“၁၄၉၄ နှစ်မြောက် မဟာတမန်​တော်​နေ့ အခမ်းအနား”

ဆု​​တောင်းပြည့်အစ္စလာမ်ဝတ်​ကျောင်း​တော်(၅၉လမ်း) မှာပြုလုပ်ကျင်းပသည့် “၁၄၉၄ နှစ်မြောက် မဟာတမန်​တော်​နေ့ အခမ်းအနား” ကို (17.11.2019) နေ့မှာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် သဘာပတိအဖွဲ့အဖြစ် …
ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်အတိုင်ပင်ခံ အကြံပေးပုဂ္ဂိုလ် အလ်ဟဂ်ျ ဦးကျော်နိုင်ဦး၊ အလ်ဟဂျ် ဦးသန်းလွင်၊ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ ဥက္ကဌ မုဖ်သီဦးစန်းအောင်၊ ဘိုင်သုလ်မာမကော်မတီ ဥက္ကဌ မုဖ်သီဦးသန်းအောင် တို့က ဆောင်ရွက်ခဲ့ပါတယ်။အခမ်းအနားမှူးအဖြစ် ဒေါ်စန္ဒာဝင်း က ဆောင်ရွက်ခဲ့ပါတယ်။
၁၄၉၄ နှစ်မြောက်တမန်တော်နေ့ အခမ်းအနားကို ​ရှေးဦးစွာစူရဟ်ဖာ​​​​သိဟာကို ​စုပေါင်းရွတ်ဆိုဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်ပြီး တမန်တော်မြတ်အပေါ် ကျမ်းမြတ်ကုရ်အာန်ကဂုဏ်ပေးချီးမြှောက်ထားသော အာယသ်တော်များကို ရွတ်ဆို ဂုဏ်ပြုခဲ့ကြပါတယ်။ ​သဘာပတိအဖွဲ့ဝင်များဖြစ်ကြ​သောအကြံပေးပုဂ္ဂိုလ်များက အမှာစကား​များချီးမြှင့်ခဲ့ကြပါတယ်။ ဆက်လက်ပြီး အခမ်းအနားကို နှင်းဆီဖြူကန်ပိန်းပြုလုပ်သူများလာရောက်ပြီး ငြိမ်းချမ်းရေး နှင်းဆီဖြူများဝေငှာပေးခဲ့ကြပါတယ်။ ပြီးတဲ့​နောက်မှာ တရား​ဒေသနာ​တော် များ​ဟောကြားတဲ့ အစီအစဥ်များကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။တရားဟောကြားသည့် အစီအစဥ်အပြီး​တွင် နှစ်ဘဝသခင်ကျေးဇူးတော်ရှင် မဟာတမန်တော်မြတ် (ဆွ) ထံတော်သို့ ဆလဝပ် စလမ် မေတ္တာပို့သခြင်း အစီအစဥ်ကို
ကြွ​ရောက်လာကြ သော လူကြီးမင်းများအားလုံးစုပေါင်းပြီး
ပို့သ​ပေးခဲ့ကြပါတယ်။နိဂုံးချုပ်အမှာစကားနှင့်​ကျေးဇူးတင်စကားကို ကကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ ဥက္ကဌ ဦးစန်းအောင်က ​​ပြောကြားခဲ့ပြီး ကုရ်အာန်သု​တေသီဦးခင်မောင်က ဆုမွန်ဒိုအာဖြင့် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။
အခမ်းအနား တစ်ခုလုံးကို အဖက်ဖက်မှပါဝင်ဆောင်ရွက်ပေးခဲ့သော ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ Volunteer များ၊ အခမ်းအနားအတွက် လှူဒါန်းမှူ ပြု​သော အလှူရှင်များ အားလုံး တို့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။

#ပြန်ကြားရေးအဖွဲ့(SEQK)


သဘာပတိအဖွဲ့ဝင်များ

တမန်​​​တော်မြတ်(ဆွ) အ​ပေါ်မှာ အချစ်ထားပြီး တက်​ရောက်လာ​သော ဧည်သည့်​တော်များ

တမန်​​​တော်မြတ်(ဆွ) အ​ပေါ်မှာ အချစ်ထားပြီး တက်​ရောက်လာ​သော ဧည်သည့်​တော်များ

အခမ်းအနားမှူး ​ဒေါ်စန္ဒ္ာဝင်း

ဆု​တောင်းပြည့်အစ္စလာမ်ဝတ်​
ကျောင်း​​တော် အုပ်ချုပ်​ရေးအဖွဲ့မှအတိုင်
ပင်ခံပုဂ္ဂိုလ် အလ်ဟဂျ်ဦး​ကျော်နိုင်ဦး မှ အမှာစကား​ပြောကြား​နေစဥ်

ဆု​တောင်းပြည့်အစ္စလာမ်ဝတ်​
ကျောင်း​​တော် အုပ်ချုပ်​ရေးအဖွဲ့မှအကြံ​ပ
ေးပုဂ္ဂိုလ် အလ်ဟဂျ်ဦး​သန်းလွင် မှ ဂုဏ်ပြုစကား​ပြောကြား​နေစဥ်

ကုရ်အာန်သု​တေသီဦးတင်ဝင်းမ
ှ ဦး​ဆောင်ပြီး အစ္စလာမ်မစ်ဒီပလိုမာ မှသင်တန်းသူ များဖြစ်​သော ​ဒေါ်သူဇာ​အေး၊​ဒေါ်​ဆွေဇင်
ယု၊​ဒေါ်ခင်ဇွန်စည်သန့် တို့မှ တမန်တော်မြတ်အပေါ် ကျမ်းမြတ်ကုရ်အာန်ကဂုဏ်ပေးခ
ျီးမြှောက်ထားသော အာယသ်တော်များကို ရွတ်ဆို ဂုဏ်ပြုခဲ့ကြပါတယ်။

