အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေခြင်း (23.5.2014) ကုရ်အာန်သုတေသီ ဦးမြင့်အောင်

အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကိုရှာဖွေခြင်း
ကုရ်အာန်သုတေသီ ဦးမြင့်အောင်
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော်ယခုတင်ပြမယ့်ခေါင်းစဉ်ကတော့ `အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကိုရှာဖွေခြင်း´ ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကျွန်တော်အနေနဲ့ ဘာကြောင့်တင်ပြရသလဲဆိုတော့ အကြောင်းအရင်း (၃)ချက်ရှိပါတယ်။
(၁) ယနေ့ခေတ်မွတ်ဆလင်မ်အသိုင်းအ၀ိုင်းမှာ ယုံကြည်ချက်မှစပြီး လုပ်ဆောင်ချက်အမလ်တိုင်းဟာ အလ္လာဟ် အရှင်မြတ်ရဲ့ပြဋ္ဌာန်းချက်တွေ ဟုတ်မဟုတ် ပြန်လည်စမ်းစစ်နိုင်ကြစေရန်။
(၂) ယနေ့ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ အခက်အခဲပြသနာအရပ်ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး စတဲ့အရေးကိစ္စအ၀၀မှာ မမျှတမှုတွေဖြစ်ပေါ်နေတာဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုမှ ကင်းဝေးနေခြင်းကြောင့်ဖြစ်တယ်ဆိုတာ သုံးသပ်နိုင်ကြစေရန်။
(၃) အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို အမှန်တကယ်ရယူလိုတယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ရဲ့ ပြဋ္ဌာန်း လမ်းညွှန်ချက်အတိုင်းလိုက်နာမှသာ ရရှိနိုင်မှာဖြစ်တယ်ဆိုတာကို တင်ပြလိုခြင်းတွေကြောင့် ဤခေါင်းစဉ်ကို ရွေးချယ်ရခြင်းဖြစ်ပါတယ်။
လူသားတိုင်း လူသားတိုင်းဟာ ထာဝရအောင်မြင်မှုကိုသာ လိုလားတောင့်တကြပါတယ်။ ဆုံးရှုံးမှုကို ဘယ်သူကမှ မလိုလားကြပါဘူး။ အဲဒီအတွက်လည်း အောင်မြင်မှုရှိမည့်လုပ်ဆောင်ချက်တွေကိုသာ ရွေးချယ်လုပ် ဆောင်လေ့ရှိကြပါတယ်။ ဒါမှသာ မိမိမနှစ်သက်တဲ့ဆုံးရှုံးမှုတွေ၊ အကျိုးပျက်ပြားစေမှုတွေကို ဖယ်ရှားနိုင်မှာဖြစ်ပါ တယ်။ ဒါပေမဲ့ တစ်ချို့လူတွေကျတော့ မိမိတို့လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေဖြစ် လာပြီးတော့ မိမိတို့လုပ်ရပ်တွေနှင့် ပြောဆိုရေးသားမှုတွေကြောင့် မိမိနှင့်မိမိပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို နစ်နာဆုံးရှုံးစေပါတယ်။ ဒါကြောင့် မိမိရဲ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြီးအကျိုးရှိမှ မိမိလည်းအကျိုးရှိမယ်။ အောင်မြင်တဲ့လူ့အဖွဲ့အစည်းကြီးကိုလည်း တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် အောင်မြင်မှုဆိုတာဟာ မိမိတို့ရဲ့လုပ်ရပ်တွေကြောင့် ရရှိလာတဲ့အကျိုးဆက်သာဖြစ်ပါတယ်။ အဲဒီလိုပဲ ဆုံးရှုံးမှုဆိုတာလည်း မိမိတို့တစ်ဦးချင်း တစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်တွေကြောင့် ရရှိလာတဲ့ဆိုးကျိုး ရလဒ်တွေသာဖြစ်ပါတယ်။ အဲဒီအတွက် ထာဝရအောင်မြင်မှုရရှိမယ့် လုပ်ရပ်တွေဟာဘာတွေလဲ။ မွတ်ဆလင်မ်ဆို သူတွေရဲ့ ဘာသာရေးလောကမှာ ကျင့်စဉ်ကျင့်ရပ်တွေက အများကြီးပါပဲ။ ဥပမာအားဖြင့် နမားဇ်ငါးကြိမ်ကို ဂျမာအသ်နှင့်တကွဖတ်ခြင်း၊ အခြားနမားဇ်များဖတ်ခြင်း၊ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော်တွေနှင့် အခြားဝဆီဖာ တွေကို