အစာအာဟာရအတွက် ပြဿနာ (အပိုင်း-၁၁) ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်

ဒီကနေ့ ယခုလို ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိ ချက်များကို တင်ပြခွင့်ရတဲ့အတွက် အလ်ဟမ်ဒုလိလ္လာဟ် ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာ ပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချ ကူညီပံ့ပိုးပေးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်း တြင်ပခွင့်ပေးထားတဲ့ ဒီအစ္စလာမ်သင်တန်းကျောင်း တော် မတ်စ်ဂျိဒ်ရဲ့လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ ခါဒီမွန် လို့ခေါ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာ ကြတဲ့ အမျိုးသား၊ အမျိုးသမီးများကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တင်ပြမည့် အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ ကျွန်တော်တြင်ပနေကျ အခန်းဆက် အစာအာဟာရ အတွက် ပြဿနာ အပိုင်း(၁၁)ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသမား၊ အမျိုးသမီးများ ခင်ဗျား ကျွန်တော် ရဲ့ တင်ပြမှုကို မရှင်းလင်းခဲ့ရင် ဂျူမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။
အတ်စလားမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟု
အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ ဖော်ပြထားတဲ့ ဟန်ဆောင်သူမုနာဖိက်အယောင် ဆောင် မွတ်စလင်မ်ဆိုသူများရဲ့ နောက်ဆုံးနေရာထိုင်ခင်း အစစ်အမှန်ကတော့ လောင်ကျွမ်းပျက်စီးစေမည့် ဂျဟန္နမ်ငရဲရဲ့ အောက်ဆုံး အနိမ့်ဆုံးအဆင့်မှာဘဲ ရှိမည်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က သူ့ရဲ့တမန်တော်ကို ဘာပြောခဲ့လဲ။ အို တမန် တော် အသင်အဲဒီမုနာဖိက်တွေကို ဂျဟန္နမ်ကနေ အားပေးကူညီပြီး ကယ်ထုတ်နိုင်သူတစ်ဦးတစ်ယောက်ကိုတောင် တွေ့ရှိလိမ့် မည်မဟုတ်ပေ။
ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ အကြောင်းတရားအာယသ်တော်တွေကို လေ့လာကြည့်လိုက်ပါ။ မုအ်မင်န်နှင့် ကာဖိရ်ပြီးတော့ မုနာဖိက်ဆိုတဲ့အုပ်စုသုံးမျိုး သုံးစားရဲ့ သဘောတရားကို ရှင်းလင်းထားတာတွေ့ရမှာဖြစ်တယ်။ အဲဒီ အုပ်စုသုံး မျိုးသုံးစားကို ကျမ်းတော်မြတ်ကုရ်အာန်ကျရောက်နေစဉ် တမန်တော်မြတ် မုဟမ္မဒ်(ဆွ) သက်တော်ထင်ရှားရှိခဲ့စဉ်က အဲဒီ မုနာဖိက်တွေ ရှိခဲ့သလို ဒီကမ္ဘာဂြိုဟ်သက်တမ်းတစ်လျှောက်နေရာ ဒေသတိုင်းမှာ တွေ့ရှိမှာကို သေသေချာချာလေ့လာပြီး ထိုက်ထိုက်တန်တန်လိုအပ်သလို ကိုင်တွယ်ဖြေရှင်းတတ်ဖို့လိုလိမ့်မည်။ ဒီအကြောင်းအရာတွေကို ကျွန်တော် (၈-၃-၂၀၁၉) နေ့မှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုအစာအာဟာရအတွက် ပြဿနာဆိုတဲ့ အပိုင်း(၁၁)ကို ဆက်လက်တင်ပြပါမည်။ ကျမ်း တော်မြတ်ကုရ်အာန်ရဲ့ နည်းပေးလမ်းညွှန်မှုအရ တင်ပြရရင် မိဘဆွေမျိုးထံက အမွေရတာဖြစ်စေ၊ ဒါမှ မဟုတ် ကိုယ့်ရဲ့ အသိဉာဏ်ပညာနှင့် ရှာဖွေလို့ရတာဖြစ်စေ၊ အဲဒီ ဥစ္စာပစ္စည်းတွေကို ကြီးမားတဲ့လောဘနှင့် စားသောက်စည်းစိမ်ခံစားကြတဲ့ လူတွေဟာ အခြားအခြားသူဆင်းရဲသားတွေရဲ့ ဘဝရဲ့လိုအပ်ချက် အစာအာဟာရအတွက် ပြဿနာကို မဖြေရှင်းကြဘူး။ အချို့ဆိုရင် မိမိရဲ့ညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့ ရပိုင်ခွင့်ငွေကြေးဥစ္စာပစ္စည်းတွေကို လက်ဝါးကြီးအုပ်ချယ်လှယ် ချုပ်ကိုင်ထားတဲ့ လူတွေကိုလည်း ပတ်ဝန်းကျင်မှာ တွေ့ရပါတယ်။
