အေပရယ်လ်ဖူးလ် လုပ်ခြင်း ပိုင်/မပိုင် မေးမြန်းချက်
မေး။ ။ ရူကီယာ
မေးခွန်း – အေပရယ်လ်ဖူးလ်လုပ်တာကို အစ္စလာမ်က ခွင့်ပြုထားသလား?
ဖြေ။ ။ ဆရာမုဖ်သီ ဦးစန်းအောင် (B.Sc)
APRIL FOOL (ဧပရယ် ဖူးလ်)ဆိုတာက ဧပြီလမှာ ရူးသွပ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ APRIL FOOL ဟာတိုင်းတစ်ပါး ဘာသာခြားတွေရဲ့နောက်ပြောင် ကျီစယ်မှုပြုခြင်းဆိုင်ရာ အလေ့အထ ဖြစ်ပါတယ်။ သူငယ်ချင်းများအကြားမှာ မိသားစုများအကြားမှာ ဧပြီလရောက်ရင် ပြောင်ကြနောက်ကြတဲ့ သဘောပါ။ ပျော်စရာ ရွှင်စရာဖြစ်အောင် ပြုမူတဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။
အစ္စလာမ့်တရားတော်နဲ့ ကြည့်မယ်ဆိုရင်တော့ သာမန်ပျော်စေပြက်စေ နောက်ပြောင်တာကို ခွင့်ပြုပေမဲ့ လူတစ်ဖက်သား နစ်နာဆုံးရှုံး ထိခိုက်သွားရလောက်အောင် နောက်ပြောင်မယ် ဆိုရင်တော့ အစ္စလာမ့်တရားတော်ကဖြစ်စေ၊ ဘယ်ဘာသာတရားကဖြစ်စေ လက်ခံခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါကြောင့် အစ္စလာမ်မှာ “APRIL FOOL” နဲ့ပတ်သက်ပြီး လုပ်ခွင့်ရှိသလားဆိုရင် လုပ်တဲ့အတိုင်းအတာ ပေါ်မှာဘဲမူတည်ပါတယ်။ အစ္စလာမ်က သာမန်နောက်ပြောင်တာကို တားမြစ်ထားခြင်းမရှိပါဘူး။