပြမှု အားလုံးဟာ သိပ္ပံပညာသုတေသနစမ်းသပ်မှုတွေ၊ နည်းပညာတွေဆိုပြီးတော့ တစ်ကမ္ဘာလုံးက ကြွေးကြော်ကြတဲ့ အရာတွေဟာ သိပ္ပံပညာဆိုတာ လုံးဝမနိုးကြားသန္ဓေမတည်မီ ရှေးယခင်ကာလအားဖြင့် ပြောရရင်(7)ရာစု၊ နှစ် ပေါင်း(၁၄၀၀)ကျော် အချိန်ကာလကတည်းက တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ဆီကို `၀ဟီ´လမ်းညွှန်ချက်အဖြစ် ပို့ချ ပေးထားပြီး ကျမ်းတော်မြတ်ကုရ်အာန်မှာ အားလုံးပါရှိပါတယ်။
အဲဒီတော့ အရာရာအားလုံးရဲ့စီရင်ပြုစုပျိုးထောင်မှုပုံစံကို အထက်အာကာသမိုးကောင်းကင် တစ်ခွင် တစ်ပြင်လုံးမှာ ဒီလူလောက ကမ္ဘာဂြိုဟ်တစ်ခုလုံးအထိ အလ္လာဟ်အရှင်မြတ်သာလျှင် စီရင်ပြုစုထားတာဖြစ်ပါ တယ်။ ဒီစီရင်ပြုစုပျိုးထောင်မှုရဲ့အစ ပထမပိုင်းမှာ ပြီးစီးပြည့်စုံစွာ အကောင်အထည်ပေါ်ထင်ရှားလာတဲ့အထိ၊ အချိန်ကာလပိုင်းခြားမှုတစ်ရပ်ဟာ လူတွေရဲ့ရေတွက်မှု ကိန်းဂဏန်းအရဆိုရင် နှစ်ပေါင်း(၁၀၀၀)အတိုင်းအတာရှိ တယ်။
အဲဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းကတော့ အလ္လာဟ်အရှင်မြတ်က အရာရာတိုင်းရဲ့လျှို့ဝှက်ဖုံးကွယ် သိပ်သည်းပြီးတော့ မထင်ရှားတဲ့အခြေအနေမှ သိသာထင်ရှား အကောင်အထည်ပေါ်လာတဲ့အထိတိုင်အောင် အကြွင်းမဲ့ သိမြင်တဲ့အရှင်၊ အရာရာတိုင်းကို စီမံပြုလုပ်ဆောင်ရွက်ပြီးစီးစေနိုင်တဲ့အရှင်၊ အရာရာတိုင်းအတွက် ဖွံ့ဖြိုးတိုးတက်မှု စနစ်ဇယားလိုအပ်သမျှ အားလုံးကို ထောက်ပံ့စီစဉ်ပေးသနားချီးမြှင့်တဲ့ အရှင်မြတ်ဖြစ်ကြောင်း ကုရ်အာန် ဆူရာဟ်(၃၂) အာယသ်(၇)မှာ – အလ္လာဟ်အရှင်မြတ်က ရှိရှိသမျှအရာအားလုံးတွေရဲ့ ဖြစ်ထွန်းပေါ် ပေါက်ထင်ရှားမှုကို အပီပြင်ဆုံး၊ အချိုးအစား အကျဆုံးစီရင်ပြုလုပ်ထားတဲ့ အရှင်မြတ်ဖြစ်တယ်။ နောက်ပြီးတော့ လူသားဖြစ်ထွန်းပေါ်ပေါက်ထင်ရှားမှုကို ရွှံ့စေးမြေမှစတင်ခဲ့တဲ့ အရှင်ဖြစ်တယ်။ နောက်ပြီးတော့ လူသားရဲ့မျိုးနွယ် ဆက်ကို သိမ်ဖျင်းတဲ့ ကလလရေကြည်မှ ပြုလုပ်ပြီးတဲ့နောက် လူသားကို အချိုးအစားကျနစွာ စီရင်ထားပြီးတဲ့ နောက်အလ္လာဟ်အရှင်မြတ်ထံမှ စွမ်းရည်သတ္တိကို ထည့်သွင်းပေးထားပါတယ်။ အဲဒီလို ပြုလုပ်ပေးခြင်းဟာ အရှင် မြတ်မှ မည်သည့်တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းခြင်းမရှိသလို၊ မလုပ်ပေးလျှင်လည်းဘဲ၊ မည်သည့်တစ်စုံတစ်ရာ နစ်နာဆုံးရှုံးမှုလည်း မရှိပေ။ အဲ တစ်ခုတော့ရှိတယ်။ အဲ့ဒါကတော့ လူသားတွေရဲ့အကျိုးကျေးဇူးဖြစ်ထွန်းစေဖို့ အတွက်၊ ကြားသိနိုင်တဲ့စွမ်းအား၊ မြင်တွေ့နိုင်တဲ့စွမ်းအား၊ ဆင်ခြင်တွေးတော စဉ်းစားနိုင်တဲ့စွမ်းအားတွေကို ပြုလုပ် ပေးသနားချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လို့ လူသားတို့အနက်မှ လူအချို့သာလျှင် အလ္လာဟ်ရဲ့အဲဒီကျေးဇူး တရားတွေကို သိတတ်သူတွေဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်ဟာ သဘာဝသိပ္ပံပညာရပ်များဖြစ်ကြတဲ့ သက်ရှိဖြစ်ပေါ်လာမှုဘာသာရပ်နှင့် ရူပဗေဒ၊ ဓာတုဗေဒ၊ သက်ရှိသိပ္ပံဘာသာရပ်တွေဖြစ်တဲ့ ဇီဝဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒများဆိုင်ရာ ပြဌာန်းချက် စာအုပ်သက်သက်တော့ မဟုတ်ပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန်ဟာ ရှိရှိသမျှလူသားမျိုးနွယ်ဝင်အားလုံးကို လူ့ သက်တမ်းကာလရဲ့ ပိုင်းခြားထားတဲ့ ကဏ္ဍအားလုံးကို ဖြတ်သန်းရာမှာ အပြည့်အ၀ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြော မည့်ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ရည်ရွယ်ပြီးအဲ့ဒီရည်ရွယ်ချက်ကို ရောက်ဖို့အတွက် လမ်းညွှန်ထားတဲ့ကျမ်း ဖြစ်ပါတယ်။
ဒါကြောင့် ကုရ်အာန်ကျမ်းမြတ်ထဲမှာ လိုအပ်တဲ့အသိပညာတွေကို လူသားတွေကို ယုံကြည်လိုက်နာသူ မုအ်မင်န်တိုင်းကား အဲဒီပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို လက်လှမ်းမီသလောက် လေ့လာဆည်းပူးရန် ကြိုးပမ်းအားထုတ်ရမည်။ ဥပမာ လူသားဖြစ်ထွန်းပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း လမ်းညွှန်ပို့ချရာမှာ လူသားကို မြေကြီးရဲ့ဓါတ်သဘာဝပစ္စည်းတွေမှ စတင်ခဲ့တယ်လို့ပြောထားပါတယ်။ အဲဒီအချက်ကို ရုပ်ဝါဒီ(သို့) သိပ္ပံပညာရှင်တွေက သူတို့ကိုယ်တိုင်စူးစမ်းလေ့လာ သုတေသနလုပ်ပြီးမှ လက်ခံနေကြတယ်။
