အစာအာဟာရအတွက် ပြဿနာ (အပိုင်း-၁၂) ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်

ဒီကနေ့ ယခုလို ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိ ချက် များကို တင်ပြခွင့်ရတဲ့အတွက် အလ်ဟမ်ဒုလိလ္လာဟ် ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာ ပြုရင်းနဲ့ ကျေးဇူး တင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချ ကူညီပံ့ပိုးပေးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်း တြင်ပခွင့်ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်းကျောင်းတော် မတ်စ်ဂျိဒ်ရဲ့လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ ခါဒီမွန်လို့ခေါ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာ ကြတဲ့ အမျိုးသား၊ အမျိုးသမီးများကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တင်ပြမည့် အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ ကျွန်တော်တြင်ပနေကျ အခန်းဆက် အစာအာဟာရ အတွက် ပြဿနာ အပိုင်း(၁၂)ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသမား၊ အမျိုးသမီးများ ခင်ဗျား ကျွန်တော် ရဲ့ တင်ပြမှုကို မရှင်းလင်းခဲ့ရင် ဂျူမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။
အတ်စလားမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟု
အလ္လာဟ်အရှင်မြတ်ချမှတ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေ ခိုင်လုံတိကျမှန်ကန်ကြောင်း သက်ဝင်ယုံကြည်သူ မုအ်မင်န်တွေကို အလ္လာဟ်ဘာပြောထားလဲ။ အကယ်၍ အသင်တို့က အလ္လာဟ်အရြှင်မတ်ကို ကူညီမည်ဆိုရင် အလ္လာဟ်က လည်း အသင်တို့ကို ကူညီမည်။ အဲဒီတော့ အလ္လာဟ်ကိုကူညီတယ်ဆိုတာ ဘာကိုပြောတာလဲ။ ဘယ်လိုကူညီရမှာလဲ။ အလ္လာဟ်မှာ ဘာတွေလိုအပ်နေလို့လဲ။ အလ္လာဟ်မှာ ဘာမှ မလိုဘူး။ အနန္တစကြစဠာများနှင့် ကမ္ဘာဂြိုဟ်မှာရှိတဲ့ ရှိရှိသမျှ အရာအားလုံးဟာ အလ္လာဟ်ပိုင်ဖြစ်ပါတယ်။ အလ္လာဟ်ကတော့ ပြီးပြည့်စုံပြီးသားဖြစ်တယ်။ မပြည့်စုံတာ လိုအပ်နေတာ ကျွန်တော်တို့ လူသားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် လိုလေသေးမရှိ ပြီးပြည့်စုတဲ့ အလ္လာဟ်ပြ ကုရ်အာန်ပါ ဥပဒေစည်းမျဉ်းတွေ ကို လိုက်နာကျင့်သုံးမည်ဆိုရင် အလ္လာဟ်ပြကုရ်အာန်ပါ ဥပဒေသက ကျွန်တော်တို့ကို ကူညီမည်။ အဲဒီတော့ အလ္လာဟ်ပြ ဥပဒေသက ကူညီမည်ဆိုတာ ကျွန်တော်တို့ရဲ့ ခြေထောက်တွေ၊ ရပ်တည်ချက်တွေ၊ ကျွန်တော်တို့ရဲ့လုပ်ကိုင်ဆောင်ရွက်မှုရဲ့ စွမ်းအားတွေကို ခိုင်ခံ့မြဲမြံစေတော်မူမည်။
အဲဒီတော့ အလ္လာဟ်ကို ကူညီတာ၊ ချီးမွမ်းတာ၊ အလ္လာဟ်ကို ကျေးဇူးတင်တာ၊ ချစ်တာ၊ မြတ်နိုးတယ်ဆိုတာ အလ္လာဟ်အရှင်မြတ်ချမှတ် ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေကို နာခံရိုကျိုးလိုက်နာကျင့်သုံးပြီး၊ အဲဒီဥပဒေသတွေကို အကောင်အထည်ဖော်မှသာလျှင် အလ္လာဟ်ကို ကူညီတာ၊ ချီးမွမ်းတာ ကျေးဇူးတင်တာ၊ ချစ်တာ၊ မြတ်နိုးတာ ရောက်မည်။ ဒီအကြောင်းအရာတွေကို ကျွန်တော် (၅-၇-၂၀၁၉)နေ့မှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခု အစာအာဟာရအတွက် ပြဿနာဆိုတဲ့ အပိုင်း(၁၂)ကို ဆက်လက်တင်ပြပါမည်။ ကျွန်တော် (၅-၇-၂၀၁၉)နေ့မှာ နောက်ဆုံးစူရာဟ် (၄၇)အာယသ် (၇)မှာ မုအ်မင်န် တွေနှင့်ပတ်သက်ပြီး တင်ပြခဲ့ပြီးပြီ။ ယခုစူရာဟ် (၄၇) အာယသ် (၈) မှာအလ္လာဟ်ပြကုရ်အာန်ပါ ဥပဒေသတွေကို မဟုတ် မမှန်ကြောင်းဆိုပြီး သွေဖည်ငြင်းပယ်သူ ကာဖိရ်တွေနှင့်ပတ်သက်ပြီး အလ္လာဟ်က ကျွန်တော်တို့ကို ဘာပြောထားလဲ။