အဲဒီလူတွေ “ကလ်မာအ်” ဖတ်ခဲ့တာဘဲ။ ဒါပေမယ့် “ကလ်မာအ်” ဖတ်ပြီး မွတ်စလင်မ်ဖြစ်ပေမယ့် အစ္စလာမ်ဆိုတာ ဘာလဲ။ မွတ်စလင်မ်ဆိုတာ ဘယ်သူကိုပြောတာလဲ။ မွတ်စလင်မ်တစ်ယောက်က ဘယ်စနစ်လမ်းစဉ်ကို ယုံကြည်လိုက် ရမည်။ ဘယ်လိုဘဝတည်ဆောက်ရမည်ဆိုတာ မသိနားမလည်ဘဲ ကုလားပုံသွင်းခံရတဲ့ လူ့ပတ်ဝန်းကျင်မှာ အများကြီး တွေ့ရပါတယ်။ အဲဒီတော့ ဥစ္စာပစ္စည်းတွေကို အတိုင်းမသိမက်မောကြတဲ့ စည်းစိမ် ခံစားကြတဲ့ လူတွေ၊ မိမိပိုင်ဆိုင်ထားတဲ့ ဥစ္စာပစ္စည်းတွေကို မိမိသုံးချင်သလိုသုံးမည်။ ဖြုန်းချင်သလို ဖြုန်းတီးမည်။ လုပ်ချင် သလိုလုပ်မည်ဆိုတဲ့ လူတန်းစား ကုရ်အာန်မှာပါတဲ့ ကာရူးန်ဆိုတဲ့ ခရိုနီနှင့်ပတ်သက်ပြိး ကျွန်တော်အပိုင်း (၇) မှာ အနည်းငယ်တင်ပြခဲ့ပြီး အပိုင်း(၁၀)မှာတော့ ဟာမာန်နှင့် ပတ်သက်ပြီး တင်ပြခဲ့သလို ယခုကာရူန်ဆိုတဲ့ ခရိုနီနှင့်ဟာမာန် အကြောင်း အနည်းငယ်တြင်ပပါမည်။ ကုရ်အာန် စူရာဟ် အာန်ကဗွတ် စူရာဟ် (၂၈) အာယသ် (၇၈) မှာ အလ္လာဟ်အရှင် မြတ်က “အဓိပ္ပါယ်မှာ ကာရူန်က ငါသည် (ဥစ္စာပစ္စည်း ငွေကြေးဘဏ္ဍာများ)ကို မိမိအတတ်ပညာတစ်ခုကြောင့် ရရှိခြင်းသာ ဖြစ်သည်ဟုဆိုခဲ့လေ၏။”(၂၈း၇၈) ဒါက အများကုရ်အာန်ဘာသာပြန်ဖြစ်ပါတယ်။
(ကာလအင်န်နမာ အူသီသဟု အာလအိလ်မင်န်အင်န်ဒီ) ငါရဲ့ ကိုယ်ပိုင်အသိပညာရဲ့အစွမ်းအစကြောင့် ရှာဖွေပြီး၊ ဒီဓနဥစ္စာပစ္စည်းတွေကို ရရှိထားတယ်လို့ ပြောတာ။ အဲဒီကာရူန်ဆိုတဲ့ ခရိုနီက သူအဓိကဘာပြောချင်တာလဲ။ ဒီကနေ့ အဲဒီလို ကာရူန်လို စိတ်ဓါတ်ရှိတဲ့လူတွေက ဘာပြောနေလဲသိလား၊ ငါတို့ရဲ့ အတတ်ပညာ၊ အသိပညာရဲ့အစွမ်းအစနှင့်ရှာဖွေထားတဲ့ ဒါမှမဟုတ် မိဘဆီက အမွေရတဲ့ ဥစ္စာပစ္စည်းတွေကို ငါတို့ဘယ်လိုပဲ သုံးစွဲ၊ သုံးစွဲ ငါတို့ဘယ်လိုပဲ သုံးဖြုန်းသုံးဖြုန်း၊ ဒီဥစ္စာ ပစ္စည်းတွေကို သုံးစွဲမှုမှာ အလ္လာဟ်ရဲ့ဥပဒေသဝင်ရောက်စွက်ဖက်စရာ မလိုအပ်သလို အခြားအခြား လူတွေဖက်က ဘယ်သူ ကမှ မေးမြန်းစရာမလိုဘူးလို့ ကာရူန်တွေက ပြောချင်တာဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ ဒီအာယသ်တော်မှ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို ကာရူန်လို့ စိတ်ဓါတ်မမွေးဖို့ သတိ ပေးတဲ့အနေနှင့် ဘာပြောထားလဲ။ “အဓိပ္ပါယ်မှာ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အလျင်၊ ၎င်းထက်ပိုမို၍ပင် ခွန်အားဗလကောင်းသည့်ပြင် အခြွေအရံအားဖြင့်လည်း၊ ၎င်းထက်ပို၍များပြားသော မျိုးဆက်တို့အား ဖျက်ဆီးတော်မူခဲ့ ကြောင်းကို ထိုကာရူန်က မသိခဲ့လေသလော။ ” (၂၈း၇၈) ဒါက အများကုရ်အာန်ဘာသာပြန်ဖြစ်ပါတယ်။ (အဝလာမ်ယာအ် လာမ်) ဆိုတာ ကာရူန်က မတွေ့မမြင် မလေ့လာဘူးလား၊ (အင်န်နလ္လာဟ်) ဧကန်အမှန်ငါအလ္လာဟ်အရှင်မြတ်က (ကဒ်အာဟ် လောခ်)ဆိုတာ မုချဧကန်အမှန်တကယ် ဖျက်ဆီးခဲ့တယ်။ (မင်န်ကဗ်လေဟိ) သူ(ကာရူန်)မတိုင်မီ အရင်က (မိနာလ်ကုရူန်) ဆိုတာ မျိုးဆက်များအနက်မှ မြောက်များစွာကို ဖျက်ဆိးခဲ့တာကို သူမတွေ့မမြင် မလေ့လာဘူးလား။