စိတ်ပုတီးနှင့် အပတ်ပေါင်းများစွာစိတ်ခြင်း၊ ကုရ်အာန်ကို တတ်နိုင်သရွေ့ဖတ်ခြင်း၊ တမန်တော်အပေါ် ဒရူးဒ်ပို့သခြင်း၊ တမန်တော်၏စွန္နသ်တော်ဟုခေါ်သော တမန်တော်၏အလေ့အထများကိုလိုက်လုပ်ခြင်း စတဲ့ဘာ သာရေးဆိုင်ရာ ကျင့်ကြံအားထုတ်မှုတွေအများကြီးပါပဲ။ အဲဒီကျင့်ကြံအားထုတ်မှုတွေဟာ အကျိုးစ၀ါးဗ်ရဖို့ကိုသာ မျှော်ကိုးကြပါတယ်။ ဒီအမလ်ကိုလုပ်ရင် ဘယ်နှစ်ဆ၊ ဟိုအမလ်ကိုလုပ်ရင် ဘယ်နှစ်ဆရမယ်။ ဒါနဲ့ပဲ ကျေနပ်နေကြ ပါတယ်။ မိမိလုပ်လိုက်တဲ့ အမလ်အေဘာဒသ်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ပြဋ္ဌာန်းလမ်းညွှန်ချက်လားဆိုပြီး မစမ်းစစ်ကြတော့ပါဘူး။ လုပ်ရပ်တိုင်းမှာ တန်ပြန်အကျိုးသက်ရောက်မှုကတော့ ရှိပါတယ်။ အကျိုးစ၀ါးဗ်လည်း မိမိတို့လုပ်ရပ်နှင့်အညီ ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ မိမိတို့ရဲု့လုပ်ရပ်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ပြဋ္ဌာန်းလမ်းညွှန် ချက်ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ဒါမှသာ အလ္လာဟ်အရှင်မြတ်ရဲ့ လက်ခံသဘောတူ ကျေနပ်နှစ်သက်မှုကို ရရှိမှာ ဖြစ်ပါတယ်။
ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၈၉) အာယတ်(၂၈)မှာ ယခုလိုဖော် ပြထားပါတယ်။
“ အသင်သည် မိမိအား မရှိရာမှရှိရာသို့ အဆင့်ဆင့်ပြုစုပျိုးထောင်ပေးကမ်း လမ်းညွှန်တော်မူသော အရှင်မြတ်ထံသို့ မိမိကိုယ်မိမိ အားရကျေနပ်စွာဖြင့် ထိုအရှင်မြတ်၏ကျေနပ်မှုကို ခံယူလျက်ပြန်သွားလေကုန် ” (၈၉း၂၈)
ဒါကြောင့် လူသားတိုင်း လူသားတိုင်း အထူးသဖြင့် မုအ်မင်န်မွတ်ဆလင်မ်တိုင်းဟာ အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဋ္ဌာန်းလမ်းညွှန်ချက်တွေနဲ့အညီ မိမိတို့ဘ၀သက်တမ်းတစ်လျှောက် စလယ်ဆုံး ကြိုးပမ်းအားထုတ်၊ ရုန်း ကန်လှုပ်ရှား၊ လိုက်နာကျင်သုံးပြီး မိမိတို့ဘ၀သက်တမ်းကို ကုန်ဆုံးစေရမှာဖြစ်ပါတယ်။ ဒါမှသာ မိမိတို့ဘ၀ ရှင်သန် ရပ်တည်မှုကို မိမိတို့ကိုယ်တိုင် ကျေနပ်နှစ်သက်မှာဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ထံရောက်ရှိလျှင်လည်း အရှင်မြတ် ရဲ့ကျေနပ်နှစ်သက်မှုကို ခံရမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ချက်မဟုတ်တဲ့ မိမိတို့ကောင်းတယ်ထင်တဲ့အရာတွေကို လုပ်ကိုင်ဆောင်ရွက်မယ်၊ မကောင်းဘူးလို့ထင်တဲ့အရာတွေကို ရှောင်ကျဉ်
လိုက်ယုံနဲ့တော့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို ရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အလ္လာဟ်အရှင်မြတ် က ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၅) အာယတ်(၁၆)မှာ အခုလိုဖော်ပြထားပါတယ်။
“ အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်မြတ်ကုရ်အာန်အားဖြင့် မိမိ၏နှစ်သက်မှုကို ရှာဖွေသူတို့အား ဖွံ့ဖြိုး တိုးတက် ငြိမ်းချမ်းသာယာဝပြောသောလမ်းများကို ပြသတော်မူ၏။ ထို့အပြင် ယင်းသူတို့အား (ကုဖ်ရ်)တည်းဟူသော အမှောင်ထုအတွင်းမှ (အစ္စလာမ်)တည်းဟူသော အလင်းရောင်ဆီသို့ ထုတ်ယူပို့ဆောင်တော်မူမည်။ ထို့အပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းမှန်ကိုလည်း ပြသတော်မူ၏ ” (၅း၁၆)
