ခွသ်ဗာ

အနာဂါတ်ပျောက် လူ့အဖွဲ့အစည်း (ပဉ္စမပိုင်း)

မုဖ်သီ ဦးစန်းအောင်(B,Sc)

  ဒီကနေ့ (၂၁.၂.၂ဝ၂ဝ)၊ ယောဝ်မွလ်ဂျုမုအာဟ် စုရုံးရာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အိဘာဒသ်ပြုရန် ကြွရောက်လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား….

                     ..အစ္စလာမ်မုအလိုင်းကွမ်း……  

            ဒီကနေ့ ကျနော်တင်ပြဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ ကျနော်အခန်းဆက်တင်ပြနေတဲ့ “အနာဂါတ်ပျောက် လူ့အဖွဲ့အစည်း” (ပဉ္စမပိုင်း) ပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာ ကျမ်းမြတ်ကုရ်အာန်ထဲက ကျနော် ထုတ်နှုတ်တင်ပြချင်တာကတော့ လူ့အစုအဖွဲ့တစ်ရပ်သည် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ရတော့မဲ့ အရေးကိစ္စတစ်ခုကို ဝေ့လည်ကြောင်ပတ်နှင့် ဆင်ခြေ အမျိုးမျိုးပေးနေခြင်းအားဖြင့် အနာဂါတ်ပျောက်သွားရတဲ့ဖြစ်စဉ်ကို ကျမ်းမြတ်ကုရ်အာန်က အီစ်ရာအီလ်းမျိုးနွယ်တွေကို နမူနာပြပြီး ကျနော်တို့ ကုရ်အာန်ကျမ်းတော်မြတ်ကို လက်ခံယုံကြည်စွဲကိုင်ထားကြသူ မွတ်ဆလင်မ် လူ့အဖွဲ့အစည်းဝင်တွေ အတွက် ဘယ်လိုပြဆိုထားသလဲ ဆိုတာကို တင်ပြ ဟောပြောချင်ပါတယ်။ပာခ်င္ပါတယ္။

            ဒီလိုမတင်ပြခင်မှာ နိဒါန်းပိုင်းမှာ ကျနော်ရွတ်ဖတ်ခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂)၊ အယသ်တော် (၆၆) ရဲ့ အဓိပ္ပါယ်နှင့်ဆိုလိုရင်းကို ဦးစွာရှင်းလင်းတင်ပြပါရစေ။

          “ ငါအရှင်မြတ်က ယင်းဖြစ်ရပ်ကို ထိုခေတ်အခါရှိ လူအဖွဲ့အစည်းအတွက်လည်းကောင်း၊ ထိုခေတ်နောက်ပိုင်းရှိ လူအဖွဲ့အစည်းအတွက်လည်းကောင်း၊ တရားရယူဖွယ်ရာ နမူနာတစ်ရပ်အဖြစ် ပြုလုပ်ထားရှိခဲ့သလို ‘မွတ္တကီန်း’ သူတော်စင်တို့ အတွက်လည်း အဆုံးအမအဖြစ် ပြုလုပ်ထားရှိ ခဲ့လေသည်။” (ကုရ်အာန် – ၂း၆၆)အာန္ – ၂း၆၆)

           ဒီအာယသ်တော်ဟာ တိုတိုလေးဖြစ်ပေမဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ကံကြမ္မာကို ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်စေဖို့၊ ပြန်လည်ပြင်ဆင်နိုင်ဖို့ တွန်းအားတစ်ရပ်လို့ ကျနော်ခံယူထားပါတယ်။ အတိတ်သမိုင်းဆိုတာက ကျနော်တို့ သင်ခန်းစာရယူရမဲ့ အရေးကိစ္စပါ။ အတိတ်သမိုင်းရဲ့ အမှားတွေ၊ အားနည်းချက်တွေကို သင်ခန်းစာယူပြီး ကျနော်တို့ ပြင်ဆင် ပြောင်းလဲမှုတွေ လုပ်ရပါလိမ့်မယ်။ ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က နှောင်းခေတ် လူ့အဖွဲ့အစည်းတွေ ပြုပြင် ပြောင်းလဲမှုလုပ်ဖို့ အတိတ်သမိုင်းကလူတွေရဲ့ မှားယွင်းခဲ့မှုတွေကိုပြသပြီး သင်ခန်းစာပေးခဲ့တဲ့ အကြောင်းအရာတွေ အများအပြား ရှိနေပါတယ်။ လေ့လာသုံးသပ်ကြည့်ပါ။