နှစ်ပေါင်း (၁၄၀၀)ကျော်က ကျမ်းတော်မြတ်ကုရ်အာန်မှာ အလ္လာဟ်ကဘာပြောထားလဲ။ ဘာကြောင့်ပြောထားတာ လဲ။ နောင်လာနောက်သား လူသားမျိုးဆက်တွေ၊ တမန်တော်မြတ် မူဆာ(အ)ခေတ်က ကာရူန်၊ ဟာမာန်နှင့် ဖိရ်အောင်န် လုပ်ခဲ့သလို မလုပ်အောင်ပြောတာ၊ လုပ်မလား၊ လုပ်လေ၊ အလ္လာဟ်က မလုပ်နဲ့လို့ ပြောတာကို လုပ်ရင်ဘာဖြစ်မလဲ။ လုပ်ရင် လုပ်တဲ့လူဘဲ ခံရမှာဘဲ။ ဥပမာ မီးလောင်သွားလို့ သဘာဝဘေးဒဏ်ကြောင့် ဖျက်ဆီးသွားလို့၊ စားလို့မကုန်၊ စားလို့ ကုန်သွား လို့၊ နောင်မှ နောင်တမဖြစ်ရလေအောင် အချိန်ရှိတုန်း ပေးကမ်းလှူဒါန်းစွန့်လွှတ်မျှဝေပေးဖို့ ပြောထားတယ်။ အဲဒီတော့ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲ။ အဲဒီ ကာရူန်ဆိုတဲ့ ခရိုနီမတိုင်မီအရင်က မြောက်များစွာသော မျိုးဆက်တွေကို အလ္လာဟ်အရှင်မြတ် ချမှတ်ပြဌာန်းထားတဲ့ ဥပဒေသတွေကို မယုံကြည်မလိုက်နာဘဲ မထိမဲ့မြင်လုပ်ခဲ့တဲ့အတွက်ကြောင့် အလ္လာဟ်ပြဥပဒေသက အဲဒီမျိုးဆက်တွေကို ဖျက်ဆီးခဲ့တာကို ကာရူန်ဆိုတဲ့ လူတန်းစားက မတွေ့မမြင် မလေ့လာဘူးလားတဲ့။
(မာန်ဟု၀ အရွှတ်ဒ) ဆိုတာ သူ့ထက်ပိုမိုပြီးတော့ ပြင်းထန်တယ်လို့ပြောတာ။ မင်န်ဟု ကုအ်ဝသာန် ဆိုတာ သူကာရူန်ထက် အင်အားစွမ်းပကားမှာ သာလွန်တယ်လို့ ပြောတာ (ဝအာက်ဆာရုဂျမ်အာန်) သူတို့အုပ်စု အနေနဲ့ လူများစုဖြစ် တယ်လို့ ပြောတာ။ ဒီနေရာမှာ ကျွန်တော်တို မွတ်စလင်မ်လူများစုနှင့် ပြောရရင် အတတ်ပညာရှင်၊ အသိပညာရှင်ဖြစ်တဲ့ ရှေ့နေတွေ၊ အင်ဂျင်နီယာတွေ၊ ဒေါက်တာတွေဟာ အတတ်ပညာ၊ အသိပညာရှင်၊ ပညာမတတ်တဲ့ မုဖ်သီဟာဖိဇ် မွလ္လာ တွေနှင့် ပညာမတတ်ဉာဏ်အရည်အသွေး နည်းပါးတဲ့လူများစုနှင့် ရောယောင်ပြီးတော့ မဂ်ရိဗ်အချိန်မှာ ဆွီယာမ်ဥပုသ်ဖြေနေ ကြတယ် မဟုတ်လား။ လူများစုဆိုပြီးတော့ လုပ်နေကြတယ်လေ။ အဲဒီလူတွေ အလ္လာဟ်ပြဥပဒေသရဲ့ ဆန့်ကျင်ဘက်လုပ် နေတာ မဟုတ်ဘူးလား။ အဲဒီတော့ အလ္လာဟ်က ကျွန်တော်တို့ကို ဘာပြောထားလဲ။ ကာရူန်မတိုင်မီအရင်က ရှိခဲ့တဲ့ အဲဒီလူ တွေဟာ ကာရုန်ထက်ပိုမိုပြီးတော့ အဲဒီခေတ် အဲဒီအခါမှာ အစစအရာရာမှာ စွမ်းဆောင်နိုင်တဲ့ အခြွေအရံအားဖြင့် ကာရုန်ထက်များပြားတဲ့ လူများစုမျိုးဆက်တွေဖြစ်ခဲ့တယ်။
ဆိုလိုတာက ကာရုန်ထက်ပိုမိုပြီးတော့ စွမ်းဆောင်နိုင်တဲ့ ခွန်အားဗလအားဖြင့်သော်လည်းကောင်း၊ အခြွေအရံ မျိုးနွယ် အားဖြင့်သော်လည်းကောင်း၊ ဓနဥစ္စာပစ္စည်းအားဖြင့်သော်လည်းကောင်း၊ ကာရုန်ထက်များပြားတဲ့ မျိုးဆက်တွေကို ကာရုန်ဆိုတဲ့ ခရိုနီမတိုင်မှီ အရင်ကရှိခဲ့တဲ့ မြောက်များစွာသော မျိုးဆက် တွေက အလ္လာဟ်အရှင်မြတ် ချမှတ်ပြဌာန်းထားတဲ့ ဥပဒေသတွေကို ဖီလာဖောက်ဖျက်ဆန့်ကျင်ခဲ့တဲ့အတွက်ကြောင့် အလ္လာဟ်ပြဥပဒေသက ဖျက်ဆီးခဲ့တာကို လက်ရှိကာရုန်နှင့် ကာရုန်လိုစိတ်ဓါတ်မျိုးရှိတဲ့ လူတွေမတွေ့မမြင်၊ မလေ့လာဘူး လားလို့ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ သတိပေးနှိုးဆော်ထားတာဖြစ်ပါတယ်။