ဒါကြောင့် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို အမှန်တကယ် ရယူလိုတယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ပြဋ္ဌာန်းချက်အတိုင်း လိုက်နာကျင့်သုံးမှသာလျှင် ရရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီအပြင် အဆိုးအကောင်း၊ အမှားအမှန်ကို ကျမ်းတော်မြတ်ကုရ်အာန်မှတ်ကျောက်ဖြင့်တိုက်ပြီး လက်ခံလိုက်နာကျင့်သုံးမှ သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းမှန်ရရှိမှာဖြစ်ပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ ဘာသာတရားတွေအများကြီးရှိတဲ့အနက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် (အစ္စလာမ်)တည်းဟူသော လူမှုဘ၀တည်ဆောင်မှုလမ်းစဉ်ကိုသာလျှင် လက်ခံသဘောတူ ကျေနပ်နှစ်သက်တော် မူတယ်ဆိုတဲ့အကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၅) အာယတ်(၃)မှာ ယခုလိုဖော်ပြထားပါတယ်။
“ ထို့အပြင် ငါအရှင်မြတ်သည် (အစ္စလာမ်) လူ့ဘ၀တည်ဆောက်မှုလမ်းစဉ်ကို အသင်တို့အဖို့ လက်ခံ သဘောတူ ကျေနပ်နှစ်မြို့တော်မူခဲ့ပြီးဖြစ်၏ ” (၅း၃)
ဒီလိုဆိုရင် အလ္လာဟ်အရှင်မြတ် လမ်းညွှန်ပြဋ္ဌာန်းထားတဲ့ `ဒီးန်နွလ်အစ္စလာမ်´ဆိုတာ ဘယ်လိုမျိုးလဲဆို တာ မွတ်ဆလင်မ်တိုင်း သိထားဖို့လိုအပ်လာပါတယ်။
မုအ်မင်န်မွတ်ဆလင်မ်တိုင်းဟာ ဒီးန်နဲ့ပတ်သက်လာလျှင် လူအများကလက်ခံတိုင်း အမှန်တရားလို့ သတ်မှတ်လို့မရပါဘူး။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို မျက်ကွယ် ပြုပြီး မျက်စိပိတ်၊ နားပိတ်လိုက်နာကျင့်သုံးခြင်းကို အစ္စလာမ်က ခွင့်မပြုပါဘူး။ ကုရ်အာန် ဆူရာဟ်(၆) အာယတ် (၁၁၆)မှာ
“ ထို့အပြင် အကယ်၍သာ အသင်သည် ဤကမ္ဘာဂြိုဟ်ရှိ မြောက်များစွာသောသူတို့၏စကားကို လိုက်နာခဲ့မူ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှ လွဲချော်မှောက်မှားစေလိမ့်မည်ဖြစ်၏။ ၎င်းတို့သည် ထင်မြင်
ယူဆချက်မှအပ အခြားမည်သည်ကိုမျှ လိုက်နာကြမည်မဟုတ်ပေ။ စင်စစ်မှာမူကား ထိုသူတို့သည် ရမ်းဆပြောဆိုသူ များသာဖြစ်ကြပေသည် ” (၆း၁၁၆)
မြောက်များစွာသော မွတ်ဆလင်မ်ဆိုသူတွေဟာလည်း (ဒီးန်)လူ့ဘ၀တည်ဆောက်မှုလမ်းစဉ်နဲ့ ပတ်သက် လာရင် (အလိမ်ခံနေရပြီး) အမှန်တရားကို သိရှိခွင့်မရခဲ့ကြပါဘူး (၃၀း၃၀) အဲဒီအတွက် နားလည်သိရှိသူ ပညာရှင် များအနေနှင့် ဒီးန်နဲ့ပတ်သက်လာလျှင် ထာဝရတိကျမှန်ကန်တဲ့ သစ္စာတရားကိုသာ တင်ပြဖို့လိုအပ်ပါတယ်။ ယုံကြည်သူမုအ်မင်န်မွတ်ဆလင်မ်တိုင်းကိုလည်း အလ္လာဟ်အရှင်မြတ်က ယခုလိုလမ်းညွှန်ထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၉) အာယတ်(၁၁၉)မှာ-
“ အို… မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို သက္က၀ါထားကြ လေကုန်။ ထို့ပြင် အသင်တို့သည် (သစ္စာဝါဒီ)ဖြောင့်မတ်မှန်ကန်သူများနှင့် အတူရှိကြကုန် ” (၉း၁၁၉)
ဖြောင့်မတ်မှန်ကန်သော သစ္စာတရားကို ရှာဖွေသူမုအ်မင်န်မွတ်ဆလင်မ်များအတွက် ကျမ်းတော်မြတ်ကုရ် အာန်ဟာ မှန်ကန်ခြင်းအရာ၌ ပြည့်စုံပါတယ် (၆း၁၁၅) အဲဒီအတွက် ကျမ်းတော်မြတ်ကုရ်အာန်ပါ ၀ဟီလမ်းညွှန် ပြဋ္ဌာန်းချက်များကို လေ့လာဆည်းပူးလိုက်နာ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်သူ မုအ်မင်န်တိုင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို ရရှိမှာဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၅) အာယတ်(၁၁၉)မှာ-
“ အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သူများအတွက် အကျိုးကျေးဇူးများကို အချိန်ကာလတစ်ခုတွင် ချီးမြှင့် ပေးသနားတော်မူမည်ဖြစ်သည်။ ထိုမှန်ကန်သူများအဖို့ ဂျန္နသ်အမတဘုံတွင် ထာဝရ၀င်ရောက်စံမြန်းရမည်ဖြစ်သည်။ ထိုသူများကို အလ္လာဟ်အရှင်မြတ်က ကျေနပ်နှစ်သက်တော်မူပြီး၊ ၎င်းတို့ကလည်း ထိုအရှင်မြတ်အပေါ် ကျေနပ်ပြီးဖြစ် ကြကုန်၏။ ထိုအချင်းအရာသည် ထူးကဲမြင့်မြတ်လှစွာသော အောင်မြင်မှုကြီးပင်ဖြစ်ပါသည် ” (၅း၁၁၉)
ကျမ်းတော်မြတ်ကုရ်အာန်ပါ ၀ဟီလမ်းညွှန်ချက်များသည်သာလျှင် ထာဝရတိကျမှန်ကန်သော အမှန် တရားဖြစ်ပါတယ်။ ကုရ်အာန်ပြင်ပမှ အမှန်တရားဆိုတာဟာ ကျွန်တော်တို့ရဲ့ထင်မြင်ယူဆချက်သာဖြစ်ပါတယ်။ ကုရ်အာန်ဆူရာဟ်(၁၀) အာယတ်(၃၆)မှာ-
“ မုချဧကန် ထင်မြင်ချက်သည် အမှန်တရားနှင့်ဆန့်ကျင်၍ တစ်စုံတစ်ရာ အသုံးဝင်အကျိုးပြုမည်မဟုတ်ချေ ” (၁၀း၃၆)
မုအ်မင်န်မွတ်ဆလင်မ်တိုင်းဟာ ဒီးန်နဲ့ပတ်သက်လာရင် ထင်မြင်ယူဆချက်တွေ၊ အများက အမှန်တရား လို့သတ်မှတ်တိုင်း၊ ဆရာသခင်ကြီးတွေရဲ့ မိန့်ဆိုချက်ဖြစ်လို့ စတာတွေဟာ အမှန်တရားလို့ သတ်မှတ်လို့မရပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန်သည်သာလျှင် မုအ်မင်န်မွတ်ဆလင်မ်တိုင်း လိုက်နာကျင့်သုံးရမည့် ထာဝရတိကျမှန်ကန် ခိုင်လုံမှုအပြည့်အ၀ရှိတဲ့ အမှန်တရားဖြစ်ပါတယ်။
လူသားတိုင်း လူသားတိုင်း (အထူးသဖြင့်) မုအ်မင်န်မွတ်ဆလင်မ်တိုင်းဟာ အလ္လာဟ်အရှင်မြတ် ကျေနပ် နှစ်သက်မှုကိုလိုချင်တယ်ဆိုရင် ယခုလက်ရှိကာလမှစ၍ နောင်လာမည့်အနာဂတ် သတ်တမ်းတစ်လျှောက်လုံးမှာ မိမိတို့ရဲ့(ကိုယ်ရည်ကိုယ်သွေး)ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုမူဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ `နဖ်စွန်´ဆိုတာ ဟာ အလ္လာဟ်အရှင်မြတ်ထံမှ လူသားထံကို ချီးမြှင့်ခြင်းခံရတဲ့စွမ်းအင် `ရူဟွန်´ကနေ ပြောင်းလဲဖြစ်ပေါ်လာတဲ့ လူ့ကိုယ်ရည်ကိုယ်သွေး (Human personality) ပဲဖြစ်ပါတယ်။ အဲဒီ နာဖ်စ်ကြောင့်လည်း လူသားဟာ ကြားနိုင်စွမ်း၊ မြင်တွေ့နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ တီထွင်ကြံဆနိုင်စွမ်း စတာတွေ ဖြစ်လာခြင်းဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်ထံမှ ထုတ်ပြန်ပို့ချခြင်းခံရတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ လူသားဟာ သွေးသား ရုပ်ခန္ဓာကိုယ်နဲ့ ဖွဲ့စည်းထားပြီး အဲဒီရုပ်ခန္ဓာကိုယ်ကိုအမှီပြ
“ နဖ်စ်ကိုလည်းကောင်း၊ ယင်း၏ပြီးပြည့်စုံရာကိုလည်းကောင်း သက်သေထူတော်မူ၏။ အလ္လာဟ်အရှင်မြတ် သည် ယင်းနဖ်စ်ကို (ကောင်းမှုနှင့် မကောင်းမှု၊ အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး) နှစ်မျိုးစလုံးအား ခံယူနိုင်စွမ်း ပေးထားတော်မူ၏။ အမှန်ပင် ယင်း(နဖ်စ်)ကို ပျိုးထောင်ယူသူသည် အောင်မြင်မှုကိုရရှိပြီး၊ ယင်းနဖ်စ်ကို မလျှော်ရာ ပြုမူသူသည် ဆုံးရှုံးမည်ဖြစ်သည် ”ုပြီး နာဖ်စ်ကိုလည်း ပေါင်းစပ်ဖွဲ့စည်းထားကြောင်း လမ်း ပြထားပါတယ်။ လူသားတစ်ယောက်ဟာ ရုပ်ခန္ဓာဖွံ့ဖြိုးတိုးတက်ဖို့ စား၊ သောက်၊ အိပ်စက်၊ မျိုးပွားမှုတွေကို ပြုမူ ဆောင်ရွက်ဖို့ လိုအပ်သလိုမျိုး၊ လူ့ကိုယ်ရည်ကိုယ်သွေး နာဖ်စ်ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ဖို့ အထူးပဲလိုအပ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ထံမှ လူသားကိုချီးမြှင့်ထားတဲ့ လူ့ကိုယ်ရည်ကိုယ်သွေး နာဖ်စ်ဟာ လူသားတိုင်းထံမှာ အတူတူပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးမှုတော့မရှိသေးပါဘူး။ ဒါကြောင့် မိမိရဲ့ နာဖ်စ် ကိုယ်ရည် ကိုယ်သွေးကို မိမိရဲ့ အသက်ရှင်ရပ်တည်နေတဲ့သက်တမ်းမှာ ဘယ်အတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်မလဲဆိုတာဟာ လူသားတိုင်း လူသားတိုင်းရဲ့ အရေးကြီးဆုံးအချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၉၁) အာယတ်(၇-၁၀)အထိမှာ အလ္လာဟ်အရှင်မြတ်က ယခုလို သတိပေး လမ်းညွှန်ထားခြင်းဖြစ်ပါတယ်။
ဒါကြောင့် လူသားတိုင်းရဲ့နဖ်စ်ဟာ ဖွံ့ဖြိုးတိုးတက်အောင် ပြုမူဆောင်ရွက်နိုင်ပါတယ်။ ဒါပေမဲ့ မိမိတို့စိတ် ကြိုက် ရွေးမိရွေးရာကို စိတ်ဆန္ဒအလျောက် ပြုမူကျင့်ကြံခြင်းအားဖြင့် နဖ်စ်ကို တိုးတက်ရာတိုးတက်ကြောင်းကို အရှိန်အဟုန်မြင့်တင်ပေးရာ ရောက်နိုင်သလို၊ ပြိုလဲပျက်စီးရာလည်း ရောက်နိုင်ပါတယ်။ ဒါကြောင့် ရုပ်ပိုင်းနှင့် နာမ် ပိုင်း (၂)ပိုင်းစလုံးကို မိမိတို့ပြုစုပျိုးထောင်ရှင် အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ချက်အတိုင်း ပြုစုပျိုးထောင်မှသာ လျှင် မိမိတို့ရဲ့အနာဂတ် သက်တမ်းတစ်လျှောက်လုံးမှာ တည်ငြိမ်အေးချမ်းပြီး အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုတွေကို တဆင့်ပြီးတဆင့် တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါမှသာ အလ္လာဟ်အရှင်မြတ် ကျေနပ်သဘောတူလက်ခံတဲ့ ကိုယ် ရည်ကိုယ်သွေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၈၉) အာယတ်(၂၇-၃၀) အထိမှာ ယခုလိုအသိပေးလမ်းညွှန်ထားပါတယ်။
“ အို… တည်ငြိမ်အေးချမ်းပြီး သောကကင်းဝေးသော နဖ်စ်(အသက်ဇီဝိန်) အသင်သည် မိမိအား မရှိရာမှ ရှိရာသို့ အဆင့်ဆင့်ပြုစုပျိုးထောင် ပေးကမ်းလမ်းညွှန်တော်မူသော အရှင်မြတ်ထံသို့ မိမိကိုယ်မိမိ အားရကျေနပ်စွာ ဖြင့် ထိုအရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကိုခံယူလျက် ပြန်သွားလေကုန်။ သို့ဖြစ်ရာ အသင်သည် ငါအရှင်မြတ်၏လမ်း ညွှန်ပြဋ္ဌာန်းချက်များကို နာခံဘ၀တည်ဆောက်သူများတွင် ပါဝင်ကြလော့။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ ဂျန္နသ်သုခဘုံသို့ ၀င်ရောက်လေကုန် ”
(မုအ်မင်န်)ယုံကြည်သူများအနက် ရှေးဦးပထမဖြစ်ခဲ့ကြတဲ့ (မုဟာဂျီရီန်) မက္ကာမြို့တော်မှ ရွှေ့ပြောင်းခဲ့ကြ သော သူဆင်းရဲသာဝကကြီးတွေဟာ မိမိတို့နေအိမ်တွေကိုစွန့်၊ ဥစ္စာပစ္စည်းတွေကိုစွန့်ပြီး ဟစ်ဂျရသ်ပြုခဲ့ကြပါတယ်။ အန်ဆွာရ်ရီဒေသခံများကလည်း ကောင်းမြတ်သောစိတ်နေစိတ်ထားနဲ့ အားပေးကူညီကြိုဆိုခြင်းအားဖြင့် အလ္လာဟ် အရှင်မြတ်၏ကျေးဇူးတော်၊ ထိုအရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို ရှာဖွေဆည်းပူး ရယူခဲ့ကြပါတယ်။ ဒါကြောင့် တမန်တော်မြတ်ကြီးအပါအ၀င် သာဝကကြီးများဟာ မုအ်မင်န်အစစ်အမှန်၊ ဖြောင့်မတ်မှန်ကန်သူများ စသဖြင့် ကျမ်းတော်မြတ်ကုရ်အာန်မှာ သတင်းကောင်းပေးခြင်းခံရတာဖြစ်ပါတယ်။ ယနေ့ခေတ်မွတ်ဆလင်မ်ဆိုသူတွေ အတုယူတတ်ဖို့လိုပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၉) အာယတ်(၂၀-၂၂)အထိကို လေ့လာကြည့် မယ်ဆိုရင် ယခုလိုဖော်ပြထားတာကို လေ့လာတွေ့ရှိရပါတယ်။