           လတ်တလောမှာ ကျနော်သည် မြန်မာ့လူ့အဖွဲ့အစည်းမှာ တစ်စိပ်တစ်ပိုင်းပါဝင်နေတဲ့ မြန်မာမွတ်ဆလင်မ် လူ့အဖွဲ့အစည်းကို ပြန်လည်သုံးသပ်ရာမှာ အနာဂါတ်ပျောက်နေတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အနေနှင့် ကျနော်ခံစားနေရပါတယ်။ ဘယ်လို ကုစားမလဲ။ ကျနော်တို့အတွက် ကျမ်းတော်မြတ်ကုရ်အာန်သည် အကောင်းဆုံးသော လမ်းညွှန်မှုကိုပေးနိုင်တဲ့ ပကတိ သစ္စာတရား (Absolute Truth) ဖြစ်တဲ့အပေါ်မှာ ကျနော်သည် ‘ဘယ်လိုကုစားမလဲ’ ဆိုတဲ့မေးခွန်းကို ‘ကျမ်းမြတ် ကုရ်အာန်နှင့်သာ ကုစားရမယ်’ ဆိုတဲ့အဖြေကို ယုံကြည်ကိုးစားစွာ ပေးချင်တဲ့အတွက် ‘အနာဂါတ်ပျောက်လူ့အဖွဲ့အစည်း’ လို့ ခေါင်းစဉ်တပ်ပြီး ကုရ်အာန်ကျမ်းမြတ်ရဲ့ အတိတ်သမိုင်း ဖြစ်ရပ်တွေကို နမူနာပြပြီး တင်ပြဟောကြားနေတာပါ။ Awareness အမြင်ဖွင့်ပေးနေတာပါ။ ဒီနမူနာဖြစ်ရပ်တွေအပေါ်မှာ သင်ခန်းစာရယူပြီး ရှေ့လုပ်ငန်းစဉ်တွေကို မူဝါဒချမှတ် ဆောင်ရွက်ရမယ် လို့ ကျနော် နားလည်ထားပါတယ်။

 နောက်တစ်ချက်က ကျနော်တို့ မူဝါဒချမှတ် ဆောင်ရွက်ရမယ်ဆိုတော့ ကျနော်တို့အမှန်တကယ် အလုပ်လုပ်ရ ပါတော့မယ်။ လူ့အဖွဲအစည်းအတွက် ကိုယ်ကျိုးမဖက်ပဲ အလုပ်လုပ်ကြမဲ့ လူတွေလိုအပ်ပါတယ်။ ကိုယ်ကျိုးစီးပွားမပါတဲ့ အတွက်သော်လည်းကောင်း၊ ကိုယ်ကျိုးစီးပွား ထိခိုက်လာမဲ့အနေအထားကို မြင်ရတဲ့အတွက်လည်းကောင်း၊ အသာလေး နောက်ဆုတ်ပြီး မသိမသာ ဘေးခွာနေသူတွေကလည်း ကျနော်တို့လူ့အဖွဲ့အစည်းမှာ အများကြီးပါ။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စပါ။

ဒီနေရာမှာ ‘ကျွန်’ ဆိုတဲ့စကားလုံးနှင့် ‘သခင်’ ဆိုတဲ့စကားလုံးကို သုံးပါရစေ။ ‘ကျွန်’ ဆိုတာက မိမိကံကြမ္မာကို မိမိ ကိုယ်တိုင် မဖန်တီး၊ မပြုပြင်ပဲ သူတစ်ပါးလက်ထဲကို အပ်နှံထားတဲ့ လူ့အစုအဖွဲ့ကိုခေါ်တာပါ။ ‘သခင်’ ဆိုတာက မိမိကံကြမ္မာ ကို မိမိကိုယ်တိုင်ဖန်တီးပြုပြင်တဲ့ လူ့အစုအဖွဲ့ကိုခေါ်တာပါ။ ကျနော်တို့ ဘယ်အုပ်စုမှာ ပါဝင်မလဲ။ လွတ်လပ်စွာ ရွေးချယ်နိုင်ပါ တယ်။ ကျွန်လုပ်ရပ်ကို ကျင့်ကြံနေပြီး သခင်ဘဝကိုတော့ မမျှော်မှန်းပါနှင့်။ ကျမ်းမြတ်ကုရ်အာန် (၁၃း၁၁) မှာလည်း ဒီလိုပြဆိုထားပါတယ်။