အဲဒီတော့ ကုရ်အာန်နည်းကျ အစ္စလာမ်လူနေမှုစနစ်ကို တည်ဆောက်နိုင်မည်ဆိုရင်၊ လူတိုင်း လူတိုင်းရဲ့ လိုအင်ကို ရောင့်ရဲ့ရာရောက်စေမည်ဆိုရင်၊ လူတစ်ယောက်ချင်းရဲ့ ပိုလျှံသမျှ ဓနဥစ္စာပစ္စည်းတွေကို ပုံအောပြီး ပေးကမ်းမည်ဆိုရင် အစာ အာဟာရအတွက် ပြဿနာကို ဖြေရှင်းနိုင်တာနှင့် အတိုင်းအတာတစ်ခုအားဖြင့် လုပ်ရမည့်အပိုင်းကဏ္ဍ တစ်ဆင့်ပြီးပြတ်သွား မှာဖြစ်ပါတယ်။ အဲဒီတော့ ကုရ်အာန်က ကျွန်တော်တို့ကို (ရေမရှိရင်၊ ရေမရခင်) တယယွမ် လုပ်ကိုင်တာဘဲ။ ရေရတာနဲ့ တယာမွမ်လုပ်စရာ မလိုတဲ့သဘောဖြစ်ပါတယ်။ ကုရ်အာန် (၅း၆)ကို လေ့လာကြည့်ပါ။ ဆိုလိုတာက အသင်းအဖွဲ့တစ်ခုက အဲဒီ အသင်းဝင်တွေထဲမှာ ချို့တဲ့သူဆင်းရဲသားတွေရဲ့ လိုအပ်ချက်အစာအာဟာရအတွက် ပြဿနာကို ဖြေရှင်းပြီးတဲ့နောက် အသင်းသား၊ ဂျမာအသ်သားတွေရဲ့ ပိုလျှံတဲ့ ငွေကြေးဥစ္စာပစ္စည်းတွေကို အခြား အခြားလူတွေရဲ့ လိုအပ်ချက်တွေကို တစ်ဆင့်ပြီး တစ်ဆင့် ထောက်ပံ့နိုင်မည့်သဘောဖြစ်ပါတယ်။ ကုရ်အာန်နည်းကျ ဒီန်စနစ်ဇယား၊ အစ္စလာမ်လူနေမှုစနစ်ကို တည်ဆောက်အကောင်အထည်ဖော်ရာမှာလည်းဘဲ၊ အဲဒီလို သူ့အဆင့်နှင့်သူ အဆင့်ဆင့်လုပ်ရမှာဖြစ်ပါတယ်။ နောက်ပြီး တော့ ဘယ်ပုံဘယ်နည်းတည်ဆောက်ရမည် ဆိုတာနှင့်ပတ်သက်ပြီး ကျွန်တော်တို့မှာ တမန်တော်မြတ် မုဟမ္မဒ် (ဆွ) နှင့် တမန်တော်မြတ်ရဲ့ သမ္မတတွေ တည်ဆောက်အကောင်အထည်ဖော်ခဲ့တဲ့ သမိုင်းကြောင်းအရ ကိုယ်ကျိုးမဖက် အနစ်နာခံတဲ့ သူမွန်သူမြတ်တွေကို လေ့ကျင့်ပျိုးထောင် ပေးရမည်။
ကုရ်အာန်နည်းကျ အစ္စလာမ်လူနေမှုစနစ်ကို သူမွန်သူမြတ်တွေအနေနှင့် တည်ဆောက်အကောင်အထည် ဖော်ဖို့ အဆင်သင့် မဖြစ်သေးတဲ့အချိန်ကာလအထိ ရည်ရွယ်ချက်ရှိရှိ ခဏတာမျောပါနေရမည်။ ဘာကြောင့်လဲဆိုရင် အမှန်နှင့်အမှား ကလည်း အစဉ်တစိုက်လွန်ဆွဲနေသလို အစ္စလာမ်ဒီန်စနစ်ကို ကျောင်းတော်ဝါဒ မဇ်ဟဘ်အဖြစ် ကိုယ်ကျိုးအတွက် တစ်လွဲကျင့်သုံးနေသော ဖောက်ပြန်တဲ့ မွတ်စလင်မ်အမည်ခံ ရုပ်ပြပုံစံနှင့် လူအုပ်စုတွေလည်းရှိနေတာပဲ။ အဲတော့ တစ်ရွာ တစ်ပုဒ်ဆန်း၊ တစ်ကျောင်း တစ်ဂါထာ လူများပြီး ပွဲမစည်ကြဘဲ၊ မစည်းလုံး မညီညွတ်သော ကျောင်းတော်ဝါဒ မဇ်ဟဘ်ကို ကျင့်သုံးနေသော အစ္စလာမ်ဘာသာရေးဆိုင်ရာ ပညာရှင်ဆိုသူများက အလ္လာဟ်လမ်းမှ ကျိလ္လာဟ်ထွက်ရင် အခြားအခြား လူတွေကို အလှူငွေတွေ ထောက်ပံ့ပေးရင် ဟာဂျီ၊ ဟာဂျီမဘွဲ့ပေးနေတာ သိရပါတယ်။
ဥပမာ ဒလမြို့နယ်မှာ အမျိုးသမီးတစ်ယောက် မက္ကာဟ်သွား ဟဂျ်မလုပ်ဘဲနဲ့ ဟာဂျီမဘွဲ့ရတာ သိရပါတယ်။ အဲဒီလို လွဲမှားစွာ ဟောပြောကျင့်သုံးနေတဲ့ အုပ်စုဖြစ်စေ၊ ဒါမှမဟုတ် အဲဒီလို အဖွဲ့အစည်းကို ဖယ်ရှားပြီးတော့ အလ္လာဟ်အရှင်မြတ် ချမှတ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းနှင့်အညီ လိုက်နာကျင့်သုံးမည့် လူ့အဖွဲ့အစည်းကို ထူထောင်ရမည်။ အဲဒီလို လုပ်မှ ရေရှည်မှာ အလ်ဟက်အမှန်တရား၊ သစ္စာတရားကလွဲမှားတဲ့ မိစ္ဆာဝါဒပေါ်မှာ အောင်ပွဲခံသွားဖြစ်ပါတယ်။ ကုရ်အာန် စူရာဟ်(၁၇) အာယသ် (၈၁)ကို လေ့လာကြည့်ပါ။ ဒီကနေ့ လက်ရှိမျက်မှောက်ကာလမှာ အင်မတန် ကြောက်စရာကဘာလဲ။ ဆင်းရဲ မှုကြောင့် ငတ်ပြတ်သေဆုံးမှုဖြစ်ပါတယ်။ ဥစ္စာဓန၊ သြဇာအာဏာပါဝါ၊ လူပယောဂကြောင့် ရွှေ့ပြောင်းဒုက္ခသည်တွေ၊ အဆိုးဆုံးမှာ အမျိုးသမီးနှင့်ကလေးသူငယ်တွေ ငတ်ပြတ်သေဆုံးနေတာ လူကြီးမင်းတို့ အသိဆုံးဖြစ်ပါတယ်။ အဲဒါထက် ပိုမို