အဓိပ္ပါယ်မှာ “သွေဖည်ငြင်းပယ်သောသူတို့၌မူ ပျက်စီးခြင်းသာလျှင် ရှိပေမည်။ ထိုမှတပါး ၎င်းတို့၏ကျင့်မူဆောင် ရွက်ချက်များကိုလည်း ထိုအရှင်မြတ်သည် အချည်းနှီးဖြစ်စေတော်မူပေမည်။ ” (၄ရး၈) ဒါကတော့ အများကုရ်အာန် ဘာသာပြန် ဖြစ်ပါတယ်။ (ဝလ်လဇီနာကဖရူး)အမှန်တရားကို သွေဖည်ငြင်းပယ်သူ ကာဖိရ်တွေဟာ (ဖသအ်ဆာန်) ဆိုတာ အမှတ်တမဲ့ထိမိ၊ လိမ့်ကျခြင်း၊ လဲကျခြင်း၊ ပျက်စီးဆုံးရှုံးခြင်းဆိုတာရှိမည်။ (လဟွမ်)အဲဒီ ကာဖိရ်တွေအတွက် (ဝအဇလ္လာ အအ်မာလဟွမ်)အဲဒီ ကာဖိရ်တွေရဲ့ (အမလ်)ဆိုတဲ့ လုပ်ကိုင်ဆောင်ရွက်မှုဟာ (အာဇလ္လာ)ဆိုတာ အကျိုးမဲ့၊ အချည်းနှီး ဖြစ်တာ။ ဆိုလိုတာက အလ္လာဟ်အရှင်မြတ် ချမှတ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေကို မဟုတ်မမှန်ကြောင်း ငြင်းဆိုပြီး သွေဖည်ဖုံးကွယ်သူကာဖိရ်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုဟာ အကျိုးမဲ့အချည်းအနှီးဖြစ်မှုရှိမည်။ အဲဒီတော့ မုအ်မင်န်ဆိုတာ အလ္လာဟ်ပြကုရ်အာန်ပါ ဥပဒေစည်းမျဉ်းတွေကို ခိုင်လုံတယ်။ တိကျတယ်။ မှန်ကန်တယ်ဆိုပြီး လိုက်နာကျင့်သုံး အကောင် အထည်ဖော်သူ၊ ကာဖိရ်ဆိုတာ အလ္လာဟ်ပြကုရ်အာန်ပါ ဥပဒေသစည်းမျဉ်းတွေကို မဟုတ်မမှန်ကြောင်းဆိုပြိး သွေဖည် ငြင်းပယ်သူဖြစ်တဲ့အတွက် အဲဒီကာဖိရ်လုပ်ရပ်နှင့်ပတ်သက်လို့ ကျွန်တော်တို့မပါအောင် ရှောင်ကြဉ်ရမည်လို့ပြောချင်ပါတယ်။
အဲဒီတော့ အလ်ဟာက် အမှန်တရားကို သွေဖည်ငြင်းပယ်သူကာဖိရ်တွေနှင့်ပတ်သက်ပြီး ကုရ်အာန်စူရာဟ် ယာစီန် စူရာဟ် (၃၆) အာယတ် (၄၇)မှာ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲဆိုရင် အဓိပ္ပါယ်မှာ “ထိုမှတပါး ၎င်းတို့အား အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်ချီးမြှင့်ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲလှူဒါန်းကြလေကုန်ဟု ပြောဆိုသောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့ကအလ္လာဟ်အရှင်မြတ်သည် အကယ်၍အလိုရှိတော်မူပါလျှင် ကိုယ်တော်တိုင် ကျွေးမွေးတော်မူမည်ဖြစ်သောသူတို့အား ကျွန်ုပ်တို့ ကျွေးမွေးကြရမည်လော။ အသင်တို့သည် ထင်ရှားစွာ သောလမ်းမှားမှု၌ ရှိနေကြသည်ဟု မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား ပြောဆိုကြကုန်သတည်း။ ”(၃၆း၄၇) ဒါကတော့ အများကုရ်အာန်ဘာသာပြန်ဖြစ်ပါတယ်။
ဒီအာယသ်တော်မှာ အလ္လာဟ်အရှင်မြတ်က အမှန်တရားကို လက်မခံသွေဖည်ငြင်းပယ်သူ ကာဖိရ်တွေကို ဘာပြော ခဲ့သလဲ။ အသင်တို့ကို အလ္လာဟ်အရှင်မြတ်က ထောက်ပံ့ပေးသနား ချီးမြှင့်ထားတဲ့ လူ့ဘဝရဲ့လိုအပ်ချက်(ရိဇိက်) အစာ အာဟာရ၊ အားသာချက်များအနက်မှ အချို့ကို အားလုံးပေးခိုင်းတာ မဟုတ်ဘူး။ အချို့ကို အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်လို့ ပြောခဲ့တော့ ကာဖိရ်တွေက ဘာပြန်ပြောခဲ့လဲ။ ငါတို့က အဲဒီ မုအ်မင်န်တွေကို ပေးကမ်းကျွေးမွေးရမှာလား။ အကယ်၍ အလ္လာဟ်အလိုရှိရင် အလ္လာဟ်ကိုယ်တိုင် ကျွေးမွေးနိုင်တယ်။ အလ္လာဟ်ကိုယ်တိုင် ကျွေးမွေးနိုင်တဲ့လူတွေကို ငါတို့က ကျွေးမွေးရမှာလား။ ဧကန်အမှန် အသင်တို့ဟာ ထင်ရှားရှင်းလင်းတဲ့ လမ်းလွဲမှားမှုကို ရောက်နေတယ်လို့ ကာဖိရ်တွေက မုအ်မင်န်တွေကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တယ်။