“ဧကန်အမှန်ပင် လူ့အစုအဖွဲ့တစ်ရပ်သည် မိမိတို့ကိုယ်ကို မိမိကိုယ်တိုင် မပြောင်းလဲသေးသမျှ ကာလပတ်လုံး အလ္လာဟ်အရှင်မြတ်က ပြောင်းလဲပေးမည်မဟုတ်ပေ။” …. (ကုရ်အာန် – ၁၃း၁၁) 

ဒါဆိုရင်တော့ ကျနော်တို့ ဘယ်လမ်းကြောင်းကို ရွေးချယ်မှာလဲ။ ကျနော်တို့ရဲ့ မကျေနပ်ချက်တွေကို ထိုင်ဝိုင်း တစ်ခုမှာ ရင်ဘတ်တွေထုပြီး၊ လက်သီးလက်မောင်းတန်းပြီး အော်ဟစ်နေမှာလား၊ ဒါမှမဟုတ် လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ကြမှာလား ဆိုတာ စဉ်းစားရမဲ့အချိန်ရောက်ပါပြီး။ 

ကောင်းပါပြီး။ ကျနော့အနေနှင့် ကျမ်းမြတ်ကုရ်အာန်မှာ အနာဂါတ်ပျောက်လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်တဲ့ အီစ်ရာအီလ်းမျိုးနွယ်စုရဲ့ အဖြစ်အပျက်တစ်ခုကို တင်ပြပါရစေ။ ကျမ်းမြတ်ကုရ်အာန် (၂း၆၇)မှာ ဒီလိုပြဆိုထားပါတယ်။

            “ တစ်ချိန်သောအခါက မူဆာသည် သူ၏အမျိုးသား (အီစ်ရာအီလ်းမျိုးနွယ်)တို့အား – ‘ဧကန်အမှန်ပင် အလ္လာဟ် အရှင်မြတ်က သင်တို့အား နွားမတစ်ကောင်ကို လှီးဖြတ်ရန်အမိန့်ပေးလိုက်ပြီ’ ဟုအသိပေး ပြောကြားလေသည်။ ထိုအခါ သူ၏ အမျိုးသားများက ‘သင်သည် ကျွန်ုပ်တို့ကို နောက်ပြောင်ကျီစယ်နေပါသလား’ ဟုပြန်မေးကြလေသည်။ မူဆာက ‘ငါသည် အသိတရားမဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်သွားမည့်အရေးကို အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံအကာအကွယ် ရယူပါ၏’ ဟု မြွက်ဆိုလေတော့သည်။”   (ကုရ်အာန် – ၂း၆၇)

            နွားရုပ်ထုတစ်ခုကို ကိုးကွယ်ရန်ကြိုးပမ်းနေသော အီစ်ရာအီလ်းမျိုးနွယ်တို့အတွက် တမန်တော်မူဆာ(အ) မှတစ်ဆင့် အလ္လာဟ်အရှင်မြတ်က ပေးသောအမိန့်မှာ အီစ်ရာအီလ်းမျိုးနွယ်တို့အတွက် အတော်ပင် မခံမရပ်စရာ ဖြစ်ရလေသည်။ ထိုအမိန့်ကို မလိုက်နာလိုသောကြောင့် အီစ်ရာအီလ်းမျိုးနွယ်တို့က အမျိုးမျိုးသော ဆင်ခြေများပေးကြခြင်းကို ကုရ်အာန်က အောက်ပါအတိုင်း ပြဆိုထားပါတယ်။

            “ အီစ်ရာအီလ်းမျိုးနွယ်တို့က မူဆာအား ‘ကျွန်ုပ်တို့လှီးဖြတ်ရမည့်နွားမသည် ဘယ်လိုနွားမမျိုး ဖြစ်ရမည်ကို ကျွန်ုပ်တို့ ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိစေရေးအတွက် သင့်ကိုပြုစုပျိုးထောင်သောအရှင်ထံ လျှောက်ထားမေးမြန်းတောင်းဆိုပေးပါ’ ဟု တောင်းဆိုကြလေသည်။ မူဆာက ပြန်ပြောသည်မှာ ‘ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူလေသည်မှာ ထိုနွားမ သည် ကြီးရင့်ခြင်း မဖြစ်စေရသလို နုပျိုငယ်ရွယ်ခြင်းလည်း မဖြစ်စေရပဲ ထိုနှစ်ခုစပ်ကြားရှိ သက်လတ်အရွယ် ဖြစ်ရလိမ့်မည်။ သို့ဖြစ်ရာ သင်တို့အပေါ် အမိန့်ပေးခြင်းခံရသည်နှင့်အညီ လိုက်နာဆောင်ရွက်ကြလေလော့’ ဟူ၍ဖြစ်သည်။”  (ကုရ်အာန်-၂း၆၈)