ပြီးတော့ ကြောက်စရာကတော့ ဆရာ ဦးတင်ဝင်းတင်ပြနေတဲ့ အကီဒါလွဲမှားမှုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အလ္လာဟ် ထံက ဝဟီဘဝတည်ဆောက်မှုလမ်းညွှန် ကုရ်အာန်ပါပြဌာန်းချက်ဥပဒေ စည်းမျဉ်းကနေ ယုံကြည်ချက် အကီဒါမလွဲမှားဖို့ အင်မတန်အရေးကြီးတယ်။ ဥပမာပေးပြောရရင် အလွန်အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်က လူတစ်ယောက်ကို ကိုက်လိုက်လို့ သေဆုံးသွားမည်ဆိုရင် အဲဒီလူဟာ ဒီလောက ကနေသေဆုံးသွားချင်ပေမယ့် လုပ်ရပ်ကောင်းမှုဟာ ပျက်စီးသွားမှာ မဟုတ်ဘူး။ အကယ်၍ မွတ်စလင်မ်တစ်ယောက်က ကုရ်အာန်က နည်းပေးလမ်းညွှန်တဲ့ စနစ်လမ်းကြောင်းကနေ အကီဒါ လွဲမှားချွတ်ချော်ပြီး အခြားအခြား အစ္စလာမ်အမည်ခံ ဘာဘာကြီးနှင့် ဒါရ်ဂါပူဂျာကိုးကွယ်မည်ဆိုရင်၊ ဒါမှမဟုတ် ကျွန်တော် စောစာကပြောခဲ့တဲ့ လွယ်လွယ်ကူကူ ပေါချောကောင်းဂျန္နသ်ရရှိဖို့အတွက် ရှာဟီဒီဘွဲ့၊ ဟာဂျီဘွဲ့ပေးနေတဲ့ သဗ်လိဂ် အမည်ခံ သာသနာ့သောကရှင် မွတ်စလင်မ်ဒုက္ခသည် လမ်းစဉ်ကို လိုက်ပြီးတော့ အလ္လာဟ်အရှင်မြတ်နှင့် ဖဇာအိလ်ကျမ်းအရ ရှရိက်လုပ်မိရင်တော့ အဲဒီလူရဲ့မျက်မှောက်ကာလ လုပ်ရပ်ဟာ လွဲချော်သွားပြီးတော့ အနာဂါတ်ကာလ အာခိရသ်မှာလည်း ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကုရ်အာန် စူရာဟ် (၂ရး၄+၅) ကိုလေ့လာကြည့်ပါ။
လူကြီးမင်းတွေကို ဆရာ ဦးသူရမရှိတဲ့နောက် ဝါကီယာပုံပြင်ပြောတာမရှိဘူး။ ဒီနေ့ကျွန်တော် ခင်ဗျားတို့ကို ပုံပြင် နှစ်ခုပြောပြမည်။ တစ်ခုကတော့ ငှက်နှင့်မျောက်၊ နောက်တစ်ခုကတော့ ကုန်မျိုးစုံဆိုင်ရှင် ဗနီယာနှင့် ဗလီဆရာအကြောင်းဖြစ် ပါတယ်။ အဲဒီတော့ ငှက်ကမျောက်ကို ဘာပြောခဲ့လဲဆိုရင် (ဟသ်သောအဆေထင်န်အောအာဆေ မုနိရှ်ရှောရော ရောခမ် ဘာချာဟနီ နောဗနိုင်ဗီဇောစ်ကီခါ ရောန်) ငှက်ကမျောက်ကို ဘာပြောခဲ့လဲ။ လက်လည်းရှိတယ်။ ခြေထောက်လည်းရှိတယ်။ လူသားနှင့်တူတယ်။ အိုးအိမ်မတည်ဆောက်ပဲ ဘာကြောင့်မိုးစိုခံတာလဲ။ အဲတော့ မျောက်မှ ဘာမှအဖြေမရှိပဲ စိတ်ဆိုး၊ ဒေါသ ထွက်ပြီး မျေက်ကဘာလုပ်လဲဆိုရင် သစ်ပင်ပေါ်မှာတက်ပြီး ငှက်ရဲ့အသိုက်ကို ဖျက်ဆီးလိုက်တယ်။
အဲဒီလိုဖျက်ဆီးခံရတဲ့အကြောင်းအရာနှင့်ပတ်သက်လို့ တင်ပြရရင် တစ်ချိန်တုန်းက ရပ်ကွက်ကျေးရွာမှာ ကုန်ခြောက် ရောင်းတဲ့ ကုန်စုံဆိုင်တွေရှိခဲ့တယ်မဟုတ်လား။ အဲဒီတော့ ကျေးရွာတစ်ရွာမှာရှိတဲ့ ကုန်စုံဆိုင်မှာ ဗလီဆရာတစ်ယောက်က တစ်လတစ်ခါ အကြွေးစားရင်းနဲ့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူကြတယ်။ အဲဒီလိုဝယ်ယူရင်းနှင့် နှစ်လရှိသွားပြီး ဗလီ ဆရာက အကြွေးမဆပ်ပဲနေတော့ ကုန်စုံဆိုင်ရှင် ဗနီယာက အီမာမ်ဆပ်ခင်ဗျား အကြွေးမဆပ်တာ နှစ်လရှိသွားပြီး အကြွေး ပြန်ဆပ်ပါလို့ပြောတော့ ဘာမှမပြောပဲနဲ့ ဗလီဆရာက သောကြာနေ့ဂျူမုအာဟ်မှာ ဘယ်လိုဟောလိုက်လဲဆိုရင် ရပ်ကွက်က ကုန်စုံဆိုင်ရောင်းပိုင်ရှင် ဗနီယာက ဝါဟာဘီဖြစ်သွားပြီ၊ အဲဒီဆိုင်ကပစ္စည်းတွေကို ဘယ်သူမှ မဝယ်နှင့်၊ ဒီသတင်းကို ဗနီယာကကြားတယ်။ လူကြီးမင်းခင်ဗျား အဲဒီ ဗနီယာဟာ မွတ်စလင်မ်မဟုတ်ပါဘူး။ ဟိန္ဒူဘာသာဝင်ဖြစ်ပါတယ်။ အဲတော့ ဗနီယာက ဗလီဆရာကိုဘာပြောခဲ့လဲဆိုရင် အီမာမ်ဆပ်အရင်ကျန်တဲ့ အကြွေးကိုမပေးနဲ့၊ နောင်ဝယ်မည့်ပစ္စည်းဖိုးပေးပါ ဆိုတော့ နောက်တစ်ပတ်သောကြာနေ့ ဂျူမုအာဟ်မှာ ဗလီဆရာက ဗနီယာဟာ စွန္နီဖြစ်သွားပြီလို့ ပြောတော့မှ လူတွေ အဲဒီ ကုန်စုံဆိုင်က ဈေးဝယ်ယူကြတယ်။