နှင်းဆီဖြူကန်းပိန်းအဖွဲ့မှ
 ဦး​ဆောင်သူတစ်ဦးဖြစ်​သော ဦးသက်​ဆွေဝင်းမှ ကန်းပိန်းလုပ်​​ဆောင်ရသည့်ရ
ည်ရွယ်ချက်နှင့်ငြိမ်းချမ်း
​ရေးစကားများကို ​ပြောကြား​နေစဥ်။

နှင်းဆီဖြူကန်ပိန်းပြုလုပ်သ
ူများလာရောက်ပြီး ငြိမ်းချမ်းရေး နှင်းဆီဖြူများဝေငှပေးခဲ့ကြ
ပါတယ်။

နှင်းဆီဖြူကန်ပိန်းပြုလုပ်သ
ူများလာရောက်ပြီး ငြိမ်းချမ်းရေး နှင်းဆီဖြူများဝေငှာ​ပေးခဲ့
ကြပါတယ်။

ကုရ်အာန်အသိပညာပြန့်ပွား​ရေ
းအဖွဲ့ မှ ဖွင့်လှစ်သင်ကြား​နေ​သော အစ္စလာမ်မစ်ဒီပလိုမာ မှ သင်တန်းသူ ​ဒေါ်ဖြူပြာဝင်းရဲ မှ
” တမန်​တော်မြတ်၏​ခေါင်း​ဆောင
်မူအခန်းကဏ” ​ခေါင်းစဥ်ဖြင့် ​ဟောကြား​တင်ပြ ​နေမူ။

ကုရ်အာန်အသိပညာပြန့်ပွား​ရေ
းအဖွဲ့ မှ ဖွင့်လှစ်သင်ကြား​နေ​သော အာလင်မ်ဒီဂရီ တန်း မှ သင်တန်းသား ​​ဒေါက်တာ​အေးမင်းထွန်း မှ
” တမန်​တော်မြတ်၏​စိတ်​နေစိတ်
ထားနှင့် အရည်အ​သွေး” ​ခေါင်းစဥ်ဖြင့် ​ဟောကြား​တင်ပြ ​နေမူ။

ကုရ်အာန်အသိပညာပြန့်ပွား​ရေ
းအဖွဲ့ မှ ဖွင့်လှစ်သင်ကြား​နေ​သော အာလင်မ်ဒီဂရီ တန်း မှ သင်တန်းသား ​​ဦးဥာဏ်လင်းမှ
” တမန်​တော်မြတ်၏​​ဖော်​ဆောင်
ခဲ့​သောအ​ပြောင်းအလဲတစ်ရပ်”
​ခေါင်းစဥ်ဖြင့် ​ဟောကြား​တင်ပြ ​နေမူ။

ကုရ်အာန်အသိပညာပြန့်ပွား​ရေ
းအဖွဲ့ မှ ဖွင့်လှစ်သင်ကြား​နေ​သော အာလင်မ်ဒီဂရီ တန်း မှ သင်တန်းသား ​​ဦးခင်​​အောင်ဗလ မှ
” တမန်​တော်မြတ်၏​ပရဟိတ လမ်းညွှန်မူ” ​ခေါင်းစဥ်ဖြင့် ​ဟောကြား​တင်ပြ ​နေမူ။

ကုရ်အာန်သု​တေသီဦးတင်ထွန်း
ဦး မှ” တမန်​​တော်မြတ် အ​ပေါ်မှာ မွတ်စလင်မ်တို့ထားရှိ့ရမည့်
စိတ်ထား” ​ခေါင်းစဥ်ဖြင့် ​ဟောကြားတင်ပြ​နေစဥ်။

မုဖ်သီဦးသန်း​အောင်(LL.B) မှ ” တမန်​တော်မြတ်၏ လမ်းစဥ်” ​ခေါင်းစဥ်ဖြင့် ​ဟောကြား​​နေမူ။

ကုရ်အာန်အသိပညာပြန့်ပွား​ရေ
းအဖွဲ့ ဥက္ကဌ မုဖ်သီဦးစန်း​အောင် မှ နိဂုံးချုပ် အမှာစကားနှင့်​ကျေးဇူးတင်စက
ားကို ​ပြောကြား​​ပေး​​နေစဥ်။

နှစ်ဘဝသခင်ကျေးဇူးတော်ရှင်
မဟာတမန်တော်မြတ် (ဆွ) ထံတော်သို့ ဆလဝပ် စလမ် မေတ္တာပို့သခြင်း ကို ဆရာဦးသန်း​အောင်၊ဆရာနူရ်းဥ
ီးခင်​​မောင်၊ဆရာမ​ဒေါ်စန္ဒ
္ာဝင်း တို့မှ ဦး​ဆောင်​ခဲ့ပါတယ်။

နှစ်ဘဝသခင်ကျေးဇူးတော်ရှင်
မဟာတမန်တော်မြတ် (ဆွ) ထံတော်သို့ ဆလဝပ် စလမ် မေတ္တာပို့သခြင်း အစီအစဥ်ကို ကြွ​ရောက်လာကြ ​သော လူကြီးမင်းများနှင့်တကွ ပိုသ​ပေးခဲ့ကြပါတယ်။

ကုရ်အာန်သု​တေသီဦးခင်​​မော
င်(B.Sc) မှ ဒိုအာဖြင့် အခမ်းအနားကို ရုတ်သိမ်း​ပေးခဲ့ပါတယ်။