ဒီနေရာမှာ ကျမ်းတော်မြတ်ကုရ်အာန်က ဒီအချက်ကိုမရောက်မီ စောစောပိုင်းက အခြေအနေကိုစတင်ပြီး သုတေသနလုပ်လေ့လာစဉ်းစားဖို့ လမ်းညွှန်ထားပါတယ်။ လူတွေအထူးသဖြင့် သုတေသီဆိုသူများက အကောင် အထည်ဖော်သိသာထင်ရှားပေါ်လွင်လာတာကို အစောပိုင်း၊ အစဦးပိုင်း၊ အသိအမှတ်ပြုကြတယ်။ ကုရ်အာန်ကျမ်း မြတ်ရဲ့ လမ်းညွှန်ချက်အရ လူတွေသိမြင်ကြတာထက်ပိုပြီးတော့ ရှေးကြတဲ့အပိုင်းတွေရှိတယ်လို့ အခိုင်အမာ လမ်း ညွှန်ထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၅၂) အာယသ်(၃၇)မှာ အလ္လာဟ်က `သို့တည်းမဟုတ် ၎င်းတို့သည်(ဖန် ဆင်းသူ)တစ်စုံတစ်ယောက်မျှမရှိပဲလျက် ဖန်ဆင်းခြင်းခံခဲ့ကြရလေသလော။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်( မိမိတို့ကိုယ်ကို) ဖန်ဆင်းသူများ ဖြစ်ကြလေသလော။ ဒါကတော့ အများဘာသာပြန်ဖြစ်ပါတယ်။
ဆိုလိုတဲ့ သဘောကတော့ လူသားဟာမည်သည့်အရာ ၀တ္ထု၊ ဒြပ်၊အထည်မရှိပဲ ဖြစ်ထွန်းပေါ်ပေါက် ထင်ရှားခြင်းခံရတာလား။ ဒါမှမဟုတ် လူသားဟာ သူတို့ကိုသူတို့ ဖြစ်ထွန်းပေါ်ပေါက် ထင်ရှားစေတာလားဆိုတာ ကို မေးမြန်းထားတယ်။ အထက်ပါအာယသ်တော်ကို ဆက်စပ်ပြီး ကုရ်အာန်ဆူရာဟ်(၁၉)၊ အာယသ်(၉)မှာ တမန် တော်မြတ်ဇကရိယာ(အ)နှင့်ပတ်သက်ပြီး ထင်ရှားအောင် ရှင်းလင်းထားပါတယ်။
အရှင်မြတ်က တမန်တော်မြတ်ဇကရီယာ(အ)ကို မိန့်ကြားတော်မူခဲ့လေသည်။ `အို – ဇကရီယာ ဤအတိုင်းပင်ဖြစ်ပေမည်။ ဤသည်ငါအရှင်မြတ်အဖို့ အလွန်လွယ်ကူကြောင်း ငါအရှင်မြတ်သည်ပင်၊ ယခင်က လည်း အသင်အား အသင်တစ်စုံတစ်ရာမရှိခဲ့စဉ်က ဖန်ဆင်းတော်မူသကဲ့သို့ပင်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့ သည်။´ ဒါကအများဘာသာပြန်ဖြစ်ပါတယ်။ ဒီအာယသ်တော်ရဲ့ တရားသဘောကတော့ အလ္လာဟ်အရှင်မြတ်က အသင့်ဆီမှာ သားတစ်ယောက်မွေးဖွားမယ်လို့ ပြောခဲ့တယ်။ (တနည်းအားဖြင့်) အခြားအခြားလူတွေဆီမှာ သားသမီးမွေးဖွားသလို၊ အသင့်ဆီမှာလည်း သားတစ်ယောက်မွေးဖွားမယ်လို့ ပြောခဲ့တာ၊ အသင့်ကို ပြုစုပျိုးထောင် လမ်းညွှန်ရှင်(ရဗ်)အလ္လာဟ်ရဲ့ ဥပဒေသအရ အသက်အရွယ်ကြီးလို့ အိုမင်းတဲ့အချိန်မှာလည်း သားသမီးမွေးဖွားစေ နိုင်တယ်။ အဲဒီလိုလုပ်ဖို့အတွက် အလ္လာဟ်က ဘာအခက်အခဲတစ်စုံတစ်ရာ လုံးဝမရှိပဲ၊ အသင်ဟာဘာဆိုဘာမှ မဟုတ်ခဲ့၊ အသင်ဟာ ဘာအစအနမှလုံးဝမရှိပဲလျက် အသင့်ကိုဖြစ်ထွန်းထင်ရှားစေထားသလို၊ အလ္လာဟ်အရှင် မြတ်က ဖြစ်ထွန်းထင်ရှားစေနိုင်ကြောင်းပြောခဲ့တယ်။