အဲဒီလို ဗလီဆရာတွေနှင့် ဗလီဆရာတွေရဲ့ နောက်လိုက်တွေ ရန်ကုန်မြို့မှာ အများကြီးတွေ့ရပါတယ်။ ဆရာ ဦးမြတ် သူ နှင့် ဒီ ၅၉လမ်း ဗလီက ဂျမာအသ်သားအချို့ပူးပေါင်းပြီးတော့ (၂၀၀၇) ခုနှစ်နောက်ပိုင်းမှာ ဘိုင်သုလ်မာလ်စနစ်နှင့် တစ်နိုင်တစ်ပိုင်ဈေးရောင်းစားတဲ့လူတွေကို ဥပမာ သာကေတ၊ တောင်ဥက္ကလာပ၊ တွံတေး၊ ဒလမြို့က ဗလီနှင့် ဂျမာအသ် ခါနာတွေမှာ လူ(၅)ယောက်တစ်ဖွဲ့ (၅)ယောက်တစ်ဖွဲ့ ဖွဲ့ပြီးတော့ လူတစ်ယောက်ကို ငွေကြေး (၃၀၀၀၀)ချေးခဲ့တယ်။ အဲဒီ ဗလီ၊ ဂျမာအသ်ခါနာ၊ မဒရ်ဆာတွေကို ဦးဆောင်တဲ့ အဖွဲ့အစည်းက ဘယ်လိုထင်မြင်ခဲ့လဲဆိုရင် (၅၉လမ်း) ဗလီရဲ့ဂျမာအသ် သားတွေက သူတို့ရဲ့ဗလီမဒရ်ဆာတွေကို လွှမ်းမိုးချုပ်ကိုင်ပြီး ကုရ်အာန်အသိပညာလွှမ်းမိုးသွားမှာစိုးလို့သာ သာကေတ နှစ်တောင်ဗလီရဲ့ ကော်မတီအပြောင်းအလဲဖြစ်တာနှင့် သူတို့ဆီက ငွေကြေး(၈၀၀၀၀၀)ကို ယူလာပြီးအပ်ခဲ့ပါတယ်။ ကျန်တဲ့ ဗလီနှင့် ဂျမာအသ်ခါနာမှာ ဘိုင်သွလ်မာလ်လူမှုကူညီရေးချေးငွေ စနစ်ဟာ ရပ်ဆိုင်းသွားပြီး ချေးငွေတွေလည်း ပြန်မရခဲ့ဘူး။ ဒါဘယ်သူတွေကြောင့်လဲ၊ ကုရ်အာန်နည်းကျ ဒီန်စနစ်ဇယား အစ္စလာမ်ကို ဆန့်ကျင်နေသော ဗလီဆရာနှင့် နောက်လိုက်အုပ်စု ကြောင့် ဖြစ်ပါတယ်။ ကျွန်တော်ပြောတာ မယုံရင် ဟာဂျီ ဦးကမားလ်ကို မေးကြည့်ပါ။
ဘိုင်သုလ်မာလ်ပရဟိတ လူမှုကူညီရေးကော်မတီကို (၅၉)လမ်း မတ်စ်ဂျိဒ်မှာစခဲ့တာပါ။ ဒီလိုပဲ မတ်စ်ဂျိဒ်ဗလီတိုင်းမှာ ဘိုင်သုလ်မာလ်ပရဟိတ လူမှုကူညီရေးကော်မတီ ဖွဲ့စည်းပြီးတော့ လူ့ဘဝရဲ့ လိုအပ်ချက်အစာအာဟာရအတွက်ပြဿနာကို ဖြေရှင်းမည်ဆိုရင် ရမဒွါန်လမှာ ဇကားသ်လိုက်တောင်းစားနေသူတွေရှိမှာ မဟုတ်ဘူး။ အဲဒီတော့ တိုးတက်မှု မြန်ဆန်တာ၊ ဒါမှမဟုတ် နှေးကွေးတာ၊ လူတွေရဲ့လုပ်ရပ်ပေါ်မှာ မူတည်ပါတယ်။ လူတွေ များများ မြန်မြန်လုပ်မည်ဆိုရင် တိုးတက်ဖွံဖြိုးမှု လည်း မြန်မြန်ဆန်ဆန်ဖြစ်လာမည်။ ဒါမှမဟုတ်နှေးနှေးကွေးကွေးဖြစ်လာမည်။ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)က မက္ကာဟ်မှာ (၁၃) နှစ်နေပြီးတော့ မဒီနာမြို့ကိုသွားပြီး (၁၀)နှစ်မှာ ဒီန်စနစ်ဇယား အစ္စလာမ် လူနေမှုစနစ်ကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်အရပြောရရင် ဘယ်ချိန်ဘယ်အထိ နှေးကွေးမှာလည်းဆိုရင် အလ္လာဟ်အရှင်မြတ်ရဲ့ ဥပဒေသနှင့်အညီ တစ်နေ့ကြိုးပမ်းရုန်းကန်လှုပ်ရှားမှုဟာ ကျွန်တော်တို့ရဲ့ နှစ်ပေါင်းတစ်ထောင်နှင့် ညီမျှနေ တယ်တဲ့။