အဲတော့ ကျွန်တော်တွေ့ကြုံခဲ့တဲ့အကြောင်းကို တင်ပြမည်။ အရဗီတက္ကသိုလ်များအတွက် ရမဒွါန်လမှာ ဖြတ်ပိုင်းစာ အုပ်နှင့် ကျန်ဒါအလှူငွေကောက်တဲ့ ဆရာတစ်ယောက်က ဇကားသ် ဆွဒကာထိုက်ရင် ပေးလှူပါလို့တောင်းဆိုတော့ ကျွန်တော်က ဆွေမျိုးသားချင်းတွေထဲမှာ မပြေလည်သူတို့ကို ပေးပြီးပြီလို့ ပြောတော့၊ အဲဒီဆရာက ဘာပြောလဲဆိုရင် ကျွန်တော်တို့ ဒီန်သာသာနအတွက် အလုပ်လုပ်တဲ့လူတွေ၊ ကျွန်တော်တို့ကို ပေးရမည်။ အခြားအခြား လူတွေကို ဇကားသ် မပေးရဘူး။ ပေးရင်မပိုင်ဘူးတဲ့။ မဒရ်ဆာကို အကြောင်းပြပြီး ကျန်ဒါကောက်တဲ့လူတွေဟာ သူဆင်းရဲသားတွေရဲ့ ရပိုင်ခွင့်ကို ပိတ်ပင်ပြီး ရယူလိုချင်တဲ့လူတွေ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ တွေ့ရပါတယ်။
နောက်ပြီး ဥစ္စာဓနကြွယ်ဝချမ်းသာသူတွေက ငါတို့ချမ်းသာတဲ့ အုပ်စု၊ ဟိုလူတွေကတော့ ဆင်းရဲသားတွေ ဆိုပြီးတော့ ကျွန်တော်တို့ မွတ်စလင်မ်တွေ ရှေးအဗ္ဗာဆီဘုရင်တွေခေတ်က လုပ်ခဲ့သလို ခေတ်အဆက်ဆက်မှာလည်း ဓနရှင်နှင့် ဆင်းရဲသား ဆိုပြီးတော့ လူတန်းစားခွဲခြားတာ သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ရှေးဘုရင်တွေ ခေတ်မှာ သူတောင်းစားရပ်ကွက် ရှေးရွာတွေကို သီးခြားခွဲခြားထားခဲ့တာ သိရပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို ဘာပြောထားလဲ။ (လကဒ်ကရ်ရမ်နာဗနီးအာဒမ်) စူရာဟ် ၁၇ အာယသ် ၇၀ ကို လေ့လာကြည့်ပါ။ အဲဒီတော့ လူ့ဘဝရဲ့ လိုအပ်ချက်ဖြစ်တဲ့ အစာအာဟာရအတွက် ပြဿနာကို ဖြေရှင်းဖို့အတွက် ပူးပေါင်းဆောင်ရွက်ပြီးတော့ အတ္တကိုယ်ကျိုးစီးပွား နှင့် တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေကျမ်းတော်မြတ်ကုရ်အာန်ရဲ့ နည်းပေးလမ်းညွှန် စည်းမျဉ်းတွေကို သိရှိနားလည် လိုက်နာ ကျင့်သုံးမှသာလျှင် တရားမျှတပြီး ကောင်းမွန်အေးချမ်းတဲ့ လူသားဆန်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်ဖို့ဆိုတာ ရာစုနှစ်တွေ အများကြီး အချိန်ယူရမှာ မဟုတ်ပဲ၊ ရက်တိုတိုနှင့် လှမ်းလင့်နိုင်မှာဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်က နောက်ဆုံးစေလွှတ်ခဲ့တဲ့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)နှင့် တမန်တော်မြတ်ရဲ့ အဆ်ွဟဘ် ရဲဘော်ရဲဘက်နှင့် သမ္မတတွေရဲ့သက်စွန့်ဆံဖျား ကြိုးပမ်းအားထုတ်မှုကြောင့် ကမ္ဘာသမိုင်းမှာ နှိုင်းယှဉ်မပြနိုင်တဲ့ ကြီးမားတဲ့ အပြောင်းအလဲကို ခဏတာအချိန်ကာလအတွင်းမှာ အလ္လာဟ်ပြကုရ်အာန်ပါ ဒီန်စနစ်ဇယား အစ္စလာမ်လူနေမှုစနစ်ကို အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာသမိုင်းပညာရှင်တွေအတွက် ခဏတာအချိန်ကာလမှ အဲဒီလိုပြောင်းလဲမှုကို ဘာကြောင့်လုပ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ဒီကနေ့အထိ အသိရခက်တဲ့၊ ပဟေဌိဆန်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ပါတယ်။ တမန် တော်မြတ်မုဟမ္မဒ်(ဆွ)နှင့် သူရဲ့သမ္မတတွေ မရှိတဲ့နောက်မှာ တမန်တော်မြတ်ရဲ့နောက်လိုက်ဆိုတဲ့ ဟန်ဆောင်သူ မွတ်စလင်မ် ခေါင်းဆောင်တွေက ဥပမာပေးပြောရရင် ဒုတိယသမ္မတ အုမ်ရ်ဖာရွတ်ခ် (ရ -အ )ရဲ့ ဘဝဖြစ်စဉ် တီဗွီတွေကို လေ့လာကြည့်ပါ။ အဲဒီထဲမှာ အာဘူဆိုဖီယန်ရဲ့ စိတ်လိုက်မာန်ပါ ဆန့်ကျင်ဘက် လုပ်ရပ်ကို တွေ့ရတယ်။ တစ်ချိန်တု်းက ဆီးရီးယားဒေသကို အုပ်ချုပ်ခဲ့သူ အာမိရ်မုအာဝေယာဆိုသူဟာ အာဘူဆိုဖီယာန်ရဲ့သားဖြစ်ပါတယ်။ အဲဒီမှာ မုအာဝေယာက အရဗ်လူမျိုးကို အခြေခံတဲ့ အမျိုးသားရေးဝါဒ (Nationalism)ကို ရှေ့တန်းတင်ပြီးတော့ အလ္လာဟ်ပြကုရ်အာန်ပါ လူသားဆန်တဲ့ ဒီန်စနစ်ဇယားအစ္စလာမ်လူနေမှုစနစ်ကို စတင်ပုန်ကန်ခဲ့သူဖြစ်တယ်။