“ ထိုသူတို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြ၏။ ထို့အပြင် ထိုသူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်း၊ အိုးအိမ် စည်းစိမ်တွေကိုစွန့်လွှတ်ပြီး တခြားဒေသသို့ ပြောင်းရွှေ့သွားခဲ့ကြ၏။ ထို့အပြင် အလ္လာဟ်အရှင်မြတ်ရဲ့လမ်းတော်တွင် မိမိတို့၏ဥစ္စာပစ္စည်းများ၊ မိမိတို့၏အသက်များဖြင့် ဂျေဟာဒ်ပြုခဲ့ကြ၏။ ထိုသူတို့သည် အလ္လာဟ်အရှင်ထံတော်တွင် အဆင့်အတန်းအားဖြင့် အမြင့်မားဆုံးဖြစ်ပြီး ထိုသူတို့သည်သာလျှင် အောင်မြင်သူများဖြစ်ကုန်ကြ၏ ” (၉း၂၀)
“ ထိုသူတို့သည် ထိုသူတို့အား ပြုစုပျိုးထောင်ရှင်ထံမှ ကရုဏာတော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကိုလည်းကောင်း၊ ထိုသူတို့အတွက် ထာဝရပြီးပြည့်စုံတဲ့ ဥယျာဉ်များရရှိမည်ကိုလည်းကောင်း သတင်းကောင်းပေးခြင်းခံရလေသည် ” (၉း၂၁)
“ ထိုသူတို့သည် ၎င်းဥယျာဉ်များ၌ ထာဝရနေထိုင်ကြရမည်ဖြစ်သည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်၏ထံ တော်၌သာလျှင် ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးဆုလာဘ်ရှိပေသည် ” (၉း၂၂)
အရှေ့မှာ ကျွန်တော်တင်ပြခဲ့တဲ့ အာယတ်တော်တွေအရ အလ္လာဟ့်လမ်းဆိုတာဘာလဲ။ ဂျေဟာဒ်ဆိုတာ ဘာလဲ။ အနည်းငယ်အကျဉ်းချုံးပြီး တင်ပြလိုပါတယ်။
– အလ္လာဟ့်လမ်းဆိုတာဟာ ထာဝရမှန်ကန်သောသစ္စာတရားနှင့် တရားမျှတမှုတွေအပေါ်မှာ အခြေပြုထားတဲ့ အစ္စလာမ့်တရားဥပေဒ (ရှရီအသ်) ကျင့်သုံးမှုကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီလိုအမှန်တရားနှင့် တရားမျှတမှုတွေကို ဟန့်တား၊ နှောက်ယှက်၊ ဖျက်လိုဖျက်ဆီးလုပ်မှုတွေကိုကာကွယ်ပြီး အမှန်တရားတည်တံ့အောင် အစွမ်းကုန်ကြိုး ပမ်းအားထုတ်ခြင်းကို အလ္လာဟ့်လမ်းလို့ခေါ်ပါတယ်။
– ဂျီဟာဒ်ဆိုတာဟာ အလ္လာဟ်အရှင်မြတ်လမ်းတော်မှာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခြင်းလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ အစ္စလာမ်မှာ အတင်းအဓ္ဓမစနစ်နှင့် ကျူးကျော်စစ်မရှိပါဘူး(၂း၂၅၆)။ အလ္လာဟ် အရှင်မြတ်က မိမိတို့ကိုပေးထားသော ကာယ၊ ဉာဏ၊ ဓနစွမ်းရည်တွေကိုအသုံးချပြီး လိုအပ်လာပါက မိမိရဲ့ အသက်ဝိဥာဏ်ကိုပင် စွန့်လွှတ်စွန့်စားခြင်းအားဖြင့် ငြိမ်းချမ်းရေးကိုလိုလားသော လူသားတစ်ရပ်လုံးအတွက် ခုခံ ကာကွယ်မှုပြုပေးခြင်းကို ဂျီဟာဒ်လို့ခေါ်ပါတယ်။ စစ်မက်တိုက်ခိုက်ခြင်းကို အရဗီလို `ကိသာလွန်´လို့ခေါ်ပါတယ်။ ဂျီဟာဒ်ရဲ့အစိတ်အပိုင်းမျှသာဖြစ်ပါတယ်။
ဒါဆိုရင် မုအ်မင်န်မွတ်ဆလင်မ်တွေအတွက် အကြီးအကျယ်ဆုံးနှင့် အမြင့်မြတ်ဆုံးဂျီဟာဒ်ဟာ ဘယ်လို ဂျီဟာဒ်မျိုးလဲ။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၂၅) အာယတ်(၅၂)မှာ ယခုလိုလေ့လာတွေ့ရှိရပါတယ်။