အဲတော့ မရှိရာမှ ရှိရာသို့ ပြုစုပျိုးထောင်လမ်းညွှန်ရှင် (ရဗ်)ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ စည်းမျဉ်းဥပဒေသက တစ်ဆင့်ပြီးတစ်ဆင့် အထမြောက် အောင်မြင်စေမည့်အကြောင်း ယခုကျွန်တော်တင်ပြမည့် အာယသ်တော်ကို သေသေချာချာ စဉ်းစားမည်ဆိုရင် သိနားလည်သဘောပေါက်မှာဖြစ်ပါတယ်။ ကုရ်အာန်စူရာဟ် (၁၃) အာယသ် (၄၁)မှာ အလ္လာဟ်အရှင်မြတ် က ဘာပြောထားလဲ။ “အဓိပ္ပါယ်မှာ ငါအရှင်မြတ်သည် မြေကိုဘေးပတ်ဝန်းကျင်များမှာ (တဖြည်းဖြည်း) ယုတ်လျော့စေအောင် ပြုလုပ်လာတော်မူသည်ကို ၎င်းတို့ မမြင်ကြလေသလား။”(၁၃း၄၁) ဒါကတော့ အများကုရ်အာန်ဘာသာပြန်ဖြစ်ပါတယ်။ (အဝလမ်ယရောက်)ဆိုတာ သူတို့မတွေ့မမြင်မလေ့လာကြဘူးလား။ (အာန်နာ) ဧကန်အမှန်ငါအရှင်မြတ်က (နာအ်ထိ)ဆိုတာ ငါအရှင်မြတ်က ယူတော်မူမည်။ (အာလ်အာရ်ဇွာ) ကမ္ဘာမြေကို (နာန်ကုဆုဟာ)ဆိုတာ ငါအရှင်မြတ်က အဲဒီကမ္ဘာမြေကို ယုတ်လျော့ကျဉ်းမြောင်းစေမည်။ (မိန်အာသ်ရာဖိဟာ)အဲဒီ ကမ္ဘာမြေရဲ့နံဘေးများမှာ အလ္လာဟ်က ကျွန်တော်တို့ကို ဘာပြော ထားလဲ။ ငါအရှင်မြတ်က ကမ္ဘာမြေကို လက်ဝါးကြီးအုပ် ချယ်လှယ်စိုးပိုင်ချုပ်ကိုင်ထားတဲ့ လူတွေထံက ဧကန်အမှန်ငါအရှင် မြတ်က တဖြည်းဖြည်းပြန်လည်သိမ်းပိုက်ရယူနေတာကို အသင်တို့ မတွေ့မမြင်မလေ့လာဘူးလား။
ဒီအာယသ်တော်ရဲ့ တင်ပြချက်သဘောတရားကတော့ တစ်ချိန်တုန်းက ဒီကမ္ဘာဂြိုဟ်ကို အပိုင်းပိုင်း ပိုင်းခြားပြီးတော့ ကိုလိုနီပြုခဲ့တာ မဟုတ်လား။ နေမဝင်အင်ပါယာရှင်တွေ ရောမခေါမတို့ပါရှန်းတို့ အော်တိုမာန်တို့၊ နယ်မြေမြောက်များစွာကို မတရားသိမ်းပိုက်ပြီေးတာ့ မြေကမ္ဘာ၊ လေကမ္ဘာ၊ ရေကမ္ဘာ၊ မြေကမ္ဘာမှာရှိတဲ့ လူသားတွေကို ကျွန်ပြုခဲ့တာတွေကို သူတို့ရဲ့ချုပ် ကိုင်မှုကနေပြီးတော့ ယခုတဖြည်းဖြည်း လွတ်လပ်တဲ့နယ်မြေတွေဖြစ်သွားနေတာကို လူတွေမမြင်မတွေ့မလေ့လာဘူးလားလို့ အလ္လာဟ်ကမေးနေတာ။ “အဓိပါ္ပယ်မှာ အလ္လာဟ်အရှင်မြတ်သည် (မိမိအလိုရှိတော်မူသည်ကို) အမိန့်တော် ချမှတ်တော်မူလေ သည်။ ထိုအရှင်မြတ်၏ အမိန့်တော်ကို ရွှေ့ဆိုင်းနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် အလျင်းမရှိပေ။ ထိုမှတပါး ထိုအရှင်မြတ် သည် လျင်မြန်စွာစစ်ဆေးတော်မူသော အရှင်ဖြစ်တော်မူပေသည်။ ”(၁၃း၄၁) ဒါကတော့ အများကုရ်အာန်ဘာသာပြန်ဖြစ်ပါ တယ်။ (ဝလ္လာဟ်ဟုယဟ်ခုမု) ဆိုတာ အလ္လာဟ်အရှင်မြတ်ရဲ့ စီရင်ပိုင်းခြားဆုံးဖြတ်မှုကို (လမုအက်ကေဗ်)ပြန်ပြီးတော့ နောက်ဆုတ်အောင်ပြုလုပ်နိုင်သူ၊ ကန့်ကွက်နိုင်သူ၊ တားဆီးတွန်းလှန်ဖယ်ရှားနိုင်သူ တစ်ဦးတစ်ယောက်မှ မရှိဘူးလို့ ပြောတာ၊ (ဝဟုဝါ) အဲဒီအရှင်မြတ်ဟာ (ဆရီအွလ်ဟိဆာဗ်)ကတော့ လျင်မြန်စွာစာရင်း ဇယားကို စစ်ဆေးတော်မူမည့်အရှင်ဖြစ်ပါတယ်။
အထက်ပါ အာယသ်တော်ရဲ့ နည်းပေးလမ်းညွှန်ချက်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ စီရင်ပိုင်းခြားဆုံးဖြတ်မှု ဥပဒေ ပြဌာန်းချက်ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ အဲဒီစီရင်ဆုံးဖြတ်မှု အမိန့်တော်ရဲ့ ပြဌာန်းချက်ကို ဘယ်သူတစ်ဦး တစ်ယောက်မှ တားဆီးတွန်းလှန်ပျက်ပြယ်အောင် လုပ်လို့မရနိုင်သလို၊ ပြောင်းလဲဖယ်ရှားလို့လဲ ရနိုင်မှာမဟုတ်ဘူး။ အလ္လာဟ် အရှင်မြတ်ဟာ လူသားတို့ရဲ့လုပ်ကိုင်ဆောင်ရွက်မှု ဟူဟူသမျှကို အမြန်ဆုံးစစ်ဆေးတော်မူမည့် အရှင်ဖြစ်ပါတယ်။ ကျွန်တော် တို့ လူသားတွေရဲ့ ရေတွက်မှုအရဆိုရင်အပြီးတိုင် ပြီးပြည်စုံမှုကတော့ ရာစုနှစ်များစွာချီသွားတတ်ပါတယ်။ တကယ်တော့ မြေရှင်ပဒေသရာဇ်အင်ပါယာခေတ်၊ ကိုလိုနီခေတ်တွေဟာ ရာစုနှစ်များစွာပြီးမှ သဘာဝကျကျပြောင်းလဲပြီး ဇီဝိန်ကြွေသွားခဲ့ တာ မဟုတ်လော့။ လူတွေဖက်က မတရားဖိနှိပ်ခံရမှုကို တွန်းလှန်ဖယ်ရှားဖို့အတွက် ဆန္ဒပြင်းပြလွန်းရင်တော့ အလ္လာဟ်အရှင် မြတ်ထုတ်ပြန်ပို့ချထားတဲ့ ကုရ်အာန်ပါနည်းပေးလမ်းညွှန်မှု စည်းမျဉ်းစည်းကမ်း ဥပဒေသနှင့်အညီ လုပ်ကိုင်ဆောင်ရွက်မည် ဆိုရင် ခြေလှမ်းကိုပိုမိုပြီးတော့ မြန်ဆန်သွက်လက်စေမည်ဆိုရင် နှစ်ဦးနှစ်ဖက်အပြန်အလှန် ပံ့ပိုးမှု အပိုင်းကရရှိလာမှာဖြစ်ပါ တယ်။