ဒီနေရာမှာ ကြားညပ်ပြောရရင် ဒီကမ္ဘာမှာ စစ်ပွဲကြီးနှစ်ခါဖြစ်ခဲ့တယ် မဟုတ်လား။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် ဆိုပြီးတော့ ပြောကြတယ်။ အဲဒီစစ်ပွဲကြီးနှစ်ကြိမ်ဖြစ်ခဲ့တာ အမျိုးသားရေးဝါဒ (Nationalism)ကြောင့် ဖြစ်ခဲ့တာပါ။ သို့သော် ယခုခေတ် အသိပညာရှင်၊ အတွေးအခေါ်ပညာရှင်တွေက အမျိုးသားရေးဝါဒကို နှစ်မျိုးခွဲခြားပြီး တင်ပြနေတာ သိရပါတယ်။ တစ်မျိုးက မိမိတို့နိုင်ငံမှာရှိတဲ့ တိုင်းသူပြည်သားနှင့် နိုင်ငံတော်ကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်တဲ့ အမျိုးသားရေးဖြစ်ပြီးတော့၊ နောက်တစ်မျိုးကတော့ မိမိတို့ရဲ့လူမျိုးကြီးစိုးရေးဝါဒဖြစ်ပါတယ်။ အဲဒီလူမျိုးကြီးစိုးရေးဝါဒကို အစွန်းရောက်ဝါဒလို့ ပြောနေကြ တယ်။ အဲဒီတော့ တမန်တော်မြတ်နှင့် သူ့ရဲ့သမ္မတတွေက အာရဗ်အမျိုးသားရေးဝါဒကို ကျင့်သုံးခဲ့တာ မဟုတ်ပါဘူး။ လူသား ဝါဒကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တမန်တော်မြတ်ရဲ့နောက်လိုက်ဆိုတဲ့ ဟန်ဆောင်သူ မွတ်ဆလင်မ် ဆိုသူ များက ကုရ်အာန်နည်းကျ အစ္စလာမ်လူနေမှုစနစ်ကို ကပြောင်းကပြန်လုပ်ပြီးတော့ အဲဒီလူတွေရဲ့အတွေးအခေါ်နှင့် ပြင်ဆင် ပြောင်းလဲပြီးတော့ အလ္လာဟ်အရှင်မြတ်ချမှတ်ပြဌာန်းထားတဲ့ ကုရ်အာန်ပါဥပဒေစည်းမျဉ်းတွေကို မလိုက်နာမကျင့်သုံးနိုင် အောင်လုပ်ခဲ့တာ ဒီကနေ့အထိတွေ့ရပါတယ်။ အဲတော့ ကုရ်အာန်ကျရောက်ခဲ့တဲ့ အာရဗ်နိုင်ငံတွေမှာ ကုရ်အာန်နည်းကျ မဟုတ်တော့၊ အခြားမွတ်ဆလင်မ်နိုင်ငံတွေလည်းဘဲ အလားတူဖြစ်နေတာတွေ့ရပါတယ်။
ဒါကြောင့် ကမ္ဘာတစ်ဝှမ်းမှာ အုပ်ချုပ်နေတဲ့ မွတ်ဆလင်မ်တွေရဲ့ နိုင်ငံတွေကို လေ့လာကြည့်ပါ။ နိုင်ငံတိုင်းလိုလို အေးချမ်းသာယာမှု ဖွံ့ဖြိုးတိုးတက်တာ ဆိုတာမတွေ့ရဘူး။ မငြိမ်းချမ်းမှု၊ သွေးထွက်သံယိုမှု၊ ဆင်းရဲမှုနှင့် အစာအာဟာရငတ် ပြတ်မှု၊ ဘေးဒုက္ခအမျိုးမျိုး နှင့် ရွှေ့ပြောင်းဒုက္ခသည်ဘဝနှင့် ကြုံတွေ့နေတာ လူကြီးမင်းများ အသိဆုံးဖြစ်ပါတယ်။ တစ်ချိန် တုန်းက ပူးပေါင်းပြီး ရယူခဲ့တဲ့ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကြီးက ပျောက်ကွယ်သွားခဲ့ပြီးဖြစ်ပေမယ့် အလ္လာဟ်ပြ ကုရ်အာန်ပါဥပေဒသကတော့ သူဟာနှင့်သူ၊ သူဘာသာသူဖြည်းဖြည်း မှန်မှန်နှုန်းနှင့်အကောင်အထည်ဖော်နေတာ တွေ့ရပါ တယ်။ ဒါပေမယ့် အလ္လာဟ်ပြကုရ်အာန်ပါနည်းပေးလမ်းညွှန်မှုကို လက်တွဲပူးပေါင်းဆောင်ရွက်ချင်တဲ့ ယုံကြည်မှုစိတ်ဆန္ဒမရှိ တဲ့အတွက်ကြောင့် မွတ်စလင်မ်တွေဟာ ဒီကနေအထိ ကံဆိုးမိုးမှောင်ကြုံတွေ့နေရတယ်လို့ ပြောချင်ပါတယ်။
