ထီထိုးခြင်း ပိုင်/မပိုင် မေးမြန်းချက်

မေး။ ။ ရူကီယာ

 

မေးခွန်း – စလာမ်

ထီပေါက်တဲ့ပိုက်ဆံစားသုံးခြင်း၊ ထီထိုးခြင်းကို ဟရာမ်ဆိုပြီးသိထားခဲ့ပါတယ်။ဒါပေမယ့်မကြာသေးခင်က အစ္စလာမ့် အမည်ခံထားတဲ့ ၀က်ဘ်ဆိုဒ် တစ်ခုမှာ အီမာမ်မေအာ့ဇွမ် အဘူဟနီဖွာ သခင်(ရဟ်မသွလ္လာအလိုင်း) သခင်ရဲ့ နာမည်ကိုပါသုံးပြီး ထီနဲ့ပတ်သတ်ပြီး အကွဲအလွဲရှိတယ်ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ကုရ်အန်အရသိချင်ပါတယ်။

 

ဖြေ။     ။ ဆရာ ကုရ်အာန်သုတေသီ နူးရ် ဦးခင်မောင်

အစ္စလာမုအလိုင်းကုမ်
ရုကီယာမေးထားတဲ့ မေးခွန်းဖြစ်တဲ့ ထီထိုးခြင်း၊ ထီပေါက်တဲ့ ပိုက်ဆံနှင့်ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန် (၅း၉၀)တွင် အလ္လာဟ်ရှင်မြတ်က မိန့်တော်မူခဲ့သည်။
“အို – အီမန်သက်ဝင်ယုံကြည်သူ မုအ်မင်န်အပေါင်းတို့ ဧကန်မုချ အရက်သေစာ မူးယစ်ထုံထိုင်းစေသော အရာဟူသမျှ လောင်းတမ်းကစားခြင်းဟူသော (တစ်နည်း) ထီတစ်မျိုးတည်း မဟုတ်ပဲ လွယ်လွယ်ကူကူ ပေါချောင်ကောင်းရရှိုခြင်း ဟူသမျှနှင့် ရုပ်တုဆင်းတုများနှင့်မြှားပစ်၍ ကံစမ်းခြင်းသည် အလွန်ဆိုးဝါးသော မစင်ကြယ်၊ မသန့််ရှင်းသော ရှိုင်တွာန်လုပ်ရပ်သာလျှင် ဖြစ်၏။ သို့ဖြစ်ရာ အသင်တို့သည် (ထိုမစင်ကြယ်၊ မသန့်ရှင်းသော ရှိုင်တွာန်လုပ်ရပ်များ) ကို ရှောင်ကြဉ်မည်ဆိုလျှင် အသင်တို့ အောင်မြင်ကြပေမည်။” လို့ ဖော်ပြထားပေသည်။ ဆိုလိုတာက ရှိုင်တွာန်မိစ္ဆာကို “အေဘာဒသ်” လုပ်ခြင်း ဖြစ်သည်။