ဆိုလိုတာက ဖိနှိပ်ခံရတဲ့လူတွေဖက်က အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ ဥပဒေသအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးပြီး အကောင်အထည်ပေါ်လာအောင် ပံ့ပိုးပေးမည်ဆိုရင် အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ အဲဒီ ဥပဒေသကလည်း လူတွေရဲ့ ကြိုးပမ်းအားထုတ်မှုမှာ ပံ့ပိုးပြီးတော့ ကူညီသွားမှာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သက်သေအထောက်အထား အရပြောရရင် ကုရ်အာန် စူရာဟ် (၄၇) အာယသ် (၇+၈)မှာ အလ္လာဟ်အရှင်မြတ်က သူ့ရဲ့အမိန့်ပြဌာန်းချက်ဥပဒေသကို သက်ဝင်ယုံကြည်ပြီး လက်တွေ့လိုက်နာကျင့်သုံးသူမှာ မုအ်မင်န်တွေကို ဘာပြောထားလဲ။ (ယာအိုင်ယူဟလ်လဇီန အာမနူ) အလ္လာဟ်က အို- အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ (အင်န်သန်ဆရုလ္လာဟ်) အကယ်၍ အသင်တို့က အလ္လာဟ်အရှင် မြတ်ကို ကူညီမည်ဆိုရင်၊ (ယန်ဆုရ်ကွန်မ်) အသင်တို့ကိုကူညီမည်။ (ဝယူဆဗ်ဗိသ) ခိုင်ခံ့မြဲမြံ စေတော်မူမည်။ (အာခ်ဒါ မကွန်မ်) အသင်တို့ရဲ့ ခြေထောက်တွေကို အသင်တို့ရဲ့ရပ်တည်ချက်တွေကို အလ္လာဟ်က ခိုင်ခံ့မြဲမြံစေမှာဖြစ်တယ်။
အလ္လာဟ်အရှင်မြတ်ချမှတ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေ ခိုင်လုံတိကျမှန်ကန်ကြောင်းသက်ဝင်ယုံကြည်သူတွေ ကို အလ္လာဟ်ကဘာပြောထားလဲ။ အကယ်၍ အသင်တို့က အလ္လာဟ်အ၇ှင်မြတ်ကို ကူညီမည်ဆိုရင် ဒီနေရာမှာ အလ္လာဟ်ကို ကူညီတယ်ဆိုတာ ဘာကိုပြောတာလဲ၊ အလ္လာဟ်မှာ ဘာတွေလိုအပ်နေလို့လဲ။ အလ္လာဟ်မှာ ဘာမှမလိုဘူး။ အနန္တစကြစဠာများ နှင့် ဒီကမ္ဘာဂြိုဟ်မှာရှိတဲ့ ရှိရှိသမျှအရာအားလုံးဟာ အလ္လာဟ်ပိုင်ဖြစ်ပါတယ်။ အလ္လာဟ်ဟာ လိုလေသေးမရှိပြည့်စုံပြီးသားဖြစ် တယ်။ မပြည့်စုံတာ၊ လိုအပ်နေတာ ကျွန်တော်တို့လူသားပဲဖြစ်တယ်။ ဒါကြောင့် လိုလေသေးမရှိ၊ ပြီးပြည့်စုံတဲ့ အလ္လာဟ်ပြ ဥပဒေသကို နာခံရိုကျိုးလိုက်နာ ကျင့်သုံးမည်ဆိုရင် အလ္လာဟ်အရှင်မြတ်ကလည်း အသင်တို့ကို ကူညီမည်။ (တစ်နည်း) ပြောရရင် အလ္လာဟ်ပြဥပဒေသက ကူညီမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကို ကျွန်တော်တို့ရပ်တည်ချက်ကို အင်အားစွမ်းပကား တွေကို ခိုင်ခံ့မြဲမြံစေတော်မူမည်။ အဲဒီတော့ အလ္လာဟ်ကို ကူညီတာ၊ အလ္လာဟ်ကို ချီးမွမ်းတာ၊ အလ္လာဟ်ကို ကျေးဇူးတင်တာ အလ္လာဟ်ကို ချစ်တဲ့ မြတ်နိုးတဲ့လူဆိုတာ အလ္လာဟ်အရှင်မြတ်ချမှတ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေကို နာခံရိုကျိုးလိုက်နာ ကျင့်သုံးအကောင်အထည်ဖော်မှသာလျှင် အလ္လာဟ်ကိုကူညီတာ၊ ချီးမွမ်းတာ၊ ကျေးဇူးတင်တာ၊ ချစ်မြတ်နိုးရာရောက်မည့် အကြောင်း တင်ပြရင်းနဲ့ ကျွန်တော်ရဲ့တင်ပြမှုကို ဒီနေရာမှာဘဲ ရပ်နားခွင့်ပြုပါ။