ကုရ်အာန်နည်းကျ ဒီန်စနစ်ဇယား အစ္စလာမ်လူနေမှု စနစ်နှင့် ကွန်မြူနစ်စနစ်ဟာ ဒီစနစ်နှစ်ခုရဲ့ ခွဲခြားချက်မှာ ကုရ် အာန်နည်းကျ အစ္စလာမ်လူနေမှုစနစ်မှာ နိုင်ငံတော်ကို အုပ်ချုပ်သူတွေဟာ တိုင်းသူပြည်သားတွေကို ကုရ်အာန်နည်းကျ လူမှု ဘဝတည်ဆောက်မှုလမ်းညွှန်ချက်ကို မိတ်ဆက်ပေမယ့်၊ သွန်သင်ပေးမယ့် ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော်ကို အုပ်ချုပ်သူတွေရဲ့ အခြေခံတာဝန်ကတော့ တိုင်းသူပြည်သားရဲ့ရုပ်ပိုင်းဆိုင်ရာ လူ့ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်သာမကပဲ လူ့ကိုယ်ရည်ကိုယ်သွေး နဖ်စ်အစွမ်းအစကြီးထွားဖွံ့ဖြိုး တိုးတက်လာအောင် အကြောင်းခံ အရင်းအနှီးဘ၀ အ၀၀ကို စီမံဖန်တီးပေးရမည်။ အဲတော့ တိုင်းသူပြည်သားကို ကုရ်အာန်နည်းကျ လူမှုဘဝတည်ဆောက်မှု လမ်းညွှန်ချက်ကို မိတ်ဆက်ပေးမည့် သွန်သင်ပေးရင်းနဲ့ပဲ မိမိတို့ရဲ့အခြေခံတာဝန်ပိုင်းကို ဖြည့်ဆည်းပေးရင်းနဲ့ အစ္စလာမ်ဒီးန်စနစ်ကို သက်ဝင် ယုံကြည်ကျင့်သုံးလာမှာဖြစ်ပါတယ်။ အရေးကြီးတဲ့ မှတ်သားဖွယ်ရာပိုင်းကတော့ ကုန်ထုတ်လုပ်မှုအရင်းအနှီးတွေကို ချုပ်ကိုင် ထိန်းကွပ်ပြီး အာမခံပေးပြီး လူ့ဘဝရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစာအာဟာရအတွက်ပြဿနာကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင် ရမည်။
အဲဒါတွေကို ကြည့်ပြီးတော့ ကုရ်အာန်နည်းကျ ဒီန်စနစ်ကို ကျင့်သုံးမည့်နိုင်ငံကို ကွန်မြူနစ်နိုင်ငံနှင့် ယှဉ်တွဲပြီး တစ်သားတည်း ထပ်တူထပ်မျှဆိုပြီးတော့ ယူဆလို့မရဘူး။ ကျွန်တော်အဲဒီလို နှိုင်းယှဉ်ပြီး ဘာကြောင့် ပြောတာလဲဆိုရင် တစ်ချိန်တုန်းက ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ်တွေခေတ်စားခဲ့တဲ့ အချိန်မှာ ပါကစ္စတန်နိုင်ငံက မွတ်ဆလင်မ်အချို့က ဘာပြော ခဲ့လဲဆိုရင် ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ်ဟာ အစ္စလာမ်လမ်းစဉ်နှင့်ထပ်တူ ထပ်မျှဆိုပြီး ပြောခဲ့တယ်။ အမှန်မှာတော့ အဲဒီလိုပြောခဲ့တဲ့ လူတွေဟာ မွတ်စလင်မ်ဆိုသူအများစုက လက်ခံကျင့်သုံးနေသော ဘာသာရေးဆိုတဲ့ ကျောင်းတော်ဝါဒ မဇ်ဟဘ်ကိုပဲသိတယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ နည်းပေးလမ်းညွှန်သောဒီန်စနစ်ဇယား အစ္စလာမ်လူနေမှုစနစ်ကို အဲဒီ ကျောင်းတော်ဝါဒ မဇ်ဟဘ်ကြောင့် ပါကစ္စတန်နှင့် အခြားအခြားမွတ်စလင်မ်နိုင်ငံတွေက ဒီကနေ့အထိဘယ်နိုင်ငံတော်မှ ကုရ်အာန်နည်းကျ ဒီန်စနစ်ဇယား အစ္စလာမ်လူနေမှုစနစ် (တစ်နည်း)ပြောရရင် အစ္စလာမ်လူနေမှုဘဝကို အကောင်အထည် ဖော်နိုင်တာမရှိဘူး။ အဲဒီတော့ အစ္စလာမ်လူနေမှုစနစ်နှင့် ကွန်မြူနစ်စနစ်၊ ဒီန်စနစ်နှစ်ခုရဲ့ကြားမှာ ကွဲပြားတဲ့ ခြားနားတဲ့ ကမ္ဘာ တစ်ရပ်ရှိနေပါတယ်။ အဲဒီတော့ ကွန်မြူနစ် ဒါမှမဟုတ် ဒီမိုကနေရေစီနိုင်ငံတွေကို အုပ်ချုပ်တဲ့သူတို့ရဲ့ လှုပ်ရှားမှုကို ချုပ်ကိုင် ထိန်းကွပ်ပေးမည်။ မချိုးဖောက်နိုင်တဲ့၊ မပျက်စီးနိုင်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေသ မဟုတ်ဘူး။ အုပ်ချုပ်တဲ့လူသားတွေက လူ့အသိ၊ လူ့အတွေးအခေါ်နှင့်စဉ်းစားပြီး ရေးဆွဲပြောင်းလဲပြင်ဆင်ပြဌာန်းတဲ့ ဥပဒေ ဖြစ်ပါတယ်။
ကျောင်းတော်ဝါဒ မဇ်ဟဘ်ကို ယုံကြည်လိုက်နာကြတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်ဆိုသူများက ကွန်မြူနစ် စနစ်ရဲ့ သဘောတရားကို မသိဘူး။ အဲတော့ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ်နှင့်ပတ်သက်လို့ ကွန်မြူနစ်စနစ်နှင့် ပတ်သက်လို့ စာအုပ်ပေါင်း မြောက်များစွာထုတ်ဝေခဲ့တဲ့ (အလ္လမာပရ်ဝီဇ်)က ကုရ်အာန်နည်းကျ ဒီနစ်စနစ်ဇယား အစ္စလာမ် လူနေမှုစနစ်ကို ရေးသားဖော်ထုတ်ပြခဲ့တာကြောင့် မဇ်ဟဘ်ဘာသာရေးအုပ်စုတွေက အဲဒီစာအုပ်တွေကို