“အီစ်ရာအီလ်းမျိုးနွယ်တို့က ‘နွားမ၏အရောင်သည် အဘယ်ကဲ့သို့ရှိရမည်ကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်းသိစေရေးအတွက် သင့်ကိုပြုစုပျိုးထောင်သောအရှင်ကို မေးမြန်းတောင်းဆိုပေးပါဦး’ ဟု စောဒကတက်ကြပြန်လေသည်။ မူဆာကလည်း ‘ဧကန် အမှန်ပင် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူလိုက်သည်မှာ နွားမ၏အရောင်သည် ကြည့်ရှုသူများအတွက် အဝါရောင်နုနုနှင့် အဝါရောင်ရင့်ရင့်၏ ကြားအရောင် စက္ခုပသာဒဖြစ်စေသော အရောင်ဖြစ်ရမည်’ ဟု ပြန်လည်တုန့်ပြန် ပြောဆိုခဲ့လေသည်။”       (ကုရ်အာန် – ၂း၆၉)

            “ အီစ်ရာအီလ်းမျိုးနွယ်တို့က ‘ဧကန်အမှန်ပင် ကျွန်ုပ်တို့အတွက် နွားတိရစ္ဆာန်တို့မှာ တစ်ကောင်နှင့်တစ်ကောင် ဆင်တူရိုးမှားဖြစ်နေပါ၍ ဘယ်လိုသွင်ပြင်လက္ခဏာရှိသော နွားမကို လှီးဖြတ်ရမည့်အကြောင်းနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း သိစေရေးအတွက် သင့်ကိုပြုစုပျိုးထောင်သောအရှင်ကို မေးမြန်းတောင်းဆိုပေးပါဦး’ ဟု စောဒကတက်ကြပြန် လေသည်။ ‘အကယ်၍ အလ္လာဟ်အရှင်မြတ်က အလိုရှိခဲ့မည်ဆိုလျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည် (ယင်းကိစ္စကို) နည်းမှန်လမ်းမှန် ဆောင်ရွက်နိုင်ပါလိမ့်မည်’ ဟု ထပ်ဆင့် စောဒကတက်ကြပြန်လေသည်။” (ကုရ်အာန် – ၂း၇ဝ)

      “ မူဆာက ဤသို့ပြန်လည် တုန့်ပြန်လေသည်။ ‘ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားသည်မှာ ယင်းနွားမ သည် လယ်မြေကို ပင်ပင်ပန်းပန်းထွန်ယက်ရန် ခိုင်းစေထားခြင်း မခံထားရသော နွားမမျိုးဖြစ်ရမည်။ ထို့ပြင် အရောင်ကွက်ခြင်း၊ အစက်အပြောက်များ၊ အစွန်း အထင်းများ ခန္ဓာကိုယ်တွင် မရှိစေရပဲ ပြစ်မျိုုးမှဲ့မတင်သော နွားမမျိုးဖြစ်ရမည်။’

          ထိုအခါ အီစ်ရာအီလ်းမျိုးနွယ်တို့က မူဆာအား ‘ယခုမှပင် သင်သည် မှန်ကန်ရှင်းလင်းစွာ ရှင်းလင်းပြနိုင်ပေပြီး’ ဟုဆိုကြ လေသည်။ ထိုနောက် သူတို့သည် နွားမတစ်ကောင်ကို စိတ်မပါပဲ လှီးဖြတ်လိုက်ကြလေသည်။”    (ကုရ်အာန် – ၂း၇၁)

         