“ သို့ဖြစ်ပေရာ အသင်သည် ဤ(ကျမ်းတော်မြတ်ကုရ်အာန်)ဖြင့် ကာဖိရ်သွေဖည် ငြင်းပယ်သူတို့၏စကားကို လိုက်နာခြင်းမပြုဘဲ ကြီးကျယ်သော သက်စွန့်ကြိုးပမ်းမှုကိုဆောင်ရွက်ပါလေ ” (၂၅း၅၂)
မုအ်မင်န်မွတ်ဆလင်မ်တိုင်းဟာ ကာဖိရ်သွေဖည်ငြင်းပယ်သူတို့ရဲ့စကားကို မလိုက်နာဘဲ ကျမ်းတော်မြတ် ကုရ်အာန်၏လမ်းညွှန်ချက်နှင့်အညီ မိမိတို့ရဲ့ဘ၀ကို ရှင်သန်ရပ်တည်ခြင်းအားဖြင့် ဂျီဟာဒ်ပြုခြင်းဟာ ကြီးကျယ်
အမြင့်မြတ်ဆုံးနှင့် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကိုရရှိမည့် ဂျီဟာဒ်ပဲဖြစ်ပါတယ်။ စစ်မှန်တဲ့ ဂျီဟာဒ်ပြု သူတွေကို အလ္လာဟ်အရှင် ကျေနပ်နှစ်သက်တော်မူပါတယ်။ ကုရ်အာန်ဆူရာဟ်(၂) အာယတ်(၂၀၇)မှာ-
“ ထို့အပြင် လူသားတို့အနက် အချို့သူများသည် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကိုရရှိရန် မိမိတို့ အသက်ကိုပင် စွန့်လှူကြ၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်စေတနာဖြူစင်သော အမိန့်နာခံတော်များ ကို အလွန်တရာ ချစ်ခင်သနားတော်မူသော အရှင်ဖြစ်တော်မူ၏ ” (၂း၂၀၇)
တမန်တော်အီစ်မာအီလ်က အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို ရယူခြင်းနှင့်ပတ်သက်ပြီး မုအ်မင်န်မွတ်ဆလင်မ်များ နမူနာယူနိုင်ကြစေရန် ယခုလိုဖော်ပြထားပါတယ်။ ကုရ်အာန်ဆူရာဟ်(၁၉) အာယတ် (၅၅)မှာ-
“ တမန်တော်အီစ်မာအီလ်သည် မိမိနှင့်ယုံကြည်ချက်တူသူများကို ဆွလာသ်တည်ဆောက်ရန်၊ ဇကားသ်ပေး ဆောင်ရန် လမ်းညွှန်မိန့်ကြားလေ့ရှိသည်။ ထို့အပြင် တမန်တော်အီစ်မာအီလ်သည် မိမိအား ပြုစုပျိုးထောင်ရှင်ထံမှ ကျေနပ်နှစ်သက်မှုကိုလည်း ရရှိခဲ့ပေသည် ” (၁၉း၅၅)
ဆိုလိုရင်းက တမန်တော်အီစ်မာအီလ်ဟာ မိမိရဲ့ထာဝရမှန်ကန်တဲ့ ယုံကြည်ချက်ပေါ်မှာ မားမားမတ်မတ် ရပ်တည်ပြီး မိမိနှင့်ယုံကြည်ချက်တူသူများနှင့်အတူ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုရရှိရန် ဆွလားသ် တည်ဆောက်မှုနှင့် ဇကားသ်ပေးဆောင်မှုကို ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် မုအ်မင်န်မွတ်ဆလင်မ်များအနေနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုရရှိအောင် အရှင် မြတ်ရဲ့လမ်းညွှန်ချက်နှင့်အညီ ဆွလာသ်တည်ဆောက်မယ်၊ ဇကားသ်ပေးဆောင်မယ်ဆိုရင် ယနေ့ကမ္ဘာမှာဖြစ်ပေါ် နေတဲ့ အခက်အခဲပြသနာတွေနဲ့ မမျှတမှုတွေကနေကင်းဝေးပြီး အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို မုချရမှာဖြစ်ပါတယ်။ အောင်မြင်မှုကိုလိုလားတဲ့ မုအ်မင်န်မွတ်ဆလင်မ်တစ်ယောက်ဟာ လူသားအားလုံးအတွက် ကောင်းကျိုးကိုလိုလားတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုသည်သာ အကြီးကျယ်အမြင့်မားဆုံး အောင် မြင်မှုဆုလာသ်ဖြစ်ပါတယ်။
“ မုအ်မင်န်မွတ်ဆလင်မ်တိုင်းအတွက် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုသည် အကြီးအကျယ် အမြင့်မြတ်ဆုံးပင်ဖြစ်ပါတယ် ” (၉း၇၂)