ဖတ်တဲ့မွတ်စလင်မ် တွေကို (ပရ်ဝေဇီ)ဆိုပြီး သတ်မှတ်ပြီးတော့ အလ္လာမဟ်ဂူလာမ်အဟ်မဒ်ပရ်ဝေဇ်ရဲ့စာအုပ်တွေကို မကိုင်နဲ့ မဖတ်နဲ့လို့ ပြောထား တယ်။ ဒါပေမယ့် ဘာသာရေးခေါင်းဆောင်ဆိုသူ မော်လဝီတွေ သေဆုံးသွားတဲ့အခါ သူတို့ရဲ့အိမ်ထဲကနေ ပရ်ဝေးဇ်ရဲ့ စာအုပ် တွေထွက်ပေါ်လာခဲ့တာ သိရပါတယ်။ ပရ်ဝေးဇ်ဆိုတာ ဂိုဏ်းဂဏနာမည်မဟုတ်ပါဘူး။ ကလောင် နာမည်ဖြစ်ပါတယ်။ နာမည်အရင်းကတော့ ဂူလာမ်အဟ်မဒ်ဖြစ်ပါတယ်။ ပရ်ဝေးဇ်ကတော့ ကလောင်နာမည်ဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်ဟာ (မင်န်ရဗ်ဗိလ်အာလာမီးန်) စကြဝဠာအပေါင်းကို မရှိရာမှ ရှိရာသို့ အဆင့်ဆင့်ပြုစု ပျိုးထောင်လမ်းညွှန်ရှင် (ရဗ်)ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်ပါတယ်။ (၁၀း၃၇) ကျမ်းတော်မြတ်ကုရ်အာန်ဟာ (ဇိက်ရုလ် လိလ်အာလမီးန်)စကြဝဠာအပေါင်းအတွက် သတိပေးနှိုးဆော်သွန်သင်ဆုံးမမှုနှင့်ပတ်သက်ပြီး တစ်ခုတည်းသော မူလရေ သောက်မြစ်ဖြစ်ပါတယ်။ (၃၈း၈၇) ဒီကျမ်းတော်မြတ်ကုရ်အာန်ဟာ လူသားတွေကို စိတ်ကူးယဉ်ဆန်တဲ့ လမ်းလွဲမှား စေတဲ့ မသန့်ရှင်းတဲ့ (သအ်ဝီးဇ်ရေးတဲ့နည်း၊ ရေမာန်းပေးတဲ့နည်း၊ ဗေဒင်တွက်တဲ့နည်း၊ ဂျာဒူကုသတဲ့နည်း၊ သမီးရည်းစားချစ် ကြိုက်အဆင်ပြေတဲ့နည်းနှင့် ရှိခိုးပူဇော်ပသမှုနည်း)တွေကို သင်ပေးတဲ့ကျမ်းမဟုတ်ပါဘူး။
ဒါဆိုရင် ကုရ်အာန်က ဘာကိုသင်ပေးသလဲ။ ကျမ်းတော်မြတ်ကုရ်အာန်က လူသားတွေကို ကုရ်အာန်ရဲ့စည်းမျဉ်း ဥပဒေ ဘောင်ထဲမှာ သဘာဝကျကျ လက်တွေ့လော၈ျစ်ကျကျ လုပ်ရပ်တွေကို လိုက်နာကျင့်သုံးပြီး ရှင်သန်ထက်မြက်ဖွံ့ဖြိုး တိုးတက်စေမည့် ဘဝတည်ဆောက်နည်း လမ်းညွှန်ချက်သင်ပေးတဲ့ ပြီးပြည့်စုံတဲ့ခိုင်လုံတိကျမှန်ကန်တဲ့ ကျမ်းဖြစ်ပါတယ်။ အဲတော့ တစ်ချိန်တုန်းကတော့ တောင်ကျောက်ဆောင်ရဲ့အုတ်ဂူထဲမှာ နေခဲ့တဲ့ လူသားဟာ လူ့ဘဝရဲ့ခရီးအဆက်ဆက်ကို ဖြတ်သန်းရင်းနဲ့လူ့လောက ကမ္ဘာဂြိုဟ်ကနေပြီးတော့ ဒီကနေ့ လကမ္ဘာနှင့် အခြားအခြား ဂြိုဟ်တွေဆီကို လေ့လာရေးခရီး ထွက်ကြတယ်မဟုတ်လား။ အာကာသပေါ်မှာ အခိုင်အမာစခန်းတွေ တည်ဆောက်ကြတယ်မဟုတ်လား။ ဒီနေရာမှာ လူသားရဲ့ ရုပ်ပိုင်းဆိုင်ရာကဏ္ဍ၊ physical body (တစ်နည်း)ပြောရရင် လူသားရဲ့ရုပ်ပိုင်းဆိုင်ရာသက်တမ်း (သဗ်အီနေဇာမေ ဟာယသ်) physical life လို့ခေါ်တဲ့ လူ့ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြုစုပျိုးထောင်ပေးမှုစနစ်ဟာ အလွန်မတန် အရေးကြီးပါတယ်။ အဲဒီစနစ်ဟာ ကွန်မြူနစ်စနစ်မဟုတ်ဘူးနော်။ အစ္စလာမ် လူနေမှုစနစ်ဖြစ်ပါတယ်။
အမှန်မှာတော့ လူသားတွေလိုက်နာကြတဲ့ စနစ်တွေ၊ လမ်းစဉ်တွေ၊ ကိုယ်ကျင့်တရားတွေ၊ ယဉ်ကျေးမှုတွေ အမျိုးမျိုး သော ကျင့်စဉ်ကျင့်ရပ် (အေဗာဒသ်)ဘာသာရေးစည်းမျဉ်းတွေဟာ လူတစ်ယောက်ချင်း၊ ဒါမှမဟုတ် အုပ်စုလိုက် စုပေါင်းပြီးတော့ တာဝန်ရှိလို လုပ်နေကြတဲ့လုပ်ရပ်ဟာ အသက်ရှင်လှုပ်ရှားနေတဲ့လူတွေအတွက်သာ ဖြစ်မယ့်အတွက်တော့ မဟုတ်ပါဘူး။ အဲဒီ သေဆုံးသွားတဲ့ လူသေအလောင်းဟာ မုအ်မင်န်လည်းမဟုတ်၊ ကာဖိရ်လည်းမဟုတ်တာဆို ဘာမှအပြစ်ရှိသူမဟုတ်ပါ။ အဲဒီ သေဆုံးသွားတဲ့ အသက်မရှိသောလူသေအလောင်းပေါ်မှာ ဘာဆိုဘာမှ တာဝန်မရှိသလို၊ လူသားရေးရာ၊ ကိစ္စနှင့်ပတ်သက် လို့ တာဝန်ပိုင်းဆိုင်ရာနှင့် လွတ်ကင်းသူဖြစ်ပါတယ်။ အဲဒီအသက်မရှိသော ရုပ်ကိုယ်ခန္ဓာဟာ ဆေးလောကမှာ ဆေး တက္ကသိုလ်မှာ သုတေသနလုပ်ဖို့ အသုံးဝင်ပေးမယ့်၊ အသက်ရှင်နေသော ရုပ်ခန္ဓာကိုယ်နှင့်လူဟာ အလွန်မတန် တန်ဖိုး ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်စူရာဟ် (၅) အာယသ် (၃၂)မှာ ကျွန်တော်တို့ကို ဘာပြောထား လဲ။