            အထက်ပါ ကုရ်အာန် (၂း၆၇) မှ (၂း၇၁) အထိသော ကုရ်အာန်အာယသ်များကို လေ့လာကြည့်ပါလျှင် အလ္လာဟ် အရှင်မြတ်က တမန်တော်မူဆာ(အ)၏ နောက်လိုက်များဖြစ်ကြသော အီစ်ရာအီလ်းမျိုးနွယ်ဝင်တို့အား နွားမတစ်ကောင်ကို လှီးဖြတ် ‘ဇဗါဟ်’ လုပ်ရန် ရိုးရှင်းစွာ အမိန့်ပေးခြင်းသာဖြစ်သည်။ သို့သော် လုပ်ငန်းတစ်ရပ်အပေါ် စိတ်ပါလက်ပါ မဆောင်ရွက်လို၍ ရှောင်ဖယ်နေလိုသော အီစ်ရာအီလ်းမျိုးနွယ်များက မရေရာသောမေးခွန်းများဖြင့် အမိန့်ပေးသူ အလ္လာဟ် အရှင်မြတ်အား တမန်တော်မူဆာ(အ)မှတစ်ဆင့် စောဒကတက် မေးမြန်းနေသည့်အပေါ် မိမိတို့၏ ဆောင်ရွက်ရမည့်ကိစ္စသည် ပိုမိုကျဉ်းကြပ်လာပြီး အမိန့်အထပ်ထပ်အားဖြင့် ချောင်ပိတ်သွားခြင်းကို ရည်ညွှန်းပြသနေသော အာယသ်တော်များ ဖြစ်လေသည်။

            ဒီဖြစ်ရပ်ဟာ ဒီကနေ့ ကျနော်တို့လူ့အဖွဲ့အစည်းအတွက် သင်ခန်းစာရယူရမဲ့ အချက်အလက်တစ်ခုဖြစ်ပါတယ်။ ကျနော်တို့ဟာ ကျနော်တို့မဖြစ်မနေလုပ်ရမဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ရင်ဆိုင်လုပ်ကိုင် ဆောင်ရွက်လိုက်ရမဲ့အစား မရေရာ မသေခြာတဲ့ မေးခွန်းတွေ၊ ဆင်ခြေပေးမှုတွေ၊ စောဒကများနှင့် ပြန်လည်တုန့်ပြန်နေခြင်းဖြင့် အခွင့်အရေးကောင်းတွေ ဆုံးရှုံးသွားမှာကို သတိပြုမိစေလိုပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တွေဟာ သူတို့ဦးဆောင်ပါဝင် လုပ်ကိုင်ရမဲ့ အလုပ်တွေမှာ ဆင်ခြေအမျိုးမျိုးပေးပြီး ရှောင်ဖယ်နေတာက မိမိဦးဆောင်နေတဲ့ လူ့အဖွဲ့အစည်းကို အနာဂါတ်ပျောက်အောင် လုပ်ဆောင်နေခြင်းလို့ မြင်ပါတယ်။

            ကျမ်းမြတ်ကုရ်အာန် (၁ရး၁၃) မှာ ဘယ်လိုပြဆိုထားသလဲဆိုတော့ –

            “၎င်းပြင် ငါအရှင်မြတ်သည် လူသားတို့အတွက် သူတို့၏လုပ်ကိုင်စွမ်းဆောင်နိုင်မှုကို သူတို့၏လည်ကုပ်၌ ချည်နှောင် ပေးထားတော်မူလေသည်။ ပြီးနောက် ငါအရှင်မြတ်သည် `ကေယာမသ်´တရားစီရင်မည့်နေ့တွင် ယင်းအရာကို မှတ်တမ်း တစ်ရပ်အဖြစ် ဆွဲထုတ်တော်မူမည်။ ယင်းမှတ်တမ်းကို သက်ဆိုင်သူလူသားက လုံးစေ့ပတ်စေ့၊ ကျယ်ကျယ်ပြန့်ပြန့် သိရှိမြင်တွေ့ ရမည်ဖြစ်သည်။”    (ကုရ်အာန် – ၁ရး၁၃)

            ဆက်လက်ပြီး တစ်ဆက်တစ်စပ်တည်းသော နောက်အာယသ်တော် (၁ရး၁၄) ကို တင်ပြ လိုပါတယ်။

“သင်၏မှတ်တမ်းကို သင်ဖတ်ကြည့်ပါ။ ယနေ့သည်ကား သင်၏မှတ်တမ်းကို သင်ကိုယ်တိုင် ဖတ်ခြင်းအားဖြင့် သင်ကိုယ်တိုင် စစ်ဆေးသူအဖြစ် လုံလောက်ပေပြီ။ ”   (ကုရ်အာန်-၁ရး၁၄)

