“၁၄၉၄ နှစ်မြောက် မဟာတမန်တော်နေ့ အခမ်းအနား”
ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်(၅၉လမ်း) မှာပြုလုပ်ကျင်းပသည့် “၁၄၉၄ နှစ်မြောက် မဟာတမန်တော်နေ့ အခမ်းအနား” ကို (17.11.2019) နေ့မှာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် သဘာပတိအဖွဲ့အဖြစ် …
ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်အတိုင်ပင်ခံ အကြံပေးပုဂ္ဂိုလ် အလ်ဟဂ်ျ ဦးကျော်နိုင်ဦး၊ အလ်ဟဂျ် ဦးသန်းလွင်၊ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ ဥက္ကဌ မုဖ်သီဦးစန်းအောင်၊ ဘိုင်သုလ်မာမကော်မတီ ဥက္ကဌ မုဖ်သီဦးသန်းအောင် တို့က ဆောင်ရွက်ခဲ့ပါတယ်။အခမ်းအနားမှူးအဖြစ် ဒေါ်စန္ဒာဝင်း က ဆောင်ရွက်ခဲ့ပါတယ်။
၁၄၉၄ နှစ်မြောက်တမန်တော်နေ့ အခမ်းအနားကို ရှေးဦးစွာစူရဟ်ဖာသိဟာကို စုပေါင်းရွတ်ဆိုဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်ပြီး တမန်တော်မြတ်အပေါ် ကျမ်းမြတ်ကုရ်အာန်ကဂုဏ်ပေးချီးမြှောက်ထားသော အာယသ်တော်များကို ရွတ်ဆို ဂုဏ်ပြုခဲ့ကြပါတယ်။ သဘာပတိအဖွဲ့ဝင်များဖြစ်ကြသောအကြံပေးပုဂ္ဂိုလ်များက အမှာစကားများချီးမြှင့်ခဲ့ကြပါတယ်။ ဆက်လက်ပြီး အခမ်းအနားကို နှင်းဆီဖြူကန်ပိန်းပြုလုပ်သူများလာရောက်ပြီး ငြိမ်းချမ်းရေး နှင်းဆီဖြူများဝေငှာပေးခဲ့ကြပါတယ်။ ပြီးတဲ့နောက်မှာ တရားဒေသနာတော် များဟောကြားတဲ့ အစီအစဥ်များကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။တရားဟောကြားသည့် အစီအစဥ်အပြီးတွင် နှစ်ဘဝသခင်ကျေးဇူးတော်ရှင် မဟာတမန်တော်မြတ် (ဆွ) ထံတော်သို့ ဆလဝပ် စလမ် မေတ္တာပို့သခြင်း အစီအစဥ်ကို
ကြွရောက်လာကြ သော လူကြီးမင်းများအားလုံးစုပေါင်းပြီး
ပို့သပေးခဲ့ကြပါတယ်။နိဂုံးချုပ်အမှာစကားနှင့်ကျေးဇူးတင်စကားကို ကကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ ဥက္ကဌ ဦးစန်းအောင်က ပြောကြားခဲ့ပြီး ကုရ်အာန်သုတေသီဦးခင်မောင်က ဆုမွန်ဒိုအာဖြင့် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။
အခမ်းအနား တစ်ခုလုံးကို အဖက်ဖက်မှပါဝင်ဆောင်ရွက်ပေးခဲ့သော ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ Volunteer များ၊ အခမ်းအနားအတွက် လှူဒါန်းမှူ ပြုသော အလှူရှင်များ အားလုံး တို့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
#ပြန်ကြားရေးအဖွဲ့(SEQK)


သဘာပတိအဖွဲ့ဝင်များ

တမန်တော်မြတ်(ဆွ) အပေါ်မှာ အချစ်ထားပြီး တက်ရောက်လာသော ဧည်သည့်တော်များ

တမန်တော်မြတ်(ဆွ) အပေါ်မှာ အချစ်ထားပြီး တက်ရောက်လာသော ဧည်သည့်တော်များ

အခမ်းအနားမှူး ဒေါ်စန္ဒ္ာဝင်း

ဆုတောင်းပြည့်အစ္စလာမ်ဝတ်
ကျောင်းတော် အုပ်ချုပ်ရေးအဖွဲ့မှအတိုင်
ပင်ခံပုဂ္ဂိုလ် အလ်ဟဂျ်ဦးကျော်နိုင်ဦး မှ အမှာစကားပြောကြားနေစဥ်

ဆုတောင်းပြည့်အစ္စလာမ်ဝတ်
ကျောင်းတော် အုပ်ချုပ်ရေးအဖွဲ့မှအကြံပ
ေးပုဂ္ဂိုလ် အလ်ဟဂျ်ဦးသန်းလွင် မှ ဂုဏ်ပြုစကားပြောကြားနေစဥ်

ကုရ်အာန်သုတေသီဦးတင်ဝင်းမ
ှ ဦးဆောင်ပြီး အစ္စလာမ်မစ်ဒီပလိုမာ မှသင်တန်းသူ များဖြစ်သော ဒေါ်သူဇာအေး၊ဒေါ်ဆွေဇင်
ယု၊ဒေါ်ခင်ဇွန်စည်သန့် တို့မှ တမန်တော်မြတ်အပေါ် ကျမ်းမြတ်ကုရ်အာန်ကဂုဏ်ပေးခ
ျီးမြှောက်ထားသော အာယသ်တော်များကို ရွတ်ဆို ဂုဏ်ပြုခဲ့ကြပါတယ်။