“မည်သူမဆို အကြင်သူတစ်ယောက်အား အသက်တစ်ချောင်း၏ အစားမဟုတ်ဘဲ၊ တိုင်းပြည်၌ ဆူပူသောင်းကျန်းမှု ကို ပြုလုပ်ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည် လူခပ်သိမ်းတို့ကို သတ်ဖြတ် ဘိသကဲ့သို့ပင်ဖြစ်၏။” (၅း၃၂) ဒါက အများကုရ်အာန်ဘာသာပြန်ဖြစ်ပါတယ်။ အဲဒီတော့ (မာန်ကသလနဖ်စ်ဆာန် ဘေဂိုက်ရေ နဖ်စ်ဆိန်) အလ္လာဟ်ကဘာပြောထားလဲ။ မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ် နဖ်စ်လူသားတစ်ယောက်က အခြားနဖ်စ်လူသား တစ်ယောက်ကို အပြစ်မရှိပဲ သတ်ဖြတ်သေဆုံးစေမည်ဆိုလျှင် (အဝေါက်ဖ်ဆာဒိန်ဖိလ်အရ်ဒွိ) ဒါမှမဟုတ် ကမ္ဘာဂြိုဟ် (တစ်နည်း) ပြောရရင် နယ်မြေဒေသတိုင်းပြည်မှာ သက်ရှိတွေတည်ငြိမ်အေးချမ်းစွာရပ်တည်ပြီးတော့ ဘဝတည်ဆောက်မှုကို (ဖဆာဒီ)ကမောက်ကမ၊ ကစဉ့်ကလျား၊ ဖရိုဖရဲဖြစ်အောင်လုပ်မည်။ မငြိမ်မသက်အောင်လုပ်မည်။ ဖျက်လိုဖျက်ဆီးအောင် လုပ်မည်ဆိုလျှင် (ဖခအန်နမာ ကသလန်နာဆာဂျမီးအာန်) လူသားအားလုံးကို သတ်ဖြတ်တာနှင့်တူတယ်လို့ အလ္လာဟ်က ပြောထားတယ်။
အဲဒီတော့ အပြစ်မရှိသော လူသားတစ်ယောက်ကို သတ်ဖြတ်ခြင်း၊ ဒါမှမဟုတ် တည်ငြိမ်အေးချမ်းတဲ နယ်မြေဒေသ တိုင်းပြည်ကို မငြိမ်မသက်၊ ကစဉ့်ကလျား၊ ဖရိုဖရဲဖြစ်အောင်လုပ်သူဟာ ရှိရှိသမျှ လူသားအားလုံးကို သတ်ဖြတ်တာ၊ ဒါမှ မဟုတ် ပတ်ဝန်းကျင်မှာ မီးရှို့နယ်မြေရှင်းလင်းပြီး ဒုက္ခသည်ဘဝရောက်အောင် လုပ်တာဟာ အဲဒီလူတွေရဲ့ဘဝတိုးတက်မှုကို အညွန့်တုံးအောင်လုပ်ခြင်းဟာ သတ်ဖြတ်တာနှင့်တူတယ်။ အဓိပ္ပါယ်မှာ “မည်သူမဆို လူတစ်ဦးတစ်ယောက်ကို အသက်ဘေး အန္တရာယ်မှ ကယ်ဆယ်ခြင်းအားဖြင့် အသက်ရှင်စေခဲ့ပါမူ၊ ထိုသူသည် လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ဖြစ်၏။” ဒါကတော့ အများကုရ်အာန်ဘာသာပြန်ဖြစ်ပါတယ်။ (ဝမာန်အာဟ်ယာဟာ) မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ် လူသား တစ်ယောက်ပဲဖြစ်ဖြစ် လူသားတစ်ယောက်က အခြားလူသားတစ်ယောက်ရဲ့ အသက်ကို ရှင်စေမည်ဆိုရင် (ဖခအန်နမာ အာဟ်ယာ) သူဟာရှင်သန်စေတာဖြစ်တယ်။ ဘာကိုလဲ။ (အာဟ်ယာန်နာဆ ဂျမီအာန်) အဲဒီလူဟာ လူသားအားလုံးကို အသက်ကယ်ရှင်သန်စေတာဖြစ်မည်။
ကျွန်တော် ဖတ်ရွတ်တင်ပြခဲ့တဲ့ စူရာဟ် (၅) အာယသ် (၃၂) အရ ဒီကနေ့ကမ္ဘာနိုင်ငံအချို့မှာ လူတစ်စုက မိမိကိုယ်ကို မွတ်ဆလင်မ်ဆိုတဲ့ အမည်နှင့် အလ္လာဟ်ဟုအက္ကဘရ်အော်ဟစ်ပြီး အသေခံဗုံးကျဲ၊ ဒါမှမဟုတ် လက်နက်မျိုးစုံသုံး ပြီး အပြစ်မရှိတဲ့ လူတစ်ဖက်သားတွေကို သေဆုံးစေတာ၊ ဒါမှမဟုတ် အဆိပ်ပြင်းတဲ့လက်နက်တွေကို သုံးပြီးလူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပျက်စီးအောင်လုပ်တာ ဒဏ်ရာဒဏ်ချက်နှင့်သေဆုံးစေတာနှင့်ပတ်သက်ပြီး ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ ကမ္ဘာသတင်းမီဒီယာမှာ ကြားသိမြင်တွေ့နေတာမဟုတ်လား။ အဲဒီလို အပြစ်မရှိပဲ သတ်ဖြတ်သေဆုံးခြင်းခံရတဲ့ လူတွေထဲမှာ အမျိုးသမီးနှင့် ကလေးသူငယ်တွေပါတာ တွေ့ရပါတယ်။ အဲဒီလိုလက်နက်မျိုးစုံ သုံးပြီးတော့ လူပေါင်းမြောက်များစွာကို သတ်ဖြတ်၊ မီးရှို့ဒုက္ခသည်ဘဝရောက်တဲ့နောက် အကောင်အထည်ဖော်နေကြတဲ့ လူမျိုးစုဝါဒ၊ မျိုးနွယ်စုဝါဒ၊ ဂိုဏ်းဂဏဝါဒ၊ ရှီအာဝါဒ၊ စွန္နီဝါဒဟာ ကျမ်းတော်မြတ်ကုရ်အာန်က နည်းပေးလမ်းညွှန်နေသော ဒီန်စနစ်ဇယား အစ္စလာမ်လူနေမှုစနစ်ကို အကောင်အထည်ဖော်တာလား။
ဒါမှမဟုတ် ကမ္ဘာအရှေ့အလယ်ပိုင်းမှာ ဖိရ်အောင်န် ဘုရင်စနစ်နှင့်အုပ်ချုပ်နေသော ဝါဟာဘီ အစွန်းရောက် ဝါဒနှင့် ဂျူးနှင့် ခရစ်ယာန်တွေရဲ့အလိုကျ၊ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း ဒီမိုကရေစီဝါဒကို လွှမ်းမိုးနိုင်အောင်လုပ်တာ မဟုတ်ဘူးလား။ ဒါကတော့ ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ လူသားဝါဒ အစ္စလာမ်လူမှုဘဝကို အကောင်အထည်ဖော်တာ မဟုတ်ပဲ၊ ကုရ်အာန်ဆန့်ကျင်ဘက် ဂိုဏ်းဂဏဝါဒ၊ ကျောင်းတော်ဝါဒ၊ မဇ်ဟဘ်ကို အကောင်အထည်ဖော်နေတယ်လို့ ပြောချင်ပါတယ်။ အဲဒီလို အပြစ်မရှိတဲ့လူတွေကို သတ်ဖြတ်ခြင်းခံရတဲ့လူတွေထဲမှာ မုအ်မင်န်တွေလည်းပါတယ်။ အဲဒီလို မုအ်မင်န်တွေကို သတ်ဖြတ်သူတွေနှင့် ပတ်သက်ပြီး ကုရ်အာန် စူရာဟ် (၄) အာယသ် (၉၃) မှာ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲ။ (ဝမိုင်ယက်သုလ်)ဆိုတာ မည်သူမဆို သတ်ဖြတ်သေဆုံးစေမည်ဆိုရင်၊ (မုအ်မိနာန်) အီမာန်သက်ဝင်ယုံကြည် မုအ်မင်န်တစ် ယောက်ကို (မုသအမ်မေဒါန်)ဆိုတာ တမင်သက်သက်ကြံစည်သူအဖြစ် မုအ်မင်န်တစ်ယောက်ကို သတ်ဖြတ်မည်ဆိုရင် (ဖဂျဇာအိုဟု)အဲဒီလိုသတ်ဖြတ်သူအတွက် အကျိုးဆက်ရလဒ်ကတော့ အဲဒီလူအတွက် လောင်ကျွမ်းစေမည့် ဂျဟန္နမ်ငရဲပင် ဖြစ်မည်။ အဲဒီအထဲမှာ ယာယီခေတ္တခဏ နေရမှာ မဟုတ်ဘူးနော်။ (ခါလေဒါန်ဖီဟာ)ဆိုတာ အဲဒီလူသတ်သမားဟာ အဲဒီ ဂျဟန္နမ်ငရဲထဲမှာ (ခါလေဒါန်)ထာဝရနေရမည်။ (ဝဂါဇေဗလ္လာဟ်ဟု) နောက်ပြိးတော့ အလ္လာဟ်အရှင်မြတ်ရဲ့ အမျက်တော်ဟာ (အာလိုက်ဟိ)အဲဒီ လူသတ်သမားပေါ်မှာ (ဝလအာနဟု) အဲဒီလူသတ်သမားပေါ်မှာ (လာအ်နသ်)တစ်နည်းပြောရရင် အဲဒီ လူသတ်သမားဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ရဟ်မသ်ကရုဏာတော်မှ ကင်းဝေးစေမည်။ (ဝအာအဒ်ဒါလဟု) အဲဒီ လူသတ်သမားအတွက် အလ္လာဟ်က အဆင်သင့်ပြုလုပ်ထားတော်မူမည်။ ဘာကိုလဲ (အဇာဗာန်အာဇီမာန်) အဲဒီလူသတ်သမား အတွက် အလ္လာဟ်က ကြီးလေးပြင်းထန်သော အပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်ထားမှာဖြစ်တယ်။
“စင်စစ် မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ် အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တစ်ယောက်ကို တမင်သက်သက် ကြံစည်ပြိး သတ်ဖြတ်သေဆုံးစေမည်ဆိုရင် အဲဒီလိုသတ်ဖြတ်မှုရဲ့ အကျိုးဆက်ရဲ့ ရလဒ်ကတော့ ဂျဟန္နမ်ပင်ဖြစ်မည်။ အဲဒီလို သတ်ဖြတ်သူ လူသတ်သမားဟာ ဂျဟန္နမ်ဆိုတဲ့ ငရဲထဲမှာ ထာဝရလောင်ကျွမ်းနေမည်။ နောက်ပြီးတော့ အလ္လာဟ်အရှင် မြတ်က အဲဒီလူသတ်သမားပေါ်မှာ အမျက်တော်ထားတော်မူတဲ့အတွက်ကြောင့် အဲဒီလူသတ်သမားဟာ အလ္လာဟ်အရှင်မြတ် ရဲ့ ရဟ်မသ်ကရုဏာတော်မှ ကင်းဝေးစေပြီး သူ့အတွက် ကြီးလေးပြင်းထန်တဲ့ အပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်ထားမှာ ဖြစ်ပါတယ်။” (၄း၉၃) ဒါကတော့ ရိုးရိုးလေးဘာသာပြန်ဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့အား ဒီန်စနစ်ဇယားအစ္စလာမ်လူမှုဘဝကို တည်ဆောက်နိုင်တဲ့ စွမ်းအား ပေးသနားချီးမြှင့်တော်မူပါလို့ ဆုမွန်ကောင်းတောင်းဆိုရင်းနဲ့ ကျွန်တော့်ရဲ့ခွတ္တဗာဟ် ပထမပိုင်းကို ဒီနေရာမှာပဲ ရပ်နားခွင့်ပြု ပါ။