ဒါကြောင့် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို လိုလားတောင့်တကြတဲ့လူသားတိုင်း အထူးသဖြင့် မုအ်မင်န်မွတ်ဆလင်မ်တိုင်းဟာ ဘက်မျှခြေရှိသော၊ သဟဇာတဖြစ်သော၊ တရားမျှတသောလုပ်ရပ်များကို ပြုမူ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ဟာ လူသားကို စီရင်ဖြစ်ထွန်းစေတဲ့နေရာမှာ ရုပ်ပိုင်းအပြင် ကိုယ် ရည်ကိုယ်သွေးကိုပါ တစ်ပါတည်း ထည့်သွင်းပေးထားတဲ့အတွက် အဲဒီရုပ်ပိုင်းကိုရော၊ နဖ်စ်ပိုင်းကိုပါ ပြုစုပျိုးထောင် ဖို့ လူသားတိုင်းရဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။ ရုပ်ပိုင်းပြုစုပျိုးထောင်ဖို့ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ် ကုရ်အာန်မှာ လမ်းညွှန်ချက်တွေပေးထားသလို နဖ်စ် လူ့ကိုယ်ရည်ကိုယ်သွေးပိုင်း ပြုစုပျိုးထောင်ဖို့ အလ္လာဟ် အရှင်မြတ်ရဲ့ဂုဏ်တော်တွေဟာ လူသားတိုင်း အထူးသဖြင့် မုအ်မင်န်မွတ်ဆလင်မ်တိုင်းအတွက် တစ်ခုတည်းသော စံချိန်စံညွှန်းဖြစ်ပါတယ်။ မိမိတို့ လူ့စွမ်းရည် (within human capacity) အတိုင်းအတာအတွင်းကနေ အားထုတ် ပြုစုပျိုးထောင်ပြီး မိမိတို့ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ လူမှုကိစ္စအ၀၀ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုရင် အကောင်းဆုံးနှင့် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကိုရရှိမည်။ အမိန့်နာခံတော် များအဖြစ် သတ်မှတ်ခြင်းခံရမှာဖြစ်ပါတယ်။ ထိုသူတွေသည်သာလျှင် ဂျန္နသ်သုခဘုံတွင် ထာဝရနေထိုင်ရမည့် သူများဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၉၈) အာယတ်(၇)မှာ ယခုလိုဖော်ပြထားပါတယ်။
“ ဧကန်အမှန် ထိုသူတို့သည် အီမာန်သက်ဝင်ယုံကြည်ကြ၏။ ထို့အပြင် ထိုသူတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြ၏။ ထိုသူတို့မှာ အမိန့်နာခံတော်များထဲတွင် အကောင်းဆုံးသောသူများ ဖြစ်ကြ ကုန်၏ ” (၉၈း၇)
ဆက်လက်ပြီး (၉၈း၈) ကို လေ့လာမယ်ဆိုရင်
“ ထိုသူတို့၏အကျိုးသည် ၎င်းတို့အား ပြုစုပျိုးထောင်ရှင်ထံ၌ ထာဝရနေထိုင်ရမည့် ဥယျာဉ်များပင် ဖြစ်၏။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေများတသွင်သွင် စီးဆင်းလျက်ရှိပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များတွင် အမြဲထာဝရနေထိုင်ရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ကို ကျေနပ်နှစ်သက်တော်မူ၏။ ထိုသူများသည် လည်း အလ္လာဟ်အရှင်မြတ်ကို ကျေနပ်နှစ်သက်ကြပေမည်။ ထိုအကျိုးရလဒ်မှာ မိမိအားပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ လမ်းညွှန်ပြဋ္ဌာန်းချက်အတိုင်း တသွေမတိမ်းလိုက်နာသော သူတော်ကောင်းများအတွက်ဖြစ်ပေသည် ”
အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူမုအ်မင်န်မွတ်ဆလင်မ်များကို လူ့ဘ၀နေနည်းနှင့် မိမိရဲ့ဂုဏ်တော် တွေဖြင့် ဆေးရောင်ခြယ်ထားခြင်းဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ထက် သာလွန်ကောင်းမွန်အောင် ဆေးရောင် ခြယ်နိုင်သူ ဘယ်သူရှိနိုင်မှာလဲ။
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် မုအ်မင်န်မွတ်ဆလင်မ်တိုင်းဟာ တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် မိမိတို့ လုပ်လိုက်တာဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုရှိရဲ့လားဆိုတာကို ဦးစွာပထမ သတိထားရမည့် အချက်တစ်ချက်ဖြစ်တယ် ဆိုတာကိုတင်ပြရင်း ကျွန်တော်ရဲ့ပထမခွတ္တဗါဟ်ကို ဒီမှာပဲ ရပ်နားပါတယ် ။ ။