နှင်းဆီဖြူကန်းပိန်းအဖွဲ့မှ
ဦးဆောင်သူတစ်ဦးဖြစ်သော ဦးသက်ဆွေဝင်းမှ ကန်းပိန်းလုပ်ဆောင်ရသည့်ရ
ည်ရွယ်ချက်နှင့်ငြိမ်းချမ်း
ရေးစကားများကို ပြောကြားနေစဥ်။

နှင်းဆီဖြူကန်ပိန်းပြုလုပ်သ
ူများလာရောက်ပြီး ငြိမ်းချမ်းရေး နှင်းဆီဖြူများဝေငှပေးခဲ့ကြ
ပါတယ်။

နှင်းဆီဖြူကန်ပိန်းပြုလုပ်သ
ူများလာရောက်ပြီး ငြိမ်းချမ်းရေး နှင်းဆီဖြူများဝေငှာပေးခဲ့
ကြပါတယ်။

ကုရ်အာန်အသိပညာပြန့်ပွားရေ
းအဖွဲ့ မှ ဖွင့်လှစ်သင်ကြားနေသော အစ္စလာမ်မစ်ဒီပလိုမာ မှ သင်တန်းသူ ဒေါ်ဖြူပြာဝင်းရဲ မှ
” တမန်တော်မြတ်၏ခေါင်းဆောင
်မူအခန်းကဏ” ခေါင်းစဥ်ဖြင့် ဟောကြားတင်ပြ နေမူ။

ကုရ်အာန်အသိပညာပြန့်ပွားရေ
းအဖွဲ့ မှ ဖွင့်လှစ်သင်ကြားနေသော အာလင်မ်ဒီဂရီ တန်း မှ သင်တန်းသား ဒေါက်တာအေးမင်းထွန်း မှ
” တမန်တော်မြတ်၏စိတ်နေစိတ်
ထားနှင့် အရည်အသွေး” ခေါင်းစဥ်ဖြင့် ဟောကြားတင်ပြ နေမူ။

ကုရ်အာန်အသိပညာပြန့်ပွားရေ
းအဖွဲ့ မှ ဖွင့်လှစ်သင်ကြားနေသော အာလင်မ်ဒီဂရီ တန်း မှ သင်တန်းသား ဦးဥာဏ်လင်းမှ
” တမန်တော်မြတ်၏ဖော်ဆောင်
ခဲ့သောအပြောင်းအလဲတစ်ရပ်”
ခေါင်းစဥ်ဖြင့် ဟောကြားတင်ပြ နေမူ။

ကုရ်အာန်အသိပညာပြန့်ပွားရေ
းအဖွဲ့ မှ ဖွင့်လှစ်သင်ကြားနေသော အာလင်မ်ဒီဂရီ တန်း မှ သင်တန်းသား ဦးခင်အောင်ဗလ မှ
” တမန်တော်မြတ်၏ပရဟိတ လမ်းညွှန်မူ” ခေါင်းစဥ်ဖြင့် ဟောကြားတင်ပြ နေမူ။

ကုရ်အာန်သုတေသီဦးတင်ထွန်း
ဦး မှ” တမန်တော်မြတ် အပေါ်မှာ မွတ်စလင်မ်တို့ထားရှိ့ရမည့်
စိတ်ထား” ခေါင်းစဥ်ဖြင့် ဟောကြားတင်ပြနေစဥ်။

မုဖ်သီဦးသန်းအောင်(LL.B) မှ ” တမန်တော်မြတ်၏ လမ်းစဥ်” ခေါင်းစဥ်ဖြင့် ဟောကြားနေမူ။

ကုရ်အာန်အသိပညာပြန့်ပွားရေ
းအဖွဲ့ ဥက္ကဌ မုဖ်သီဦးစန်းအောင် မှ နိဂုံးချုပ် အမှာစကားနှင့်ကျေးဇူးတင်စက
ားကို ပြောကြားပေးနေစဥ်။

နှစ်ဘဝသခင်ကျေးဇူးတော်ရှင်
မဟာတမန်တော်မြတ် (ဆွ) ထံတော်သို့ ဆလဝပ် စလမ် မေတ္တာပို့သခြင်း ကို ဆရာဦးသန်းအောင်၊ဆရာနူရ်းဥ
ီးခင်မောင်၊ဆရာမဒေါ်စန္ဒ
္ာဝင်း တို့မှ ဦးဆောင်ခဲ့ပါတယ်။

နှစ်ဘဝသခင်ကျေးဇူးတော်ရှင်
မဟာတမန်တော်မြတ် (ဆွ) ထံတော်သို့ ဆလဝပ် စလမ် မေတ္တာပို့သခြင်း အစီအစဥ်ကို ကြွရောက်လာကြ သော လူကြီးမင်းများနှင့်တကွ ပိုသပေးခဲ့ကြပါတယ်။

ကုရ်အာန်သုတေသီဦးခင်မော
င်(B.Sc) မှ ဒိုအာဖြင့် အခမ်းအနားကို ရုတ်သိမ်းပေးခဲ့ပါတယ်။