အထက်မှာ ကျနော်တင်ပြခဲ့တဲ့ ကုရ်အာန် (၁ရး၁၃)နှင့် (၁ရး၁၄) ကို ပြန်လည်လေ့လာ သုံးသပ်ကြည့်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်က လူသားတိုင်းအတွက် လူသားဖြစ်ခြင်းနှင့်အတူ မိမိကြမ္မာဖန်တီးခွင့်ကို မိမိလည်ကုပ်မှာ ချည်နှောင်ပေးလိုက်ပြီးဆိုတာက လူသားတိုင်းအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အလ္လာဟ်အရှင်မြတ်ထံမှ ရရှိလိုက်ခြင်း ဖြစ်ပါတယ်။ မိမိတို့ရဲ့ဘဝကို မိမိတို့ကိုယ်တိုင်က ရွေးချယ်ဖန်တီးခွင့် ရှိသွားတာပါ။ ဒါတင်မက မိမိဖန်တီးရွေးချယ်လိုက်တဲ့ အကျိုးဆက်ကို မိမိကိုယ်တိုင်ကပဲ ပြန်လည်ရရှိခံစား၊ စံစားရမယ်ဆိုတာကို အသိပေးလမ်းညွှန်နေခြင်းပါ။

ကောင်းပြီ။ အစောပိုင်းမှာကျနော်တင်ပြခဲ့တဲ့ ကုရ်အာန် (၁၃း၁၁)အရ -“ဧကန်အမှန်ပင် လူ့အစုအဖွဲ့တစ်ရပ်သည် မိမိတို့ကိုယ်ကိုမိမိကိုယ်တိုင် မပြောင်းလဲသေးသမျှ ကာလပတ်လုံး အလ္လာဟ် အရှင်မြတ်က ပြောင်းလဲပေးမည်မဟုတ်ပေ။” …. ဆိုတဲ့ ကုရ်အာန်ပြဆိုချက်အတိုင်း လူတိုင်းဟာ မိမိကြမ္မာကို မိမိကိုယ်တိုင်ဖန်တီးဖို့ ကြိုးစားရပါလိမ့်မယ်။ ကုရ်အာန်မှာ လူအချင်းချင်း ကျွန်အပြုခံဖို့ လမ်းညွှန်ချက် မပြဌာန်းထားပါဘူး။ Respect ဆိုတဲ့ လေးစားဂုဏ်ပြုခြင်းကတော့ ကျွန်ခံတာ မဟုတ်ပါဘူး။

ဒီနေရာမှာ ကျနော့အနေနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ နားလည်သိရှိထားရမဲ့ အချက်တစ်ချက်ကို တင်ပြပါရစေ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအချက်ဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ တိုးတက်အောင်မြင်မှုကို အတားအဆီး အနှောက် အယှက် ပေးနေလို့ပါ။ အဲဒါက ဘာလဲဆိုတော့ –

A little knowledge is a dangerous thing. “အားနည်းသောအသိပညာသည် အန္တရာယ်ရှိသည်”

ဒီအနေအထားက အထူးသဖြင့် ကျနော်တို့ Muslim community မှာ အကြီးဆုံးပြဿနာပါ။ အများစုကလည်း ဒီအဆင့်မှာရှိတာကို တွေ့မြင်နိုင်ပါတယ်။ တစ်နည်းပြောရရင် ‘ံHalf knowledge is dangerous’ လို့ပြောရပါမယ်။ ‘မပြည့်သည့်အသိသည် အန္တရာယ်ဖြစ်သည်’ လို့ဆိုရမှာပါ။ ကျနော်တို့ Muslim community မှာက Half knowledge တွေ များပါတယ်လို့ပဲ အားနာစွာနှင့် ပြောပါရစေ။ ဒီအနေအထားက အသိဗဟုသုတ အနည်းငယ်လောက်ရှိပေမဲ့ လူတွေကသူတို့ကို တော်တော်လေး တတ်သိနားတယ်လို့ ထင်မြင်လိုက်တဲ့အပေါ်မှာ အမှားတွေဖြစ်လာခြင်းပါ။ အမှန်တကယ်တော့ လူ့အဖွဲ့ အစည်း တစ်ခုထဲမှာရှိနေတဲ့ Half knowledge သမားတွေက အသိပညာတွေကို ကြိုးစားပြီး ထပ်မံဖြည့်စွက်လိုက်မယ် ဆိုရင်တော့ ကျနော်တို့ Muslim community ရဲ့ အားသာချက်ဖြစ်လာမှာပါ။းသာချက်ဖြစ်လာမှာပါ။