အလ္လာဟ်ကလူသားကို မဆိုထားနှင့်ဦး၊ အနန္တစကြ၀ဠာကို စတင်ဖြစ်ထွန်းပေါ်ပေါက်လာမှု အဆင့်ဆင့်ဟာ အရှင်မြတ်ရဲ့စီရင်စီမံမှု ဥပဒေသအတိုင်း စတင်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က တစ်စုံတစ်ရာ ဒြပ်၊ ၀တ္ထု၊ အရာ၊ ပစ္စည်းနှင့်အကြောင်းရင်းခံတွေအပေါ် မှီခိုခြင်းလုံးဝကင်းရှင်တဲ့အရှင်ဖြစ်ပါတယ်။ အဲဒီတော့ အနောက်တိုင်းသုတေသီတွေက၊ မြေကြီးမှုန်အစအန၊ အသေးအမွှားဟာ တဆင့်ပြီးတဆင့် ပြောင်းလဲ တိုးတက်ဖွံ့ဖြိုးလာပြီးတဲ့နောက် လူသားဆိုတဲ့အဆင့်ကို မည်သို့ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မှာလဲဆိုတဲ့ မေးခွန်းကို မေးပြီးတော့၊ အဲဒီကကဏ္ဍတစ်ခုလုံးကို အဆုံးသတ်ခဲ့တယ်။ နောက်ပြီးတော့ လူသားဟာယခုရောက်ရှိနေတဲ့ အခြေအနေမှာ ရှည်လျားစွာ ပြောင်းလဲတိုးတက်လာပြီး ခရီးစန်းရဲ့အဆုံးသတ်နိဂုံးချုပ်ကဏ္ဍပင်ဖြစ်မည်။ ဒီအဆင့် ကွယ်လွန်သေဆုံးသွားလျှင် ပြီးပါပြီ။ အဆုံးသတ်ပြီး ဖြစ်တယ်လို့ အခိုင်အမာယုံကြည်ထားတဲ့ လူတွေလည်းရှိ တယ်။
ဒါပေမဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကတော့ ရှည်လျားတဲ့လူ့ဘ၀ရဲ့ခရီးလမ်းကြောင်းဟာ ယခုအဆင့်မှ တစ်ဆက်တည်းရှေ့ကို ဆက်လက်သွားနေဦးမည်၊ ယခုလက်ရှိအဆင့်ဟာ အဆုံးမသတ်နိဂုံး မချုပ်သေးဘူးလို့ ဆက်လက်လမ်းညွှန်ထားပါတယ်။ ဒီ ဒွန္နယာလောကီဘ၀ရဲ့အပိုင်း ပြီးဆုံးသွားတာနဲ့ ရှေ့ဆက်သွားရဦးမည့် အနာဂါတ်အပိုင်းကို အာခေရသ်အပိုင်း အနာဂါတ်ခရီးစခန်းလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့်လူသားရဲ့ သက်တမ်းကာလကို ကုရ်အာန်က အပိုင်းအခြား နှစ်ပိုင်းပါတယ်လို့ လမ်းညွှန်ထားပါတယ်။ ပထမအပိုင်းကတော့ အခြား အခြားသတ္တ၀ါတွေလို ရုပ်ပိုင်းဆိုင်ရာအပိုင်းကဏ္ဍဖြစ်ပြီးတော့ အဲဒီသတ္တ၀ါတွေအတွက် ရုပ်ပိုင်းဆိုင်ရာ သဘာဝအတွက် ပြဌာန်းထားတဲ့ ဥပဒေအတိုင်းဖြစ်ပျက်ပြောင်းလဲမှုကို လူသားတွေလည်း လိုက်နာရမှာဖြစ်တယ်။