ဒီကနေ့ ကျနော်တင်ပြနေတဲ့ အနာဂါတ်ပျောက်လူ့အဖွဲ့အစည်း ဆိုတဲ့ခေါင်းစဉ်အောက်မှာ တမန်တော်မူဆာ(အ) ရဲ့ နောက်လိုက်တွေဖြစ်တဲ့ အီစ်ရာအီလ်းမျိုးနွယ်စုကြီး အကြောင်းကို ကျမ်းမြတ်ကုရ်အာန်ကို အဓိက အထောက်အထားပြုပြီး သမိုင်းဆိုင်ရာ အချက်အလက်များအားဖြင့် ရှင်းပြနေပါတယ်။ ဒီကနေ့ ကျနော်တင်ပြတဲ့အနက်မှာ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၂) ရဲ့ အာယသ်တော် (၆၆)ကနေ (၇၁) အထိကို တင်ပြရှင်းလင်းသွားခဲ့ပါတယ်။ ကျနော်တို့ သိလိုက်ရတာက အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တစ်ရပ်ကို အမျိုးမျိုးသောဆင်ခြေတွေ၊ စောဒကတွေနှင့် တုန့်ပြန်နေကြခြင်းဟာ အဲဒီ အီစ်ရာအီလ်းမျိုးနွယ်တွေထဲမှာ Half knowledge သမားတွေ ဘယ်လောက်များသလဲဆိုတာကို ကုရ်အာန်က လက်တွေ့ပြဆို နေတာပါ။ အဲဒီလို Half knowledge သမားတွေကြောင့် သူတို့လူ့အဖွဲ့အစည်းဟာ အနာဂါတ်ပျောက်ခဲ့ရတယ်ဆိုတာ ကိုတော့ ဒီကနေ့ ကျနော်တို့ Muslim community က သင်ခန်းစာယူသင့်ပါတယ်။

အီစ်ရာအီလ်းမျိုးနွယ်တွေကို ဖိရ်အောင်ဘုရင်က လူမျိုးတုံးသတ်ဖြတ်မှုပြုလုပ်ခြင်းဟာ အီစ်ရာအီလ်းတွေအတွက် နိုင်ငံရေးအရ စိန်ခေါ်ခံရခြင်း (Challenge) လို့နားလည်မိပါတယ်။ ဒီနိုင်ငံရေးစိန်ခေါ်ချက်ကို အလ္လာဟ်အရှင်မြတ်က တမန်တော်မူဆာ(အ)အားဖြင့် ထွက်ပေါက်ပေးခဲ့တယ်။ အမှန်တကယ်က ဒီအခြေအနမှာ အီစ်ရာအီလ်းမျိုးနွယ်တွေဟာ သူတို့ရဲ့ Capacity စွမ်းဆောင်ရည်ကို တမန်တော်မူဆာ(အ)ရဲ့ ဦးဆောင်မှုအားဖြင့် ဖြည့်တင်းတည်ဆောက်ရမှာ ဖြစ်ပေမဲ့ ဒီလူ့အဖွဲ့အစည်းဟာ ကြိုးစားအားထုတ်လိုစိတ် မရှိသလို Half knowledge လူတန်းစားတွေက အလွန်များပြားနေတဲ့အပေါ်မှာ အနာဂါတ်ပျောက်သွားတာကို ကျနော်အခန်းဆက်လိုက် တင်ပြခဲ့တဲ့ ခွတ္တဗါဟ်အခန်းခွဲတွေမှာ သုံးသပ်တွေ့ရှိရပါလိမ့်မယ်။ လူ့အဖွဲ့အစည်းမှာ အသိပညာနည်းတာကို အခြေအနေအရလက်ခံပါတယ်။ ဒါပေမဲ့ အသိနည်းသူတွေက လူစွာ ဝင်လုပ်ရင်တော့ အဲဒီလူ့အဖွဲ့အစည်းပျက်ပြီသာ မှတ်လိုက်ပါလို့တင်ပြရင်းနှင့် ကျနော့ရဲ့ ‘အနာဂါတ်ပျောက်လူ့အဖွဲ့အစည်း’ ခေါင်းစဉ်နှင့် တင်ပြနေတဲ့ခွတ္တဗါဟ်ကို နိဂုံးချုပ်လိုက်ပါတယ်။