မိဘနှစ်ပါးရဲ့ မျိုးရိုးဗီဇတွေ ပေါင်းဆုံရာမှ မွေးဖွားပြီးရှင်သန် စားသောက်ကြီးထွားဖွံ့ဖြိုးပြီး၊ သက်တမ်း ကာလကုန်ဆုံးတာနဲ့ သေဆုံးသွာတယ်။ စတာတွေဟာ အခြားအခြားသတ္တ၀ါတွေနဲ့ အလားတူ ရုပ်ပိုင်းဆိုင်ရာ ကဏ္ဍပင်ဖြစ်တယ်။ အဲဒီလို သေဆုံးသွားရခြင်းဟာ လူသားရဲ့ကိုယ်ခန္ဓာရုပ်သဏ္ဍာန်(Physical Body)သေဆုံးသွား ရခြင်းသာလျှင်ဖြစ်တယ်။ ဒီရုပ်ပိုင်းဆိုင်ရာ (Physical Life)ဖြစ်တဲ့ ကဏ္ဍဟာ အခြားအခြားသတ္တ၀ါတွေရဲ့ သဘာဝ အဆင့်(Animal State)သာ ဖြစ်ပါတယ်။ ရုပ်ဝါဒီတွေသိရှိနားလည်ကြတဲ့ လူ့ဘ၀သက်တမ်းမှာ ဒီအရာအားလုံးပင် ဖြစ်ပြီးတော့ သူတို့ကဟောဒီလူ့ဘ၀သက်တမ်းကာလရဲ့ အန္တိမအဆုံးသတ်တယ်လို့ ယူဆကြပါတယ်။
ကျမ်းမြတ်ကုရ်အာန်ကတော့ ဒီရုပ်ပိုင်းဆိုင်ရာသက်တမ်းဟာ အခြားသက်ရှိသတ္တ၀ါတွေရဲ့ သဘာဝအဆင့် နဲ့အတူတွဲလျက်ရှိတဲ့ လူသားသဘာဝအဆင့်(Human State) ဆိုတဲ့ အပိုင်းနှစ်ပိုင်းအနက် ဒုတိယအပိုင်းရှိတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်ရည်မှရရှိထားတယ်။ အဲဒီတော့ ရုပ်ပိုင်းကဏ္ဍဖြစ်တဲ့၊ ရုပ်ပိုင်းသက်တမ်းဟာ သေဆုံး သွားပြီးတဲ့နောက် ဒုတိယအပိုင်းဟာ ရုပ်ပိုင်းဆိုင်ရာ ဥပဒေသကိုလိုက်နာခြင်းမရှိပါဘူး။ အဲဒီဒုတိယအပိုင်းနဲ့ဆိုင်တဲ့ သီးခြားဥပဒေကရှိသေးတယ်။ အဲဒီဒုတိယအပိုင်းကဏ္ဍဟာ ရုပ်ပိုင်းသက်တမ်းသေဆုံးပြီးတဲ့နောက် အာခိရသ် သက်တမ်းအနာဂါတ်ခရီးတစ်လျှောက် ဆက်လက်တိုးတက်ပြောင်းလဲပြီး စခန်းအဆင့်ဆင့်တွေကို ဖြတ်သန်းကျော် လွှားရမှာဖြစ်တယ်။
ကျမ်းမြတ်ကုရ်အာန်က နည်းပေးလမ်းညွှန်တဲ့စနစ်ဟာ စဉ်ဆက်မပြတ်ပြောင်းလဲ တိုးတက်မှုဆိုင်ရာ သဘောတရားဟာ အနာဂါတ်ကာလအာခိရသ်(တစ်နည်းအားဖြင့်) အလ္လာဟ်အရှင်မြတ်က ရည်ရွယ်ပြီးပြဌာန်းထား တာဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်က အကြောင်းမဲ့ရည်ရွယ်ချက်မဲ့ ဒီလောကအလုံးစုံကို ပြုစုပျိုးထောင်လမ်းညွှန် ထားတာ မဟုတ်ဘူး။ ကျွန်ုပ်တို့လူသားတွေကို အကြောင်းမဲ့အချည်းနှီး ပြုစုပျိုးထောင် ရှင်သန်နေခြင်းမဟုတ်ဘူး ဆိုတာ အလ္လာဟ်ဆီက လမ်းညွှန်ချက်`၀ဟီ´ဖြစ်တဲ့ကုရ်အာန်ကို ဆည်းပူးလေ့လာမှ သိရှိနားလည်သဘောပေါက် မည်။ ဒါကြောင့်ကုရ်အာန် ဆူရာဟ်(၂၃)အာယသ်(၁၁၅)မှာ အလ္လာဟ်ကမေးတယ်။ `သင်တို့ထင်မြင်ယူဆနေတာ လား။ ဧကန်အမှန်ငါအရှင်မြတ်က အသင်တို့ကို ဖြစ်ထွန်းဖြစ်ပေါ်ထင်ရှားစေထားတာကို အကြောင်းမဲ့၊ ရည်ရွယ် ချက်မဲ့၊ ငါအရှင်မြတ်က အသင်တို့ကို အကြောင်းမဲ့ရည်ရွယ်ချက်မဲ့ အချည်းနှီးဖြစ်ထွန်းပေါ်ပေါက်ထင်ရှား စေတယ်လို့ အသင်တို့ထင်မြင်ယူဆနေတာလား။ ငါအရှင်မြတ်ဖက်ကို ပြန်မလှည့်ရဘူးလို့၊ မရောက်ရဘူးလို့ ထင်မြင်ယူဆနေတာလား။´
ဒီအာယသ်တော်အရ အလ္လာဟ်ကလူသားတွေကို အကြောင်းမဲ့၊ ရည်ရွယ်ချက်မဲ့ အချည်းနှီးဖြစ်ထွန်း ထင်ရှားစေခဲ့တာ မဟုတ်ကြောင်း၊ လူသားတွေအချိန်တန်ရင် အလ္လာဟ်အရှင်မြတ်စီကို ပြန်လှည့်သွားရမည်ဖြစ် ကြောင်း ပေါ်လွင်ထင်ရှားတယ်။ ဒီအကြောင်းနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၇၅)၊ အာယသ်(၃၆)မှာ –
`အလ္လာဟ်ကမေးတယ်။ လူသားကို အကြောင်းမဲ့အချည်းနှီး၊ ပေလယကံ ဘေးမဲ့စွန့်ပစ်ထားမည်လို့ လူသားကထင်မြင်ယူဆနေတာလား။ (တနည်းအားဖြင့်) မွေးဖွားပြီးအရွယ်ရောက်၊ ရှာလိုက်၊ စားလိုက်၊ အိပ်လိုက်၊ မွေးဖွားလိုက်၊ အချိန်တန်ရင်သေဆုံးသွားတာနဲ့ နိဂုံးချုပ်ပြီလို ထင်မြင်ယူဆနေတာလား။´အဲဒီတော့ အပေါ်ယံ အပြင်ပန်းမျှ သိမြင်ထိတွေ့ခွင့်ရတဲ့ သာမန်အရပ်သားတွေရော၊ အတတ်ပညာရှင်တွေရော၊ ရှင်ပြန်ထရမည့်ကို ဆန့်ကျင်နေကြတယ်။ ရုပ်ပိုင်းဖွဲ့စည်းမှုတစ်ခုလုံးကို အဆင်ပြေယိုယွင်းသွားပြီးမှ အသစ်တဖန်ပြန်လည်ပေါင်းဆုံ ဖွဲ့စည်းတည်ဆောက်ဖို့ဆိုတာ မည့်သို့ဖြစ်နိုင်မှာလဲလို့ မေးခွန်းထုတ်နေကြတယ်။ ကုရ်အာန်ဆူရာဟ်(၆)၊ အာယသ်(၁၄)မှာတော့-
`အလ္လာဟ်အရှင်မြတ်က ကမ္ဘာဂြိုဟ်နှင့် အနန္တစကြာဝဠာကို ဘာမျှမရှိခဲ့တဲ့အနေအထားမှ အစပထမ စတင်ပေါ်ပေါက်စေခဲ့တာဖြစ်တယ်။ ´ အလ္လာဟ်အရှင်မြတ်ချမှတ်ပြဌာန်းထားတဲ့ လူ့ဘ၀တည်ဆောက်မှုစနစ်ကို မယုံတဲ့ လူတွေသေပြီးတဲ့နောက် တဖန်ရှင်ပြန်ထရမည့်ကိစ္စအပေါ်၊ အတော်လေးဘ၀င်မကျ မေးမြန်းနေတယ်၊ စောဒကတက်နေကြတယ်။ လူသားကို အလ္လာဟ်က ငါအရှင်မြတ်ဟာ တဖန်နောက်တစ်ကြိမ်အဲဒီမြေကြီးမှာ (တနည်းအားဖြင့်) ဘ၀နိဂုံးချုပ်ရာနေရာမှာ ပြန်လည်ရှင်ပြန်ထစေမည့်အကြောင်း ကုရ်အာန်ဆူရာဟ်(၁၇) အာယသ်(၄၉-၅၁)မှာ-
`ကျွန်ုပ်တို့အရိုးတွေ ဖြစ်သွားပြီးတဲ့နောက်(တနည်းအားဖြင့်) ကျွန်ုပ်တို့သေဆုံးသွားပြီး ကျွန်ုပ်တို့ရဲ့ အရိုးတွေပုပ်သိုးပျက်စီးပြီး အမှုန်အမွှားတွေ ဖြစ်သွားပြီးတဲ့နောက် ဧကန်အမှန် ကျွန်ုပ်တို့သေဆုံးပြီးတဲ့နောက် အသစ်တဖန် ဖြစ်ထွန်းပေါ်ပေါက် ပြန်လည်ရှင်ပြန်ထခြင်းခံရမည်လားဆိုပြီး လူတွေစောဒကတက်ကြတယ်။ အသင်တို့ ကျောက်တုံးကျောက်ခဲတွေဖြစ်ပါစေ။ ဒါမှမဟုတ် သံတုံးသံခဲတွေဖြစ်ပါစေ၊ ဒါမှမဟုတ် အသင်တို့ရဲ့ စိတ်နှလုံးမှာ အလွန်မာကျောတဲ့အရာတွေ ဖြစ်ပါစေ။ အသင်တို့သေဆုံးပြီးတဲ့နောက် အသင်တို့ရဲ့ အရိုးတွေ ပုပ်သိုး ပျက်စီးပြီး အမှုန်အမွှားတွေမကလို့ အသက်ရှိခြင်းအတွက် ဘယ်လိုမှမဖြစ်နိုင်တဲ့ ကျောက်တုံးတွေ၊ သံတုံးတွေ ဖြစ်ပါစေ။ ဒါမှမဟုတ် အသင်တို့ရဲ့ စိတ်နှလုံးက၊ ပြန်လည်ရှင်ပြန်ထရမည်ဖြစ်ကြောင်း အသင်တမန်တော် လူတွေ ကို အသိပေးကြေငြာလိုက်ပါ။´ အဲဒီတော့ သူတို့က ကျွန်ုပ်တို့ကို ဘယ်သူက အသက်ပြန်လည်ပြီးရှင်စေမှာလဲ။ ဆိုပြီး သူတို့က မေးမြန်ကြမည်။ `အသင်တို့ကို ပထမဦးဆုံးအကြိမ်စတင် ဖြစ်ထွန်းပေါ်ပေါက်ထင်ရှားစေထားတဲ့ အလ္လာဟ်က ပြန်လည်ရှင်ပြန်ထစေမှာဖြစ်ပါတယ်။´
`ပထမဦးဆုံးအကြိမ်က သက်ရှိဆိုတာ အစက်အပြောက်မြူမှုန်လောက်တောင် မရှိခဲ့စဉ်က၊ ဘာဆိုဘာမျှ မရှိခဲ့စဉ်က အစပထမဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့ အလ္လာဟ်အရှင်မြတ်က ပြန်လည်ရှင်ပြန်ထစေမည်လို့ အသင်တမန်တော် လူတွေကိုအသိပေးကြေညာလိုက်ပါ။´
အဲဒီတော့ လူဟာမွေးဖွားကြီးထွား၊ ရှာလိုက်၊ စားလိုက်၊ အိပ်လိုက်၊ မျိုးပွား၊ အသက်အရွယ်ကြီးပြီးသေဆုံး သွားတာနဲ့ ပြီးဆုံးသွားပြီလို့ ထင်မြင်ယူဆခြင်းဟာ မဟာအမှားပင်ဖြစ်မည်။ လူဟာ လက်ရှိလောကီဘ၀မှာ Physical Body ရှင်သန်ဖွံ့ဖြိုးခြင်း၊ မိမိရဲ့နာမ်ပိုင်းဆိုင်ရာ(နာဖ်စ်)ကိုယ်ရည်ကိုယ်သွေး၊ အစွမ်းအစဖွံ့ဖြိုးတိုးတက်ပြီး နောင်အနာဂါတ် အာခိရသ်ခရီးစခန်းနှင့် ပန်းတိုင်ကို ရောက်ရှိခြင်းရဲ့ ရည်ရွယ်ချက်ကိုမသိခြင်း၊ မသိစိတ်လွှမ်းမိုးခံ ရပြီး သိရှိနားလည်အောင်ကြိုးပမ်း အားထုတ်မှု မလုပ်ခြင်းဟာ လူတွေရဲ့မဟာအမှားပင်ဖြစ်တယ်။